< Ісая 6 >

1 Року смерти царя Озі́ї бачив я Господа, що сидів на високому та підне́сеному престо́лі, а кі́нці одежі Його перепо́внювали храм.
ဩဇိ မင်းကြီး အနိစ္စ ရောက်သော နှစ် တွင် ၊ ထာဝရ ဘုရားသည် အလွန်မြင့်မြတ် သောပလ္လင် ပေါ် မှာ ထိုင် တော်မူသည်ကို ငါမြင် ၏။ အဝတ် တော်တန်ဆာသည် ဗိမာန် တော်ကို ဖြည့် လေ၏။
2 Серафи́ми стояли зверху Його, по шість крил у кожного: двома закривав обличчя своє, і двома закривав ноги свої, а двома літав.
ကောင်းကင်တမန် သရပ် တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင် ခြောက် ခုစီရှိ၍၊ အတောင်နှစ် ခုဖြင့် မျက်နှာ ကိုဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ခြေ တို့ကို ဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ပျံ တတ်ကြ၏။
3 І кликав один до о́дного й говорив: „Свят, свят, свят Господь Савао́т, уся земля повна слави Його!“
သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ ၏။ သန့်ရှင်း တော်မူ၏။ မြေကြီး လုံး သည် ဘုန်း တော်နှင့် ပြည့် လေ၏ဟု တပါးကိုတပါး ကြွေးကြော် ၍ မြွက်ဆို ကြ ၏။
4 І захиталися чопи́ порогів від голосу того, хто кликав, а храм перепо́внився димом!
ထိုသို့သော ကြွေးကြော် သံ ကြောင့်၊ တံခါး တိုင် တို့ သည် လှုပ်ရှား ၍၊ မီးခိုး နှင့် တအိမ် လုံးပြည့် လေ၏။
5 Тоді я сказав: „Горе мені, бо я занапа́щений! Бо я чоловік нечистоу́стий, і сиджу́ посеред народу нечистоустого, а очі мої бачили Царя, Господа Саваота!“
ငါကလည်း၊ ငါ ၌ အမင်္ဂလာ ရှိ၏။ ငါအကျိုးနည်း ပြီ။ အကြောင်း မူကား၊ ငါ သည်ညစ်ညူး သော နှုတ်ခမ်း ရှိ လျက် ၊ ညစ်ညူး သောနှုတ်ခမ်း ရှိသောလူမျိုး တွင် နေ လျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားတည်း ဟူသောရှင် ဘုရင်ကို၊ ကိုယ် မျက်စိ နှင့်မြင် လေပြီတကားဟု ဆို ၏။
6 І прилетів до мене один з Серафи́мів, а в руці його ву́гіль розпа́лений, якого він узяв щипцями з-над же́ртівника.
ထိုအခါ ကောင်းကင်တမန် သရပ် တပါး သည် ယဇ် ပလ္လင်ပေါ် က မီးညှပ် ဖြင့် ယူ သော မီးခဲ တခဲကို လက်နှင့်ကိုင် လျက်၊ ငါ ရှိရာသို့ ပျံ လာ၍၊
7 І він доторкну́вся до уст моїх та й сказав: „Ось доторкнулося це твоїх уст, і відійшло беззако́ння твоє, і гріх твій оку́плений“.
ငါ့ နှုတ် ကိုတို့ ပြီးလျှင် ၊ ဤမီးခဲသည် သင် ၏ နှုတ်ခမ်း ကို တွေ့ ပြီ။ သင် ၏ဒုစရိုက် ကို သုတ်သင် ပြီ။ သင် ၏အပြစ် လည်း ပြေရှင်း ပြီဟု ဆို ၏။
8 І почув я голос Господа, що говорив: „Кого Я пошлю́, і хто пі́де для Нас?“А я відказав: „Ось я, — пошли Ти мене!“
တဖန် ထာဝရဘုရား က၊ ငါသည်အဘယ်သူ ကို စေလွှတ် ရမည်နည်း။ ငါ တို့အဘို့ အဘယ် သူသွား မည်နည်းဟုမေး တော်မူသံ ကို ငါကြား လျှင် ၊ ငါက၊ အကျွန်ုပ် ရှိ ပါ၏။ အကျွန်ုပ် ကို စေလွှတ် တော်မူပါဟု လျှောက် လေ၏။
9 А Він проказав: „Іди, і скажеш наро́дові цьому́: Ви бу́дете чути постійно, та не зрозумієте, і будете бачити за́вжди, але не пізна́єте.
ထာဝရဘုရားကလည်း၊ ထိုလူမျိုး ရှိရာသို့ သွား ပြီးလျှင် ၊ သင်တို့သည် ကြား လျက်ပင်၊ အနက်ကို နား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင်အာရုံ မ ပြုဘဲ မြင် ကြ လိမ့်မည်ဟု ပြော လော့။
10 Учини́ затужа́вілим серце наро́ду цього́, і тяжки́ми зроби його уші, а очі йому позакле́юй, щоб не бачив очима своїми, й ушима своїми не чув, і щоб не зрозумів своїм серцем, і не наверну́вся, і не був уздоро́влений він“!
၁၀သူ တို့မျက်စိ မမြင်၊ နားမကြား၊ စိတ် နှလုံးမသိ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက် စေလော့။ သူ တို့ နား ကိုလည်း ထိုင်း စေလော့။ သူ တို့မျက်စိ ကိုလည်း ပိတ် လော့ဟု မိန့် တော်မူ၏။
11 І сказав я: „Аж доки, о Господи?“А Він відказа́в: „Аж доки міста́ спусті́ють без ме́шканця, і доми́ без людей, а земля спусто́шена бу́де зовсі́м“.
၁၁အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊
12 І відда́лить люди́ну Госпо́дь, і буде велике опу́щення серед землі.
၁၂ထာဝရဘုရား သည် လူ တို့ကိုဝေးသောအရပ်သို့ ပြောင်း စေတော်မူ၍ ၊ ပြည် ထဲ မှာများ စွာသော စွန့်ပစ် ခြင်း ရှိသည်တိုင်အောင်၎င်း၊ ထိုကာလသည် ကြာလိမ့်မည်။
13 І коли позоста́неться в ній ще десята части́на, вона зно́ву спусто́шена бу́де. Але мов з тереби́нту й мов з ду́бу, зоста́неться в них пень по зру́бі, насіння бо святости — пень ї́хній!
၁၃ထိုပြည်၌ ဆယ် ဘို့တွင်တဘို့ ကြွင်းသေးသော်လည်း ၊ ထိုအကြွင်းသည် အထပ်ထပ် ဖျက်ဆီး ခြင်းကို ခံ ရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူး ပင်နှင့် သပိတ် ပင်တို့ကို ခုတ်လှဲ ၍၊ သစ်ငုတ် သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်း သော အနွယ် သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့် တော်မူ ၏။

< Ісая 6 >