< आमू 4 >

1 ऐ बसन की गायों, जो कोह — ए — सामरिया पर रहती हो, और ग़रीबों को सताती और ग़रीबों को कुचलती और अपने मालिकों से कहती हो, 'लाओ, हम पियें,' तुम ये बात सुनो।
အား​နွဲ့​သူ​များ​ကို​ညှင်း​ဆဲ​ပြီး​ဆင်း​ရဲ သူ​များ​ကို​ဖိ​နှိပ်​၍ မိ​မိ​လင်​တို့​အား​ငါ တို့​သောက်​ဖို့​အ​ရက်​ယူ​ခဲ့​ဟု​အ​မိန့်​ပေး လျက်၊ အ​စား​ကောင်း​စား​ရ​သော​ဗာ​ရှန် နွား​မ​များ​ကဲ့​သို့ ဝ​ဖီး​နေ​ကြ​သည့်​ရှ​မာ​ရိ မိန်း​မ​တို့​ဤ​စ​ကား​ကို​နား​ထောင်​လော့။-
2 ख़ुदावन्द ख़ुदा ने अपनी पाकीज़गी की क़सम खाई है कि तुम पर वह दिन आएँगे, जब तुम को आंकड़ियों से और तुम्हारी औलाद को शस्तों से खींच ले जाएँगे।
အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ကြောင့် ဤ​သို့ လျှင်​ကတိ​သစ္စာ​ပြု​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က``သူ​တို့​သည်​သင်​တို့​ကို​ငါး​မျှား​ချိတ် ဖြင့်​ဒ​ရွတ်​တိုက်​ဆွဲ​သွား​သော​နေ့​များ​ရောက် လိမ့်​မည်။ သင်​တို့​ရှိ​သ​မျှ​သည်​ငါး​မျှား ထိပ်​၌ အ​ချိတ်​ခံ​နေ​ရ​သော​ငါး​ကဲ့​သို့​ဖြစ် ကြ​လိမ့်​မည်။-
3 और ख़ुदावन्द फ़रमाता है, तुम में से हर एक उस रख़ने से जो उसके सामने होगा निकल भागेगी, और तुम क़ैद में डाली जाओगी।
သင်​တို့​ကို​အ​နီး​ဆုံး​မြို့​နံ​ရံ​ပျက်​အ​ပေါက် သို့​ဆွဲ​သွား​ပြီး​အ​ပြင်​သို့​လွှင့်​ပစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
4 बैतएल में आओ और गुनाह करो, और जिल्जाल में कसरत से गुनाह करो, और हर सुबह अपनी क़ुर्बानियाँ और तीसरे रोज़ दहेकी लाओ,
အ​ထွတ်​ဘု​ရင်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် က``အို ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ဗေ​သ​လ ရှိ​သန့်​ရှင်း​ရာ​အ​ရပ်​သို့​သွား​၍​ပြစ်​မှား​ကြ လော့။ ဂိ​လ​ဂါ​လ​မြို့​သို့​သွား​ပြီး​အ​စွမ်း ကုန်​ပြစ်​မှား​ကြ​လော့။ ပူ​ဇော်​ရာ​ယဇ်​ကောင် များ​ကို​နံ​နက်​တိုင်း​ယူ​ဆောင်​ခဲ့​လော့။ သုံး ရက်​နေ့​တိုင်း​တွင်​ဥစ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်​ခဲ့​ကြ​လော့၊-
5 और शुक्रगुज़ारी का हदिया ख़मीर के साथ आग पर पेश करो, और रज़ा की क़ुर्बानी का 'ऐलान करो, और उसको मशहूर करो, क्यूँकि ऐ बनी इस्राईल, ये सब काम तुम को पसंद हैं, ख़ुदावन्द ख़ुदा फ़रमाता है।
ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​မုန့်​ကို​ဆက်​ခါ ဆက်​ခါ​ပေး​လှူ​ကြ​လော့။ အ​လို​အ​လျောက် ပေး​လှူ​နေ​ကြောင်း​ကို​လည်း သင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထုတ်​ဖော်​ကြေ​ငြာ​၍​ဝါ​ကြွား ကြ​လော့။ ဤ​သို့​ပြု​ခြင်း​ကို​သင်​တို့​မြတ်​နိုး လှ​၏​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။
6 ख़ुदावन्द फ़रमाता है, अगरचे मैंने तुम को तुम्हारे हर शहर में दाँतों की सफ़ाई, और तुम्हारे हर मकान में रोटी की कमी दी है; तोभी तुम मेरी तरफ़ रुजू' न लाए।
``ငါ​သည်​သင်​တို့​မြို့​ရွာ​တိုင်း​၌​ငတ်​မွတ် ခြင်း​ဘေး​ကျ​ရောက်​စေ​လျက်​နှင့်​သင်​တို့ သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​ကြ။-
7 और अगरचे मैंने मेंह को, जबकि फ़सल पकने में तीन महीने बाक़ी थे तुम से रोक लिया; और एक शहर पर बरसाया और दूसरे से रोक रख्खा, एक क़िता' ज़मीन पर बरसा और दूसरा क़िता' बारिश न होने की वजह से सूख गया;
သင်​တို့​ပျိုး​ပင်​အ​တွက်​မိုး​ရေ​အ​လို​ဆုံး သော​အ​ချိန်​တွင်​ငါ​သည်​မိုး​ခေါင်​စေ​ခဲ့​၏။ တစ်​မြို့​ပေါ်​၌​သာ​ရွာ​သွန်း​စေ​ပြီး​ကျန်​တစ် မြို့​ပေါ်​သို့​မ​ရွာ​စေ​ရန် တား​ခဲ့​သူ​မှာ​ငါ​ပင် ဖြစ်​၏။ လယ်​တစ်​ခင်း​သည်​မိုး​ကို​ရ​၍​ကျန် တစ်​ခင်း​မှာ​မူ​သွေ့​ခြောက်​ခဲ့​လေ​ပြီ။-
8 और दो तीन बस्तियाँ आवारा हो कर एक बस्ती में आईं, ताकि लोग पानी पिएँ पर वह आसूदा न हुए, तो भी तुम मेरी तरफ़ रुजू' न लाए, ख़ुदावन्द फ़रमाता है।
ရေ​ငတ်​လွန်း​သ​ဖြင့်​အ​ချို့​မြို့​မှ​မြို့​သား​တို့ သည် အ​နီး​အ​နား​မြို့​သို့​ပင်​ပန်း​ကြီး​စွာ​နှင့် ရေ​ရှာ​ထွက်​ကြ​သော်​လည်း သောက်​စ​ရာ​ဘို့ အ​လုံ​အ​လောက်​မ​ရ​ခဲ့​ကြ။ သို့​သော်​လည်း သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ ကြ​လေ​ပြီ။
9 फिर मैंने तुम पर बाद — ए — समूम और गेरोई की आफ़त भेजी, और तुम्हारे बेशुमार बाग़ और ताकिस्तान और अंजीर और जै़तून के दरख़्त, टिड्डियों ने खा लिए; तोभी तुम मेरी तरफ़ रुजू' न लाए, ख़ुदावन्द फ़रमाता है।
``ငါ​သည်​လေ​ပူ​ကို​တိုက်​ခတ်​စေ​၍​သင်​တို့ ၏​ကောက်​ပင်​များ​နွမ်း​ခြောက်​စေ​ခဲ့​၏။ သင်​တို့ ၏​သ​ဖန်း​ပင်၊ သံ​လွင်​ပင်၊ စ​ပျစ်​ဥ​ယျာဉ်​နှင့် ကိုင်း​ကျွန်း​လယ်​ယာ​တို့​သည် ကျိုင်း​ကောင်​များ ဒဏ်​ကို​ခံ​ခဲ့​ရ​ပြီ။ သို့​သော်​လည်း​သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ​ကြ​လေ​ပြီ။
10 मैंने मिस्र के जैसी वबा तुम पर भेजी और तुम्हारे जवानों को तलवार से क़त्ल किया; तुम्हारे घोड़े छीन लिए और तुम्हारी लश्करगाह की बदबू तुम्हारे नथनों में पहुँची, तोभी तुम मेरी तरफ़ रुजू' न लाए, ख़ुदावन्द फ़रमाता है।
၁၀``အီ​ဂျစ်​ပြည်​၌​ဖြစ်​စေ​သော​ကပ်​ဆိုး​ကို​သင် တို့​၌​လည်း​ဖြစ်​စေ​ခဲ့​ပြီ။ သင်​တို့​လူ​ငယ်​များ ကို​စစ်​တ​လင်း​၌​ငါ​သတ်​ခဲ့​ပြီ။ သင်​တို့​မြင်း များ​ကို​လည်း​သိမ်း​သွား​ခဲ့​ပြီ။ သင်​တို့​တပ် စ​ခန်း​များ​ကို​သင်​တို့​ဘက်​သား အ​လောင်း ကောင်​များ​၏​အ​ပုပ်​နံ့​ဖြင့်​နံ​စော်​စေ​ခဲ့​ပြီ။ သို့​သော်​လည်း​သင်​တို့​သည်​ငါ့​ထံ​သို့​ပြန် မ​လာ​သေး​ဘဲ​နေ​ကြ​လေ​ပြီ။
11 “मैंने तुम में से कुछ को उलट दिया, जैसे ख़ुदा ने सदूम और 'अमूरा को उलट दिया था; और तुम उस लुक्टी की तरह हुए जो आग से निकाली जाए, तोभी तुम मेरी तरफ़ रुजू' न लाए,” ख़ुदावन्द फ़रमाता है।
၁၁``ငါ​သည်​သော​ဒုံ​နှင့်​ဂေါ​မော​ရ​မြို့​များ ကို​ဖြို​ဖျက်​သ​ကဲ့​သို့ သင်​တို့​လူ​အ​ချို့​ကို လည်း​ဖျက်​ပယ်​ခဲ့​ပြီ။ ကျန်​ကြွင်း​သူ​တို့​မှာ လည်း​မီး​ထဲ​မှ​ပြန်​၍​ဆယ်​ယူ​လိုက်​သည့် ထင်း​စ​သ​ဖွယ်​ဖြစ်​ခဲ့​ရ​၏။ သို့​သော်​လည်း သင်​တို့​သည်​ငါ့​ထံ​သို့​ပြန်​မ​လာ​သေး​ဘဲ နေ​ကြ​လေ​ပြီ'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-
12 “इसलिए ऐ इस्राईल, मैं तुझ से यूँ ही करूँगा, और चूँकि मैं तुझ से यूँ करूँगा, इसलिए ऐ इस्राईल, तू अपने ख़ुदा से मुलाक़ात की तैयारी कर!”
၁၂``သို့​ဖြစ်​သော​ကြောင့် အို ဣသ​ရေ​လ​ပြည်​သား တို့၊ ငါ​သည်​သင်​တို့​ကို​အ​ပြစ်​ပေး​ရ​တော့ မည်။ ဤ​သို့​အ​ပြစ်​ပေး​မည့်​အ​တွက်​ကြောင့် ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ချက်​ကို​ခံ​ယူ ရန်​အ​သင့်​ပြင်​ကြ​လော့။''
13 क्यूँकि देख, उसी ने पहाड़ों को बनाया और हवा को पैदा किया, वह इंसान पर उसके ख़यालात को ज़ाहिर करता है और सुबह को तारीक बना देता है और ज़मीन के ऊँचे मक़ामात पर चलता है; उसका नाम ख़ुदावन्द रब्ब — उल — अफ़वाज है।
၁၃တောင်​များ​ကို​တည်​၍​လေ​အ​ဟုန်​တို့​ကို ဖန်​ဆင်း​သော​အ​ရှင်​သည်​ဘု​ရား​သ​ခင်​ပင် ဖြစ်​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​ကြံ​အ​စည် တော်​တို့​ကို လူ​သား​တို့​အား​သိ​စေ​တော်​မူ​ပြီ။ နေ့​ချိန်​တာ​ကို​ည​ဦး​ယံ​အဖြစ်​သို့​ကူး​ပြောင်း စေ​ခဲ့​ပြီ။ ကမ္ဘာ​မိုး​မြေ​အ​ထွတ်​အ​ထိပ်​တွင်​အုပ်​စိုး​လျက် နေ​တော်​မူ​ပြီ။ ကိုယ်​တော်​၏​ဘွဲ့​နာ​မ​တော်​ကား​ကောင်း​ကင် ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

< आमू 4 >