< होसी 8 >

1 तुरही अपने मुँह से लगा! वह 'उक़ाब की तरह ख़ुदावन्द के घर पर टूट पड़ा है, क्यूँकि उन्होंने मेरे अहद से तजावुज़ किया और मेरी शरी'अत के ख़िलाफ़ चले।
ထာ​ဝ​ရ​ဘု​ရား​က``တံ​ပိုး​ခ​ရာ​မှုတ်​၍ သ​တိ​ပေး​လော့၊ ရန်​သူ​များ​သည်​သိမ်း​ငှက် သ​ဖွယ် ငါ​၏​နိုင်​ငံ​တော်​ကို​ထိုး​သုတ်​လျက် ရှိ​ကြ​ပြီ။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့် ပြု​လုပ်​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့်​ပညတ်​ကို ပစ်​ပယ်​ကြ​ပြီ။-
2 वह मुझे यूँ पुकारते हैं कि ऐ हमारे ख़ुदा, हम बनी — इस्राईल तुझे पहचानते हैं।
ငါ့​အား​သူ​တို့​၏​ဘု​ရား​သ​ခင်​ဟူ​၍​လည်း ကောင်း၊ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဟူ​၍ လည်း​ကောင်း၊ သူ​တို့​သည်​ငါ့​ကို​သိ​သည် ဟူ​၍​လည်း​ကောင်း​ဆို​ကြ​သော်​လည်း၊-
3 इस्राईल ने भलाई को छोड़ दिया, दुश्मन उसका पीछा करेंगे।
သူ​တို့​သည်​မွန်​မြတ်​သော​အ​ရာ​ကို​စွန့်​ပစ် ကြ​ပြီ​ဖြစ်​၍ ရန်​သူ​များ​သည်​သူ​တို့​ကို လိုက်​လံ​တိုက်​ခိုက်​ကြ​လိမ့်​မည်။
4 उन्होंने बादशाह मुक़र्रर किए लेकिन मेरी तरफ़ से नहीं। उन्होंने उमरा को ठहराया है और मैंने उनको न जाना। उन्होंने अपने सोने चाँदी से बुत बनाए ताकि बर्बाद हों।
` ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​လျောက်​ရှင်​ဘု​ရင်​များ​ကို​ရွေး​ချယ်​တင် မြှောက်​ခဲ့​ကြ​၏။ ငါ​၏​သ​ဘော​တူ​ညီ​ချက် မ​ရ​ဘဲ​ခေါင်း​ဆောင်​များ​ကို​ခန့်​ထား​ကြ​၏။ မိ​မိ​တို့​၏​ရွှေ​ငွေ​နှင့်​ရုပ်​တု​များ​ကို​သွန်း လုပ်​သ​ဖြင့် မိ​မိ​တို့​၏​ပျက်​စီး​ရာ​ပျက်​စီး ကြောင်း​ကို​သာ​ဖန်​တီး​ကြ​၏။-
5 ऐ सामरिया, तेरा बछड़ा मरदूद है। मेरा क़हर उन पर भड़का है। वह कब तक गुनाह से पाक न होंगे।
ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော​ရွှေ​နွား ရုပ်​ကို​ငါ​စက်​ဆုတ်​ရွံ​ရှာ​တော်​မူ​၏။ သူ​တို့ အား​ငါ​အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့ သည်​မည်​သည့်​အ​ခါ​မှ​ရုပ်​တု​ကိုး​ကွယ်​မှု ကို​စွန့်​ကြ​မည်​နည်း။-
6 क्यूँकि ये भी इस्राईल ही की करतूत है। कारीगर ने उसको बनाया है। वह ख़ुदा नहीं। सामरिया का बछड़ा यक़ीनन टुकड़े — टुकड़े किया जाएगा।
ဣ​သ​ရေ​လ​အ​မျိုး​သား​လက်​မှု​ပ​ညာ သည်​သွန်း​လုပ်​သော​ရုပ်​တု​သည်​ဘု​ရား မ​ဟုတ်။ ရှ​မာ​ရိ​မြို့​သား​တို့​ကိုး​ကွယ်​သော ရွှေ​နွား​ရုပ်​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ဖြစ်​ရ​လိမ့်​မည်။-
7 बेशक उन्होंने हवा बोई। वह गर्दबाद काटेंगे, न उसमें डंठल निकलेगा न उसकी बालों से ग़ल्ला पैदा होगा और अगर पैदा हो भी तो अजनबी उसे चट कर जाएँगे।
သူ​တို့​သည်​လေ​ကို​ကြဲ​သ​ဖြင့်​မုန်​တိုင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ လယ်​စ​ပါး​မ​ရင့်​မှည့် လျှင်​ဆန်​စ​ပါး​ကို​မ​ရ​နိုင်။ ထို​လယ်​မှ​ဆန် စ​ပါး​ထွက်​သည့်​တိုင်​အောင်​အ​ခြား​နိုင်​ငံ သား​တို့​စား​သုံး​ကြ​လိမ့်​မည်။-
8 इस्राईल निगला गया। अब वह क़ौमों के बीच ना पसंदीदा बर्तन की तरह होंगे।
ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ခြား​နိုင်​ငံ​များ နှင့်​မ​ထူး​ခြား​ပေ။ အ​သုံး​မ​ကျ​သော အိုး​ကွဲ​နှင့်​တူ​၏။-
9 क्यूँकि वह तन्हा गोरख़र की तरह असूर को चले गए हैं। इफ़्राईम ने उजरत पर यार बुलाए।
ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထိန်း​ချုပ်​၍ မ​ရ​သော​မြည်း​ရိုင်း​ကဲ့​သို့​စိတ်​ထင်​ရာ​ပြု လုပ်​တတ်​၏။ သူ​တို့​သည်​အာ​ရှု​ရိ​ပြည်​သို့ သွား​၍​အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​၏။ အ​ခ ကြေး​ငွေ​ပေး​၍​အ​ခြား​နိုင်​ငံ​၏​ကာ​ကွယ် ပေး​မှု​ကို​ခံ​ယူ​ကြ​၏။-
10 अगरचे उन्होंने क़ौमों को उजरत दी है तो भी अब मै उनको जमा' करूँगा और वह बादशाह — ओ — उमरा के बोझ से ग़मग़ीन होंगे।
၁၀သို့​ရာ​တွင်​ငါ​သည်​ယ​ခု​သူ​တို့​အား​စု​ရုံး စေ​၍​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။ မ​ကြာ​မီ​သူ တို့​သည်​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏ နှိပ်​စက်​ညှင်း ပန်း​ခြင်း​ဒဏ်​ကို​အ​လူး​အ​လဲ​ခံ​ရ​ကြ လိမ့်​မည်။
11 चूँकि इफ़्राईम ने गुनहगारी के लिए बहुत सी क़ुर्बानगाहें बनायीं इसलिए वह क़ुर्बानगाहें उसकी गुनहगारी का ज़रिया' हुई।
၁၁``အ​ပြစ်​ဖြေ​ရန်​အ​တွက်​ဣ​သ​ရေ​လ​ပြည် သား​တို့​ယဇ်​ပလ္လင်​များ​များ​တည်​ဆောက် လေ​လေ အ​ပြစ်​ပြု​ရာ​နေ​ရာ​များ​လေ​လေ ဖြစ်​လာ​လေ​ပြီ။-
12 अगरचे मैंने अपनी शरी'अत के अहकाम को उनके लिए हज़ारों बार लिखा, लेकिन वह उनको अजनबी ख़्याल करते हैं।
၁၂ငါ​သည်​သူ​တို့​အ​တွက်​များ​စွာ​သော​ပ​ညတ် များ​ကို​ရေး​ချ​ပေး​သော်​လည်း​သူ​တို့​က ထို​ပ​ညတ်​များ​သည်​သူ​တို့​နှင့်​မ​ဆိုင်၊ ထူး ဆန်း​သည်​ဟူ​၍​ပစ်​ပယ်​ကြ​၏။-
13 वह मेरे तोहफ़ों की क़ुर्बानियों के लिए गोश्त पेश करते और खाते हैं, लेकिन ख़ुदावन्द उनको क़ुबूल नहीं करता। अब वह उनकी बदकिरदारी की याद करेगा और उनको उनके गुनाहों की सज़ा देगा। वह मिस्र को वापस जाएँगे।
၁၃သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။
14 इस्राईल ने अपने ख़ालिक़ को फ़रामोश करके बुतख़ाने बनाए हैं और यहूदाह ने बहुत से हसीन शहर ता'मीर किए हैं, लेकिन मैं उसके शहरों पर आग भेजूँगा और वह उनके कस्रों को भसम कर देगी।
၁၄``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​နန်း​တော် များ​ကို​တည်​ဆောက်​ကြ​သော်​လည်း​သူ​တို့ ကို​ဖန်​ဆင်း​သော​အ​ရှင်​အား​မေ့​လျော့​လျက် ရှိ​ကြ​၏။ ယု​ဒ​ပြည်​သား​တို့​သည်​ခိုင်​ခံ့ သော​မြို့​များ​ကို​တည်​ကြ​၏။ သို့​ရာ​တွင် ငါ​သည်​သူ​တို့​၏​နန်း​တော်​များ​နှင့်​မြို့ များ​ပေါ်​သို့​လောင်​မီး​ကျ​စေ​မည်။

< होसी 8 >