< 1 Mose 16 >

1 Saa ɛberɛ yi, na Sarai nwoo ɔba mmaa Abram. Na ɔwɔ Misraimni abaawa bi a wɔfrɛ no Hagar;
အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊
2 enti Sarai ka kyerɛɛ Abram sɛ, “Wo ara wonim sɛ Awurade ama mayɛ obonini; manwo ɔba! Mesrɛ wo, kɔ na wo ne mʼabaawa Hagar nkɔda; ebia ɛnam ne so na manya mma.” Abram penee asɛm a Sarai ka kyerɛɛ no no so.
စာရဲက၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။
3 Abram tenaa Kanaan asase so mfeɛ edu akyiri no, ne yere Sarai de Misraimni abaawa Hagar no kɔmaa ne kunu no sɛ, ɔnware no.
ထိုသို့အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။
4 Abram ne Hagar daeɛ, na ɔnyinsɛneeɛ. Ɛberɛ a Hagar hunuu sɛ wanyinsɛn no, ɔhyɛɛ aseɛ buu nʼawuraa Sarai animtia.
အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ၏။
5 Enti Sarai ka kyerɛɛ Abram sɛ, “Saa ɔhaw a aba me so yi nyinaa firi wo! Mede mʼabaawa maa wo; afei a wahunu sɛ wanyinsɛn no enti, ɔtiatia mʼanim. Awurade mmu me ne wo ntam atɛn.”
စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု၊ အာဗြံအား ဆိုလေ၏။
6 Nanso, Abram ka kyerɛɛ Sarai sɛ, “Ɔyɛ wʼabaawa. Deɛ wopɛ sɛ wode yɛ no biara, fa yɛ no.” Ɛfiri saa ɛberɛ no, Sarai tanee nʼabaawa Hagar ani, ma ɔdwane firii ne nkyɛn.
အာဗြံကလည်း၊ သင်၏ ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ ပြုချင်သမျှပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏။
7 Awurade ɔbɔfoɔ hunuu Hagar wɔ nsuo aniwa bi ho wɔ ɛserɛ no so. Na saa nsuo aniwa no da ɛkwan a ɛkɔ kuro bi a wɔfrɛ no Sur no nkyɛn.
ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင်၊
8 Ɔbɔfoɔ no bisaa Hagar sɛ, “Sarai abaawa Hagar, wofiri he, na worekɔ he?” Hagar buaa no sɛ, “Meredwane afiri mʼawuraa Sarai nkyɛn.”
စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ၏။
9 Na Awurade ɔbɔfoɔ no ka kyerɛɛ Hagar sɛ, “Sane kɔ wʼawuraa no nkyɛn, na kɔbrɛ wo ho ase ma no.”
ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏ သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟု အမိန့်ရှိ၏။
10 Ɔbɔfoɔ no ka kaa ho sɛ, “Mɛma wʼase afɛe a, wɔkan a, ɛnyɛ yie.”
၁၀တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန် များပြားစေမည်ဟူ၍၎င်း၊
11 Awurade ɔbɔfoɔ no sane ka kyerɛɛ Hagar sɛ, “Woanyinsɛn, na wobɛwo ɔbabarima. Wobɛto no edin Ismael, ɛfiri sɛ, Awurade ate wʼamanehunu.
၁၁သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။
12 Ɔbɛyɛ sɛ ɛserɛ so afunumu. Ɔbɛtia nnipa nyinaa, na nnipa nyinaa nso bɛtia no; atutupɛ so na ɔne ne nuanom bɛtena.”
၁၂သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
13 Yei akyiri ɔde edin foforɔ maa Awurade. Ɔkaa sɛ, “Mahunu Deɛ ɔhunu me.” Ɛno enti, ɔde edin El-Roi a aseɛ ne “Onyankopɔn a ɔhunu me” no, too no.
၁၃ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။
14 Ɛno enti na wɔfrɛ nsuo aniwa no sɛ Beer-Lahai-Roi a aseɛ ne “Onyankopɔn Teasefoɔ a ɔhunu me abura.” Ɛda Kades ne Bered ntam bɛsi ɛnnɛ.
၁၄ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာ ရှိသတည်း။
15 Enti Hagar woo ɔbabarima maa Abram. Abram too abɔfra no edin Ismael.
၁၅ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဘွားမြင်၏။ အာဗြံလည်း ဟာဂရတွင် မြင်သော သားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။
16 Hagar woo Ismael no, na Abram adi mfeɛ aduɔwɔtwe nsia.
၁၆အာဗြံသည် သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။

< 1 Mose 16 >