< 1 Mose 4 >
1 Afei, Adam de ne ho kaa ne yere Hawa ma ɔnyinsɛne woo abarimaa a wɔfrɛ no Kain. Na ɔkaa sɛ, Awurade adaworoma, mawo ɔbabarima.
၁ထိုနောက်အာဒံသည်မယားနှင့်ဆက်ဆံသဖြင့် ဧဝသည်ပဋိသန္ဓေစွဲ၍သားယောကျာ်းကိုဖွား မြင်လေ၏။ ``ထာဝရဘုရားမစတော်မူခြင်း အားဖြင့်သားကိုရပြီ'' ဟုဧဝပြောဆိုလျက် ထိုသားကိုကာဣနဟုနာမည်မှည့်လေ၏။-
2 Akyire no, ɔsane woo nʼakyiri ɔbabarima too no edin Habel. Na Habel bɛyɛɛ odwanhwɛfoɔ, ɛnna Kain nso bɛyɛɛ okuafoɔ.
၂ထိုနောက်သူ၏ညီအာဗေလကိုဖွားမြင်၏။ အာဗေလသည်သိုးထိန်းဖြစ်၍ ကာဣနကား လယ်သမားဖြစ်၏။-
3 Nna bi akyiri, Kain de nʼafuom nnɔbaeɛ bi kɔbɔɔ Awurade afɔdeɛ.
၃အချိန်အတန်ကြာသောအခါကာဣန သည် အသီးအနှံများကိုထာဝရဘုရား အားပူဇော်ရန်ယူဆောင်ခဲ့၏။-
4 Habel nso de ne nyɛmmoa no mu mmakan a wɔadɔre sradeɛ kɔbɔɔ Onyankopɔn afɔdeɛ. Awurade ani sɔɔ Habel afɔrebɔdeɛ no.
၄အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။-
5 Nanso Kain afɔrebɔdeɛ no deɛ, nʼani ansɔ. Asɛm no anyɛ Kain dɛ, na ne bo fuiɛ.
၅သို့ရာတွင်ကာဣနနှင့်သူ၏ပူဇော်သကာကို မူကား နှစ်သက်တော်မမူ။ ထို့ကြောင့်ကာဣန သည်အလွန်ဒေါသထွက်၍မျက်မှောင်ကြုတ် လေ၏။-
6 Awurade bisaa Kain sɛ, “Adɛn enti na wo bo afuo? Adɛn enti na woamuna saa?
၆ထိုအခါထာဝရဘုရားက``သင်သည်အဘယ် ကြောင့်ဒေါသထွက်၍မျက်မှောင်ကြုတ်ရသ နည်း။-
7 Sɛ woyɛ ade pa a, wɔbɛgye wo atom. Sɛ wonyɛ ade pa deɛ a, ɛnneɛ, hwɛ yie. Ɛfiri sɛ, bɔne retwɛn ako atia wo, asɛe wo, nanso ɛsɛ sɛ wodi ne so.”
၇သင်သည်မှန်ကန်စွာပြုခဲ့လျှင်မျက်နှာပြုံးရွှင် နိုင်ရမည်။ သို့ရာတွင်သင်သည်မကောင်းမှုကိုပြုခဲ့သဖြင့် အပြစ်တရားသည်သားရဲတိရစ္ဆာန်ကဲ့သို့ သင့် တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ အပြစ်ကသင့်ကိုအုပ်စိုးလိုသော်လည်း သင် ကအပြစ်ကိုနိုင်ရမည်'' ဟုကာဣနအားမိန့် တော်မူ၏။
8 Ɛda bi Kain ka kyerɛɛ ne nua Habel sɛ, “Ma yɛnkɔ afuom.” Ɛberɛ a wɔwɔ afuom hɔ no, Kain to hyɛɛ ne nua Habel so, kumm no.
၈ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။
9 Awurade bisaa Kain sɛ, “Wo nua Habel wɔ he?” Kain buaa sɛ, “Mennim. Mɛyɛ dɛn mahunu? Me na mehwɛ me nua no so anaa?”
၉ထာဝရဘုရားက``သင့်ညီအာဗေလအဘယ် မှာရှိသနည်း'' ဟုကာဣနအားမေးတော် မူ၏။ ကာဣနက``အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုထိန်းရသောသူဖြစ်ပါသလော'' ဟု ပြန်၍လျှောက်၏။
10 Awurade bisaa Kain sɛ, “Ɛdeɛn na woayɛ yi? Tie! Wo nua mogya su firi asase so frɛ me.
၁၀ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-
11 Seesei, wɔadome wo, apamo wo afiri asase a ɛbuee nʼano gyee wo nua mogya firii wo nsam no so.
၁၁သင်သည်ကျိန်စာသင့်၍မြေကိုထွန်ယက်စိုက် ပျိုးမှုမပြုနိုင်တော့ပြီ။ သင့်လက်ချက်ကြောင့် ထွက်သောသင့်ညီ၏သွေးကို မြေသည်ခံတွင်း ဖြင့်ခံယူသကဲ့သို့စုတ်ယူခဲ့လေပြီ။-
12 Sɛ woyɛ asase no so adwuma sɛ ɛdeɛn ara a, worennya nnɔbaeɛ biara mfiri so. Wobɛyɛ ɔkobɔfoɔ, akyinkyin asase so.”
၁၂သင်သည်မြေကိုထွန်ယက်စိုက်ပျိုးသော်လည်း အသီးအနှံထွက်မည်မဟုတ်။ သင်သည်အိုး အိမ်မဲ့လျက်မြေကြီးပေါ်တွင်လှည့်လည် နေရမည်'' ဟုမိန့်တော်မူ၏။
13 Kain kaa sɛ, “Awurade mʼasotweɛ boro me so.
၁၃ထိုအခါကာဣနက``ကိုယ်တော်ပေးသော အပြစ်ဒဏ်သည် ပြင်းထန်လွန်းလှပါ၏။-
14 Ɛnnɛ, woapam me afiri asase so ne wʼanim. Mɛyɛ ɔkobɔfoɔ akyinkyin asase so na obiara a ɔbɛnya me no bɛkum me.”
၁၄ကိုယ်တော်သည်အကျွန်ုပ်ကိုဤမြေမှနှင်ထုတ် တော်မူပါပြီ။ ကိုယ်တော်၏မျက်မှောက်တော်မှ လည်းနှင်ထုတ်တော်မူပါပြီ။ အိုးအိမ်မဲ့လျက် မြေကြီးပေါ်တွင် လှည့်လည်နေရပါမည်။ တွေ့ သမျှသောသူတို့သည် အကျွန်ုပ်အားသတ် ကြပါလိမ့်မည်'' ဟုပြန်၍လျှောက်၏။
15 Nanso, Awurade ka kyerɛɛ no sɛ, “Ɛnte saa koraa! Obiara a ɔbɛkum Kain no bɛnya Kain asotwe no mprɛnson.” Afei, Awurade hyɛɛ Kain agyiraeɛ bi sɛdeɛ ɛbɛyɛ a, obiara a ɔbɛhyia no no renkum no.
၁၅ထာဝရဘုရားက``သင်၌ထိုသို့မဖြစ်စေရ။ သင့်အားသတ်သောသူမည်သည်ကား ခုနစ်ဆ သောအပြစ်ဒဏ်ကိုခံရမည်'' ဟုမိန့်တော်မူ ၏။ သို့ဖြစ်၍ထာဝရဘုရားသည် ကာဣန ကိုတွေ့ရှိသူသည်သူ့ကိုမသတ်ရန် သတိ ပေးသည့်အမှတ်လက္ခဏာဖြင့်သူ့အပေါ် တွင်မှတ်သားပေးတော်မူ၏။-
16 Enti, Kain dwane firii Awurade anim, kɔtenaa Nod asase so wɔ Eden apueeɛ fam.
၁၆ကာဣနသည်လည်းထာဝရဘုရားထံတော် မှထွက်သွား၍ ဧဒင်အရှေ့ဘက်ရှိ``လှည့်လည် ရာ'' ဟုတွင်သောအရပ်၌နေထိုင်လေ၏။
17 Kain de ne ho kaa ne yere na ɔnyinsɛnee, woo ɔbabarima, too no edin Henok. Saa ɛberɛ no, Kain kyekyeree kuro bi de too ne ba Henok.
၁၇ကာဣနသည်သူ၏မယားနှင့်ဆက်ဆံသဖြင့် မယား၌ပဋိသန္ဓေစွဲ၍ဧနောက်နာမည်ရှိသား ကိုဖွားမြင်လေ၏။ သူသည်မြို့ကိုတည်၍သား ၏နာမည်ကိုအစွဲပြုလျက် ထိုမြို့ကိုဧနောက် မြို့ဟုမှည့်ခေါ်၏။-
18 Henok woo Irad. Irad woo Mehuyael. Mehuyael woo Metusael. Metusael woo Lamek.
၁၈ဧနောက်သည်ဣရဒ်ဟုအမည်တွင်သောသားကို ရ၏။ ဣရဒ်၏သားကားမဟုယေလ၊ မဟု ယေလ၏သားကားမသုရှလ၊ မသုရှလ ၏သားကားလာမက်ဖြစ်၏။-
19 Lamek waree mmaa baanu a wɔn din de Ada ne Sila.
၁၉လာမက်သည်အာဒနှင့်ဇိလနာမည်ရှိ မယားနှစ်ယောက်နှင့်စုံဖက်၏။-
20 Ada woo Yabal a nʼasefoɔ yɛ wɔn a wɔte ntomadan mu yɛn mmoa.
၂၀အာဒသည်ယာဗလဟုအမည်တွင်သောသားကို ဖွားမြင်၏။ ယာဗလသည်ကားသိုးနွားတို့ကို ထိန်းကျောင်း၍ တဲရှင်၌နေထိုင်သူတို့၏ဖခင် ဖြစ်သတည်း။-
21 Na Yabal nuabarima din de Yubal a nʼasefoɔ yɛ mmɛnhyɛnfoɔ ne asankubɔfoɔ.
၂၁သူ့ညီနာမည်မှာယုဗလဖြစ်၍ စောင်းနှဲတို့ကို တီးမှုတ်သောဂီတသမားအပေါင်းတို့၏ဖခင် ဖြစ်သတည်း။-
22 Sila woo ɔbabarima a wɔfrɛ no Tubal-Kain. Na ɔyɛ kɔbere dwumfoɔ ne nnadeɛ ahodoɔ nyinaa atomfoɔ agya. Na Tubal-Kain wɔ nuabaa bi a ne din de Naama.
၂၂ဇိလသည်တုဗလကာဣနနာမည်ရှိသားကို ဖွားမြင်၏။ ထိုသူသည်ပန်းတဉ်းသမား၊ ပန်းပဲ သမားတို့၏ဖခင်ဖြစ်သတည်း။ တုဗလ ကာဣန၏နှမကားနေမဖြစ်၏။
23 Ɛda bi Lamek ka kyerɛɛ ne yerenom Ada ne Sila sɛ, “Montie me, me yerenom makum aberanteɛ bi a, ɔto hyɛɛ me so, piraa me.
၂၃လာမက်ကမိမိမယားတို့အား``ငါ့မယား အာဒနှင့် ဇိလတို့ငါ့စကားကိုနားထောင်ကြလော့။ ငါ့ကိုရိုက်နှက်သူလူငယ်တစ်ဦးသည်ငါ့ကို ရိုက်နှက်သောကြောင့်ငါသတ်ခဲ့ပြီ။
24 Sɛ Kain so aweretɔ bɛyɛ mprɛnson a, ɛnneɛ, me Lamek, deɛ ɔbɛkum me no, nʼasotwe bɛyɛ mpɛn aduɔson nson.”
၂၄ကာဣနကိုသတ်သူသည်ခုနစ်ဆသော အပြစ်ဒဏ်ကို ခံရမည်ဆိုလျှင်ငါ့ကိုသတ်သူကား၊ ခုနစ်ဆယ်ခုနစ်ဆသောအပြစ်ဒဏ် ခံရမည်'' ဟုဆိုလေ၏။
25 Akyire yi, Adam de ne ho kaa ne yere Hawa. Na ɔwoo ɔbabarima bio. Na wɔtoo no edin Set kaa sɛ, “Onyankopɔn ama me ɔba foforɔ asi Habel a Kain kumm no no ananmu.”
၂၅အာဒံနှင့်ဧဝတို့တွင်သားတစ်ယောက်ထပ်၍ ဖွား မြင်လေ၏။ ဧဝက``ကာဣနသတ်ခဲ့သောအာဗေလ အစား သားတစ်ယောက်ကိုဘုရားသခင်ကပေး တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုရှေသဟု နာမည်မှည့်လေ၏။-
26 Set nso woo ɔbabarima na ɔtoo no edin Enos. Saa ɛberɛ no mu na nnipa hyɛɛ aseɛ bɔɔ Awurade edin.
၂၆ရှေသသည်လည်းသားရ၍ထိုသားကိုဧနုတ် ဟုမှည့်ခေါ်၏။ ထိုခေတ်ကာလမှစ၍ လူတို့ သည်ထာဝရဘုရား၏နာမတော်ကိုအမှီ ပြုလျက်ကိုးကွယ်ကြလေ၏။