< Hiob 4 >
1 Na Temanni Elifas buaa Hiob sɛ,
၁ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
2 “Sɛ obi pɛ sɛ ɔne wo kasa a, worennya ntoboaseɛ mma no anaa? Hwan na wɔbɛtumi aka nʼano ato mu?
၂ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
3 Dwene sɛdeɛ wakyerɛkyerɛ nnipa bebree, sɛdeɛ woahyɛ nsa a emu ayɛ mmerɛ den.
၃သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
4 Wo nsɛm ahyɛ wɔn a wɔasunti no den; woahyɛ nkotodwe a ayɛ mmerɛ mu den.
၄သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
5 Na afei a ɔhaw aba no, wʼaba mu abu; aba wo so, na wo ho adwiri wo.
၅ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။
6 Wo nyamesuro mma wo ahotosoɔ anaa, na wʼakwan a ɛho nni asɛm mma wo anidasoɔ anaa?
၆သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
7 “Dwene ho: Wɔasɛe obi a ne ho nni asɛm pɛn anaa? Ɛhefa na wɔsɛee obi a ɔyɛ pɛ?
၇အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
8 Sɛdeɛ mahunu no, wɔn a wɔfɛntɛm bɔne ne wɔn a wɔdua ɔhaw no, wɔtwa so aba.
၈ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
9 Sɛ Onyankopɔn home a, wɔsɛe; nʼabufuo ma wɔyera.
၉ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
10 Agyata bɛtumi abobom na wɔapɔ so, nanso wɔbɛbubu gyata akɛseɛ no se.
၁၀ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
11 Gyata annya haboa a ɔwu, na gyatabereɛ mma no bɔ hwete.
၁၁ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
12 “Wɔbɛkaa kokoamsɛm bi kyerɛɛ me na mʼaso tee no sɛ asomusɛm.
၁၂တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။
13 Wɔ anadwo daeɛso basabasa mu, ɛberɛ a nnipa adeda nnahɔɔ no,
၁၃လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
14 ehu ne nketenkete kyeree me. Ɛmaa me nnompe nyinaa wosoeɛ.
၁၄ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
15 Honhom bi twaa mʼani so, na me ho nwi sɔre gyinaeɛ.
၁၅ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
16 Ɛgyinaeɛ, nanso, manhunu nʼabɔsuo. Biribi bɛgyinaa mʼanim, na metee nne bɔkɔɔ bi a ɛrebisa sɛ,
၁၆ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
17 ‘Onipa dasani bɛtumi atene asene Onyankopɔn? Onipa bɛtumi ayɛ kronn asene ne Yɛfoɔ anaa?
၁၇သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။
18 Sɛ Onyankopɔn ntumi mfa ne ho nto nʼankasa asomfoɔ so, na sɛ ɔka nʼabɔfoɔ mpo anim a,
၁၈အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
19 hwan ne onipa a wɔde dɔteɛ anwene no, a ne fapem sisi mfuturo mu na wɔdwerɛ no ntɛm so sene abubummabaa?
၁၉သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
20 Ɛfiri anɔpahema kɔsi anwummerɛ wɔbubu wɔn mu nketenkete; na wɔyera korakora a obiara nhunu wɔn bio.
၂၀တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
21 Wɔtete wɔn ntomadan nhoma mu, ɛno enti wɔwuwu a wɔnnim.’
၂၁သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။