< Єзекіїль 26 >
1 І сталося одина́дцятого року, першого дня місяця, було слово Господнє до мене таке:
၁ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 „Сину лю́дський, за те, що Тир говорить на Єрусалим: „Ага́! зламалися це двері наро́дів, він зверта́ється до мене, і я наси́чуся, бо він зни́щений“,
၂ကိုယ်တော်က``အချင်းလူသား၊ တုရုမြို့သား တို့က`ယေရုရှလင်မြို့တံခါးသည်ပျက်ပြုန်း လေပြီ။ ထိုမြို့၌တံခါးများပွင့်လျက်ရှိ၏။ ထိုမြို့သည်ငါတို့နှင့်ပြိုင်ဘက်မဖြစ်တော့ ပြီ' ဟုဝမ်းမြောက်စွာဟစ်အော်ကြွေးကြော် လျက်နေကြ၏။
3 тому так говорить Госпо́дь Бог: Ось Я на тебе, Тире, і підійму́ на тебе багато наро́дів, як море підіймає свої хвилі.
၃``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းတုရုမြို့၊ ငါ သည်သင်၏ရန်သူဖြစ်၏။ သင့်အားတိုက်ခိုက် ကြစေရန်လူမျိုးတကာတို့ကိုငါခေါ် ဆောင်ခဲ့မည်။ သူတို့သည်ပင်လယ်လှိုင်းလုံး များသဖွယ်သင်ရှိရာသို့ချီတက်လာ ကြလိမ့်မည်။-
4 І понищать вони мури Тиру, і повалять ба́шти його, і ви́мету з нього порох його, і оберну́ його на голу скелю.
၄သင်၏မြို့ရိုးတို့ကိုဖျက်ဆီး၍ပြအိုးတို့ ကိုဖြိုချကြလိမ့်မည်။ ထိုအခါငါသည် ထိုမြေမှုန့်တို့ကိုလွင့်စေ၍ ကျောက်သား ပကတိကိုသာလျှင်ကျန်ရှိစေမည်။-
5 Він буде серед моря місцем розтя́гнення не́воду, бо Я сказав це, — говорить Господь Бог, — і стане він за здо́бич для наро́дів,
၅ပင်လယ်ရေဝိုင်းရံလျက်ရှိသောထိုကျောက် ၏အပေါ်တွင် ရေလုပ်သားတို့ပိုက်ကွန်များ ကိုလှန်းကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။ လူ မျိုးတကာတို့သည်တုရုမြို့ကိုတိုက်ခိုက် လုယက်ကြလိမ့်မည်။-
6 а його до́чки, що на полі, будуть побиті мечем, і пізнають вони, що Я — Господь!
၆ပြည်မရှိမြို့များမှလူတို့ကိုလည်းဋ္ဌား ဘေးသင့်စေကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း တုရုမြို့ သားတို့သိရှိကြလိမ့်မည်'' ဟူ၍တည်း။
7 Бо так говорить Господь Бог: Ось Я спрова́джу до Тиру Навуходоно́сора, вавилонського царя, з пі́вночі, царя над царями, з конем і колесницею та з верхівця́ми, і з ними на́товп, і числе́нний наро́д.
၇အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-
8 Він позабиває на полі дочо́к твоїх мечем, і зробить на тебе ба́шту, і насипле на тебе ва́ла, і поставить проти тебе щита́.
၈ပြည်ပရှိမြို့များတွင်နေထိုင်ကြသူတို့ သည်စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ ရန်သူ များသည်ကတုပ်ကျင်းများကိုတူး၍မြေ ကတုပ်များကိုဖို့ကာဒိုင်းလွှားများကို ကာလျက်သင့်အားတိုက်ခိုက်လိမ့်မည်။-
9 І дасть муроло́ма на мури твої, і порозбиває мечами своїми він ба́шти твої!
၉သင်၏မြို့ရိုးတို့ကိုလက်နက်များဖြင့် ထုဖြိုကြလိမ့်မည်။ သင်၏ရဲတိုက်များ ကိုလည်းသံချောင်းများဖြင့်ဖြိုချ ကြလိမ့်မည်။-
10 Від на́дміру ко́ней його закриє тебе їхня ку́рява, від цо́коту ве́ршника, ко́леса та колесниці затремтя́ть твої мури, як буде він вхо́дити в брами твої, як входять до міста з розла́маним муром.
၁၀သူတို့၏မြင်းများကြောင့်လွင့်တက်လာသော မြေမှုန့်တို့သည်သင့်အားဖုံးလွှမ်းလိမ့်မည်။ မြို့တွင်းသို့လူများဝင်သကဲ့သို့ပျက်စီး နေသောမြို့၏တံခါးများကိုဖြတ်၍ မြင်း များလှည်းဆွဲသံ၊ စစ်မြင်းရထားဆွဲသံ တို့သည်သင်၏မြို့ရိုးများကိုတုန်လှုပ် စေလိမ့်မည်။-
11 Копи́тами ко́ней своїх він пото́пче усі твої вулиці, позабиває мечем твій наро́д, і на землю попа́дають пам'ятники твоєї могутности.
၁၁သူတို့၏မြင်းစီးသူရဲများသည်သင်၏ လမ်းများကိုဖြတ်ကျော်ကာလူတို့အား ဋ္ဌားဖြင့်သတ်ကြလိမ့်မည်။ သင်၏ခိုင်ခံ့ သောကျောက်တိုင်များသည်မြေပေါ်သို့ ပြိုလဲကြလိမ့်မည်။-
12 I вони розграбують багатство твоє, і пограбу́ють това́ри твої, і порозва́люють мури твої, і порозбивають доми́ твої пишні, а каміння твоє, і дере́ва твої, і навіть твій по́рох вони поскида́ють у во́ду!
၁၂ရန်သူများသည်သင်၏ဥစ္စာဘဏ္ဍာနှင့်ကုန် ပစ္စည်းများကိုသိမ်းယူကြလိမ့်မည်။ အုတ် နံရံများကိုဖြိုချ၍ သင်၏လှပသော အိမ်များကိုဖြိုဖျက်ကြလိမ့်မည်။ သင်တို့ ၏ကျောက်များ၊ သစ်သားများနှင့်အိမ် အပျက်အစီးများကိုပင်လယ်ထဲသို့ ပစ်လိမ့်မည်။-
13 І Я припиню́ розляга́ння пісе́нь твоїх, і бре́нькіт гу́сел твоїх більше чутий не бу́де.
၁၃သင်၏သီချင်းသံများ၊ စောင်းသံများကို ငါရပ်စဲစေမည်။-
14 І зроблю тебе голою скелею, станеш місцем розтя́гнення сітки, і більше не бу́деш збудо́ваний, бо я, Господь, це сказав, Господь Бог промовляє!
၁၄ရေလုပ်သားတို့ပိုက်ကွန်လှန်းရန်ကျောက် သားပကတိကိုသာလျှင်ချန်ထားမည်။ မြို့ကိုအဘယ်အခါမျှပြန်လည်တည် ဆောက်ရမည်မဟုတ်ဟု ငါထာဝရဘုရား မိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။''
15 Отак Господь Бог промовляє до Тиру: Чи ж від шу́му паді́ння твого́, коли бу́дуть стогнати ране́ні, коли забива́тимуть посеред тебе, не затремтять острови́?
၁၅တုရုမြို့အားအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား``သင့်အားရန်သူတို့တိုက် ခိုက်အောင်မြင်နေချိန်၌ အသတ်ခံရသူတို့ နှင့်ဒဏ်ရာရသူတို့အော်ဟစ်သံများကြောင့် ပင်လယ်ကမ်းခြေတစ်လျှောက်တွင်နေထိုင် ကြသူတို့သည်ကြောက်လန့်တုန်လှုပ်ကြ လိမ့်မည်။-
16 І всі князі моря посхо́дять із тро́нів своїх, і поздіймають вони свої ма́нтії, і постягають свої кольоро́ві одежі, — і зодя́гнуться стра́хом, посідають на землю, і будуть тремтіти щохвилі, і стовпо́м постаю́ть над тобою.
၁၆ပင်လယ်ရေကြောင်းခရီးသွားလာသော နိုင်ငံတို့၏ဘုရင်အပေါင်းသည်ရာဇပလ္လင် များပေါ်မှဆင်းကြကာ မိမိတို့၏ဝတ်လုံ များနှင့်ပန်းထိုးထည်များကိုချွတ်၍ မြေ ပေါ်တွင်တုန်လှုပ်လျက်ထိုင်ကြလိမ့်မည်။ သင် တွေ့ကြုံရသည့်ကံကြမ္မာကိုမြင်၍ သူတို့ သည်အံ့အားသင့်လျက်အဆက်မပြတ် တုန်လှုပ်နေကြလိမ့်မည်။
17 І пісню жало́бну про тебе вони заспівають, і скажуть тобі: Як загинуло ти, як оді́рване ти від морі́в, славне місто, що си́льним на морі було́, воно й його ме́шканці, що наво́дили страх свій на всіх його ме́шканців!
၁၇သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာ ထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။
18 Тепер затремтять острови́ в дні упадку твого́, і жахну́ться всі ті острови́, що на морі, твоєю загу́бою.
၁၈ယင်းမြို့ပြိုလဲသောနေ့၌ကမ်းခြေဒေသ တို့သည် တုန်လှုပ်ကြကုန်၏။ ပင်လယ်ထဲရှိကျွန်းများတို့သည်လည်းဤမြို့ ပျက်စီးရပုံကိုမြင်၍ကြောက်လန့်ကြ၏။'' ဟူ၍တည်း။
19 Бо так Господь Бог промовляє: Коли Я тебе оберну́ на спусто́шене місто, немов ті міста́, що вони не заме́шкані, коли підійму́ Я безодню на тебе, і велика вода тебе вкриє,
၁၉အရှင်ထာဝရဘုရားက``ငါသည်သင့်အား လူသူမနေသည့်မြို့ပျက်များကဲ့သို့ဖြစ်စေ မည်။ သမုဒ္ဒရာရေကိုယူဆောင်ခဲ့၍ ပင်လယ်ရေ ဖြင့်ဖုံးလွှမ်းစေမည်။-
20 то зни́жу тебе ра́зом з тими, що сходять в могилу, до преда́внього люду, і в підзе́мній землі осаджу́ я тебе, як руїни відві́чні, із тими, що сходять в могилу, щоб ізно́ву ти не засели́вся, і в країні живих більш не жив!
၂၀ရှေးပဝေသဏီအခါကအသက်ရှင်ခဲ့ ကြသူတို့နှင့်အတူနေထိုင်ရန် သင့်အား မြေအောက်မရဏာနိုင်ငံသို့ပို့ဆောင်မည်။ ငါသည်သင့်အားထိုမြေအောက်လောကရှိ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေသည့် အရပ်၌မြေတွင်းထဲတွင်နေစေမည်။ သင် သည်ထိုအရပ်မှအဘယ်အခါ၌မျှ အသက်ရှင်သူတို့ရှိရာအရပ်သို့ပြန် လာရလိမ့်မည်မဟုတ်။-
21 За по́страх тебе учиню́, — і не буде тебе, і будуть шукати тебе, — та вже більше не зна́йдуть навіки, говорить оце́ Господь Бог!“
၂၁ငါသည်သင့်ကိုကြောက်လန့်ဖွယ်ရာဇာတ် သိမ်းခန်းရောက်ရပေတော့အံ့။ လူတို့သည် ရှာသော်လည်းသင့်ကိုတွေ့ရတော့မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။