< Огій 2 >
1 Сьомого місяця, двадцятого й першого дня місяця було слово Господнє через пророка Огія таке:
၁သတ္တမ လ နှစ်ဆယ် တ ရက်နေ့တွင် ၊ ပရောဖက် ဟဂ္ဂဲ အားဖြင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက် လာ၍၊
2 „Скажи но до Зорова́веля, сина Шалтіїлового, намісника Юдиного, і до Ісуса, сина Єгосадакового, великого священика, та до решти наро́ду, говорячи.
၂သင်သည် ယုဒ မြို့ဝန် ၊ ရှာလသေလ သား ဇေရုဗဗေလ နှင့် ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု မှစ၍ကျန် ကြွင်းသောသူ တို့အား ဆင့်ဆို ရမည်မှာ၊
3 Хто серед вас позостався, що бачив цей дім у першій його славі? А яким ви бачите його тепер? Чи ж не є він супроти того, як ніщо́ в ваших оча́х?
၃ဤ အိမ် တော်သည် ရှေး ဘုန်း နှင့် ပြည့်စုံသည်ကို မြင် ဘူး၍ သင် တို့တွင် ကျန် ကြွင်းသော သူ ကား အဘယ်သူ နည်း။ ယခု အဘယ် အရာကို မြင် သနည်း။ နှိုင်းယှဉ်လျှင် သင် တို့မျက်မှောက် ၌ အဘယ် မျှမဟုတ်သကဲ့သို့ ဖြစ်သည်မ ဟုတ်လော။
4 А тепер будь му́жній, Зорова́велю, говорить Госпо́дь, і зміцнися, Ісусе, сину Єгосадаків, священику великий, і зміцнися, ввесь наро́де землі, говорить Госпо́дь, і робіть, бо Я з вами, говорить Господь Савао́т.
၄သို့သော်လည်း ၊ အိုဇေရုဗဗေလ ၊ အား ယူလော့ ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ အို ယဇ်ပုရောဟိတ် မင်း ယောဇဒက် သား ယောရှု ၊ အား ယူလော့။ အိုပြည် သူ ပြည် သားအပေါင်း တို့၊ အား ယူကြလော့ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
5 Сло́ва, якими Я склав з вами заповіта, коли ви вихо́дили з Єгипту, а дух Мій пробува́є серед вас, не бійтеся!
၅အဲဂုတ္တု ပြည်မှ ထွက် သောအခါ သင် တို့နှင့် ငါဖွဲ့ သော ပဋိညာဉ်စကား နှင့်အညီ ငါ သည် သင် တို့နှင့်အတူ ရှိ၏။ ငါ ၏ဝိညာဉ် တော်သည် သင် တို့တွင် နေရာ ကျ၏။ မ စိုးရိမ် ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
6 Бо так промовляє Господь Савао́т: Ще раз, — а станеться це незаба́ром, — і Я затрясу́ небо та землю, і море та суході́л!
၆ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့် မှီကောင်းကင် ၊ မြေကြီး ၊ ပင်လယ် ၊ ကုန်း တို့ကို တဖန် ငါ လှုပ် ဦးမည်။
7 І затрясу́ всіма́ наро́дами, і при́йдуть кошто́вності всіх наро́дів, і напо́вню цей дім славою, говорить Госпо́дь Савао́т.
၇လူမျိုး အပေါင်း တို့ကိုလည်း ငါလှုပ် ဦးမည်။ လူမျိုး အပေါင်း တို့ နှစ်သက် ဘွယ်သောအရာသည် ရောက် ၍ ၊ ဤ အိမ် ကို ဘုန်း နှင့် ငါပြည့်စုံ စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
8 Моє срі́бло й Моє золото, говорить Господь Саваот.
၈ရွှေ နှင့် ငွေ ကို ငါ ပိုင် သည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
9 Більша буде слава цього останнього дому від першого, говорить Господь Саваот, і на цьому місці Я дам мир, говорить Госпо́дь Саваот“.
၉နောက် တည်သော ဤ အိမ် တော်သည် အရင် အိမ်တော်ထက် ဘုန်း သာ၍ကြီး လိမ့်မည် ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ ဤ အရပ် ၌ လည်း ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
10 Двадцятого й четвертого дня, дев'ятого місяця, другого року Да́рія було́ слово Господнє через пророка Огі́я таке:
၁၀ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ နဝမ လနှစ်ဆယ် လေး ရက်နေ့ တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော် သည် ပရောဖက် ဟဂ္ဂဲ အားဖြင့်ရောက် လာလျက်၊
11 „Так говорить Госпо́дь Савао́т: Запитай но священиків про Зако́на, гово́рячи:
၁၁ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား က၊ သင်သည် တရား အမှုကို ယဇ်ပုရောဟိတ် ၌ မေးမြန်း ရမည် မှာ၊
12 Ось несе хтось освячене м'ясо в полі́ своєї оде́жі, і доторкне́ться поло́ю своєю до хліба, чи до потра́ви, чи до вина, чи до оливи, чи до якої пожи́ви, — чи стане те освя́ченим? І священики відповіли́ та й сказали: „Ні!“
၁၂လူ သည် သန့်ရှင်း သော အမဲသား ကို မိမိ အဝတ် နှင့် ထုတ် ၍ ဆောင် ခဲ့လျက် ၊ မုန့် ၊ ဟင်း ၊ စပျစ်ရည် ၊ ဆီ အစရှိသော စားစရာ တစုံတခု ကို ထိုအဝတ် နှင့် ထိ လျှင် ၊ ထိုစားစရာသည် သန့်ရှင်း လိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ် ပုရောဟိတ်တို့က၊ ထိုစားစရာသည် မ သန့်ရှင်းဟု ပြန်ပြော ကြ၏။
13 Тоді Огі́й сказав: Якщо б нечистий через мертвого доторкну́вся до всього цього, чи стане воно нечистим? І відповіли священики та й сказали: „Стане нечистим!“
၁၃ဟဂ္ဂဲ ကလည်း ၊ အသေ ကောင်အားဖြင့် မ စင်ကြယ်သော သူသည် ထို အရာတစုံတခု ကိုထိ လျှင် ညစ်ညူး ခြင်း ရှိလိမ့်မည်လောဟု မေးမြန်း သော် ၊ ယဇ် ပုရောဟိတ်တို့က၊ ညစ်ညူး ခြင်းရှိလိမ့်မည်ဟု ပြန်ပြော ကြ၏။
14 І відповів Огій та й сказав: „Отакий наро́д цей, і такий цей люд перед Моїм лицем, — говорить Госпо́дь, — і такий усякий чин їхніх рук, і що вони складають там, — нечисте воно!
၁၄ဟဂ္ဂဲ ကလည်း ၊ ဤ လူမျိုး ၊ ဤ ပြည်သား တို့သည် ငါ့ မျက်မှောက် ၌ ထိုအတူဖြစ်ကြ၏။ သူ တို့လုပ်ဆောင် သမျှ သည် လည်း ထိုအတူ ဖြစ်၏။ ငါ့ထံမှာပူဇော် သော အရာသည်လည်း ညစ်ညူး ၏ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
15 А тепер зверніть но своє серце на час від цього дня й далі, ще по́ки не був покла́дений камінь до каменя в Господньому храмі.
၁၅ထာဝရဘုရား ၏ဗိမာန် တော်၌ ကျောက် တခု ပေါ် မှာ တခုကို မ တင် မှီ၊ ယခု နေ့ မှစ၍ အထက် အမှုကို ပြန်ကြည့်ဆင်ခြင် ကြပါလော့။
16 Відко́ли то було, що прихо́див бувало до копи́ці набирати двадцять мір, а було тільки десять, прихо́див до чави́ла набрати п'ятдесят мір, а було двадцять.
၁၆ထိုကာလတွင် ဆန်အတင်းနှစ်ဆယ် ထွက်ရသော စပါး ပုံသို့ လူလာ သောအခါ တဆယ် ကိုသာ ရ ၏။ စပျစ်ရည် အိုးငါးဆယ် ကို ယူ ခြင်းငှါ စပျစ်သီး နယ်ရာကျင်း သို့ လာ သောအခါ နှစ်ဆယ် ကိုသာ ရ ၏။
17 Бив Я вас посу́хою й зеленя́чкого та гра́дом, усі чи́ни ваших рук, та не кли́кали ви до Мене, говорить Госпо́дь.
၁၇သင် တို့လုပ်ဆောင် သမျှ တို့တွင် လေထိ၍ အပင်သေဘေး၊ အရည်ယို၍ သေဘေးဖြင့် ငါသည် ဒဏ်ခတ် ခဲ့ပြီ။ သို့သော်လည်း ၊ သင် တို့သည် ငါ့ ထံ သို့ပြန်၍ မလာကြဟု ထာဝရဘုရား မိန့် တော်မူ၏။
18 Зверніть ваші серця́ на час від цього дня й далі, від дня двадцятого й четвертого, дев'ятого місяця, від того дня, коли був засно́ваний Господній храм, зверніть ваше серце на це.
၁၈ထာဝရဘုရား ၏ဗိမာန် တော်တိုက်မြစ် ကျ၍၊ နဝမ လ နှစ်ဆယ် လေး ရက်နေ့ ၊ ယခု နေ့ မှစ၍ ရှေ့သို့ မျှော်ကြည့် ဆင်ခြင် ကြပါလော့။ ဆင်ခြင် ရမည် အကြောင်းအရာ ဟူမူကား၊
19 Чи є ще насіння в комо́рі? Бо ще виноград, і фіґове дерево, і дерево грана́тове, і дерево оли́вкове, — ніщо не прино́сило пло́ду. Від цього дня Я поблагословлю́ їх“.
၁၉စပါး ကျီ၌ စပါး ရှိသလော။ မရှိ။ စပျစ် ပင်၊ သင်္ဘောသဖန်း ပင်၊ သလဲ ပင်၊ သံလွင် ပင် တို့သည် အသီး ကို မ သီးကြသေး။ သို့သော်လည်း၊ ယနေ့ မှစ၍ သင်တို့ကို ငါကောင်းကြီး ပေးမည်ဟု မိန့်တော်မူ၏။
20 I було́ слово Господнє до Огі́я вдруге двадцятого й четвертого дня того ж місяця таке:
၂၀ထိုလ နှစ်ဆယ် လေး ရက်နေ့တွင် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဟဂ္ဂဲ သို့ တဖန် ရောက် လာ၍၊
21 Скажи Зорова́велю, намісникові Юдиному, говорячи: Я затрясу́ небо та землю,
၂၁သင်သည် ယုဒ မြို့ဝန် ၊ ဇေရုဗဗေလ ကို ဆင့် ဆိုရမည်မှာ၊ ငါ သည် ကောင်းကင် နှင့် မြေကြီး ကို လှုပ် မည်။
22 і попереверта́ю тро́ни царств, і повигу́блюю силу поганських царств, і попереверта́ю колесни́ці та тих, хто їздить у них, і попа́дають коні та їхні верхівці́, один мечем о́дного.
၂၂တိုင်း နိုင်ငံတို့၏ ရာဇ ပလ္လင်များကို မှောက်လှန် ၍ ၊ အမျိုးမျိုး သော တိုင်း နိုင်ငံတန်ခိုး ကို ဖျက်ဆီး မည်။ ရထား နှင့် ရထား စီး သူရဲတို့ ကိုလည်း မှောက်လှန် မည်။ မြင်း နှင့် မြင်း စီး သူရဲ တို့သည် တယောက် ကို တယောက်ခုတ် ၍ လဲ ကြလိမ့်မည်။
23 Того дня, — говорить Госпо́дь Савао́т, — візьму́ Я тебе, Зорова́велю, сину Шеалтіїлів, Мій ра́бе, — говорить Господь, — і покладу́ тебе, немов ту печа́тку, бо Я тебе вибрав, говорить Госпо́дь Савао́т“.
၂၃ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အို ရှာလသေလ သား ၊ ငါ့ ကျွန် ဇေရုဗဗေလ ၊ ထိုအခါ သင့် ကိုငါယူ ၍ တံဆိပ် လက်စွပ်ကဲ့သို့ ခန့် ထားမည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။ သင့် ကို ငါရွေးချယ် ပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။