< Йов 32 >
1 І переста́ли ті троє мужів відповідати Йову, бо він був справедливий в оча́х своїх.
၁ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
2 І запалився гнів Елігу, сина Барах'їлового, бузянина, з роду Рамового, — на Йова запали́вся гнів його за те, що той уважав душу свою справедливішою за Бога.
၂ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့်၊ ယောဘကို အမျက်ထွက်၏။
3 Також на трьох при́ятелів його запалився його гнів за те, що не знайшли вони відповіді, а зробили тільки Йова винним.
၃ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
4 А Елігу вичікував Йова та їх із словами, бо вони були ста́рші віком за нього.
၄ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
5 І побачив Елігу, що нема належної відповіді в устах тих трьох людей, — і запалився його гнів!
၅ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာ စကားမရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ ၏။
6 І відповів бузянин Елі́гу, син Барах'їлів, та й сказав: „Молодий я літа́ми, ви ж ста́рші, тому́ то я стри́мувався та боявся знання́ своє ви́словити вам
၆ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက် ဆိုသည်ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကို မပြဝံ့ဘဲ နေပါပြီ။
7 Я поду́мав: Хай вік промовля́є, і хай розуму вчить многолі́ття!
၇နေ့ရက်ကာလတာရှည်သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်သောသူသည် ပညာကို သွန်သင်အပ်၏။
8 Справді, дух — він у люди́ні, та Всемогутнього по́дих їх мудрими чинить.
၈သို့ရာတွင် လူထဲ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသဖြင့် ဥာဏ်ရှိ၏။
9 Многолі́тні не за́вжди розумні, і не все розуміються в праві старі́.
၉လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သောတရားကို နားလည်သည်မဟုတ်။
10 Тому́ я кажу: Послухай мене, — хай знання́ своє ви́словлю й я!
၁၀သို့ဖြစ်၍ ငါ့စကားကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြပါမည်။
11 Тож слів ваших вичі́кував я, наставляв свої уші до вашої мудрости, поки справу ви дослідите́.
၁၁သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ။
12 І я приглядався до вас, й ось немає між вами, хто б Йо́ву довів, хто б відповідь дав на слова́ його!
၁၂စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ် သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။
13 Щоб ви не сказали: „Ми мудрість знайшли: не люди́на, а Бог перемо́же його́!“
၁၃သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
14 Не на мене слова́ він скеро́вував, і я не відповім йому мовою вашою.
၁၄ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီ မဟုတ်။ သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။
15 Полякались вони, вже не відповіда́ють, не мають вже слів,
၁၅ဤသူတို့သည် မိန်းမောတွေဝေလျက်ပြန်၍ မပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
16 Я чекав, що не бу́дуть вони говорити, що спини́лись, не відповідають уже.
၁၆ငါဆိုင်းလင့်သည်တွင်သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။
17 Відповім також я свою ча́стку, і ви́словлю й я свою ду́мку.
၁၇သို့ဖြစ်၍ငါသည်ကိုယ်အတွက်ပြန်ပြောမည်။ ကိုယ်သဘောကို ပြမည်။
18 Бо я повний слова́ми, — дух мойо́го нутра́ докуча́є мені.
၁၈ငါသည် ပြောစရာစကားနှင့် ပြည့်ဝ၏။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။
19 Ось утро́ба моя, мов вино невідкри́те, — вона трі́скається, як нові бурдюки́!
၁၉ငါ့ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကွဲလုသကဲ့သို့ဖြစ်၏။
20 Нехай я скажу́ — й буде легше мені, нехай у́ста відкрию свої — й відповім!
၂၀ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။
21 На осо́бу не бу́ду уваги звертати, не буду підле́щуватись до люди́ни,
၂၁အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။
22 бо не вмію підле́щуватись! Коли ж ні, — нехай зараз ві́зьме мене мій Творе́ць!
၂၂သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်းပယ်ရှားတော်မူမည်။