< 2 до коринтян 2 >
1 Я вирішив собі не приходити до вас знову зі скорботою.
၁ထို့ကြောင့်သင်တို့ထံနောက်တစ်ဖန်ငါလာလျှင် သင်တို့အားဝမ်းနည်းစေမည်ဖြစ်၍ငါမလာ ရန်စိတ်ပိုင်းဖြတ်ထား၏။-
2 Адже якщо я вас засмучую, то хто тоді мене звеселить, як не той, кого я засмутив?
၂ငါသည်သင်တို့အားဝမ်းနည်းအောင်ပြုပါမူ ငါ့အားရွှင်လန်းစေမည့်သူအဘယ်မှာရှိ တော့မည်နည်း။ ငါ့ကြောင့်ဝမ်းနည်းရသူများ ကလွဲ၍ အဘယ်သူသည်ငါ့အားစိတ်ရွှင် လန်းစေတော့အံ့နည်း။-
3 Я написав вам так, щоб, прийшовши, не засмутитися через тих, за кого мав би радіти, адже я впевнений щодо всіх вас, що моя радість – це й ваша радість також.
၃အကယ်၍ငါလာလျှင်ငါ့အားစိတ်ရွှင်လန်း စေမည့်သူများက ငါ့အားဝမ်းနည်းစေမည် စိုး၍ယခင်စာကိုငါရေးသားပေးပို့လိုက် ခြင်းဖြစ်၏။ ငါဝမ်းမြောက်လျှင်သင်တို့ အပေါင်းသည်လည်းဝမ်းမြောက်ကြမည် ကိုငါအမှန်ယုံကြည်၏။-
4 Бо я написав вам із великою скорботою, болем у серці та слізьми на очах не для того, щоб ви засмучувались, але щоб пізнали мою надмірну любов до вас.
၄ငါသည်အလွန်ပူပန်သောကရောက်၍မျက် ရည်များစွာကျလျက်ထိုစာကိုရေးလိုက်ခြင်း ဖြစ်၏။ သို့သော်သင်တို့အားဝမ်းနည်းစေလို၍ မဟုတ်ဘဲ သင်တို့အားငါမည်မျှချစ်ကြောင်း ကိုသိစေလို၍ရေးလိုက်ခြင်းဖြစ်သည်။
5 Якщо ж хтось і засмутив, то засмутив не мене, а певною мірою, щоб не перебільшити, усіх вас.
၅တစ်စုံတစ်ယောက်သည်လူတစ်ဦးအားဝမ်းနည်း စေသောအခါငါ့အားသာမက သင်တို့အားလုံး ကိုမဟုတ်လျှင်သင်တို့အချို့အဝက်ကိုလည်း ဝမ်းနည်းစေသည်။ (ထိုသူကိုကျပ်တည်းစွာ မစီရင်လို၍ဤသို့ဆိုခြင်းဖြစ်သည်။-)
6 Йому достатньо того покарання, яке [він отримав] від більшості.
၆သင်တို့လူများစု၏ဒဏ်ပေးမှုကိုခံရခြင်း သည်ပင်လျှင် ထိုသူ့အတွက်လုံလောက်သော အပြစ်ဒဏ်ဖြစ်၏။-
7 Тож краще вам його пробачити та підбадьорити, щоб його не охопив смуток.
၇ထိုသူသည်မခံမရပ်နိုင်လောက်အောင်ဝမ်း နည်းမှုမဖြစ်စေရန် ယခုသူ့အားသင်တို့ အပြစ်လွှတ်၍နှစ်သိမ့်အားပေးကြလော့။-
8 Тому я закликаю вас виявити до нього любов.
၈သို့ဖြစ်၍သင်တို့သည်သူ့ကိုအမှန်တကယ် မေတ္တာထားကြောင်းကို သူသိရှိနားလည်အောင် ပြုကြရန်သင်တို့အားငါတောင်းပန်၏။-
9 Бо я написав вам ще й для того, щоб пізнати вашу стійкість, чи ви слухняні в усьому.
၉ယခင်ကငါစာရေးခဲ့ရသည့်အကြောင်းမှာ သင်တို့သည်စုံစမ်းနှောင့်ယှက်ခြင်းကိုအဘယ် မျှခံနိုင်ရည်ရှိသည်ကိုလည်းကောင်း၊ ငါညွှန် ကြားချက်များကိုလိုက်နာရန်အစဉ်အသင့် ရှိမရှိကိုလည်းကောင်းသိရှိရန်ဖြစ်၏။-
10 Кого пробачаєте ви, того [пробачаю] і я. Бо те, що я простив, якщо й простив щось, то заради вас перед Христом,
၁၀သင်တို့သည်တစ်စုံတစ်ယောက်ကိုအပြစ်ဖြေ လွှတ်သောအခါ ငါသည်လည်းတစ်ခုခုကိုဖြေ လွှတ်ရန်လိုပါလျှင် သင်တို့၏မျက်နှာကို ထောက်၍ခရစ်တော်၏ရှေ့မှောက်တော်၌ထို သူ၏အြုပစ်ကိုဖြေလွှတ်၏။-
11 щоб не дозволити сатані нас перехитрити, адже ми розуміємо його задуми.
၁၁သို့မှသာစာတန်အားငါတို့အပေါ်အနိုင်မရ စေရန်တားဆီးနိုင်ပေမည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်စာတန်၏အကြံအစည်များ ကိုသိကြသောကြောင့်တည်း။
12 Коли я прибув до Троади заради Доброї Звістки Христа і мені були відкриті двері Господом,
၁၂ခရစ်တော်၏အကြောင်းသတင်းကောင်းကိုကြေ ညာရန်တရောမြို့သို့ငါရောက်ရှိလာသောအခါ အမှုတော်ကိုထမ်းဆောင်နိုင်ရန်တံခါးကို သခင်ဘုရားဖွင့်ပေးတော်မူ၏။-
13 то я не мав спокою в дусі, бо не знайшов там Тита, свого брата. Тож, попрощавшись із ними, я пішов до Македонії.
၁၃သို့ရာတွင်ငါ၏ညီအစ်ကိုတိတုအားမတွေ့ရ သဖြင့် ငါသည်လွန်စွာပူပင်သောကဖြစ်၏။ ထို့ ကြောင့်ထိုမြို့ရှိလူတို့ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့သွား၏။
14 Але подяка Богові, Який завжди робить нас переможцями в Христі й повсюди розповсюджує через нас пахощі Свого пізнання.
၁၄သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ငါတို့အားခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် သုံ့ပန်းများအဖြစ်ဖြင့်ခရစ်တော် ၏အောင်ပွဲခံအခမ်းအနားလှည့်လည်ရာတွင် အစဉ်အမြဲလိုက်ပါစေတော်မူသောကြောင့် ဖြစ်၏။-
15 Адже ми для Бога – Христові пахощі між спасенними та тими, що гинуть.
၁၅ငါတို့သည်ဘုရားသခင်အားခရစ်တော်ပူဇော် သည့်မွှေးကြိုင်သောနံ့သာရနံ့နှင့်တူကြ၏။ ထို ရနံ့သည်ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့ထံ သို့လည်းကောင်း၊ ပျက်စီးဆုံးပါးဆဲဖြစ်သူတို့ ထံသို့လည်းကောင်းပျံ့နှံ့၍သွားလေသည်။-
16 Для одних ми запах смерті, а для інших – запах життя. І хто на це здатний?
၁၆ပျက်စီးဆုံးပါးဆဲဖြစ်သူတို့အတွက်ထို ရနံ့သည်သေစေတတ်သောအပုပ်နံ့ဖြစ်၍ ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့အတွက် အသက်ရှင်စေတတ်သည့်အမွှေးအကြိုင် ဖြစ်ပေသည်။ သို့ဖြစ်၍ဤကဲ့သို့သောအမှု ကိုအဘယ်သူဆောင်ရွက်နိုင်မည်နည်း။-
17 Бо ми, на відміну від багатьох, не наживаємося на Слові Божому, але говоримо щиро – як від Бога, перед Богом, у Христі.
၁၇ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။