< Nnwom 80 >
1 Asaf dwom. Ao Israel dwanhwɛfoɔ, tie yɛn, wo a wodii Yosef anim sɛdeɛ wɔdi nnwankuo anim; wo a wote ahennwa so wɔ Kerubim ntam no, hyerɛn
၁ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
2 wɔ Efraim, Benyamin ne Manase anim. Kanyane wo tumi; bra bɛgye yɛn nkwa.
၂ဧဖရိမ်၊ဗင်္ယာမိန်နှင့်မနာရှေအမျိုးအနွယ် တို့အား ပေါ်လွင်ထင်ရှား၍ တန်ခိုးတော်ကိုပြတော်မူပြီးလျှင်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။
3 Ao Onyankopɔn, gye yɛn bio; ma wʼanim nhyerɛn yɛn so, na wɔagye yɛn nkwa.
၃အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်း ခံရကြပါလိမ့်မည်။
4 Ao Otumfoɔ Awurade Onyankopɔn, wʼabofuo bɛdɛre akɔsi da bɛn wʼabofuo a ɛtia wo nkurɔfoɔ mpaeɛbɔ no?
၄အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်မျှကာလပတ်လုံး မိမိ၏လူစုတော်ပြုသည့်ဆုတောင်းပတ္ထနာ များကို အမျက်ထွက်၍နေတော်မူပါမည်နည်း။
5 Wode nisuo yɛɛ aduane maa wɔn diiɛ; wode nisuo kuruwa ma ma wɔnomeeɛ.
၅ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ဝမ်းနည်းမှု တည်းဟူသောအစားအစာကိုကျွေး၍ မျက်ရည်တည်းဟူသောရေကိုကြီးမားသည့် ခွက်ဖလားဖြင့်တိုက်တော်မူပါပြီ။
6 Woama yɛn mfɛfoɔ abu yɛn animtiaa, na yɛn atamfoɔ sere yɛn.
၆ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏တိုင်းပြည်ကို အိမ်နီးချင်းနိုင်ငံတို့၏စစ်မြေပြင် ဖြစ်စေတော်မူပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးတို့အား စော်ကားကြပါ၏။
7 Ao Otumfoɔ Onyankopɔn, gye yɛn bio; ma wʼanim nhyerɛn yɛn so, na wɔagye yɛn nkwa.
၇အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့အား ပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကိုပြတော် မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်း ခံရကြပါမည်။
8 Wode bobe firi Misraim baeɛ; wopamoo amanaman no na woduaaɛ.
၈ကိုယ်တော်ရှင်သည်အီဂျစ်ပြည်မှစပျစ်ပင်ကို ယူဆောင်တော်မူခဲ့၍ အခြားအမျိုးသားတို့ကိုနှင်ထုတ်တော်မူ ပြီးလျှင် သူတို့၏ပြည်တွင်ထိုစပျစ်ပင်ကိုစိုက်ပျိုး တော်မူပါ၏။
9 Wosiesiee asase no baabi maa no, ɛgyee nhini na ɛtrɛɛ asase no so.
၉ကိုယ်တော်ရှင်သည်စပျစ်ပင်ပေါက်နိုင်ရန်မြေကို ရှင်းလင်းပြုပြင်တော်မူပါ၏။ ထိုအပင်သည်နက်စွာအမြစ်စွဲလျက်တစ်ပြည် လုံးကို လွှမ်းမိုးပါ၏။
10 Ne nwunu kataa mmepɔ no so ne mman kataa ntweneduro akɛseɛ no so.
၁၀ယင်းသည်တောင်ကုန်းများကိုမိမိ၏ အရိပ်ဖြင့်လည်းကောင်း၊ ကြီးမားသည့်အာရဇ်ပင်များကိုမိမိ၏အကိုင်း အခက်များဖြင့်လည်းကောင်းဖုံးလွှမ်းစေပါ၏။
11 Ɛdendanee kɔɔ Ɛpo so, na ɛfefɛ kɔduruu Asubɔnten no ho.
၁၁ယင်း၏အခက်အလက်တို့သည်မြေထဲပင်လယ် သို့တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်သို့တိုင်အောင်လည်းကောင်း ရောက်ရှိကြပါ၏။
12 Adɛn enti na woabubu nʼafasuo ama wɔn a wɔtwam hɔ tete ne bobe aba no?
၁၂ထိုအပင်ကိုကာရံထားသည့်ခြံစည်းရိုးများကို အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ချိုးဖျက်တော်မူပါသနည်း။ ယခုအခါအနီးမှဖြတ်သန်းသွားလာ သူတိုင်းပင်လျှင်စပျစ်သီးများကိုခိုးယူ နိုင်ပါ၏။
13 Kɔkɔte firi wiram bɛsɛe no pasaa na mmoadoma a ɛwɔ ɛserɛ so de yɛ wɔn aduane.
၁၃ထိုအပင်ကိုတောဝက်များသည်ကျော်နင်း ကြ၍ တောတိရစ္ဆာန်များသည်ကိုက်စားကြပါ၏။
14 Ao Otumfoɔ Onyankopɔn, sane bra yɛn nkyɛn! Firi soro hɔ hwɛ na wobɛhunu! Hwɛ saa bobe yi so,
၁၄အနန္တတန်ခိုးရှင်ဘုရားသခင်၊ကျွန်တော်မျိုးတို့ထံ တစ်ဖန်ကြွတော်မူပါ။ ကောင်းကင်ဘုံမှငုံ့၍ကြည့်တော်မူပါ။ ကြွလာတော်မူ၍ကိုယ်တော်၏လူစုတော်ကို ကယ်တော်မူပါ။
15 ntini a wo nsa nifa adua no, ɔbabarima a woatete no ama wo ho no.
၁၅ကြွလာတော်မူ၍ကိုယ်တော်ရှင်ကိုယ်တော်တိုင် စိုက်ပျိုးပြီးလျှင် အလွန်သန်မာထွားကြိုင်းအောင်ပြုစုထားသည့် စပျစ်ပင်ပျိုကိုကယ်တော်မူပါ။
16 Wɔatwa wo bobe no ato fam, ato mu ogya ama ahye; wʼanimka ma wo nkurɔfoɔ ase tɔre.
၁၆ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။
17 Fa wo nsa kata ɔbarima a ɔwɔ wo nifa no so, onipa ba a woatete no ama wo ho no.
၁၇ကိုယ်တော်ရှင်ရွေးချယ်တော်မူသောလူစု၊ အင်အားကြီးမားအောင် ကိုယ်တော်ရှင်ပြုစုတော်မူသည့်လူမျိုးကို ကာကွယ်စောင့်ရှောက်တော်မူပါ။
18 Afei yɛrentwe yɛn ho mfiri wo nkyɛn; kanyane yɛn, na yɛbɛbɔ wo din.
၁၈ကျွန်တော်မျိုးတို့သည်အဘယ်အခါ၌မျှ ကိုယ်တော်ရှင်အားကျောခိုင်းကြတော့မည် မဟုတ်ပါ။ ကျွန်တော်မျိုးတို့အားအသက်ရှင်စေတော်မူလျှင် ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
19 Ao Otumfoɔ Awurade Onyankopɔn, gye yɛn bio, na ma wʼanim nhyerɛn yɛn so, na wɔagye yɛn nkwa. Wɔde ma dwomkyerɛfoɔ sɛ wɔnto sɛ “gittit” sankuo nne so.
၁၉အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာတော်ကို ပြတော်မူပါ။ သို့ပြုတော်မူလျှင်ကျွန်တော်မျိုးတို့သည် ကယ်တင်ခြင်းခံရကြပါမည်။