< Sakaria 4 >
1 Afei, ɔbɔfoɔ a ɔne me kasaeɛ no sanee nʼakyi bɛnyanee me, sɛdeɛ wɔnyane obi firi ne nna mu no.
၁ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကို နှိုးလျက်၊
2 Ɔbisaa me sɛ, “Ɛdeɛn na wohunu yi?” Mebuaa sɛ, “Mehunu kaneadua a wɔde sikakɔkɔɔ ayɛ a kuruwa si so, na nkanea nson a ebiara wɔ ne dorobɛn sisi so.
၂သင်သည် အဘယ်အရာကို မြင်သနည်းဟု မေး လျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီးမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။
3 Bio, ngo nnua mmienu sisi ho, baako wɔ kuruwa no nifa so, ɛna baako nso wɔ ne benkum so.”
၃ဆီအိုးလက်ျာဘက်၌ သံလွင်ပင်တပင်၊ လက်ဝဲ ဘက်၌ တပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ၊
4 Mebisaa ɔbɔfoɔ a ɔne me kasaeɛ no sɛ, “Yeinom yɛ ɛdeɛn, me wura?”
၄ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သ နည်းဟုမေးသော်၊
5 Ɔbuaa sɛ, “Wonnim deɛ yeinom yɛ anaa?” Mekaa sɛ, “Dabi, me wura.”
၅ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည် သလောဟု မေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင်ဟု လျှောက်၏။
6 Enti ɔka kyerɛɛ me sɛ, “Yei ne Awurade asɛm a ɔde rekɔma Serubabel: ‘Ɛnyɛ tumi so, na ɛnyɛ ahoɔden nso so, na mmom, ɛnam me Honhom so,’ sɛdeɛ Asafo Awurade seɛ nie.
၆ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာ တန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည် ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူ၏။
7 “Woyɛ ɛdeɛn, Ao bepɔ kɛseɛ? Wobɛyɛ asase tamaa wɔ Serubabel anim. Afei ɔde aboɔ fɛfɛ no bɛba abɛhyia osebɔ sɛ, ‘Onyankopɔn nhyira so! Onyankopɔn nhyira so!’”
၇အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူ များတို့က၊ ကျေးဇူးတော်ရှိပါစေသော။ ကျေးဇူးတော်ရှိပါ စေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။
8 Na Awurade asɛm baa me nkyɛn sɛ:
၈တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
9 “Ɛnam Serubabel nsa so na wɔtoo asɔredan yi fapem, na ɛnam ne nsa so na wɔbɛwie. Na mobɛhunu sɛ, Asafo Awurade na wasoma me mo nkyɛn.
၉ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချ ထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့် မည်။
10 “Hwan na ɔbu nneɛma nketenkete mfiaseɛ ɛda animtiaa? Sɛ nnipa hunu sɛ Serubabel kura kyirebenn susu ahoma no a, wɔn ani bɛgye. “(Saa ani nson yi yɛ Awurade ani a ɛhwɛ ewiase afanan nyinaa.)”
၁၀အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြ လိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။
11 Na mebisaa ɔbɔfoɔ no sɛ, “Saa ngo nnua mmienu no a ɛsisi kanea dua no nifa ne benkum no yɛ ɛdeɛn?”
၁၁ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်းဟူ၍ ၎င်း၊
12 Na mebisaa no bio sɛ, “Ngodua mman mmienu a ɛhwie ngo a ani yɛ akokɔsradeɛ fa sikakɔkɔɔ dorobɛn mmienu no mu no yɛ ɛdeɛn?”
၁၂ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ် သို့နည်းဟူ၍၎င်း မေးလျှောက်သော်၊
13 Ɔbuaa sɛ, “Enti wonnim deɛ yeinom yɛ anaa?” Mebuaa sɛ, “Dabi, me wura.”
၁၃ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နား မလည်သလောဟုမေးလျှင်၊ အကျွန်ုပ်နားမလည်ပါသခင် ဟု လျှောက်၏။
14 Nti ɔkaa sɛ, “Yeinom ne mmienu a wɔasra wɔn ngo sɛ wɔnsom Awurade a ɔdi ewiase nyinaa so.”
၁၄ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်ဟု ဆို၏။