< Yeremia 24 >
1 Babiloniahene Nebukadnessar faa Yudahene Yehoiakin a ɔyɛ Yehoiakim babarima, nʼadwumayɛfoɔ, nʼadwumfoɔ ne nʼatomfoɔ a wɔwɔ Yuda firii Yerusalem kɔɔ nnommumfa mu wɔ Babilonia no akyi no, Awurade kyerɛɛ me borɔdɔma nkɛntɛn mmienu a wɔde asisi Awurade asɔredan no anim.
၁ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သားယေခါနိမင်းအစရှိသော ယုဒမှူးမတ် များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့ မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား ၏ ဗိမာန်တော်ရှေ့၌ထားသော သင်္ဘော သဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။
2 Kɛntɛn baako mu borɔdɔma no yɛ papa te sɛ deɛ ɛbere ntɛm; borɔdɔma a ɛwɔ kɛntɛn a ɛka ho no mu no nyɛ mma sɛdeɛ wɔdie mpo.
၂တောင်းတလုံး၌ကား၊ အဦးမှည့်သော သင်္ဘော သဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။
3 Na Awurade bisaa me sɛ, “Ɛdeɛn na wohunu, Yeremia?” Mebuaa sɛ, “Borɔdɔma, deɛ ɛyɛ pa ara, ne deɛ ɛnyɛ mma sɛdeɛ wɔdie mpo.”
၃ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောဖန်းသီးကို မြင်ပါ၏။ ကောင်း သော သင်္ဘောဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘေသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက်၏။
4 Ɛna Awurade asɛm baa me nkyɛn sɛ,
၄တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
5 “Yei ne deɛ Awurade, Israel Onyankopɔn seɛ: ‘Borɔdɔma papa no gyina hɔ ma atukɔfoɔ a wɔfiri Yuda, wɔn a metwaa wɔn asuo kɔɔ Babilonia asase so no.
၅ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်း သွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်း သော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။
6 Mɛma mʼani aku wɔn ho, ama wɔn yiedie, na mɛsane de wɔn aba ha bio. Mɛsiesie wɔn na merensɛe wɔn. Mɛdua wɔn, na merentu wɔn ase.
၆သူတို့၌ ကျေးဇူးပြုမည်ဟု ငါကြံစည်၍၊ ဤပြည် သို့တဖန် ဆောင်ခဲ့ဦးမည်။ နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနှုတ် မပယ်ဘဲစိုက်ထားမည်။
7 Mɛma wɔn akoma a wɔde bɛhunu me sɛ, me ne Awurade. Wɔbɛyɛ me nkurɔfoɔ, na mɛyɛ wɔn Onyankopɔn, ɛfiri sɛ, wɔde wɔn akoma nyinaa bɛsane aba me nkyɛn.
၇ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၊ သူတို့ သိနိုင်သော စိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူ ဖြစ်ကြ၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့် မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့် မည်။
8 “‘Nanso te sɛ borɔdɔma a ɛnyɛ no, deɛ ɛnyɛ mma sɛdeɛ wɔdie mpo no,’ deɛ Awurade seɛ nie, ‘saa ara na mɛyɛ Yudahene Sedekia, nʼadwumayɛfoɔ ne Yerusalem nkaeɛfoɔ, sɛ wɔte asase yi so anaa wɔte Misraim.
၈မစားနိုင်အောင် အလွန်ညံ့သော သင်္ဘော သဖန်းသီးကဲ့သို့၊ ငါသည် ယုဒရှင်ဘုရင် ဇေဒကိမှစ၍၊ မှူးတော်မတ်တော်၊ ဤပြည်၌ ကျန်ကြွင်းသော ယေရု ရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသော အမျိုးသားတို့ကို ဖြစ်စေမည်။
9 Mɛma wɔn ayɛ akyiwadeɛ ne mfomsodeɛ ama ahennie a ɛwɔ asase so nyinaa, wɔbɛyɛ ahɔhora na wɔabɔ wɔn din bɔne, wɔbɛyɛ asredeɛ ne mmusuo baabiara a mɛpam wɔn akɔ.
၉သူတို့သည် ငါနှင်ရာအရပ်ရပ်တို့၌ ကဲ့ရဲ့ခြင်း၊ ပုံခိုင်းခြင်း၊ ဆဲရေးခြင်း၊ ကျိန်ခြင်းတို့ကို ခံရမည် အကြောင်း၊ ငါသည် မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၌ နှောင့်ရှက်ညှဉ်းဆဲခြင်းသို့ သူတို့ကို အပ်လိုက်မည်။
10 Mɛsoma akofena, ɛkɔm ne yaredɔm akɔ wɔn so kɔsi sɛ wɔbɛsɛe wɔn koraa afiri asase a mede maa wɔn ne wɔn agyanom.’”
၁၀သူတို့နှင့် သူတို့၏ ဘိုးဘေးတို့အား ငါပေးသော ပြည်မှ၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။