< Yeremia 48 >
1 Asɛm a ɛfa Moab ho no nie: Yei ne deɛ Awurade, Israel Onyankopɔn seɛ: “Nebo nnue, na wɔbɛsɛe no. Wɔbɛgu Kiriataim anim ase, na wɔakye no; wɔbɛgu aban denden no anim ase, na wɔadwiri agu fam.
၁ဣသရေလအမျိုး၏ ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မောဘပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ နေဗောမြို့သည် အမင်္ဂလာရှိ၏။ ပျက်စီးခြင်းသို့ရောက်လေ၏။ ကိရယ သိမ်မြို့သည် ရှုံး၍လုယူခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက်လေ၏။
2 Wɔrenkamfo Moab bio; Hesbon mmarima bɛbɔ nʼasehweɛ ho pɔ; ‘Mommra, momma yɛn nkɔbɔ saa ɔman yi.’ Mo nso, Madmen mmarima mobɛka mo ano atom; akofena no bɛtaa mo.
၂မောဘပြည်သည် နောက်တဖန် ဟေရှဘုန် မြို့၌ မဝါကြွားရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါ ပယ်ရှားကြကုန်အံ့ဟု၊ ရန်ပြုမည့်အကြံနှင့် ကြံစည်ကြ၏။ အိုမာဒမေနမြို့၊ သင်သည်လည်းပျက် စီးရမည်။ ထားဘေးသည် သင့်ကိုလိုက်လိမ့်မည်။
3 Montie osu a ɛfiri Horonaim, adesɛeɛ ne ɔsɛeɛ ho su.
၃ဟောရနိမ်မြို့၌လည်း ညှဉ်းဆဲခြင်းနှင့် ပြင်းစွာ သော ပျက်စီးခြင်းရှိ၍၊ အော်ဟစ်သောအသံကိုကြားရ၏။
4 Wɔbɛbɔ Moab: na ne mma nketewa bɛteateam.
၄မောဘပြည်သည်ပျက်စီးခြင်းသို့ရောက်၍၊ သူငယ်တို့သည် မြည်တမ်းသောအသံကိုပြုကြ၏။
5 Wɔforo kɔ Luhit, wɔde agyaadwotwa a emu yɛ den na ɛrekɔ; ɛkwan a ɛkɔ Horonaim so no wɔte ahoyera mu agyaadwotwa wɔ adesɛeɛ no ho.
၅ငိုကြွေးသောအသံသည် လုဟိတ်တောင်ပေါ်သို့ တက်ရ၏။ ဟောရနိမ်မြို့သို့ဆင်းရာအရပ်၌လည်း၊ ဆုံးရှုံးခြင်းအသံကိုရန်သူတို့သည် ကြားရကြ၏။
6 Monnwane! Montu mmirika mpere mo nkwa. Momfa mo ho nsie sɛ wira wɔ anweatam so.
၆အသက်လွတ်အံ့သောငှါပြေးကြလော့။ လွင်ပြင် ၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်ကြလော့။
7 Esiane sɛ mode mo ho to mo nneyɛɛ ne mo ahonya so enti, mo nso wɔbɛfa mo nnommum, na Kemos bɛkɔ nnommumfa mu, ɔne nʼasɔfoɔ ne adwumayɛfoɔ.
၇သင်သည်မိမိဆည်းဖူးသော ဘဏ္ဍာဥစ္စာကို ကိုးစားသောကြောင့်၊ သူတပါးလက်သို့ရောက်ရလိမ့်မည်။ ခေမုရှဘုရားကိုလည်း သူ၏မင်း၊ သူ၏ယဇ်ပုရောဟိတ်တို့ နှင့်တကွ သိမ်းသွားကြလိမ့်မည်။
8 Ɔsɛefoɔ no bɛtu kuro biara so sa, na emu biara renya ne ho ntete. Wɔbɛsɛe bɔnhwa no na wɔasɛe mmepɔ mpampam a ɛyɛ tamaa no, ɛfiri sɛ Awurade akasa.
၈လုယူသောသူသည် မြို့များအစဉ်အတိုင်း ရောက်လာ၍ မြို့တမြို့မျှမလွတ်ရ။ ချိုင့်နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့်တော်မူပြီ။
9 Momfa nkyene nhyɛ Moab, ɛfiri sɛ wɔrebɛsɛe no; ne nkuro bɛda mpan a obiara rentena soɔ.
၉မောဘပြည်သည် လွတ်ရာသို့ ပြေးရအောင် ငှက်တောင်တို့ကို ပေးလော့။ မြို့တို့သည်နေသောသူမရှိ၊ လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။
10 “Nnome nka deɛ ɔtwentwɛnee ne nan ase wɔ Awurade adwumayɛ ho! Nnome nka deɛ ɔmmfa nʼakofena nhwie mogya nguo!
၁၀ထာဝရဘုရား၏ အမှုတော်ကို ကြိုးစား၍ မဆောင်သော သူသည် ကျိန်ဆဲခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိထားကို သိမ်းရုပ်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။
11 “Moab atena ase asomdwoeɛ mu firi ne mmerante ɛberɛ mu, te sɛ nsã ase puo a ataa dinn a wɔnnhwie mfirii ahina mu nkɔguu ahina foforɔ mu da; saa ara na Moab nso nkɔɔ nnommumfa mu da. Enti ɔte sɛ deɛ ɔte ara, na ne ho hwa nsesa.
၁၁မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ၊ ငယ်သော အရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည့်နေ၏။ မွှေးသောအနံ့လည်း မပျက်။
12 Nanso, nna bi reba,” Awurade na ɔseɛ, “a mɛsoma mmarima a wɔhwie nsã firi ahina mu, na wɔbɛhwie no agu; wɔbɛma nʼahina mu ayɛ hwee na wɔabobɔ ne nkuruwa.
၁၂သို့ရာတွင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ထံသို့ ငါစေလွှတ်ရ သော အချိန်ရောက်လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ၏အိုးတို့ကိုသွန်၍ ရေဘူးတို့ကို ခွဲကြလိမ့်မည်။
13 Afei Kemos ho bɛyɛ Moab aniwu, sɛdeɛ Israel efie anim guu ase ɛberɛ a wɔde wɔn ho too Bet-El soɔ no.
၁၃ဣသရေလအမျိုးသည် မိမိတို့ခိုလှုံသော ဗေသလဘုရားကြောင့် ရှက်ရသကဲ့သို့၊ မောဘအမျိုး သည်လည်း ခေမုရှဘုရားကြောင့် ရှက်ရလိမ့်မည်။
14 “Ɛyɛ dɛn na wotumi ka sɛ, ‘Yɛyɛ nnɔmmarima, mmarima akokoɔdurufoɔ wɔ ɔsa mu’?
၁၄ငါတို့သည်အားကြီးသောသူ၊ စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သော သူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆိုကြလိမ့်မည်နည်း။
15 Wɔbɛsɛe Moab na wɔatu ne nkuro so sa; ne mmeranteɛ a wɔte apɔ no, wɔbɛkunkum wɔn,” deɛ Ɔhene a wɔfrɛ no Asafo Awurade no seɛ nie.
၁၅မောဘပြည်သည် ပျက်စီးပြီ။ မြို့တို့သည် ကျွမ်း လောင်ကြပြီ။ သူရွေးချယ်သောလုလင်တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွားကြပြီဟု၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားဟူ၍ ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူ၏။
16 “Moab asehweɛ abɛn; nʼamanehunu bɛba ntɛm.
၁၆မောဘကို လုပ်ကြံရသောအချိန်နီးပြီ။ သူခံရ သောဘေးသည် အလျင်အမြန်လာ၏။
17 Monsu no, mo a motete ne ho nyinaa, ne mo a monim ne din nyinaa; monka sɛ, ‘Ɛyɛɛ dɛn na wɔabubu ahempoma a ɛyɛ den yi? Ɛyɛɛ dɛn na wɔabu animuonyam poma fɛfɛ yi mu?’
၁၇သူ့ပတ်လည်၌နေသော သူအပေါင်းတို့၊ သူ့အတွက်မြည်တမ်းကြလော့။ သူ၏နာမကို သိသော သူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ် သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြ လော့။
18 “Firi wʼanimuonyam mu, na bɛtena asase wesee no so, wo a wote Ɔbabaa Dibon mu, ɛfiri sɛ deɛ ɔsɛe Moab no bɛtu aba wo so; abɛsɛe wo nkuropɔn a ɛwɔ banbɔ no.
၁၈ဒိဘုန်မြို့၌နေသောသတို့သမီး၊ သင်ခံစားရ သော စည်းစိမ်မှ ဆင်း၍အငတ်ခံလျက်ထိုင်လော့။ မောဘကို လုယူသောသူသည် သင်ရှိရာသို့လာ၍၊ သင်၏ရဲတိုက်တို့ကို ဖျက်ဆီးလိမ့်မည်။
19 Gyina kwankyɛn na hwɛ, wo a wote Aroer. Bisa ɔbarima a ɔredwane no ne ɔbaa a ɔrefiri mu afi, bisa wɔn sɛ, ‘Asɛm bɛn na asie?’
၁၉အိုအာရော်မြို့သား၊ လမ်းနားမှာရပ်၍ ကြည့်ရှု လော့။ အဘယ်အမှုရှိသနည်းဟု၊ ပြေးသောယောက်ျားနှင့် အသက်လွတ်သော မိန်းမကိုမေးမြန်းလော့။
20 Moab anim agu ase, ɛfiri sɛ wɔabubu no pasaa; montwa adwo na monteateam! Mommɔ dawuro wɔ Arnon ho sɛ wɔasɛe Moab.
၂၀မောဘသည်စိတ်ပျက်လေ၏။ ပြိုလဲလျက်ရှိ၏။ ငိုကြွေးမြည်တမ်းကြလော့။ မောဘသည် ပျက်စီးကြောင်း ကို အာနုန်မြို့၌ ကြားပြောကြလော့။
21 Atemmuo aba bepɔ tamaa so wɔ Holon, Yahas ne Mefaat,
၂၁လွင်ပြင်နှင့်တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊
22 Dibon ne Nebo ne Bet-Diblataim
၂၂ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊
23 ne Kiriataim ne Bet Gamul ne Bet Meon
၂၃ကိရယသိမ်မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊
24 ne Keriot ne Bosra wɔ Moab nkuro nyinaa, deɛ ɛwɔ akyirikyiri ne deɛ ɛbɛn.
၂၄ကေရုတ်မြို့၊ ဗောဇရမြို့မှစ၍၊ မောဘပြည်၌ ရှိသောမြို့ အနီးအဝေးရှိသမျှတို့သည် အပြစ်ဒဏ်ကို ခံရ ကြ၏။
25 Wɔatwa Moab abɛn; na ne basa abu,” Awurade na ɔseɛ.
၂၅မောဘ၏ဦးချိုသည် ပြတ်လေပြီ။ သူ၏လက်ရုံး သည် ကျိုးလေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
26 “Momma no mmoro nsã, ɛfiri sɛ wabu Awurade animtia. Momma Moab nyantam wɔ ne feɛ mu; momma no nyɛ fɛdideɛ.
၂၆မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိ အန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကို ခံရ၏။
27 Ɛnyɛ Israel na na ɔyɛ mo fɛdideɛ? Wɔkyeree no akorɔmfoɔ mu anaa, a enti mowoso mo ti animtiabuo so ɛberɛ biara a mobɛka ne ho asɛm?
၂၇သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား။
28 Monfifiri mo nkuro so nkɔtena abotan mu, mo a motete Moab. Monyɛ sɛ aborɔnoma a ɔyɛ ne pirebuo wɔ ɔbodan ano.
၂၈မောဘပြည်၌နေသောသူတို့၊ မြို့တို့ကိုစွန့်၍ ကျောက်ကြား၌ နေကြလော့။ မြေတွင်းဝနားမှာ အသိုက် လုပ်တတ်သော ချိုးဝှက်ကဲ့သို့ ပြုကြလော့။
29 “Yɛate Moab ahantan no nʼahomasoɔ ne gye a ɔgye ne ho di mmorosoɔ; nʼahantan ne nʼahomasoɔ, ne nʼakoma mu ahohoahoa.
၂၉မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှား စော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊
30 Menim nʼasoɔden nanso ɛyɛ ɔkwa,” Awurade na ɔseɛ, “na nʼahohoahoa mfa hwee mma.
၃၀သူ၏ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့်၊ မိမိအလိုမပြည့်စုံရာဟု ထာဝရ ဘုရားမိန့်တော်မူ၏။
31 Enti metwa adwo ma Moab, mesu team ma Moabfoɔ nyinaa, medi awerɛhoɔ ma nnipa a wɔwɔ Kir Hereset.
၃၁ထိုကြောင့်၊ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘအတွက်ငါသည် ညည်းတွား မြည်တမ်းမည်။ မောသပြည်တပြည်လုံးအတွက် ငိုကြွေး မည်။ ကိရဟရက်မြို့သားတို့အတွက် ညည်းတွားခြင်း ရှိရမည်။
32 Mesu ma mo sɛdeɛ Yaser su, Ao Sibma bobe. Mo mman dendane kɔɔ ɛpo ho pɛɛ; kɔduruu Yaser ɛpo ho. Ɔsɛefoɔ no abɛgu mo nnuaba a abereɛ ne mo bobe no so.
၃၂အိုစိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင် လယ်တိုင်အောင်ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။
33 Ahosɛpɛ ne anigyeɛ atu afiri Moab nnuaba nturo ne mfuo so. Matwa nsã a ɛtene firi nsakyimena no so; obiara mmfa ahosɛpɛ ntiatia bobe no so. Ɛwom sɛ nteateam wɔ hɔ deɛ, nanso ɛnyɛ ahosɛpɛ nteateam.
၃၃ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။
34 “Wɔn su ano den gyegye firi Hesbon de kɔsi Eleale ne Yahas, firi Soar de kɔsi Horonaim ne Eglat Selisiya. Mpo, nsuo a ɛwɔ Nimrim no awe.
၃၄ဟေရှဘုန်မြို့ ငိုကြွေးသံမှစ၍ ဧလာလေမြို့၊ ယာဟတ်မြို့တိုင်အောင်၎င်း၊ ဇောရမြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင်၎င်း သုံးနှစ်အသက်ရှိသော နွားမမြည် သံကဲ့သို့အသံကို လွှင့်ကြ၏။ အကြောင်းမူကား၊ နိမရိမ် ရေကန်တို့သည်လည်း ဆိတ်ညံလျက်ရှိကြ၏။
35 Moab hɔ no, mede sorɔnsorɔmmea afɔrebɔ ne nnuhwam a wɔhye ma wɔn anyame no bɛba awieeɛ,” Awurade na ɔseɛ.
၃၅မောဘပြည်၌မြင့်သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိဘုရားတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကို ငါပြတ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
36 “Enti mʼakoma su sɛ atɛntɛbɛn ma Moab; esu sɛ atɛntɛbɛn ma nnipa a wɔwɔ Kir Hereset. Ahonyadeɛ a wɔpɛeɛ no kɔ.
၃၆ထိုကြောင့်၊ ငါနှလုံးသည် မောဘပြည်အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ ငါ့နှလုံးသည် ကိရဟရက် မြို့သားတို့အတွက် ပုလွေကဲ့သို့ မြည်ရလိမ့်မည်။ သူတို့ ဆည်းဖူးသော ဘဏ္ဍာဥစ္စာပျက်စီးပြီ။
37 Wɔabɔ etire biara tikwa na wɔayi abɔgyesɛ biara; nsa nyinaa ho ayɛ akamakam na ayitoma sisi obiara asene.
၃၇လူတိုင်းဆံပင်တိုလျက်၊ မုတ်ဆိတ်ကိုရိတ်လျက်၊ လက်၌ရှနလျက်၊ ခါး၌လျှော်တေအဝတ်ကို ဝတ်လျက် ရှိရ၏။
38 Adan a ɛwɔ Moab nyinaa atifi ne ɔmanfoɔ adwaberem nyinaa, biribiara nni hɔ sɛ awerɛhoɔ, ɛfiri sɛ mabubu Moab ayɛ no sɛ ahina a obiara mpɛ,” Awurade na ɔseɛ.
၃၈အသုံးမရသော အိုးကိုခွဲတတ်သကဲ့သို့၊ မောဘ ပြည်ကို ငါခွဲသောကြောင့်၊ မောဘပြည်အိမ်မိုးများ အပေါ်၌၎င်း၊ လမ်းများ၌၎င်း၊ ညည်းတွားမြည်တမ်း ခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
39 “Hwɛ sɛdeɛ wabubuo afa! Hwɛ sɛdeɛ wɔretwa adwoɔ! Na hwɛ sɛdeɛ Moab de aniwuo dane nʼakyi! Moab ayɛ fɛdideɛ ne ahodwiredeɛ ama wɔn a wɔatwa ne ho ahyia nyinaa.”
၃၉သူတို့ကလည်း၊ မောဘပြည်ပြိုပျက်လေပြီ တကား၊ ရှက်၍ဆုတ်သွားလေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘသည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည်၌နေသော သူအပေါင်းတို့၏ ကြောက်လန့်စရာအကြောင်းဖြစ်ရလိမ့်မည်။
40 Yei ne deɛ Awurade seɛ: “Monhwɛ! Ɔkɔdeɛ reto hoo aba fam. Watrɛ ne ntaban mu wɔ Moab so.
၄၀ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကိုအုပ်မိုးလိမ့်မည်။
41 Wɔbɛfa Keriot nnommum na wafa nʼaban denden no. Saa ɛda no Moab nnɔmmarima akoma bɛtu sɛ ɔbaa a ɔrekyem awoɔ so.
၄၁မြို့တို့ကိုလုပ်ကြံ၍ ရဲတိုက်တို့ကို တိုက်ယူသော ကြောင့်၊ ထိုနေ့၌မောဘအမျိုးသူရဲတို့ စိတ်နှလုံးသည်၊ သားဘွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံး ကဲ့သို့ဖြစ်ရလိမ့်မည်။
42 Wɔbɛsɛe Moab na ɛrenyɛ ɔman bio, ɛfiri sɛ, ɔbuu Awurade animtia.
၄၂မောဘသည် ထာဝရဘုရားတဘက်၌ ဝါကြွား သောကြောင့်၊ နောက်တဖန် ပြည်မဖြစ်နိုင်အောင် ပျက်စီးရလိမ့်မည်။
43 Ehu, nkomena ne mfidie retwɛn mo, Ao Moabfoɔ,” Awurade na ɔseɛ.
၄၃အိုမောဘအမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက် လေပြီ။
44 “Deɛ ɔdwane deɛ ɛyɛ hu no bɛtɔ nkomena mu, deɛ ɔbɛforo afiri nkomena no mu no, afidie bɛyi no; na mede Moab asotwe afe no bɛba ne so,” Awurade na ɔseɛ.
၄၄ကြောက်လန့်ဘွယ်သောအရာမှ ပြေးသော သူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ကျော့မိလိမ့်မည်။ ဆုံးမ ခြင်းကိုခံရသော နှစ်ကာလကို မောဘပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
45 “Hesbon nwunu ase na adwanefoɔ no gyinagyina a wɔnni mmoa biara, ɛfiri sɛ ogya bi atu afiri Hesbon; ɛgyadɛreɛ bi firi Sihon mfimfini; ɛhye Moabfoɔ moma, ne ahohoahoafoɔ a wɔn ano yɛ den no ti kwankoraa.
၄၅ပြေးသောသူတို့သည်အားကုန်သောကြောင့်၊ ဟေရှဘုန်မြို့အရိပ်ကို ခိုကြသော်လည်း၊ ရှိဟုန်ဘုရင် နေရာဟေရှဘုန်မြို့မှ မီးလျှံထွက်သဖြင့်၊ မာနထောင် လွှားသောသူတို့၏ အထွဋ်မှစ၍ မောဘပြည်စွန်း တိုင်အောင် လောင်လိမ့်မည်။
46 Nnome nka wo Ao, Moab! Wɔasɛe Kemos nkurɔfoɔ no; wɔde wo mmammarima kɔ nnommumfa mu na wo mmammaa nso kɔ nkoasom mu.
၄၆အိုမောဘပြည်၊ သင်သည်အမင်္ဂလာရှိ၏။ အိုခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏ သားသမီးများကို သိမ်းသွင်း ကြပြီ။
47 “Nanso mede Moab adenya bɛsane ama no wɔ nna a ɛbɛba no mu,” Awurade na ɔseɛ. Moab atemmuo no awieeɛ nie.
၄၇သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘ အမျိုးသားတို့ကို နောင်ကာလ၌ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရ သော အပြစ်တရားပေတည်း။