< Естер 4 >
1 А Мордеха́й дові́дався про все, що було зро́блено. І розде́р Мордехай одежу свою, і зодягнув вере́тище та посипався по́пелом, і вийшов на сере́дину міста, та й кричав криком сильним та гірки́м!
၁ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-
2 І прийшов він аж під царську́ браму, бо не можна було вхо́дити в царську́ браму в вере́тищному убранні́.
၂
3 А в кожній окру́зі та місці, куди дохо́дило слово царя та його зако́н, були для юдеїв велика жало́ба, і піст, і плач, і голосі́ння, а вере́тище та по́пел були́ ло́жем для багатьох...
၃မင်းကြီး၏အမိန့်ကြေငြာချက်ရောက်ရှိ လေရာပြည်နယ်တို့၌ ယုဒအမျိုးသား တို့သည်အစာရှောင်၍အော်ဟစ်ငိုကြွေး မြည်တမ်းကြကုန်၏။ လူတိုင်းလိုပင်လျှော် တေကိုဝတ်ကာပြာပေါ်တွင်လှဲ၍နေကြ ကုန်၏။
4 І прийшли дівчата Есте́рині й е́внухи її, та й доне́сли їй про це. І дуже затремті́ла цариця, і послала одежу зодягнути Мордеха́я та зняти з нього його вере́тище, та він не прийня́в.
၄အပျိုတော်တို့နှင့်မိန်းမစိုးတို့သည် မော်ဒကဲ အဘယ်သို့ပြုလျက်နေသည်ကိုဧသတာ အားပြောပြကြ၏။ ထိုအခါဧသတာ သည်လွန်စွာစိတ်ဒုက္ခရောက်၍ မော်ဒကဲအား လျှော်တေကိုလဲစေရန်ပေးပို့သော်လည်း မော်ဒကဲလက်မခံဘဲနေ၏။-
5 І покликала Есте́р Гатаха, одного з е́внухів царя, якого він приста́вив до неї, і наказала йому дові́датися про Мордехая, що́ то з ним, і чого то жало́ба?
၅ထိုအခါမိဖုရားသည်မိမိ၏အစေခံ အဖြစ် မင်းကြီးခန့်ထားပေးသူ၊ မိန်းမစိုး ဟာတက်ကိုခေါ်ယူပြီးလျှင် အကျိုး အကြောင်းကိုစုံစမ်းရန်မော်ဒကဲထံ သို့စေလွှတ်လိုက်လေသည်။-
6 I вийшов Гатах на міську́ пло́щу, що перед царсько́ю брамою.
၆ဟာတက်သည်နန်းတော်တံခါးရှေ့မြို့တော် ကွက်လပ်တွင်ရှိသောမော်ဒကဲထံသို့သွား၏။-
7 І виявив йому Мордеха́й усе, що спіткало його, і про суму срібла, яку Га́ман сказав відва́жити до царсько́ї скарбни́ці за юдеїв, щоб ви́губити їх.
၇မော်ဒကဲကသူ့အားဖြစ်ပျက်ခဲ့သည့် အမှုအရာအလုံးစုံကိုလည်းကောင်း၊ ယုဒအမျိုးသားအပေါင်းတို့ကိုကွပ် မျက်လျှင်ဘုရင့်ဘဏ္ဍာတော်သို့ငွေမည်မျှ ပေးသွင်းရန် ဟာမန်ကတိပြုထားကြောင်း ကိုလည်းကောင်းပြောပြ၏။-
8 І він дав йому відписа листа зако́ну, що був ви́даний у Су́зах на ви́гублення їх, щоб показав Есте́рі, та щоб доніс їй, і щоб наказа́в їй піти до царя блага́ти його та просити перед його обличчям за її наро́д.
၈ယုဒအမျိုးသားများအားကွပ်မျက်ရန် အတွက် ရှုရှန်မြို့တွင်ထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်မိတ္တူတစ်စောင်ကို လည်းပေးလိုက်၏။ မော်ဒကဲသည်ဟာတက် အား``ဤအမိန့်ကြေငြာချက်မိတ္တူကိုဧသ တာအားပေး၍ ဖြစ်ပျက်လျက်ရှိသည့် အခြေအနေကိုရှင်းပြပါလော့။ ထိုနောက် သူ့အားမင်းကြီးထံသို့ဝင်၍ မိမိ၏လူ မျိုးအပေါ်တွင်ကရုဏာထားတော်မူရန် လျှောက်ထားတောင်းပန်စေပါလော့'' ဟု မှာကြားလိုက်လေသည်။-
9 І прийшов Гатах, і доніс Есте́рі Мордехаєві слова́.
၉ဟာတက်သည်လည်းမော်ဒကဲမှာကြား လိုက်သည့်အတိုင်းပြု၏။-
10 I сказала Есте́р до Гатаха, і наказала йому переказати Мордехаєві:
၁၀ထိုအခါဧသတာသည်ဟာတက်မှတစ်ဆင့် မော်ဒကဲအား၊-
11 „Усі царські́ раби та народ царськи́х окру́г знають, що кожен чоловік та жінка, що при́йде до царя до вну́трішнього подві́р'я непокликаний, один йому зако́н, — убити його, окрім того, кому цар простягне́ золоте бе́рло, — і буде він жити. А мене не кличуть вхо́дити до царя от уже тридцять день“.
၁၁``ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေမင်းကြီး ခေါ်တော်မမူဘဲနန်းတော်အတွင်းတံတိုင်း၊ မင်းကြီးထံတော်သို့ဝင်မိသူသည်သေဒဏ် ခံရမည်ဖြစ်ပါ၏။ ဤကားတရားဥပဒေ အရဖြစ်သဖြင့်ဘုရင့်အကြံပေးအမတ် များမှစ၍ ပြည်နယ်အသီးသီးရှိလူအ ပေါင်းတို့သိကြပါသည်။ ထိုဥပဒေကို ရှောင်ကွင်းနိုင်ရန်လမ်းတစ်လမ်းသာရှိပါ သည်။ အကယ်၍မင်းကြီးကရာဇလှံတံ တော်ကိုကမ်းတော်မူလျှင် ဝင်မိသူအသက် ချမ်းသာရာရပါ၏။ သို့ရာတွင်ကျွန်မ အားမင်းကြီးခေါ်ယူတော်မမူသည်မှာ တစ်လရှိပါပြီ'' ဟုပြန်ကြားလေသည်။
12 І переказали Мордехаєві Есте́рині слова́.
၁၂မော်ဒကဲသည်ဧသတာပြန်ကြားသည့် စကားကိုကြားရသောအခါ၊-
13 І сказав Мордехай відпові́сти Естері: „Не ду́май в душі своїй, що втечеш до царсько́го дому одна з усіх юдеїв...
၁၃ဧသတာအား``သင်သည်နန်းတွင်း၌နေရ သဖြင့် အခြားယုဒအမျိုးသားများထက် ပို၍လုံခြုံမှုရှိလိမ့်မည်ဟုမထင်မှတ်ပါနှင့်။-
14 Бо якщо справді бу́деш ти мовча́ти цього ча́су, то поле́гшення та врятува́ння при́йде для юдеїв з іншого місця, а ти та дім твого батька погинете. А хто знає, чи не на час, як оцей, досягла́ ти царства!“
၁၄အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။
15 І сказала Есте́р відпові́сти Мордехаєві:
၁၅ဧသတာသည်မော်ဒကဲအား၊
16 „Іди, збери всіх юдеїв, що знахо́дяться в Су́зах, і по́стіть за мене, і не їжте й не пийте три дні, ніч та день. Також я та дівча́та мої бу́демо по́стити так, і так прийду́ до царя, хоч це не буде за зако́ном. А якщо я загину, то загину“.
၁၆``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
17 І пішов Мордеха́й, і зробив усе, як звеліла йому Есте́р.
၁၇ထိုအခါမော်ဒကဲသည်ထွက်ခွာကာ ဧသတာ မှာကြားလိုက်သည့်အတိုင်းပြုလေသည်။