< Псалми 98 >

1 Псалом. Співайте Господеві нову пісню, бо Він здійснив чудеса; перемогу принесла Йому правиця Його і рамено Його святе.
ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
2 Звістив Господь спасіння Своє, відкрив перед очима народів праведність Свою.
ထာဝရဘုရား သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို ထင်ရှား စေ၍၊ ဖြောင့်မတ် တော်မူခြင်း တရား ကိုလည်း တပါး အမျိုးသားတို့အား ဘော်ပြ တော်မူပြီ။
3 Згадав Він милість Свою й вірність Свою дому Ізраїля. Усі краї землі побачили спасіння Бога нашого.
ဣသရေလ အမျိုးသားတို့၌ ကရုဏာ တော်နှင့် သစ္စာ တော်ကို အောက်မေ့ တော်မူပြီ။ ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို မြေကြီး စွန်း အပေါင်း တို့သည် မြင် ရကြပြီ။
4 Вигукни радісно Господеві, уся земле! Кричи від радості, веселися й співай!
မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား ကြွေးကြော် ကြလော့။ အသံ ဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်း ဆိုလျက် ချီးမွမ်း ကြလော့။
5 Грайте Господеві на арфі, на арфі зі звуками співу!
စောင်း တီး၍ ထာဝရဘုရား အား သီချင်း ဆိုကြလော့။ စောင်း တီး၍ တုရိယာ သံ ကို ပြုကြလော့။
6 Під звуки труб і сурми вигукуйте радісно перед Царем, Господом!
တံပိုး နှဲခရာ ကိုမှုတ်၍ ၊ ရှင်ဘုရင် တည်းဟူသောထာဝရဘုရား ရှေ့ တော်၌ ကြွေးကြော် ကြလော့။
7 Нехай гуркотить море і все, що його наповнює, всесвіт і все, що мешкає в ньому.
ထာဝရဘုရားရှေ့တော်၌၊ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကို ပြုစေ။ လောကဓါတ် နှင့် လောကသား တို့သည် ထိုနည်းတူ၊
8 Нехай ріки плещуть у долоні, нехай гори веселяться разом
မြစ် တို့သည် လက်ခုပ် တီး၍၊ တောင် ရှိသမျှ တို့ သည်လည်း ရွှင်လန်း ကြစေ။
9 перед обличчям Господа, бо Він іде судити землю. Він судитиме всесвіт праведно й народи – справедливо.
အကြောင်း မူကား၊ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် စွာ စီရင်၍ ၊ လူများ ကို ဟုတ်မှန် ခြင်းတရား အတိုင်း စီရင် ဆုံးဖြတ်တော်မူလတံ့။

< Псалми 98 >