< Буття 38 >
1 Сталося того ча́су, і відійшов Юда від братів своїх, і розташувався аж до одного адулламітянина, а ймення йому Хіра.
၁ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှ သွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ ဝင်လေ၏။
2 І побачив там Юда дочку одного ханаанеянина, а ім'я йому Шуа, і взяв її, і з нею зійшовся.
၂ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန် အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဘက် ပြုလျက်၊
3 І завагітніла вона, і породила сина, а він назвав ім'я йому: Ер.
၃ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကို ဘွားမြင် ၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။
4 І завагітніла вона ще, і породила сина, і назвала ім'я йому: Она́н.
၄တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့် မှည့်လေ၏။
5 І ще знову, і породила сина, і назвала ім'я йому: Шела. А батько був у Кезиві, як вона породила його.
၅တဖန် ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ရှေလအမည်ဖြင့် မှည့်လေ၏။ ရှေလဘွားသောအခါ၊ အဘသည် ခေဇိပ်မြို့မှာရှိသတည်း။
6 І взяв Юда жінку для Ера, свого перворідного, а ім'я їй: Тамара.
၆ထိုနောက်မှ ယုဒသည် မိမိသားဦးဧရကို တာမာ အမည်ရှိသော သတို့သမီးနှင့် စုံဘက်စေ၏။
7 І був Ер, Юдин перворідний, злий в очах Господа, — і Господь його вбив.
၇ယုဒ၏သားဦး ဧရသည် ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍၊ သူ့ကိုထာဝရဘုရား ကွပ်မျက်တော် မူ၏။
8 І сказав Юда до Онана: „Увійди до жінки брата свого, і одружися з нею, — і встанови насіння для брата свого“.
၈ထိုအခါ ယုဒသည် ဩနန်ကိုခေါ်ပြီးလျှင်၊ သင်၏အစ်ကို မယားထံသို့ဝင်၍ သူနှင့်အိမ်ထောင်ဘက် ပြုသဖြင့်၊ အစ်ကိုအမျိုးကို ဆက်နွှယ်လော့ဟုဆို၏။
9 А Онан знав, що не його буде насіння те. І сталося, коли він сходився з жінкою брата свого, то марнував насіння на землю, аби не дати його своєму братові.
၉ဩနန်သည် သားကိုရလျှင်မူကား၊ မိမိသား မမှတ်ရဟုသိ၍ အစ်ကိုအား သားကိုမပေးလိုဘဲ၊ အစ်ကိုမယားထံသို့ ဝင်သောအခါ၊ သုတ်ရည်ကိုထုတ်၍ စွန့်လေ၏။
10 І було зле в очах Господа те, що він чинив, і вбив Він також його.
၁၀ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်၊ ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏။
11 І сказав Юда до Тамари, невістки своєї: „Сиди вдовою в домі батька свого, аж поки не виросте Шела, син мій“. Бо він був подумав: „Аби не вмер також він, як брати його“. І пішла Тамара, та й осілася в домі батька свого.
၁၁သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်ဟုယုဒသည် စိုးရိမ်၍၊ မိမိချွေးမတာမာကို ခေါ်ပြီးလျင်၊ ငါ့သားရှေလအကြီးမှီ သင်သည် သင့်အဘ အိမ်၌ မုတ်ဆိုးမပြု၍ နေပါဟုဆိုသည်အတိုင်း၊ တာမာ သွား၍ မိမိအဘ၏အိမ်၌နေလေ၏။
12 І минуло багато днів, і вмерла Шуїна дочка, Юдина жінка. А коли Юда був утішений, то пішов до Тімни, до стрижіїв отари своєї, він і Хіра, товариш його адулламітянин.
၁၂ကာလအင်တန်ကြာသော်၊ ရှုအာသမီးဖြစ်သော ယုဒမယား လည်းသေလေ၏။ ယုဒသည်နှစ်သိမ့်ပြီးမှ၊ မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနတ်မြို့သို့ မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ သွားလေ၏။
13 А Тамарі розповіли, кажучи: „Ось тесть твій іде до Тімни стригти отару свою“.
၁၃မိမိယောက္ခမသည် သိုးမွေးကိုညှပ်ခြင်းငှါ၊ တိမနတ်မြို့သို့သွားကြောင်းကို၊ တာမာကြားလျှင်၊
14 І зняла вона з себе одежу вді́вства свого, і покрилася покрива́лом, і закрилася. І сіла вона при брамі Енаїм, що по дорозі до Тімни. Бо знала вона, що виріс Шела, а вона не віддана йому за жінку.
၁၄မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
15 І побачив її Юда, і прийняв її за блудни́цю, бо закрила вона обличчя своє.
၁၅ယုဒသည် ထိုမိန်းမကိုမြင်သောအခါ၊ သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက်၊
16 І він збочив до неї на дорогу й сказав: „А ну но я ввійду до тебе!“Бо він не знав, що вона невістка його. А вона відказала: „Що́ даси мені, коли при́йдеш до мене?“
၁၆လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမ က၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင်၊
17 А він відказав: „Я пошлю козлятко з отари“. І сказала вона: „Якщо даси заста́ву, аж поки пришлеш“.
၁၇ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊
18 А він відказав: „Яка та застава, що дам я тобі?“Та сказала: „Печатка твоя, і шнурок твій, і палиця твоя, що в руці твоїй“. І він дав їй, і зійшовся з нею, а вона завагітніла від нього.
၁၈ယုဒက အဘယ်အရာကို ပေါင်စေချင်သနည်း ဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည် ပဋိ သန္ဓေစွဲယူလေ၏။
19 І встала вона та й пішла, і зняла покрива́ло своє з себе, і зодягнула одежу вдівства свого.
၁၉ထိုနောက်မှ၊ မိန်းမသည် ထသွား၍ မျက်နှာဖုံးကို ချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။
20 А Юда послав козлятко через при́ятеля свого адулламітянина, щоб узяти заставу з руки тієї жінки. Та він не знайшов її.
၂၀ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကို ရွေးယူ ခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကို ပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊
21 І запитав він людей її місця, говорячи: „Де та блудни́ця, що була в Енаїм при дорозі?“Вони відказали: „Не була тут блудни́ця“.
၂၁ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည် တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊
22 І вернувся він до Юди й сказав: „Не знайшов я її, а також люди місця того говорили: Не була тут блудни́ця“.
၂၂ယုဒထံသို့ ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည် တန်ဆာမ မရှိဟု ဆိုကြောင်းကို ပြောလေ၏။
23 І сказав Юда: „Нехай візьме собі ту заставу, щоб ми не стали на ганьбу. Ось я послав був те козлятко, та її не знайшов ти“.
၂၃ယုဒကလည်း၊ အရှက်မကွဲမည်အကြောင်း၊ ယူပါ လေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက်၍ သင်သည် မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။
24 І сталося так десь по трьох місяцях, і розповіджено Юді, говорячи: „Упала в блуд Тамара, твоя невістка, і ось завагітніла вона через блуд“. А Юда сказав: „Виведіть її, — і нехай буде спа́лена“.
၂၄ထိုနောက် သုံးလခန့်လွန်သည်ရှိသော်၊ သူတပါး က၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသော မေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကို ထုတ်၍ မီးရှို့စေဟု စီရင်လေ၏။
25 Коли її вивели, то послала вона до тестя свого, говорячи: „Я завагітніла від чоловіка, що це належить йому“. І сказала: „Пізнай но, чия то печатка, і шнури, і ця палиця?“
၂၅ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ၍၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည် ပဌိသနေယှုပြီ။ ဤဥစ္စာတို့သည် အဘယ်သူ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟု မှာလိုက်၏။
26 І пізнав Юда й сказав: „Вона стала справедливіша від мене, бо я не дав її Шелі, синові своєму“. І вже більше не знав він її.
၂၆ထိုဥစ္စာ ကိုယုဒမှတ်မိ၍ သူ အပြစ်ထက် ငါ့အပြစ်သာ၍ ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟု ပြောဆို၏။ နောက်တဖန် သူ့ကို မချဉ်းကပ်ဘဲနေ၏။
27 І сталося в часі, як родила вона, — а ось близнята в утробі її.
၂၇ထိုနောက်တာမာသည် သားဘွားချိန်ရောက် လျှင်၊ ဝမ်းထဲတွင် သားနှစ်ယောက်ရှိ၏။
28 І сталося, як родила вона, показалася рука одного; і взяла баба-сповитуха, і пов'язала на руку йому нитку червону, говорячи: „Цей вийшов найперше“.
၂၈ဘွားစဉ်တွင် သားတယောက်သည် လက်ကို ထုတ်ဆန့်၍၊ ဝမ်းဆွဲက ဤသူငယ်သည် အရင်ဘွားလိမ့် မည်ဟုဆိုလျက် လက်ကိုကိုင်၍ နီသောကြိုးနှင့် စည်းလေ ၏။
29 І сталося, що він втягнув свою руку, а ось вийшов його брат. І сказала вона: „На́що ти роздер для себе перепо́ну?“І назвала ім'я йому Перец.
၂၉သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဘွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ် ကြောင့် အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြု သော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖါရက် အမည်ဖြင့် မှည့်လေ၏။
30 А потім вийшов брат його, що на руці його була нитка червона. І вона назвала ім'я йому: Зе́рах.
၃၀ထိုနောက်မှ လက်၌ကြိုးနီစည်းသောညီဘွား၍၊ သူ့ကိုဇာရအမည်ဖြင့် မှည့်သတည်း။