< Буття 25 >
1 А Авраам іще взяв жінку, а ймення їй Кетура́.
၁တဖန်အာဗြဟံသည်၊ ကေတုရအမည်ရှိသော မိန်းမနှင့် စုံဘက်၍၊
2 А вона породила йому Зімрана, і Йокшана, і Мадана, і Мідіяна, і Їшбака, і Шуаха.
၂ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဘွားမြင်လေ၏။
3 А Йокшан породив був Шеву та Дедана. А сини Деданові були: ашшури, і летуші, і леуми.
၃ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ် လူတည်း။
4 А сини Мідіянові: Ефа, і Ефер, і Ханох, і Авіда, і Елдаа, — усі вони сини Кетури.
၄မိဒျိန် သားကား၊ ဧဖါ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ် ဖြစ်ကြသတည်း။
5 І віддав Авраам усе, що мав, Ісакові.
၅အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ၏။
6 А синам наложниць, що були в Авраама, дав Авраам подарунки, і відіслав їх від Ісака, сина свого, коли сам ще живий був, на схід, до краю східнього.
၆မယားငယ်တို့၌ ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလပ်များကိုဝေပေး၍၊ သား ဣဇာတ်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
7 А оце дні літ Авраамового життя, які він прожив: сто літ, і сімдесят літ, і п'ять літ.
၇ထိုနောက်အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
8 І спочи́в та й умер Авраам у старощах добрих, старий і нажившись. І він прилучився до своєї рідні.
၈အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ၏။
9 І поховали його Ісак та Ізмаїл, сини його, у печері Махпелі, на полі Ефрона, сина Цохара хітте́янина, що навпроти Мамре́, —
၉သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင် တွင်၊ မပ္ပေလမြေတွင်း၌ အဘကို သင်္ဂြိုဟ်ကြ၏။
10 поле, що його Авраам був купив від синів Хетових, — там був похований Авраам і Сарра, жінка його.
၁၀ဟေသအမျိုးသားတို့အား အဘိုးပေး၍ အာဗြဟံ ဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။
11 І сталося по Авраамовій смерті, — і поблагословив Бог Ісака, сина його. І осів Ісак при криниці Лахай-Рої.
၁၁အာဗြဟံ သေသောနောက်၊ သားဣဇာက်ကို ဘုရားသခင် ကောင်းကြီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာ နေသတည်း။
12 А оце нащадки Ізмаїла, Авраамового сина, що його породила Авраамові єгиптянка Аґар, невільниця Саррина.
၁၂စာရာ၏ကျွန်မ၊ အဲဂုတ္တု၊ အမျိုးသား ဟာဂရ ဘွားမြင်သော အာဗြဟံသား ဣရှမေလ၏ သားစဉ် မြေးဆက်တည်းဟူသော၊
13 І оце імена синів Ізмаїла, за їхніми іменами й за нащадками їх: перворідний Ізмаїлів Невайот, і Кедар, і Адбеїл, і Мівсам,
၁၃မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက် ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
14 І Мішма, і Дума, і Масса,
၁၄မိရှမ၊ ဒုမာ၊ မာစ၊ - ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာတည်းဟူသော၊
15 Хадад, і Тема, Єтур, Нафіш, і Кедма.
၁၅
16 Оце вони, сини Ізмаїлові, і їхні ймення за дворами їх і за їх кочови́щами, — дванадцять начальників для їхніх племен.
၁၆ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသော သူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသော မင်းဆယ်နှစ်ပါးဖြစ်သတည်း။
17 А оце літа життя Ізмаїлового: сто літ, і тридцять літ, і сім літ. І спочи́в та й умер він, і був узятий до своєї рідні.
၁၇ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော်၊ အသက်ချုပ်၍သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
18 І розложилися вони від Хавіли аж до Шуру, що навпроти Єгипту, як іти до Ашшуру. І він оселився перед усіма свої́ми братами.
၁၈သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း အရှေ့၊ ရှုရမြို့ တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်းအနား၌ ကျသတည်း။
19 А оце о́повість про Ісака, Авраамового сина. Авраам породив Ісака.
၁၉အာဗြဟံသား ဣဇာက်၏အဆက်အနွှယ်ဟူ မူကား၊ အာဗြဟံသားကား ဣဇာက်တည်း။
20 І був Ісак віку сорока літ, як він узяв собі за жінку Ревеку, дочку Бетуїла арамеянина, з Падану арамейського, сестру арамеянина Лавана.
၂၀ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူ လာဗန်၏ နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။
21 І молився Ісак до Господа про жінку свою, бо неплідна була. І Господь був ублаганий ним, — і завагітніла Ревека, жінка його.
၂၁ဣဇာက်သည်၊ မိမိမယား ရေဗက္ကမြုံသော ကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရား နားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။
22 І кидалися діти в утробі її. І сказала вона: „Коли так, то для чого я це переношу!“І пішла запитатися Господа.
၂၂ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။
23 І промовив до неї Господь: „Два племе́на в утробі твоїй, і два наро́ди з твого нутра́ будуть виділені, і стане сильніший наро́д від наро́ду, і старший молодшому бу́де служити“.
၂၃ထာဝရဘုရားကလည်း၊ သင်၏ ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသော လူစု နှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့် မည်ဟု မိန့်တော်မူ၏။
24 І сповнились дні її, щоб родити, — і ось близнюки в утробі її.
၂၄ဘွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာ ရှိသဖြင့်၊
25 І вийшов перший червонуватий, увесь він — немов плащ волосяний. І назвали ймення йому: Ісав.
၂၅အဦးဘွားသောသားသည်၊ အမွေးပါသော ဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသော ဟူသောအမည်ဖြင့် မှည့်ကြ၏။
26 А потім вийшов його брат, а рука його трималася п'яти Ісава. І назвав ім'я́ йому: Яків. А Ісак був віку шостидесяти літ, коли народились вони.
၂၆ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ ဖနှောင့်ကို ကိုင်လျက် ဘွားလာ၏။ သူ့ကိုကား၊ ယာကုပ် အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဘွားသော အခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။
27 І виросли хлопці. І став Ісав чоловіком, що знався на вловах, чоловіком поля, а Яків — чоловіком мирним, що в наметах сидів.
၂၇သူငယ်တို့သည် ကြီးပွား၍၊ ဧသောကား လိမ္မာ သော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကားတဲ၌ နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။
28 І полюбив Ісак Ісава, бо здобич мисливська його йому смакувала, а Ревека любила Якова.
၂၈ဣဇာက်သည်၊ ဧသောပေးသောအမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကား ယာကုပ်ကို ချစ်၏။
29 І зварив був Яків ї́жу, а з поля прибув Ісав, і змучений був.
၂၉တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက် ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသော ကြောင့်၊
30 І сказав Ісав до Якова: „Нагодуй мене отим червоним, червоним отим, бо змучений я“. Тому то назвали ймення йому: Едом.
၃၀ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကို ကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကို ဧဒုံဟုတွင်သတည်း။
31 А Яків сказав: „Продай же нині мені своє перворідство“.
၃၁ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦး အရာကို၊ ငါ့အား ရောင်ပါဟုဆိုလျှင်၊
32 І промовив Ісав: „Ось я умираю, — то нащо ж мені оте перворідство?“
၃၂ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို၏။
33 А Яків сказав: „Присягни ж мені нині“. І той присягнув йому, і продав перворідство своє Якову.
၃၃ယာကုပ်ကလည်း၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်း ကို ပြုပါဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကို ရောင်းလေ၏။
34 І Яків дав Ісавові хліба й сочевичного варива. А той з'їв, і випив, і встав та й пішов. І знехтував Ісав перворідство своє.
၃၄ထိုအခါ ယာကုပ်သည်၊ မုန်နှင့်ပဲဟင်းကို ဧသော အားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။