< Єремія 33 >

1 І було Єремії Господнє слово вдру́ге, коли він ще за́мкнений був на подвір'ї в'язни́ці, говорячи:
ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက် နေရသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ရောက်လာ၍၊
2 „Так говорить Господь, що чинить оце, Господь, що вформо́вує це, щоб поставити міцно оце, — Господь Його Йме́ння:
ဤအမှုကကို ပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သော ဘုရား၊ ယေဟောဝါ အမည်ရှိသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
3 Покли́куй до Мене — і тобі відпові́м, і тобі розповім про велике та незрозуміле, чого ти не знаєш!
ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။
4 Бо так промовляє Господь, Бог Ізраїлів, про доми́ цього міста й про доми́ царів Юди, що їх поруйновано на оборо́нні вали́, —
ပြအိုးမြေရိုးဖြင့်၎င်း၊ ထားဖြင့်၎င်း ပြိုပျက်သော ဤမြို့၏အိမ်များ၊ ယုဒရှင်ဘုရင်၏ ဘုံဗိမာန်များကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊
5 приходять вони воювати з халдеями, щоб доми́ понапо́внювати лю́дськими тру́пами, що вра́зив Я гнівом Своїм та люттю Своєю, і сховав Я від міста оцього обличчя Своє за все їхнє зло:
ခါလဒဲလူတို့သည် စစ်တိုက်ခြင်းငှါ လာကြ၏။ ငါသည် ပြင်းစွာ အမျက်ထွက်၍ ကွပ်မျက်သော သူတို့၏ အသေကောင်များနှင့် ထိုအိမ်များကို ပြည့်စေခြင်းငှါ လာကြ၏။ ထိုသူတို့၏ ဒုစရိုက်များကြောင့်၊ ဤမြို့မှ ငါသည် မျက်နှာကိုလွှဲပြီ။
6 Ось Я йому ви́рощу шкурку на рані, й дам ліки, та їх уздоро́влю, і відкрию багатство споко́ю та правди для них!
သို့ရာတွင်၊ ငါသည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက်စေမည်။ မြို့သားတို့သည် ကျန်းမာမည် အကြောင်း၊ မြဲသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံမည် အကြောင်းကို ငါပြမည်။
7 І Я поверну́ долю Юди, і долю Ізраїля, і їх розбудую, немов напоча́тку.
သိမ်းသွားခြင်းကိုခံရသော ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့ကို တဖန်ငါဆောင်ခဲ့၍ အရင် ကဲ့သို့ တည်ဆောက်မည်။
8 І очищу Я їх з їхньої провини всілякої, що нагріши́ли Мені, і проба́чу всі їхні провини, яки́ми нагрішили Мені, та відпа́ли від Мене.
သူတို့သည် ငါ့ကိုပြစ်မှားသမျှသော အပြစ်တို့ကို ငါဖြေရှင်းမည်။ ငါ့ကိုပြစ်မှား၍ ငါ၏တရားကို လွန်ကျူး သမျှသော အပြစ်တို့ကို ငါလွှတ်မည်။
9 І Єрусалим Мені стане за радісне йме́ння, за хвалу́ та пишно́ту всім лю́дям землі, що почують про все те добро́, що зробив Я для них! І вони полякаються та затремтя́ть через все те добро та ввесь спо́кій, який Я для нього вчинив!
ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်းသောလူမျိုးတို့တွင် ချီးမွမ်းစရာ အကြောင်း၊ဂုဏ်အသရေတော်ကျော်စောစရာအကြောင်း ဖြစ်လိမ့်မည်။ ဤမြို့သားတို့အား ငါပြုသမျှသော ကျေးဇူးကို လူအမျိုးမျိုးတို့သည် ကြားသိကြလိမ့်မည်။ ဤမြို့၌ ငါပြုစုသမျှသော စည်းစိမ်ချမ်းသာကိုထောက်၍ ကြောက်ရွံတုန်လှုပ်ကြလိမ့်မည်။
10 Так говорить Господь: Ще буде почутий на місці оцьо́му, — про яке ви говорите: „Воно поруйноване, так що немає люди́ни й немає скотини“, — у містах Юди й на вулицях Єрусалиму, спусто́шених так, що немає люди́ни, й немає мешка́нця, й немає скотини, —
၁၀ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံပြီဟု သင်တို့ဆိုတတ်သော ဤအရပ်၌၎င်း၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေသောသူမရှိ၊ ဆိတ်ညံသောယုဒမြို့များ၊ ယေရုရှလင် လမ်းများတို့၌၎င်း၊
11 радісний голос та голос веселий, голос молодого та голос молодої, голос тих, що говорять: „Хваліть Господа Саваота, бо добрий Господь, бо навіки Його́ милосердя!“що жертву хвали́ до Господнього дому приносять, бо Я поверну́ долю Кра́ю цього, як було напоча́тку, говорить Господь!
၁၁နောက်တဖန်ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သော အသံ၊ မင်္ဂလာဆောင်သတို့သားအသံ၊ မင်္ဂလာ ဆောင်သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ် တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သော ကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာ ပူဇော်သက္ကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။
12 Так говорить Господь Саваот: Ще буде на місці оцьо́му спусто́шеному, що немає нічого воно від люди́ни та аж до скотини, та по містах його всіх — ще буде пасо́висько для пастухів, куди приведу́ть вони че́реду на відпочи́нок!
၁၂ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံသော ဤအရပ်တွင်၊ မြို့ရွာရှိသမျှတို့၌ သိုးစုကို ထိန်းသော သိုးထိန်းနေရာရှိလေဦးမည်။
13 У містах у горі́шніх, у містах до́лішніх, і в півде́нних містах, і в Веніяминовому кра́ї, і в околицях Єрусалиму, і в містах Юдиних ще прохо́дитиме череда через руки рахуючого, говорить Господь!
၁၃တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့၊ ဗင်္ယာမိန်ပြည်၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်၊ ယုဒမြို့များတို့၌၊ သိုးစုကိုရေတွက်သော သူ၏ လက် အောက်မှာ၊ သိုးစုတို့သည် တဖန်ရှောက်သွားကြလိမ့်မည် ဟု မိန့်တော်မူ၏။
14 Ось дні настаю́ть, — говорить Господь, — і Я ви́повню добре те слово, що Я провіща́в про Ізраїлів дім і про дім Юдин:
၁၄တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့၌ ငါထားသော ဂတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည်။
15 тими дня́ми та ча́су того́ Я Давидові зрощу́ Пагінця́ справедливости, — Він буде чини́ти на землі правосуддя та правду!
၁၅ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ် အဘို့ငါ ပေါက်စေ၍၊ သူသည် မြေကြီးပေါ်မှာ တရား သဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
16 Юда буде спасе́ний в тих днях, а Єрусалим буде жити безпечно, і його будуть кликати так: „Господь — наша правда!“
၁၆ထိုကာလ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက်၍၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်း ရှိလိမ့် မည်။ ထိုမြို့သည် ယေဟောဝါဇေဒကနုဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
17 Бо так промовляє Господь: Нема перево́ду Давидовим му́жам, що мають сидіти на троні дому Ізраїлевого,
၁၇ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသ ရေလနန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်းရိုးမင်းစဉ် သည် အလျှင်းမပြတ်ရ။
18 і нема перево́ду в Левитів — священиків перед обличчям Моїм тому му́жеві, що буде прино́сити цілопа́лення, і спалювати хлібну жертву, і прино́сити жертву всі дні!“
၁၈ငါ့ရှေ့မှာ မီးရှို့ရာ ယဇ်ကိုပူဇော်လျက်၊ ဘောဇဉ် ပူဇော်သက္ကာကို မီးရှို့လျက်၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသားယဇ်ပုရောဟိတ် ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ၏။
19 І було слово Господа до Єремії таке:
၁၉တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်၍၊
20 „Так говорить Господь: Якщо знищите ви заповіта Мого щодо дня та Мого заповіта щодо ночі, щоб не було́ дня та ночі в їхньому ча́сі,
၂၀ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထား သော နေ့ပဋိညာဉ်နှင့် ညဉ့်ပဋိညာဉ်တရားကို သင်တို့ သည် ဖျက်၍၊ နေ့ညဉ့်အပိုင်းအခြား မရှိစေခြင်းငှါ တတ် နိုင်လျှင်၊
21 то знищений буде також заповіт Мій з Давидом, рабом Моїм, щоб він сина не мав, який не царював би на троні його, і з Левитами-священиками, слугами Моїми!
၂၁ငါ၏ကျွန် ဒါဝိဒ်၌ ငါထားသော ပဋိညာဉ် ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ် မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှု ထမ်းလေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
22 І як незчисле́нні ті зо́рі небесні, а мо́рський пісок незміре́нний, так помно́жу насіння Давида, Мого раба, та Левитів, що служать Мені!“
၂၂မိုဃ်းကောင်းကင် တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို ကောင်းကင်နှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကို၎င်း၊ ငါ၏အမှု ထမ်းလေဝိသားတို့ကို၎င်း ငါများပြားစေမည်ဟု မိန့်တော် မူ၏။
23 І було слово Господа до Єремії таке:
၂၃တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
24 „Хіба ж ти не завва́жив, як наро́д цей казав був, говорячи: „Оби́два ті ро́ди, яких Господь вибрав, відкинув Він їх?“І наро́дом Моїм вони не́хтують, наче б не був він уже перед ними наро́дом.
၂၄ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုး ကို တဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုး ကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။
25 Так говорить Господь: Якщо заповіта Мого щодо дня та щодо ночі нема, якщо Я уставів для неба й землі не поклав,
၂၅ထာဝရဘုရား မိန့်တော်မူသည်ကား၊ နေ့နှင့်ညဉ့် အဘို့ငါ၏ပဋိညာဉ်မရှိလျှင်၎င်း၊ မိုဃ်းကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်၎င်း၊
26 то відки́ну й насіння Якова та раба Мого Давида, щоб не брати володарі́в із насіння його для насіння Авраама, Ісака та Якова. Та не буде того, — бо верну́ їхню долю, й помилую їх!“
၂၆အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အမျိုးကို အုပ်စိုး ရသော မင်းအရာ၌၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ်၏ အမျိုးသားစဉ် မြေးဆက်ထဲက ငါရွေး၍ မခန့်ထားဘဲ စွန့်ပစ်မည်။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူ တို့ကို တဖန်ငါဆောင်ခဲ့၍ မသာနားမည်ဟု မိန့်တော် မူ၏။

< Єремія 33 >