< 1 царів 14 >

1 Того ча́су заслаб Авійя, Єровоамів син
ထိုအခါ ယေရောဗောင် ၏သား အဘိယ သည် နာ သောကြောင့်၊
2 І сказав Єровоам до своєї жінки: „Устань та переберися, і не пізнають, що ти Єровоамова жінка. І пі́деш до Шіло́, — ото там пророк Ахі́йя, який говорив про мене, що я буду царем над цим народом.
ယေရောဗောင် သည် မိမိ မယား ကိုခေါ်၍၊ သင် သည် ယေရောဗောင် ၏ မယား ဖြစ်သည်ကို အဘယ်သူမျှမ သိ စေခြင်းငှါခြားနား သော အဆင်းအရောင်ကို ဆောင်ပြီးလျှင် ၊ ရှိလော မြို့သို့ ထ သွား ပါလော့။ ငါသည် ဤ လူမျိုး ကို စိုးစံ ရမည်အကြောင်း ကို ပြ သော ပရောဖက် အဟိယ သည် ထို မြို့၌ရှိ ၏။
3 І візьми в свою руку десять хлібі́в і калачі та дзба́нок меду, і вві́йдеш до нього. Він скаже тобі, що́ буде хлопцеві“.
မုန့် ဆယ် လုံး၊ မုန့်ပြား အချို့၊ ပျားရည် ဘူး ကို ဆောင် လျက် ပရောဖက် ထံ သို့သွား ပါလော့။ သူငယ် ၌ အဘယ်သို့ ဖြစ် မည်ကို သူ ဟော လိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
4 І зробила так Єровоамова жінка. І встала вона, та й пішла до Шіло́, і ввійшла до Ахійєвого дому. А Ахійя не міг бачити, бо очі йому стемні́ли через його старість.
ယေရောဗောင် မယား သည် ထ ၍ ရှိလော မြို့၌ အဟိယ အိမ် သို့ သွား လေ၏။ ထိုအခါ အဟိယ သည် အသက် ကြီးသောကြောင့် မျက်စိ မ မြင် ၊ မှုန် လျက်ရှိ၏။
5 І Господь сказав до Ахійї: „Ось приходить Єровоамова жінка, щоб запитати від тебе слово про сина свого, бо він слаби́й. Отак і так бу́деш їй говорити. І станеться, коли вона вві́йде, то вдаватиме чужу“.
ထာဝရဘုရား ကလည်း ၊ ယေရောဗောင် မယား သည် သားနာ သောကြောင့် ၊ သား အတွက် တစုံတခု ကို တောင်း အံ့သောငှါ သင့် ဆီသို့ ယခုလာ ၏။ ဤမည်သော စကားဖြင့် ပြန်ပြော ရမည်။ သူသည် လာ သောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင် လိမ့်မည်ဟု အဟိယ အား မိန့် တော်မူ၏။
6 І сталося, як Ахійя почув шаруді́ння ніг її, як вона вхо́дила до входу, то сказав: „Увійди, Єровоамова жінко! Чому́ то ти вдаєш чужу́? А я по́сланий до тебе з твердо́ю звісткою.
ထိုမိန်းမသည် တံခါး အထဲ သို့ ဝင် ၍၊ နင်း သံ ကို အဟိယ သည် ကြား လျှင် ၊ အိုယေရောဗောင် မယား ဝင် လော့။ အဘယ်ကြောင့် အခြားသောသူ ၏အယောင် ကို ဆောင်သနည်း။ ဝမ်းနည်း စရာသိတင်းကို ကြားပြော စေခြင်းငှါသင့် ဆီသို့ ငါ့ ကိုစေလွှတ် တော်မူ၏။
7 Іди, скажи Єровоамові: Так сказав Господь, Бог Ізраїлів: Тому́, що Я підніс тебе з-посеред народу, і дав тебе за кня́зя над Моїм наро́дом, Ізраїлем,
သင်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏အမိန့်တော်ကို၊ ယေရောဗောင် ထံ သို့သွား ၍ ဆင့်ဆို ရမည်မှာ၊ သင့် ကိုလူစု ထဲက ငါရွေး ၍ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် လျက်၊
8 і відірвав царство від Давидового дому й дав його тобі, та ти не був, як Мій раб Давид, що додержував за́повідей Моїх, і що ходив за Мною всім серцем своїм, щоб робити тільки добре в оча́х Моїх,
နိုင်ငံ တော်ကို ဒါဝိဒ် မင်းမျိုး လက်မှ နှုတ် ၍ သင့် အား ပေး သော်လည်း ၊ သင်သည် ငါ့ ကျွန် ဒါဝိဒ် ကဲ့သို့ မ ဟုတ်။ သူသည် ငါ့ ပညတ် တို့ကို စောင့်ရှောက် ၏။ ငါ့ ရှေ့ မှာ ကောင်း သောအကျင့်ကိုသာ ကျင့် မည်ဟု စိတ် နှလုံးအကြွင်းမဲ့ ငါ့ ကို ဆည်းကပ် ၏။
9 і робив ти гірше за всіх, хто був перед тобою, і ти пішов і наробив собі інших богі́в та литих бовва́нів, щоб гніви́ти Мене, а Мене ти відкинув геть,
သင်မူကား သင့် ရှေ့ မှာ ဖြစ် ဘူးသော သူ အပေါင်း တို့ကို လွန် ၍ ဒုစရိုက် ကိုပြုလေပြီ။ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား နှင့်သွန်း သော ရုပ်တု တို့ကိုလုပ်၍ ငါ့ ကိုသင့် ကျော နောက် သို့ ပစ် ထားပြီ။
10 тому́ ось Я наво́джу лихо на Єровоамів дім, і ви́гублю в Єровоама навіть те, що мочить на стіну, невільника й вільного в Ізраїлі, і ви́мету позостале по Єровоамовім домі, як вимітається сміття́, аж не зоста́неться нічо́го.
၁၀ထိုကြောင့် ယေရောဗောင် အမျိုး အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ ယေရောဗောင် အမျိုးယောက်ျားများကို ပယ်ဖြတ် မည်။ လူသည် နောက်ချေး ကို အကုန်အစင် ကျုံးသွား သကဲ့သို့ ၊ ကျန်ကြွင်းသော ယေရောဗောင် အမျိုး ကို ပယ် သွားမည်။
11 Померлого в Єровоама в місті поїдять пси, а померлого на полі поїсть птаство небесне. Так сказав Господь.
၁၁ယေရောဗောင် အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်အကြောင်းထာဝရဘုရား မိန့် တော်မူပြီ။
12 А ти встань, іди до свого дому. Як но́ги твої входитимуть до міста, то помре той хлопець.
၁၂သင် ထ ၍ ကိုယ် အိမ် သို့ သွား လော့။ မြို့ တံခါးအထဲ သို့ ဝင် သောအခါ သူငယ် သေ လိမ့်မည်။
13 І буде його оплакувати ввесь Ізраїль, і поховають його, бо він — один в Єровоама вві́йде до гро́бу, бо тільки в ньому в Єровоамовім домі була́ знайдена добра річ для Господа, Бога Ізраїлевого.
၁၃ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ် ကြလိမ့်မည်။ ယေရောဗောင် အမျိုးသားစုတွင် ၊ ထို သူငယ်တယောက် တည်းသာ သင်္ဂြိုဟ်ခြင်းကိုခံ ရလိမ့်မည်။ အကြောင်း မူကား၊ ယေရောဗောင် အမျိုးသား စုတွင် ထိုသူငယ်တယောက်သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၌ ကြည်ညိုသောစိတ် ရှိ ၏။
14 А Господь поставить Собі царя над Ізраїлем, який ви́губить Єровоамів дім того дня. Та що станеться тепер?
၁၄အချိန်ရောက်မှ ယေရောဗောင် အမျိုး ကို ပယ်ဖြတ် လတံ့သော ဣသရေလ ရှင်ဘုရင် တပါးကို ထာဝရဘုရား သည် မိမိ တို့အဘို့ ပေါ်ထွန်း စေတော်မူမည်။ အဘယ် အချိန်နည်းဟုမေးသော်၊ ယခု ပင်ဖြစ်လိမ့်မည်။
15 І поб'є Господь Ізраїля, і він захитається, як хитається очерет на воді! І вирве Він Ізраїля з-над цієї хорошої землі, яку дав їхнім батькам, і порозкида́є їх по той бік Річки за те, що вони пороби́ли собі Астарти, що гнівають Господа.
၁၅အာရှရ ပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ကြသောကြောင့် ၊ ကျူပင် ကို ရေ ၌ လှုပ်ရှား သကဲ့သို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍၊ ဘိုးဘေး တို့အား ပေး တော်မူသော ဤ ပြည် ကောင်း မှ နှုတ်ပယ် ပြီးလျှင် ၊ မြစ် ကြီးတဘက် ၌ အရပ်ရပ်သို့ ကွဲပြား စေတော်မူမည်။
16 І Він видасть Ізраїля через гріх Єровоа́ма, що грішив сам, і що ввів у гріх Ізраїля“.
၁၆ကိုယ်တိုင်ပြစ်မှား ၍ ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော ယေရောဗောင် ၏ အပြစ် တို့ကြောင့် ဣသရေလ အမျိုးကို စွန့်ပစ် တော်မူမည်ဟု ဆင့်ဆိုလေ ၏။
17 І встала Єровоамова жінка, і пішла, і прийшла до Тірци́. Як вона вхо́дила до порога дому, то той хлопець помер.
၁၇ယေရောဗောင် မယား သည် ထ သွား ၍ ၊ တိရဇ မြို့တံခါး ခုံသို့ ရောက် သောအခါ သူငယ် သေ ၏။
18 І поховали його, й оплакував його ввесь Ізраїль за словом Господа, що говорив через раба Свого пророка Ахійю.
၁၈ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အဟိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ထိုသူငယ် ကို သင်္ဂြိုဟ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
19 А решта Єровоамових діл, як він воював та як він царював, ось вони написані в Книзі Хроніки Ізраїлевих царів.
၁၉ယေရောဗောင် ပြုမူသော အမှုအရာ ကြွင်း သမျှ၊ စစ်တိုက် ခြင်း အမှု၊ မင်းပြု ခြင်းအမှုတို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
20 А час, який царював Єровоа́м, — двадцять і два роки. І спочив він із батька́ми своїми, а замість нього зацарював син його Нада́в.
၂၀ယေရောဗောင် သည် အနှစ် နှစ် ဆယ်နှစ် နှစ် စိုးစံ ပြီးမှ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်နာဒဒ် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
21 А Рехав'ам, син Соломонів, царював у Юді. Рехав'а́м був віку сорока й одного року, коли зацарюва́в, а царював він сімнадцять літ в Єрусалимі, у тому́ місті, яке вибрав Господь зо всіх Ізраїлевих племе́н, щоб покласти там Своє Йме́ння. А ім'я́ його матері: аммонітка Наама.
၂၁ရှောလမုန် သား ရောဗောင် သည် ယုဒ ပြည်ကို စိုးစံ လေ၏။ နန်း ထိုင်သောအခါ အသက်လေး ဆယ်တ နှစ် ရှိ၏။ ထာဝရဘုရား သည် နာမ တော်တည် စေရာဘို့ ဣသရေလ ခရိုင် များတို့အထဲက ရွေးကောက် သော ယေရုရှလင် မြို့ ၌ ဆယ် ခုနစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား အမ္မုန် အမျိုးသား၊ နေမ အမည် ရှိ၏။
22 А Юда робив зло в Господніх оча́х, і вони гніви́ли Його більш від усього того, що чинили їхні батьки своїм гріхо́м, яким гріши́ли.
၂၂ယုဒ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဘိုးဘေး တို့ပြစ်မှား သမျှ ထက် ပြစ်မှား သော အပြစ် များအားဖြင့် အမျက် တော်ကိုနှိုးဆော်ကြ၏။
23 І також вони будували собі же́ртівники на па́гірках, і стовпи́, і Астарти на кожному високому взгі́р'ї та під кожним зеленим деревом.
၂၃မြင့် သောတောင် ရှိသမျှ တို့အပေါ် ၌၎င်း ၊ စိမ်း သော သစ်ပင် ရှိသမျှ တို့အောက် ၌၎င်း၊ ကုန်း များ၊ ရုပ်တု များ၊ အာရှရ ပင်များကို တည် ကြ၏။
24 І також були блудодії в тому́ кра́ї, — вони чинили всю гидо́ту тих людей, що Господь прогнав їх від Ізраїлевого обличчя.
၂၄ယုဒပြည် ၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ များရှိ ၍၊ ထာဝရဘုရား သည် ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် တော်မူသော ပြည်သား မျိုးပြုသောစက်ဆုပ် ရွံရှာဘွယ်ရာအမှုအလုံးစုံ တို့ကို ပြု ကြသည် တကား။
25 І сталося п'ятого року царя Рехав'ама, пішов Шуша́к, єгипетський цар, на Єрусалим.
၂၅ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင် ၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ စစ်ချီ ၍၊
26 І позабирав він скарби́ Господнього дому та скарби дому царе́вого, — і все забрав. І забрав він усі золоті щити́, що Соломон поробив був.
၂၆ဗိမာန် တော် ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ ရှိသမျှကို သိမ်းသွား ၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှ ကို လည်း ယူသွား ၏။
27 А цар Рехав'а́м поробив замість них мідяні́ щити, і віддав їх на руки провідників бігуні́в, що стерегли́ вхід до царсько́го дому.
၂၇ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်း တို့ကိုလုပ် ၍ နန်း တော်တံခါး စောင့် ကိုယ်ရံတော် မှူး၌ အပ် လေ၏။
28 І бувало, як тільки цар ішов до Господнього дому, бігуни́ носили їх, а потім вертали їх до комори бігунів.
၂၈ရှင် ဘုရင်သည် ဗိမာန် တော်သို့သွား သောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင် ၍ နောက်တဖန် မိမိ တို့စောင့် ရာအခန်း မှာ ပြန် ထားကြ၏။
29 А решта Рехав'амових діл та все, що́ він зробив, ось вони написані в Книзі Хроніки Юдиних царів.
၂၉ရောဗောင် ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
30 А війна між Рехав'амом та між Єровоамом точи́лася по всі дні.
၃၀ရောဗောင် နှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံးရန်ဘက် ပြု ကြ၏။
31 І спочив Рехав'ам зо своїми батька́ми, і був він похо́ваний зо своїми батька́ми в Давидовому Місті. А ім'я́ його матері — аммонітя́нка Наама. А замість нього зацарював його син Авійям.
၃၁ရောဗောင် သည်လည်း ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သူတို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အဘိယ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

< 1 царів 14 >