< Повторення Закону 31 >
1 І пішов Мойсе́й, і промовляв до всього Ізраїля оці слова́,
၁တဖန် မောရှေသည် သွား၍ ဣသရေလအမျိုး သား အပေါင်းတို့အား ဟောပြောသည်ကား၊
2 та й сказав їм: „Я сьогодні віку ста й двадцяти́ літ. Не можу вже вихо́дити та вхо́дити, і Господь сказав мені: Не пере́йдеш ти цього Йорда́ну.
၂ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ် နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။
3 Господь, Бог твій, — Він пі́де перед тобою, Він вигубить ці народи перед тобою, і ти заволодієш ними. Ісус пере́йде перед тобою, як говорив був Господь.
၃သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင် တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့် မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည် လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။
4 І зробить їм Господь, як зробив був Сигонові та Оґові, аморейським царям та їхньому кра́єві, яких вигубив Він.
၄ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌၎င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည် ၌၎င်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူ လိမ့်မည်။
5 І дасть їх Господь перед вас, а ви зробите їм згідно з усією за́повіддю, що я вам наказав був.
၅ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ် တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။
6 Будьте сильні та відважні, не бі́йтеся, не лякайтеся перед ними, бо Господь, Бог твій, Він Той, хто ходить з тобою, — не опу́стить Він тебе й не покине тебе“.
၆အားယူ၍ ရဲရင့်ခြင်း ရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟော ပြော၏။
7 І покликав Мойсей Ісуса, та й до нього сказав на оча́х усього Ізраїля: „Будь сильний та відважний, бо ти вві́йдеш з цим наро́дом до того кра́ю, якого Господь заприсягну́в їхнім батькам, щоб їм дати, і ти даси їм його на спа́док.
၇တဖန် ယေရှုကို ခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အား ပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော် မူသောပြည်သို့ သင်သည် သူတို့နှင့်အတူ သွား၍ အမွေခံ စေရမည်။
8 А Господь, Він Той, що пі́де перед тобою, — не опустить тебе й не покине тебе, — не бійся й не лякайся“.
၈သင့်ရှေ့မှာ ထာဝရဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထား တော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။
9 І написав Мойсей цього Зако́на, та й дав його до священиків, Левієвих синів, що носять ковче́га Господнього заповіту, та до всіх Ізраїлевих старши́х.
၉ဤပညတ်တရားကို မောရှေသည် ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသော လေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အ သက်ကြီးသူများ အပေါင်းတို့၌ အပ်၍၊
10 І наказав їм Мойсей, говорячи: „У кінці́ семи літ, окре́сленого ча́су року відпу́щення, у свято Кучок,
၁၀မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန် ရောက်မှ၊
11 коли при́йде ввесь Ізраїль з'явитися перед лицем Господа, Бога свого, у місці, яке вибере Він, будеш читати цього Зако́на перед усім Ізраїлем до їхніх ушей.
၁၁သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။
12 Збери той народ, — чоловіків, і жінок, і дітей, і прихо́дька свого, що в твоїх брамах, щоб вони чули й щоб навчалися, і боялися Господа, Бога вашого, і доде́ржували виконувати всі слова цього Зако́ну.
၁၂ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။
13 А їхні сини, що не знали, будуть чути та навчатися боятися Господа, Бога вашого, по всі дні, що ви жи́тимете на цій землі, куди ви перехо́дите Йорда́н, щоб посісти її“.
၁၃ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
14 І сказав Господь до Мойсея: „Оце набли́зилися дні твої до смерти. Поклич Ісуса, і станьте в скинії заповіту, а Я йому накажу́“. І пішов Мойсей та Ісус, і стали в скинії заповіту.
၁၄ထာဝရဘုရားကလည်း၊ သင်သည် သေရသော အချိန်နီးပြီ။ ယောရှုကို ခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှု သည် သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ် ကြ၏။
15 І появився Господь у скинії в стовпі хмари, і став той стовп хмари біля скинійного входу.
၁၅ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ် တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ၏။
16 І сказав Господь до Мойсея: „Ось ти спочинеш з батьками своїми, а цей наро́д устане та й буде блудодіяти з богами того чужого Кра́ю, куди він увіхо́дить, щоб бути в сере́дині його, і покине Мене, і зламає заповіта Мого, що склав був Я з ним.
၁၆တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည် ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။
17 І того дня запа́литься Мій гнів на нього, і Я покину їх, і сховаю Своє лице від них, а він буде знищений, і зна́йдуть його числе́нні нещастя та у́тиски. І скаже він того дня: „Хіба не через те, що нема в мене мого Бога, знайшли мене ці нещастя?“
၁၇ထိုအခါ ငါသည် အမျက်တော်ထွက်၍ သူတို့ကို စွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည် ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့ အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။
18 А Я того дня конче сховаю лице Своє через усе те зло, що зробив він, бо зверну́вся до інших богів.
၁၈သူတို့သည် အခြားတပါးသော ဘုရားတို့နောက် သို့ လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန် လွှဲမည်။
19 А тепер запишіть собі оцю пісню, і навчи її Ізраїлевих синів. Вклади її в їхні уста, щоб була мені ця пісня за свідка на Ізраїлевих синів.
၁၉ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထို သီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့။
20 Коли Я введу́ його до тієї землі, яку присягнув його батька́м, що тече молоком та медом, і він буде їсти й наси́титься, і потовстіє, і звернеться до інших богів, і будуть служити їм, а Мене кинуть з обра́зою, і зламає він заповіта Мого,
၂၀အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသော ပြည်သို့ သူတို့ကို ငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုး သောအခါ၊ အခြားတပါးသော ဘုရားတို့ထံသို့ လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကို ပုန်ကန်၍ ငါ့ပဋိညာဉ်တရား ကို ဖျက်ကြလိမ့်မည်။
21 то станеться, коли зна́йдуть його численні нещастя та утиски, що пісня ця стане проти нього за свідка, бо вона не забу́деться з уст насіння його. Бо Я знаю наставлення серця його, що він чинить сьогодні, перше ніж введу його до того кра́ю, що Я присягнув“.
၂၁ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသော အခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့် မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကို ငါသိ၏ဟု မိန့်တော်မူ၏။
22 І написав Мойсей ту пісню того дня, і навчив її Ізраїлевих синів.
၂၂မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကို ရေး ထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
23 І наказав він Ісусові, Нави́новому синові, та й сказав: „Будь сильний та відважний, бо ти впрова́диш Ізраїлевих синів до того кра́ю, що Я присягнув їм, а Я буду з тобою“.
၂၃တဖန် နုန်၏သား ယောရှုအား ထာဝရဘုရား က၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆို သောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည်။ ငါသည် သင်နှင့်အတူ ရှိမည်ဟု မှာထားတော်မူ၏။
24 І сталося, як Мойсей скінчи́в писати слова цього Зако́ну до книги аж до кінця їх,
၂၄မောရှေသည် ဤပညတ်တရားစကားတော် အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊
25 то Мойсей наказав Леви́там, що носять ковче́га Господнього заповіту, говорячи:
၂၅ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊
26 „Візьміть книгу цього Зако́ну, і покладіть її збоку ковче́га заповіту Господа, Бога вашого, і вона буде там на тебе за свідка.
၂၆ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့။
27 Бо я знаю неслухня́ність твою та тверду́ твою шию. Бо ще сьогодні, коли я живу з вами, ви були́ неслухня́ні Господе́ві, а тим більш будете по смерті моїй!
၂၇သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက် ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။
28 Зберіть до мене всіх старши́х ваших племе́н та урядників ваших, а я буду промовляти до їхніх ушей ці слова́, і покличу небо й землю на сві́дчення проти них.
၂၈သင်တို့အမျိုးအနွယ် အသက်ကြီးသူ၊ အရာရှိသူ အပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ ကို သူတို့အား ဟောပြော၍ သူတို့တဘက်၌ ကောင်းကင် မြေကြီးကို ငါတိုင်တည်မည်။
29 Бо я знаю, що по смерті моїй, псуючися, зіпсуєтеся ви, і відхилитесь з тієї дороги, яку я наказав вам, і в кінці днів спітка́є вас нещастя, коли будете робити зло в Господніх оча́х, щоб гніви́ти Його чином своїх рук“.
၂၉အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့ သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွား ကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ကိုယ်လက်နှင့် လုပ်ဆောင် သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိ ပေးလေ၏။
30 І промовляв Мойсей до ушей всієї Ізраїлевої громади слова́ оцієї пісні аж до закінчення їх:
၃၀မောရှေသည် ဣသရေလ ပရိသတ်အပေါင်းတို့ အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား၊