< Yeremia 5 >

1 “Monni akɔneaba wɔ Yerusalem mmɔntene so, monhwɛ mo ho nhyia nhwɛ, monhwehwɛ adwaberem nyinaa. Sɛ mohunu onipa baako mpo a ɔyɛ pɛ na ɔdi nokorɛ a, mede kuropɔn yi ho bɛkyɛ no.
ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​၏​လမ်း​များ​တစ်​လျှောက်​သွား​ရောက်​၍​လှည့်​လည်​ရှာ​ဖွေ​ကြ​လော့။ ဆင်​ခြင်​သုံး​သပ်​ကြ​လော့။ သု​စ​ရိုက်​ကို​ပြု​ကျင့်​သူ၊သစ္စာ​စောင့်​ရန်​ကြိုး​စား​သူ​ကို​တွေ့​ရှိ​နိုင်​ရန်​စျေး​ရပ်​ကွက်​များ​တွင်​ရှာ​ဖွေ​ကြ​လော့။ အ​ကယ်​၍​ထို​သူ​ကို​သင်​တို့​ရှာ​ဖွေ​တွေ့​ရှိ​နိုင်​ပါ​က ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်။
2 Ɛwom sɛ wɔka sɛ, ‘Sɛ Awurade te ase yi,’ nanso wɔda so ka ntam hunu.”
သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း​ဟု​ဆို​ကြ​သော်​လည်း သင်​တို့​သည်​မ​ဟုတ်​မ​မှန်​ကျိန်​ဆို​ကြ​၏။
3 Ao Awurade, wopɛ nokorɛ enti wobɔɔ wɔn hwee fam, nanso wɔante yea biara; wodwerɛɛ wɔn, nanso wɔpoo ntenesoɔ. Wɔyɛɛ wɔn anim denden kyenee ɔboɔ na wɔpoo ahunu.
ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။ သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။
4 Mesusuu sɛ, “Yeinom nko ara ne ahiafoɔ no; wɔyɛ nkwaseafoɔ nso, ɛfiri sɛ wɔnnim Awurade akwan, deɛ wɔn Onyankopɔn hwehwɛ.
ထို​နောက်​ငါ​က​ဤ​သူ​တို့​ကား​ဆင်း​ရဲ​သူ​များ​ဖြစ်​၏။ မ​သိ​နား​မ​လည်​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့်​စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သော်​လည်း​ကောင်း မ​သိ​ကြ​သ​ဖြင့်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​လေ​ပြီ။
5 Enti mɛkɔ ntuanofoɔ no nkyɛn akɔkasa akyerɛ wɔn; ampa ara wɔnim Awurade akwan deɛ wɔn Onyankopɔn hwehwɛ.” Nanso wɔn nso de adwene korɔ abubu kɔnnua no atete nkyehoma no mu.
ငါ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​သူ​တို့​ထံ​သွား​၍​သူ​တို့​အား​ပြော​ဆို​မည်။ သူ​တို့​သည်​အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​ကို​သိ​ရှိ​ကြ​ရာ​၏။ ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ​သည့် စည်း​မျဉ်း​ဥ​ပ​ဒေ​သ​တော်​တို့​ကို​သိ​ရှိ​ကြ​ရာ​၏'' ဟု​တွေး​တော​မိ​၏။ သို့​ရာ​တွင်​သူ​တို့​အား​လုံး​ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ထမ်း​ပိုး​ကို​ချိုး​လျက် နှောင်​ကြိုး​များ​ကို​လည်း​ဖြတ်​ကြ​လေ​ပြီ။
6 Ɛno enti gyata bi a ɔfiri kwaeɛm bɛto ahyɛ wɔn so, pataku bi a ɔfiri anweatam so bɛtete wɔn mu. Ɔsebɔ bi bɛtɛ wɔn abɛn wɔn nkuro na obiara a ɔbɛyi ne ti no ɔbɛtete ne mu nketenkete, ɛfiri sɛ wɔn adɔnyɛ no ano yɛ den na wɔn akyirisane aboro so.
ဤ​အ​ကြောင်း​ကြောင့်​တော​မှ​ခြင်္သေ့​တို့​သည်​သူ​တို့​ကို​ကိုက်​သတ်​ကြ​လိမ့်​မည်။ သဲ​ကန္တာ​ရ​မှ​ဝံ​ပု​လွေ​တို့​သည်​သူ​တို့​အား​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​လိမ့်​မည်။ ကျား​သစ်​တို့​သည်​လည်း​သူ​တို့​၏​မြို့​များ​အ​နီး​တွင် စောင့်​ကာ​မြို့​ပြင်​သို့​ထွက်​လာ​သူ​မှန်​သ​မျှ​ကို​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​သည်​အ​ပြစ်​များ​သူ​များ​ဖြစ်​သည့်​ပြင် ဘု​ရား​သ​ခင်​ကို၊အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန်​ကျော​ခိုင်း​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။
7 “Adɛn enti na ɛsɛ sɛ mede mo ho kyɛ mo? Mo mma apo me wɔde anyame a wɔnyɛ anyame aka ntam. Memaa wɔn deɛ wɔhia nyinaa, nanso, wɔbɔɔ adwamam na wɔbɔɔ yuu kɔɔ adwamanfoɔ afie mu.
``ငါ​သည်​မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​အ​ဘယ်​ကြောင့်​ဖြေ​လွှတ်​ရ​မည်​နည်း။ သူ​တို့​၏​သား​သ​မီး​များ​သည်​ငါ့​ကို​စွန့်​ပစ်​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​တိုင်​တည်​လျက်​ကျိန်​ဆို​ကြ​လေ​ပြီ။ ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​ဝ​စွာ​ကျွေး​သော်​လည်း သူ​တို့​သည်​သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​ကာ​ပြည့်​တန်​ဆာ​များ​နှင့်​မှား​ယွင်း​ကြ​၏။
8 Mpɔnkɔnini aniberefoɔ a wɔhwɛ wɔn yie, wɔn mu biara su di ne yɔnko yere akyi.
သူ​တို့​သည်​အ​စာ​ဝ​၍​ရာ​ဂ​ထန်​သည့် မြင်း​ဆိုး​များ​ကဲ့​သို့​ဟီ​လျက်​အိမ်​နီး​ချင်း​တို့​၏​ဇ​နီး​များ​ကို​တပ်​မက်​ကြ​၏။
9 Ɛnsɛ sɛ metwe wɔn aso wɔ yei ho?” Sei na Awurade seɛ. “Ɛnsɛ sɛ mʼankasa metɔ ɔman a ɛte sei so were anaa?
ဤ​အ​မှု​အ​ရာ​များ​အ​တွက်​ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​မ​ခတ်​ဘဲ​နေ​သင့်​သ​လော။ ဤ​သို့​သော​ပြည်​သူ​တို့​ကို​လက်​စား​မ​ချေ​ဘဲ​နေ​သင့်​သ​လော။''
10 “Momfa ne bobe nturo no mu na monsɛe no, nanso monnsɛe no koraa. Mompempan ne mman no, ɛfiri sɛ saa nnipa yi nyɛ Awurade dea.
၁၀ငါ​သည်​သူ​တို့​၏​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​ရန်​သူ​တို့​အား​ခုတ်​ပစ်​စေ​မည်။ သို့​ရာ​တွင်​စ​ပျစ်​ပင်​တို့​ကို​အ​ကုန်​အ​စင်​ဖျက်​ဆီး​ပစ်​စေ​လိမ့်​မည်​မ​ဟုတ်။ စ​ပျစ်​ကိုင်း​များ​သည်​ငါ​မ​ပိုင်​မ​ဆိုင်​သ​ဖြင့်​ယင်း​တို့​ကို​ခုတ်​ထွင်​ပစ်​ရန်​ရန်​သူ​တို့​အား​ငါ​စေ​ခိုင်း​မည်။
11 Israel fiefoɔ ne Yuda fiefoɔ anni me nokorɛ koraa,” Awurade na ɔseɛ.
၁၁ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​တို့​သည်​ငါ့​အား​လုံး​ဝ​သစ္စာ​ဖောက်​ကြ​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
12 Wɔadi atorɔ afa Awurade ho, wɔkaa sɛ, “Ɔrenyɛ hwee! Ɔhaw biara remma yɛn so; yɛrenhunu akofena anaa ɛkɔm da.
၁၂ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​အ​ကြောင်း​ကို​မ​ဟုတ်​မ​မှန်​ပြော​ဆို​ကြ​လေ​ပြီ။ သူ​တို့​က``ကိုယ်​တော်​သည်​အ​ဘယ်​သို့​မျှ​အ​ရေး​ယူ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ စစ်​မက်​အန္တ​ရာယ်​ကို​သော်​လည်း​ကောင်း၊ ငတ်​မွတ်​ခြင်း​ဘေး​ကို​သော်​လည်း​ကောင်း​ကြုံ​တွေ့​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။-
13 Adiyifoɔ no yɛ mframa bi kɛkɛ na asɛm no nte wɔn mu; enti momma deɛ wɔka no mmra wɔn so.”
၁၃သူ​တို့​က``ပ​ရော​ဖက်​တို့​သည်​လေ​သက်​သက်​သာ​လျှင်​ဖြစ်​၍ သူ​တို့​မှာ​ဟော​ကြား​စ​ရာ​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ သူ​တို့​ဟော​သည့်​အ​တိုင်း​သူ​တို့​၌​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။-
14 Enti yei ne deɛ Asafo Awurade, Onyankopɔn seɛ: “Esiane sɛ nnipa no aka saa nsɛm yi enti, mɛyɛ me nsɛm a ɛwɔ wʼanomu no ogya na saa nnipa yi ayɛ nnyina a ogya no bɛhye.
၁၄အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရ​မိ၊ ထို​သူ​တို့​သည်​ဤ​သို့​ပြော​ဆို​သ​ဖြင့် ငါ့​စ​ကား​သည်​သင်​၏​နှုတ်​တွင်​မီး​သ​ဖွယ်​ဖြစ်​၍ သူ​တို့​သည်​လည်း​ထင်း​ကဲ့​သို့​ဖြစ်​ရ​လိမ့်​မည်။ မီး​သည်​သူ​တို့​ကို​ကျွမ်း​လောင်​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
15 Ao, Israel fiefoɔ,” Awurade na ɔseɛ, “Mede ɔman bi a ɛwɔ akyirikyiri rebɛtia wo, tete ɔman a ɛyɛ ɔmantease, nnipa a monnim wɔn kasa, na monnte wɔn kasa ase.
၁၅ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား​တိုက်​ခိုက်​စေ​ရန် ဝေး​လံ​ရပ်​ခြား​မှ​လူ​မျိုး​စု​တစ်​စု​ကို​ခေါ်​ဆောင်​ခဲ့​လိမ့်​မည်။ သူ​တို့​သည်​အင်​အား​ကြီး​၍​အ​လွန်​ရှေး​ကျ​သော​လူ​မျိုး၊ သင်​တို့​မ​သိ​နား​မ​လည်​သော​ဘာ​သာ​စ​ကား​ကို​ပြော​ဆို​သော​လူ​မျိုး​ဖြစ်​၏။-
16 Wɔn agyan mmɔtɔwa te sɛ damena a ano da hɔ; wɔn nyinaa yɛ nnɔmmarima.
၁၆သူ​တို့​၏​လေး​သ​မား​တို့​သည်​ခွန်​အား​ကြီး​၍ ပွင့်​နေ​သော​သင်္ချိုင်း​ကဲ့​သို့​မ​ညှာ​မ​တာ​သတ်​တတ်​ကြ​၏။-
17 Wɔbɛsɛe mo nnɔbaeɛ ne mo aduane, asɛe mo mmammarima ne mo mmammaa; wɔbɛsɛe mo nnwankuo ne mo anantwikuo, asɛe mo bobe ne mo mmɔrɔdɔma. Wɔde akofena bɛsɛe nkuropɔn a ɛwɔ banbɔ a mode mo werɛ ahyɛ mu no.
၁၇သူ​တို့​သည်​သင်​တို့​၏​အ​သီး​အ​နှံ​များ​နှင့်​အ​စာ​ရေ​စာ​များ​ကို​စား​သောက်​ကာ သင်​တို့​သား​သ​မီး​များ​ကို​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​သိုး​အုပ်၊ နွား​အုပ်​များ​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​စ​ပျစ်​ပင်​နှင့်​သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း​စား​ကြ​လိမ့်​မည်။ သူ​တို့​၏​တပ်​မ​တော်​သည်​သင်​တို့​အား​ကိုး​အား​ထား​ပြု​သည့်​ခံ​တပ်​မြို့​များ​ကို​ဖြို​ဖျက်​ပစ်​ကြ​လိမ့်​မည်။''
18 “Afei saa nna no mu mpo,” sei na Awurade seɛ, “Merensɛe mo korakora.
၁၈ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​ရက်​ကာ​လ​များ​၌​ပင်​လျှင်​ငါ​၏​လူ​မျိုး​တော်​အား လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်​မ​ဟုတ်။-
19 Na sɛ nnipa no bisa sɛ, ‘Adɛn enti na Awurade, yɛn Onyankopɔn, ayɛ yɛn sei’ a, mobɛka akyerɛ wɔn sɛ, ‘Sɛdeɛ moagya me hɔ akɔsom ananafoɔ anyame wɔ mo ankasa mo asase so no, saa ara na seesei mobɛsom ananafoɔ wɔ asase a ɛnyɛ mo dea so.’
၁၉ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
20 “Monka yei nkyerɛ Yakob fiefoɔ na mo mpae mu nka wɔ Yuda sɛ:
၂၀ထာ​ဝ​ရ​ဘု​ရား​က``ယာ​ကုပ်​၏​သား​မြေး ယု​ဒ​ပြည်​သူ​တို့​အား​ပြော​ကြား​လော့။-
21 Montie, mo nkwaseafoɔ ne nnipa a monni adwene, mowɔ ani nso monhunu adeɛ, na mowɔ aso nso monte asɛm:
၂၁မျက်​စိ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်၊ နား​ရှိ​လျက်​နှင့်​မ​ကြား​နိုင်​သူ၊ အ​ချင်း​မိုက်​မဲ​ထုံ​ထိုင်း​သော​လူ​တို့၊ နား​ထောင်​ကြ​လော့။-
22 Ɛnsɛ sɛ mosuro me anaa?” Sei na Awurade seɛ. “Ɛnsɛ sɛ mo ho popo wɔ mʼanim anaa? Mede anwea ato hyeɛ ama ɛpo, ɛhyeɛ a ɛwɔ hɔ daa a ɛrentumi ntra. Asorɔkye bɛbɔ nanso ɛrentumi mmu mfa so; ɛbɛhuru so nanso ɛrentumi ntra.
၂၂ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​မ​ကြောက်​ကြ​သ​နည်း။ ငါ​၏​ရှေ့​တော်​၌​အ​ဘယ်​ကြောင့်​မ​တုန်​မ​လှုပ်​ကြ​သ​နည်း။ ငါ​သည်​ပင်​လယ်​အ​တွက်​နယ်​နိ​မိတ်၊ ပင်​လယ်​ရေ​မ​ကျော်​မ​ဖြတ်​နိုင်​သည့်​အ​မြဲ​တမ်း​နယ်​နိ​မိတ်​ကို​သဲ​များ​ဖြင့်​သတ်​မှတ်​ထား​၏။ ပင်​လယ်​သည်​လှိုင်း​တံ​ပိုး​ထ​နိုင်​သော်​လည်း ထို​နယ်​နိ​မိတ်​ကို​မ​ဖြတ်​မ​ကျော်​နိုင်။ လှိုင်း​တံ​ပိုး​တို့​သည်​ထ​၍​မြည်​ဟည်း​သော်​လည်း ထို​နယ်​စပ်​ကို​မ​ကျော်​မ​လွန်​နိုင်။-
23 Nanso, saa nnipa yi wɔ asoɔden ne atuateɛ akoma; wɔatwe wɔn ho afiri me ho kɔ.
၂၃သို့​ရာ​တွင်​အ​ချင်း​လူ​တို့၊ သင်​တို့​သည်​ခေါင်း​မာ​ပုန်​ကန်​ကာ​လမ်း​လွဲ​၍​ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​ပြီ။-
24 Wɔnnka nkyerɛ wɔn ho sɛ, ‘Momma yɛnsuro Awurade yɛn Onyankopɔn, a ɔma osu tɔ wɔ ne mmerɛ mu, deɛ ɔma yɛn awerɛhyɛmu wɔ ɔtwaberɛ nnapɛn a wahyɛ no ho.’
၂၄ရာ​သီ​အ​လိုက်၊ မိုး​ဦး​မိုး​နှောင်း​ကို​ရွာ​သွန်း​စေ​လျက်၊ နှစ်​စဉ်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ရာ​ကာ​လ​ကို​စီ​မံ​တော်​မူ​သော​ငါ့​အား သင်​တို့​မ​ကြောက်​ရွံ့​မ​ရို​သေ​ကြ။-
25 Mo amumuyɛ abɔ yeinom agu; mo bɔne ama adepa abɔ mo.
၂၅သင်​တို့​၏​အ​မှား​များ​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​က ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​တား​ဆီး​လျက်​သင်​တို့​ထံ​မှ​လွှဲ​ရှောင်​သွား​စေ​လေ​ပြီ။
26 “Amumuyɛfoɔ bi wɔ me nkurɔfoɔ yi mu a wɔtɛ sɛ nnipa a wɔsum nnomaa afidie, na wɔte sɛ wɔn a wɔsum mfidie yi nnipa.
၂၆``ငါ​၏​လူ​မျိုး​တော်​အ​ထဲ​၌ ဆိုး​ညစ်​သူ​များ​ရှိ​၏။ သူ​တို့​သည်​ထောင်​ချောက်​ဖြင့်​ငှက်​ဖမ်း​သူ​များ​ကဲ့​သို့​လူ​ကို​ဖမ်း​ရန်​ချောင်း​မြောင်း​ကြ​၏။-
27 Sɛdeɛ nnomaa ahyɛ kɛntɛn ma no saa ara na nsisie ahyɛ wɔn afie ma; wɔayeyɛ adefoɔ na wɔanya tumi.
၂၇မု​ဆိုး​သည်​မိ​မိ​၏​လှောင်​အိမ်​ကို​ငှက်​များ​ဖြင့်​ပြည့်​စေ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​များ​ကို​တိုက်​ရာ​ပါ​ပစ္စည်း​များ​ဖြင့်​ပြည့်​စေ​ကြ​လေ​ပြီ။ ထို့​ကြောင့်​သူ​တို့​သည်​တန်​ခိုး​ကြီး​မား​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​၏။-
28 Wɔadodɔre sradeɛ ama wɔn ho ayɛ srasra. Wɔn amumuyɛsɛm no nni awieeɛ; wɔnnka nwisiaa asɛm mma wɔn nni bem, na wɔmmɔ ahiafoɔ tumi ho ban.
၂၈ဝ​ဝ​လင်​လင်​စား​သောက်​ရ​၍​ဆူ​ဖြိုး​လျက်​နေ​ကြ​၏။ သူ​တို့​သည်​မ​ကောင်း​မှု​များ​ကို​အ​တော​မ​သတ်​ပြု​ကျင့်​ကြ​၏။ မိ​ဘ​မဲ့​သူ​တို့​အား​ရ​ပိုင်​ခွင့်​များ​ကို​မ​ပေး​ကြ။ ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​သူ​တို့​အား​လည်း​တ​ရား​မျှ​တ​မှု​ကို​မ​ပြု​ကြ။
29 Ɛnsɛ sɛ metwe wɔn aso wɔ yeinom ho anaa?” Sei na Awurade seɛ. “Ɛnsɛ sɛ mʼankasa metɔ ɔman a ɛte sei so were anaa?
၂၉``သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​အ​တွက် သူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ပေး​မည်။ ဤ​လူ​မျိုး​အား​ငါ​လက်​စား​ချေ​မည်။-
30 “Adeɛ a ɛyɛ hu ne ahodwirie asi wɔ asase no so:
၃၀ဤ​ပြည်​တွင်​အံ့​သြ​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​မှု​ပေါ်​ပေါက်​လာ​သည်​မှာ၊-
31 Adiyifoɔ no hyɛ nkɔntorɔ, asɔfoɔ no de wɔn dibea di tumi, na me nkurɔfoɔ no pɛ no saa ara. Nanso awieeɛ no, ɛdeɛn na wobɛyɛ?”
၃၁ပ​ရော​ဖက်​တို့​သည်​မှန်​သော​စ​ကား​ကို​မ​ပြော​ကြ။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ရော​ဖက်​အ​မိန့်​ပေး​သည်​အ​တိုင်း​အုပ်​စိုး​ကြ​၏။ ငါ​၏​လူ​မျိုး​တော်​က​လည်း​ဤ​သို့​ပြု​ကျင့်​မှု​တို့​ကို​မ​ကန့်​ကွက်​ကြ။ သို့​ရာ​တွင်​သူ​တို့​သည်​နောက်​ဆုံး​တစ်​နေ့​၌​အ​ဘယ်​သို့​ပြု​ကြ​မည်​နည်း။

< Yeremia 5 >