< 2 царів 23 >
1 А цар послав, і зібрали до нього всіх старши́х Юди та Єрусалиму.
၁ထိုအခါ ရှင် ဘုရင်သည် ယုဒ ပြည်သူ ယေရုရှလင် မြို့သား အသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍၊ “
2 І ввійшов до Господнього дому цар та кожен муж Юди, а з ним усі мешканці Єрусалиму, і священики, і пророки, і ввесь народ від мало́го й аж до великого, і він прочитав до їхніх ушей усі слова́ Книги Заповіту, зна́йденої в Господньому домі.
၂ယုဒ ပြည်သူ ယေရုရှလင် မြို့သား ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ လူ အကြီး အငယ် အပေါင်း တို့နှင့်တကွ ဗိမာန် တော်သို့တက် ၍ ၊ ဗိမာန် တော်၌ တွေ့ သော ပဋိညာဉ် ကျမ်း စာ ရှိသမျှ ကို သူ တို့ရှေ့ မှာ ဘတ် တော်မူ၏
3 І став цар на підвищенні, і склав заповіта перед Господнім лицем, щоб ходити за Господом та доде́ржувати заповіді Його, і сві́дчення Його, і постанови Його всім серцем та всією душею, щоб виконати слова́ того заповіту, що написані в тій книзі. І ввесь народ пристав до заповіту.
၃ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ်ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ် နှလုံး အကြွင်းမဲ့ စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု တိုင် နား မှာ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။ လူ အပေါင်း တို့သည်လည်း ထိုအဓိဋ္ဌာန် ကို ဝန်ခံ ကြ၏
4 І наказав цар Хілкійї, великому священикові, й іншим священикам та сторожа́м поро́га, щоб повино́сили з Господнього храму всі речі, зро́блені для Ваала та для Аста́рти, та для всіх небесних світил. І він попали́в їх поза Єрусалимом на кедро́нських поля́х, а їхній по́рох відніс до Бет-Елу.
၄နောက် တဖန်ယဇ်ပုရောဟိတ် မင်း ဟိလခိ ၊ ဒုတိယ ယဇ် ပုရောဟိတ်များနှင့် တံခါး စောင့် များတို့သည် ဗာလ ဘုရား၊ အာရှရ ပင်၊ မိုဃ်း ကောင်းကင်တန်ဆာ အဘို့ လုပ် သမျှ သောအသုံး အဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ် မည်အကြောင်း ရှင်ဘုရင် စီရင် သဖြင့်၊ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် တော ၌ မီးရှို့ ၍ ပြာ ကို ဗေသလ မြို့သို့ ဆောင် သွားကြ၏
5 І він поскидав жерці́в, що їх понаставля́ли були Юдині царі, і що вони кадили на па́гірках по Юдиних містах та в око́лицях Єрусалиму, і кадили для Ваала, і для сонця, і для місяця, і для планет, і для всіх небесних світил.
၅ယေရုရှလင် မြို့ပတ်လည် အစရှိသော ယုဒ မြို့ရွာ ၌ မြင့် သော အရပ်တို့အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒ ရှင်ဘုရင် ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကို၎င်း၊ ဗာလ ဘုရား၊ နေ လ ရာသီ စောင့် အစ ရှိသော မိုဃ်း ကောင်းကင်တန်ဆာ တို့အား နံ့သာပေါင်းကို မီးရှို့ သောသူတို့ ကို၎င်း ၊ သုတ်သင် ပယ်ရှင်းတော်မူ၏
6 І він виніс Астарту з Господнього дому поза Єрусалим до кедро́нської долини, та й спалив її в кедро́нській долині, і стер на по́рох, а її по́рох кинув на гроби́ звичайних людей.
၆အာရှရပင် ကိုလည်း ဗိမာန် တော်ထဲက ထုတ် ၍ ယေရုရှလင် မြို့ပြင် ၊ ကေဒြုန် ချောင်း သို့ ယူသွားသဖြင့်၊ ထိုချောင်းနား မှာ မီးရှို့ ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့် ကို ဆင်းရဲသားသင်္ချိုင်း ပေါ် မှာ ဖြန့်ဖြူး တော်မူ၏
7 І він порозбива́в доми культу блудодійників, що були при Господньому домі, де жінки́ ткали завісу для Аста́рти.
၇မိန်းမ တို့သည် အာရှရ ပင်အဘို့ ကုလားကာ ကို ရက် ရာအရပ် ဗိမာန် တော်နား မှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက် တော်မူ၏
8 І він ви́провадив усіх священиків з Юдиних міст, і опога́нив па́гірки, де священики кадили, від Ґеви аж до Беер-Шеви, і порозбивав па́гірки брам, що були при вході брами Ісуса, зверхника міста, що ліво́руч тому́, хто вхо́див до брами міста.
၈ယဇ် ပုရောဟိတ်အပေါင်း တို့ကို ယုဒ မြို့ရွာ တို့မှ ခေါ် ခဲ့၍ ၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ ရာမြင့် သော အရပ်များကို ဂေဗ မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် ညစ်ညူး စေတော်မူ၏။ ယေရုရှလင်မြို့ ဝန် ယောရှု ၏ တံခါး ဝ လက်ဝဲ ဘက်နား မှာတည်သော မြို့တံခါး ၏ ကုန်း တို့ကိုလည်း ဖြိုဖျက် တော်မူ၏
9 Але священики па́гірків не вхо́дили до Господнього же́ртівника в Єрусалимі, а тільки їли прісне́ серед своїх братів.
၉မြင့် သောအရပ်နှင့် ဆိုင်သော ယဇ် ပုရောဟိတ်တို့သည်၊ ယေရုရှလင် မြို့ဗိမာန်တော် ယဇ် ပလ္လင်နားသို့ မ ချဉ်း ရဘဲ၊ အပေါင်း အဘော်တို့နှင့် တဆေး မဲ့မုန့်ကို စား ရသော အခွင့်သာရှိကြ၏
10 І він опога́нив місце ста́влення на огні, що в долині Гінномового сина, щоб ніхто не перево́див через огонь сина свого та дочку́ свою для Молоха.
၁၀အဘယ်သူမျှမိမိ သား သမီး ကို မောလုတ် ဘုရား အား မီး ဖြင့် မ ပူဇော် နိုင်မည်အကြောင်း ၊ ဟိန္နုံ သား၏ ချိုင့်၌ ရှိသောတောဖက် အရပ်ကိုလည်း ညစ်ညှုး စေတော်မူ ၏
11 І він повідставляв коні, яких давали Юдині царі для сонця, від входу до Господнього дому, при кімна́ті є́внуха Нетан-Мелеха, що був у Парварімі, а колесни́ці сонця попали́в ув огні.
၁၁ယုဒ ရှင် ဘုရင်တို့သည် နေ ကို ပူဇော် ၍ ၊ ဗိမာန် တော်ဝင်း ပြင် အရာရှိ နာသမ္မေလက် အိမ် နား ၊ ဝင်း တော် တံခါးဝ၌ ထားသော မြင်း တို့ကိုလည်း ပယ်ရှား ၍ နေ ရထား တို့ကိုလည်း မီးရှို့ တော်မူ၏
12 А же́ртівники, що були на даху́ Ахазової го́рниці, що пороби́ли Юдині царі, та жертівники, що пороби́в Манасія на двох подві́р'ях Господнього дому, цар порозбива́в. І він звідти побіг, і кинув їхній по́рох до кедро́нського пото́ку.
၁၂ယုဒ ရှင် ဘုရင်တို့သည် အာဟပ် မင်းတိုက် တော် အထက်ဆင့် အပေါ် မှာတည် ထားသော ယဇ် ပလ္လင်တို့နှင့် မနာရှေ မင်းသည် ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် တည် ထားသော ပလ္လင် တို့ကို ရှင်ဘုရင် ဖြိုချ ချေဖျက်၍ အမှုန့် ကို ကေဒြုန် ချောင်း ထဲသို့ ပစ် တော်မူ၏
13 А па́гірки, що навпроти Єрусалиму, право́руч гори Згуби, які побудува́в був Соломон, Ізраїлів цар, для Астарти, гидо́ти сидо́нської, і для Кемота, гидо́ти моавської, і для Мілкома, гидо́ти Аммонових синів, цар поопога́нював.
၁၃ဣသရေလ ရှင်ဘုရင် ရှောလမုန် သည် ယေရုရှလင် မြို့အရှေ့ ၊ ဖျက်ဆီး ခြင်းတောင် လက်ျာ ဘက်၌ ရွံရှာ ဘွယ်သော ဇိဒုန် ဘုရားအာရှတရက် ၊ ရွံရှာဘွယ် သော မောဘ ဘုရား ခေမုရှ ၊ ရွံရှာဘွယ် သော အမ္မုန် ဘုရားမိလကုံ အဘို့ တည် သော ကုန်း တို့ကိုလည်း ရှင်ဘုရင် ညစ်ညှုး စေတော်မူ၏
14 І він порозбивав стовпи для богів, і постинав посвя́чені дере́ва, а їхнє місце напо́внив лю́дськими кістка́ми.
၁၄ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ ၍ အာရှရ ပင်တို့ကို ခုတ်လှဲ ပြီးမှ ၊ သူ တို့တည် ရာအရပ်များကို လူ သေအရိုး တို့ နှင့် ပြည့် စေတော်မူ၏
15 А також жертівника, що в Бет-Елі, па́гірка, що зробив був Єровоам, син Неватів, що ввів у гріх Ізраїля, також же́ртівника цього та цього па́гірка він розбив, і спалив того па́гірка та стер на по́рох, і Аста́рту спалив.
၁၅ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် သည်၊ ဗေသလ မြို့၌ တည် သော ကုန်း နှင့် ယဇ် ပလ္လင်ကိုလည်း ဖြိုချ ၍ မီးရှို့ ပြီးမှ ညက်ညက် ခြေတော်မူ၏။ အာရှရ ပင်ကိုလည်း မီးရှို့ တော်မူ၏
16 І оберну́вся Йосі́я, та й побачив гроби́, що були там на горі. І послав він, і позабирав кості з гробі́в, і попали́в на жертівнику, — і опога́нив його, за словом Господнім, яке кли́кав був Божий чоловік, що проріка́в оці речі.
၁၆ယောရှိ မင်းသည် လှည့်လည် ၍ ကြည့်ရှုလျက် ၊ ထို တောင် ပေါ် မှာရှိသော သင်္ချိုင်း ကို မြင် သောအခါ ၊ လူကို စေလွှတ် ၍ ထိုသင်္ချိုင်း ထဲက လူသေအရိုး တို့ကို ထုတ် ပြီးလျှင် ၊ ထို အမှု ကို အထက်ကဘော်ပြ သော ဘုရား သခင်၏လူ ဆင့်ဆို သော ထာဝရဘုရား ၏ စကား တော်အတိုင်း ၊ အရိုးတို့ကို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ၍ ညစ်ညူး စေတော်မူ ၏
17 І сказав цар: „Що́ це за надгро́бок, що я бачу?“А люди того міста сказали йому: „Це надгро́бок Божого чоловіка, що прийшов з Юдеї й прорік оці речі, які зробив ти на же́ртівнику в Бет-Елі“.
၁၇ယောရှိမင်းကလည်း၊ ငါ မြင် သော ထို မှတ်ကျောက် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ မြို့ သား တို့က၊ ကိုယ်တော်သည် ဗေသလ ယဇ် ပလ္လင်၌ ပြု တော်မူသော အမှု ကို၊ ယုဒ ပြည်မှ လာ ၍ ဘော်ပြ သော ဘုရား သခင်၏ လူ သင်္ချိုင်း ဖြစ်ပါသည်ဟု ပြန် လျှောက်ကြသော်၊ “
18 А він сказав: „Дайте йому спо́кій, — нехай ніхто не рухає косте́й його“. І зберегли його кості, кості того пророка, що прийшов був із Самарії.
၁၈ရှင် ဘုရင်က ၊ ရှိ စေလော့။ ထိုသူ ၏အရိုး တို့ကို အဘယ်သူ မျှမ ရွှေ့ စေနှင့်ဟု မိန့် တော်မူသည်အတိုင်း သူ ၏ အရိုး တို့နှင့် ရှမာရိ မြို့မှ လာ သောပရောဖက် အရိုး တို့ကို ရှိ စေကြ၏
19 А також усі доми́ па́гірків, що по самарійських містах, що поробили були Ізраїлеві царі, щоб гніви́ти Господа, Йосія понищив, і зробив з ними те саме, що зробив у Бет-Елі.
၁၉ဣသရေလ ရှင် ဘုရင်တို့သည် အမျက် တော်ကို နှိုးဆော်ခြင်းငှါ ၊ ရှမာရိ မြို့ရွာ တို့၌ မြင့် သောအရပ်ပေါ်မှာ တည် လုပ်သော အိမ် ရှိသမျှ တို့ကိုလည်း ယောရှိ မင်းသည် ပယ်ရှား ၍ ၊ ဗေသလ မြို့၌ ပြု သမျှ အတိုင်း ပြု တော်မူ၏
20 І порізав він усіх священиків па́гірків, що були там, на жертівниках, і попалив на них лю́дські кості, та й вернувся до Єрусалиму.
၂၀မြင့် သော အရပ်နှင့် ဆိုင်သောယဇ် ပုရောဟိတ်အပေါင်း တို့ကိုလည်း ယဇ် ပလ္လင်ပေါ် မှာ ကွပ်မျက် ၍ ၊ လူ သေအရိုး တို့ကို မီးရှို့ ပြီးမှယေရုရှလင် မြို့သို့ ပြန် တော်မူ ၏
21 І наказав цар усьому наро́дові, говорячи: „Справте Пасху для Господа, вашого Бога, як написано в оцій Книзі Заповіту“.
၂၁တဖန် ရှင်ဘုရင် ကလည်း၊ ဤ ပဋိညာဉ် ကျမ်းစာ ၌ လာ သည်အတိုင်း ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား ပသခါ ပွဲကို ဆောင် ကြလော့ဟု လူ အပေါင်း တို့ကို မိန့် တော်မူ၏
22 Бо не справля́лася ця Пасха від днів суддів, що судили Ізраїля, по всі дні царів Ізраїлевих та царів Юдиних.
၂၂အကယ်၍ ဣသရေလ အမျိုးကို အုပ်စိုး သော တရားသူကြီး လက်ထက် မှစ၍ ၊ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် လက်ထက် ကာလပတ်လုံး ၊ ထိုသို့ သော ပသခါ ပွဲကို တခါ မျှမဆောင် ကြ
23 І тільки вісімнадцятого року царя Йосії справлялася Пасха для Господа в Єрусалимі.
၂၃ယောရှိ မင်းကြီး နန်းစံဆယ် ရှစ် နှစ် တွင် ထို ပွဲ ကို ယေရုရှလင် မြို့၌ ထာဝရဘုရား အား ဆောင် ကြသတည်း
24 А також викликачів духів померлих, і духів віщих, і домови́х божків, і бовва́нів, і всякі гидо́ти, що появилися в Юдинім кра́ї та в Єрусалимі, повини́щував Йосія, щоб поставити слова Зако́ну, написані в книзі, що знайшов священик Хілкійя в Господньому домі.
၂၄ထို မှတပါး၊ ဗိမာန် တော်၌ ယဇ်ပုရောဟိတ် ဟိလခိ တွေ့ သော ကျမ်းစာ ၌ ပါ သောစကား အတိုင်း ကျင့် လိုသောငှါ ၊ ယောရှိ မင်းသည် စုန်း ၊ နတ်ဝင် ၊ တေရပ် ရုပ်တု မှစ၍ ရုပ်တု ဆင်းတုများကို၎င်း ၊ ယေရုရှလင် မြို့နှင့် ယုဒ ပြည် လုံးတွင် ရွံရှာဘွယ် သောအရာ တွေ့ သမျှ တို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏
25 А такого царя, як він, не було перед ним, що наверну́вся б до Господа всім своїм серцем, і всією душею своєю, і всією силою своєю, за всім Мойсеєвим Зако́ном, і по ньому не повставав такий, як він.
၂၅မောရှေ တရား ၌ ပါသမျှ ကို ကျင့်သဖြင့်၊ စိတ်နှလုံး အကြွင်းမဲ့ အစွမ်း သတ္တိရှိသမျှ နှင့် ထာဝရဘုရား အထံ တော်သို့ ပြောင်းလဲ ၍ ၊ ယောရှိ မင်းနှင့် တူသော ရှင်ဘုရင် တယောက် မျှ မ ဖြစ် စဖူး။ နောင် ကာလ၌လည်း မ ပေါ် မရှိ
26 Тільки не спинився Господь від ре́вности Свого великого гніву, яким запалився Його гнів на Юду за всі огі́рчення, якими гніви́в Його Манасія.
၂၆သို့ရာတွင် မနာရှေ သည် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ၊ ပြစ်မှား သော အပြစ် ရှိသမျှ တို့ကြောင့် ၊ ယုဒ အမျိုး၌ ပြင်းစွာ အမျက် ထွက်၍ စိတ် တော်မ ပြေ။
27 І сказав Господь: „Також Юду відкину Я від лиця Свого, як відкинув Я Ізраїля, і відкину це місто, яке вибрав, Єрусалим, та цей храм, про який Я сказав: Ім'я́ Моє буде там!“
၂၇ဣသရေလ အမျိုးကို ငါ့ မျက်မှောက် မှ ပယ်ရှား သကဲ့သို့ ယုဒ အမျိုးကိုလည်း ငါပယ်ရှား မည်။ ငါရွေးချယ် သော ယေရုရှလင် မြို့ကို၎င်း ၊ အကြင်ဗိမာန်၌ငါ့ နာမ ကို ငါတည် စေမည်ဟု ငါဆို သော ဗိမာန် ကို၎င်း၊ ငါစွန့်ပစ် မည်ဟု မိန့် တော်မူ၏
28 А решта діл Йосії та все, що́ він робив, — ото вони написані в Книзі Хроніки Юдиних царів.
၂၈ယောရှိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
29 За його днів пішов фараон Нехо́, єгипетський цар, на асирійського царя, на річку Єфра́т. І вийшов цар Йосія навпроти нього, та той убив його в Меґіддо, коли він побачив його...
၂၉ထိုမင်း လက်ထက် ၌ အဲဂုတ္တု ဖာရော ဘုရင် နေခေါ သည် ဥဖရတ် မြစ် တိုင်အောင် အာရှုရိ ရှင်ဘုရင် ကို စစ်ချီ ၍ ၊ ယောရှိ မင်းကြီး သည် ဆီးတား ခြင်းငှါ ထွက် ရာတွင်၊ မေဂိဒ္ဒေါ မြို့မှာ မင်း ချင်းတွေ့ သောအခါ ၊ ယောရှိ မင်း သည် အသက် ဆုံးလေ၏
30 І його раби пове́зли його мертвого з Меґіддо, і приве́зли його до Єрусалиму, і поховали його в гробівці́ його́. А народ кра́ю взяв Єгоахаза, сина Йосії, і пома́зали його, та й настанови́ли його царем замість його батька.
၃၀ကျွန် တို့သည် ရထား တော်ပေါ်မှာ တင် ပြီးလျှင် ၊ မင်းကြီး သေ စဉ်တွင် မေဂိဒ္ဒေါ မြို့မှ ယေရုရှလင် မြို့သို့ ဆောင် သွား၍ သင်္ချိုင်း တော်၌ သင်္ဂြိုဟ် ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ဘိသိတ် ပေးလျက် ခမည်းတော် အရာ ၌ နန်းတင် ကြ၏
31 Єгоахаз був віку двадцяти й трьох літ, коли він зацарював, і царював в Єрусалимі три місяці. А ім'я́ його матері — Хамуталь, дочка́ Єремі́ї, з Лівни.
၃၁ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော် ၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။ မယ်တော် ကား ၊ လိဗန မြို့သားယေရမိ ၏ သမီး ဟာမုတာလ အမည် ရှိ၏
32 І робив він зло в Господніх оча́х, усе так, як робили його батьки.
၃၂ထို မင်းသည် ဘိုးဘေး ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏
33 І фараон Нехо́ зв'язав його в Рівлі, в гаматському кра́ї, щоб він не царював в Єрусалимі, і наклав ка́ру на цей край, — сто талантів срібла та талант золота.
၃၃ဖာရော နေခေါ သည် ထိုမင်း ကို ယေရုရှလင် မြို့မှာ မင်း မပြုစေခြင်းငှါ ဟာမတ် ပြည် ၊ ရိဗလ မြို့မှာ အကျဉ်း ထား၍ ၊ ယုဒပြည် ၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကိုအခွန် တောင်း လေ၏
34 А царем настанови́в фараон Нехо Ел'якима, сина Йосії, замість батька його Йосії, і змінив ім'я́ його на Єгояким. А Єгоахаза він узяв, і той прибув до Єгипту та й помер там.
၃၄ဖာရော နေခေါ သည်လည်း ၊ ယောရှိ သား ဧလျာကိမ် ကို ခမည်းတော် အရာ ၌ နန်းတင် ၍ ယောယကိမ် အမည် သစ်ကိုပေး ၏။ ယောခတ် ကို အဲဂုတ္တု ပြည်သို့ယူ သွား၍ ထို ပြည်၌ ယောခတ်သည်သေ ၏
35 І Єгояким давав фараонові срібла та золота; тільки розклав це на край, щоб давати те срібло на фараонів наказ, — він стягав те срібло та золото з наро́ду кра́ю за оцінкою землі кожного, щоб віддати фараонові Нехо.
၃၅ယောယကိမ် သည်လည်း ဖာရော ဘုရင် အမိန့် တော်အတိုင်း ၊ တပြည်လုံးတွင် ရွှေ ငွေ ခွဲ၍ ဖာရော ဘုရင် အား အခွန် ဆက်ရ၏။ ပြည်သူ ပြည်သားအသီးအသီးတို့ကို ရွှေ ငွေ ခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရော နေခေါ အား ဆက် လေ၏
36 Єгояки́м був віку двадцяти й п'яти літ, коли він зацарював, і одинадцять років царював в Єрусалимі. А ім'я́ його матері — Зевуда, дочка Педаї, з Руми.
၃၆ယောယကိမ် သည် အသက်နှစ်ဆယ် ငါး နှစ် ရှိသော် နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ရုမ မြို့သားပေဒဲယ ၏သမီး ဇေဗုဒ အမည် ရှိ၏
37 І робив він зло в Господніх оча́х, усе так, як робили батьки́ його.
၃၇ထိုမင်း သည် ဘိုးဘေး ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏