< Nnwom 35 >
1 Dawid dwom. Ao Awurade wo ne wɔn a wɔne me di asie no nni asie; ko tia wɔn a wɔko tia me.
၁အိုထာဝရဘုရား၊ အကျွန်ုပ်၌ဆန့်ကျင်ဘက်ပြု သောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။
2 Fa wʼakokyɛm ne wo nkatanimu; na sɔre bra bɛboa me.
၂ဒိုင်းလွှားကိုကိုင်၍ အကျွန်ုပ်ကို ကူညီခြင်းငှါ ထတော်မူပါ။
3 Twe pea ne abonnua wɔ wɔn a wɔtaa me so ka kyerɛ me kra sɛ, “Mene wʼagyenkwa.”
၃အကျွန်ုပ်ကို လိုက်သောသူတို့ရှေ့၌ လှံတော်ကို ရွယ်၍ ဆီးတားတော်မူပါ။ ငါသည် သင်၌ချမ်းသာပေး သော သူပေတည်းဟု အကျွန်ုပ်၏ ဝိညာဉ်အား မိန့်တော် မူပါ။
4 Wɔn a wɔpɛ sɛ wɔkum me no ma wɔn anim ngu ase; wɔn a wɔbɔ me sɛeɛ ho pɔ no ma wɔmfa aniwuo nsane wɔn akyi.
၄အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေသော။ အကျွန်ုပ်ကို အန္တရာယ်ပြုမည်ဟု ကြံစည်သောသူတို့သည် လှန်ခြင်းကို ခံရ၍ ရှက်ကြောက်ခြင်းသို့ ရောက်ကြပါစေသော။
5 Ma wɔnyɛ sɛ ntɛtɛ a mframa bɔ guo wɔn a Awurade ɔbɔfoɔ repam wɔn.
၅ထိုသူတို့သည် လေတိုက်သောဖွဲကဲ့သို့ ဖြစ်ကြပါ စေသော။ ထာဝရဘုရား၏ တမန်သည်လည်း သူတို့ကို လှဲပါစေသော။
6 Ma wɔn akwan so nnuru sum na ɛso nyɛ toro, na Awurade ɔbɔfoɔ ntaa wɔn so.
၆သူတို့သွားသောလမ်းသည် မိုက်သောလမ်း၊ ချောသောလမ်းဖြစ်ပါစေသော။ထာဝရ ဘုရား၏ တမန်သည်လည်း သူတို့ကို လိုက်ပါစေသော။
7 Esiane sɛ wɔde atena sum me afidie kwa na wɔtuu amena maa me a menyɛɛ wɔn hwee no enti
၇အကြောင်းမရှိဘဲ အကျွန်ုပ်အဘို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဘို့တွင်းကို တူးကြပါပြီ။
8 ma ɔsɛeɛ mmɛfu wɔn mu na atena no a wɔde hintaaeɛ nyi wɔn, na ma wɔnhwe amena no mu nsɛe.
၈ထိုသို့သောသူသည် အမှတ်တမဲ့ပျစ်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသောကျော့ကွင်းသည် မိမိကိုကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါ စေသော။
9 Afei me kra ani bɛgye wɔ Awurade mu na wasɛpɛ ne ho wɔ ne nkwagyeɛ mu.
၉သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူ ခြင်းအကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူး ခြင်းရှိလိမ့်မည်။
10 Me onipadua nyinaa bɛteam aka sɛ, “Hwan na ɔte sɛ wo, Ao Awurade? Wogye ohiani firi ahoɔdenfoɔ nsam ne deɛ ɔnnibie firi apoobɔfoɔ nsam.”
၁၀အကျွန်ုပ်အရိုးရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏ လက်မှဆင်းရဲသားကို နှုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သော သူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေး တော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါ သနည်းဟု လျှောက်ဆိုကြမည်။
11 Adansekurumfoɔ sɔre; wɔbisa me nneɛma a mennim ho hwee ho asɛm.
၁၁မမှန်သောသက်သေတို့သည်ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။
12 Wɔde bɔne tua papa a meyɛ so ka na wɔma me kra yɛ basaa.
၁၂ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့ အသက်ကိုလူယူခြင်းတည်းဟူသော မကောင်းသောအရာ ကို ဆပ်ပေးကြ၏။
13 Nanso, ɛberɛ a wɔyareeɛ no, mefiraa ayitoma na mede akɔnkyene brɛɛ me ho ase. Ɛberɛ a me mpaeɛbɔ ho mmuaeɛ nnya mmaeɛ no,
၁၃ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကိုဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်း လေ၏။
14 mekɔɔ so twaa adwo sɛdeɛ meyɛ ma mʼadamfo anaa onuabarima. Mede awerɛhoɔ sii me ti ase te sɛ deɛ meregyam me maame.
၁၄သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကိုအောက်မေ့၍၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင်နေလေ၏။
15 Nanso, ɛberɛ a mesuntiiɛ no, wɔde anigyeɛ boaa wɔn ho ano; ntohyɛsofoɔ twaa me ho hyiaaɛ a mennim na wɔdii me ho nsekuro a wɔantwa so da.
၁၅ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက် ၌စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကို ဆွဲဖြတ်ကြ၏။
16 Wɔde adwemmɔne dii me ho fɛ te sɛ nnipa a wɔnni nyamesu; wɔtwɛree wɔn se guu me so.
၁၆ပွဲ၌ကစားတတ်သော လူဆိုးတို့နှင့်အတူ ငါ့ကို အံသွားခဲကြိတ်ကြ၏။
17 Ao Awurade, wobɛhwɛ wɔn akɔsi da bɛn? Gye me nkwa firi wɔn sɛeɛ mu, gye me nkwa a ɛsom bo no firi saa agyata yi nsam.
၁၇အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ၎င်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှ၎င်း ကယ်လွှတ်တော်မူပါ။
18 Na mɛda wo ase wɔ dwabɔ kɛseɛ ase; wɔ nnipa dodoɔ mu na mɛkamfo woɔ.
၁၈ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ် အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
19 Mma mʼatamfoɔ a wɔtane me kwa no nhwɛ me haa nsere. Mma wɔn a menyɛɛ wɔn hwee nso wɔtane me no mmfa adwene bɔne mmu me anikyeɛ.
၁၉မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်း မရှိဘဲ အကျွန်ုပ်ကို မုန်းသော သူတို့လည်း မျက်စိစွေပြ ခြင်းကို မပြုကြပါစေနှင့်။
20 Wɔnnkasa asomdwoeɛ so, na mmom, wɔde ntwatosoɔ tia nnipa a wɔmpɛ wɔn ho asɛm wɔ asase yi so.
၂၀အကြောင်းမူကား၊ သူတို့သည် အမှုငြိမ်းစေ သော စကားကို မပြောကြပါ။ ငြိမ်ဝပ်စွာနေသော ပြည် သားတို့တဘက်၌ လျှို့ဝှက်သောအမှုများကို ကြံစည်ကြ ပါ၏။
21 Wɔhwɛ me haa ka sɛ, “Aane! Aane, yɛde yɛn ankasa ani ahunu.”
၂၁အကျွန်ုပ်ကိုပစပ်ဟ၍ အေ့ဟေ၊ အေ့ဟေ၊ ငါတို့သည် ကိုယ်မျက်စိနှင့်မြင်ရပြီဟု ဆိုကြပါ၏။
22 Ao Awurade, wahunu na mmua wʼano. Nte wo ho nkɔ akyiri, Ao Awurade.
၂၂အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော် မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
23 Nyane, sɔre na bɛbɔ me ho ban! Ka bi ma me, me Onyankopɔn ne mʼAwurade.
၂၃အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၌ရောက်သောအမှုကို စီရင်တော်မူမည် အကြောင်း ကိုယ်ကို နှိုးဆော်၍ ထတော်မူပါ။
24 Di mʼasɛm ma me wɔ wo tenenee no mu, Ao Awurade me Onyankopɔn; mma wɔn nhwɛ me haa nsere.
၂၄အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။
25 Mma wɔnnwene nka sɛ, “Aane, deɛ yɛpɛ ni!” anaa wɔnnka sɛ, “Yɛanya no.”
၂၅အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေ နှင့်။ ငါတို့သည် သူ့ကို မျိုပြီဟု၊ မပြောကြပါစေနှင့်။
26 Ma wɔn a wɔhwɛ me haa sere me wɔ mʼahohiahia mu no nyinaa anim ngu ase na wɔnyɛ basaa; ma wɔn a wɔdi me so akokurokosɛm no nhyɛ aniwuo ne animguaseɛ atadeɛ.
၂၆အကျွန်ုပ်၌ဘေးရောက်သည်အကြောင်းကို ဝမ်း မြောက်သောသူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာ ပျက်ကြပါစေသော။ အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက်တတ်သော သူတို့အပေါ်မှာ အသရေပျက်ခြင်းနှင့် ရှက်ကြောက်ခြင်း သက်ရောက်ပါစေသော။
27 Ma wɔn a wɔdi ahurisie wɔ me bembuo ho no mfa anigyeɛ ne ahosɛpɛ nteam ɛberɛ nyinaa mu ma wɔnka sɛ, “Momma Awurade so, ɔno na nʼani gye ne ɔsomfoɔ yiedie ho.”
၂၇အကျွန်ုပ်၏ ဟုတ်မှန်ခြင်းဘက်၌ နေသောသူတို့ သည် ရွှင်လန်းစွာ သီချင်းဆို၍ ဝမ်းမြောက်ကြပါစေ သော။ မိမိကျွန်၌ ချမ်းသာတိုးပွားခြင်းအကြောင်းကို နှစ်သက်တော်မူသော ထာဝရဘုရားသည် ဘုန်းကြီးတော် မူစေသတည်းဟု၊ သူတို့သည် အစဉ်မပြတ် မြွတ်ဆိုကြပါ စေသော။
28 Me tɛkrɛma bɛka wo tenenee ne wʼayɛyie da mu nyinaa. Wɔde ma dwomkyerɛfoɔ.
၂၈အကျွန်ုပ်သည်လည်း၊ ကိုယ်တော်၏ ဖြောင့်မတ် တော်မူခြင်း အကြောင်းအရာကို မြွတ်ဆို၍အစဉ်မပြတ် ကိုယ်တော်ကို ချီးမွမ်းပါမည်။