< Hesekiel 34 >

1 Awurade asɛm baa me nkyɛn sɛ:
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 “Onipa ba, hyɛ nkɔm tia Israel nnwanhwɛfoɔ: hyɛ nkɔm na ka kyerɛ wɔn sɛ: ‘Yei ne deɛ Otumfoɔ Awurade seɛ: Nnome nka Israel nnwanhwɛfoɔ a wɔhwɛ wɔn ankasa nko ara so. Ɛnsɛ sɛ nnwanhwɛfoɔ hwɛ nnwankuo no anaa?
အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တဘက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော။
3 Monom nufosuo, mode mmoa no ho nwi fira mo ho na mokum mmoa a wɔadɔre nanso monhwɛ nnwankuo no.
သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကို ဝတ်ကြ၏။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။
4 Monhyɛɛ wɔn a wɔyɛ mmerɛ no den, nsaa ayarefoɔ yadeɛ na monkyekyeree apirafoɔ akuro. Momfaa wɔn a wɔabɔ ko mmaeɛ na monhwehwɛɛ wɔn a wɔayera. Mode ɔhyɛ ne atirimuɔden na ahwɛ wɔn so.
အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
5 Ɛno enti wɔbɔ hweteeɛ, ɛfiri sɛ wɔnni hwɛfoɔ, na wɔbɔ hweteeɛ no, wɔbɛyɛɛ hanam maa wiram mmoa nyinaa.
ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ၏။
6 Me nnwan kyinkyini mmepɔ ne nkokoɔ nyinaa so. Wɔbɔɔ wɔn petee asase so baabiara, na obiara anhwehwɛ wɔn.
ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်ရှာကြ။
7 “‘Enti, mo nnwanhwɛfoɔ, montie Awurade asɛm:
သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
8 Nokorɛm, sɛ mete ase yi, Otumfoɔ Awurade asɛm nie, ɛsiane sɛ me nnwankuo nni ɔhwɛfoɔ enti wɔawiawia wɔn na wɔayɛ hanam ama wiram mmoa, na ɛsiane sɛ nnwanhwɛfoɔ no anhwehwɛ me nnwan no na mmom wɔhwɛɛ wɔn ankasa ho na wɔtoo me nnwan no asaworam
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့်၊
9 enti, nnwanhwɛfoɔ, montie Awurade asɛm:
အချင်း သိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြလော့။
10 Yei ne deɛ Otumfoɔ Awurade seɛ: Me ne nnwanhwɛfoɔ no anya na mɛma wɔabu me nnwankuo no ho akonta. Memma wɔnhwɛ nnwankuo no bio sɛdeɛ ɛbɛyɛ a wɔrenkum nnwan no nnwe; mɛgye me nnwankuo afiri wɔn anom na wɔrenyɛ wɔn aduane bio.
၁၀အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တလက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နှုတ်မည်။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန် မကိုက် မစားရကြ။
11 “‘Na yei ne deɛ Otumfoɔ Awurade seɛ: Me ara mɛhwehwɛ me nnwan na mahwɛ wɔn so.
၁၁အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။
12 Sɛdeɛ odwanhwɛfoɔ hwɛ ne nnwan a wɔahwete ɛberɛ a ɔwɔ wɔn nkyɛn no, saa ara na mɛhwɛ me nnwan so. Mɛyi wɔn afiri mmea mmea a wɔhwete kɔeɛ wɔ omununkum ne esum ɛda no.
၁၂ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။
13 Mede wɔn bɛfiri amanaman so aba na maboaboa wɔn ano afiri nsase so na mede wɔn aba wɔn ankasa asase so. Mɛma wɔadidi wɔ Israel mmepɔ so, subɔnhwa ne asase no so atenaeɛ nyinaa.
၁၃အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသ ရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့၌ ကျွေးမွေးမည်။
14 Mehwɛ wɔn so wɔ adidibea papa, na Israel mmepɔ atentene so bɛyɛ wɔn adidibea. Ɛhɔ na wɔbɛdeda adidibea asase papa so, na ɛhɔ na wɔbɛwe ɛserɛ frɔmfrɔm wɔ Israel mmepɔ so.
၁၄ကောင်းသောကျက်စားရာအရပ်၌ ကျွေးမွေး မည်။ မြင့်သော ဣသရေလတောင်တို့အပေါ်မှာ သူတို့ ခြံရှိလိမ့်မည်။ သူတို့သည်ဣသရေလတောင်တို့အပေါ်မှာ ကောင်းသောခြံ၌အိပ်၍၊ ကြွယ်ဝသောကျက်စားရာ၌ ကျက်စားကြလိမ့်မည်။
15 Me ara mɛhwɛ me nnwan na mama wɔadeda hɔ. Awurade asɛm nie.
၁၅ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာ ကိုလည်း ငါပေးမည်။
16 Mɛhwehwɛ deɛ wayera na mede deɛ wabɔ ko asane aba. Mɛkyekyere deɛ wapira no akuro, na mahyɛ deɛ ɔyɛ mmerɛ no den, nanso deɛ wadɔre ne deɛ ne ho yɛ den no, mɛsɛe wɔn. Mede tenenee bɛhwɛ nnwankuo no.
၁၆ပျောက်သောသိုးကို ငါရှာမည်။ သူတပါးနှင် သော သိုးကိုလိုက်၍ ဆောင်ခဲ့မည်။ အရိုးကျိုးသော သိုးကိုအဝတ်နှင့်စည်းမည်။ အားနည်းသော သိုးကိုမစ မည်။ ဆူဖြိုး၍အားရှိသောသိုးကိုကား၊ တရားအတိုင်း ကျွေးမွေး၍ ကွပ်မျက်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17 “‘Na mo, me nnwankuo, yei ne deɛ Otumfoɔ Awurade seɛ: Mɛbu odwan baako ne ɔfoforɔ ntam atɛn ne mpapo ne nnwennini ntam.
၁၇အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့သိုးတို့၊ တိရစ္ဆာန်အမျိုးမျိုးတို့ကို၎င်း၊ သိုးထီးနှင့် ဆိတ်ထီးတို့ကို၎င်း ငါပိုင်းခြားမည်။
18 Adidibea papa a modidi soɔ no, ɛyɛ ade ketewa ma mo anaa? Ɛsɛ sɛ mode mo nan tiatia mo adidibea a aka no nso so anaa? Ɛnsɔ mo ani sɛ monom nsuo a ani yɛ korɔgyenn anaa? Ɛsɛ sɛ mode mo nan hono nkaeɛ no anaa?
၁၈သင်တို့သည် ကောင်းသောကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သော မြက်ပင်ကိုနင်းသော အမှုသည်သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သော ရေကို သောက်သည်သာမက၊ ကျန်သော ရေကိုခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ် သည်ဟု ထင်မှတ်ကြသလော။
19 Ɛsɛ sɛ me nnwankuo di deɛ moatiatia so na wɔnom deɛ mode mo nan ahono anaa?
၁၉သင်တို့နင်းသောမြက်ပင်ကို၎င်း၊ ခြေနှင့်နောက် စေသော ရေကို၎င်း၊ ငါ့သိုးတို့သည် စားသောက်ရကြ မည်လော။
20 “‘Ɛno enti sei na Otumfoɔ Awurade ka kyerɛ wɔn: Monhwɛ, me ara mɛbu nnwan a wɔadɔre ne nnwan a wɔafonfɔn ntam atɛn.
၂၀သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
21 Esiane sɛ, mode mo nkyɛnmu ne mmatire puapua nnwan a wɔnni ahoɔden na mode mo mmɛn pempem wɔn kɔsi sɛ mobɛpam wɔn akɔ akyirikyiri enti,
၂၁သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့်၎င်း၊ ပခုံးနှင့်၎င်း တိုး၍ ချိုနှင့်ခွေ့သောကြောင့်၊
22 mɛgye me nnwankuo na wɔrenfom wɔn bio. Mɛbu odwan baako ne ɔfoforɔ ntam atɛn.
၂၂ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။
23 Mɛma odwanhwɛfoɔ baako, me ɔsomfoɔ Dawid, ahwɛ wɔn so, na ɔbɛyɛn wɔn na wayɛ wɔn hwɛfoɔ.
၂၃သိုးထိန်းတဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။
24 Na me, Awurade, mɛyɛ wɔn Onyankopɔn na me ɔsomfoɔ Dawid ayɛ wɔn mu ɔberempɔn. Me Awurade na maka.
၂၄ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်ရ လိမ့်မည်။ ငါထာဝရဘုရားပြောပြီ။
25 “‘Me ne wɔn bɛyɛ asomdwoeɛ apam na matɔre nkekaboa ase wɔ asase no so sɛdeɛ wɔbɛtumi atena ɛserɛ so na wɔadeda kwaeɛ mu asomdwoeɛ mu.
၂၅သူတို့နှင့်ငြိမ်သက်ခြင်း ပဋိညာဉ်ကို ငါဖွဲ့၍၊ ဆိုးသောသားရဲတို့ကို ထိုပြည်၌ပယ်ဖြတ်မည်။ သူတို့သည် လွင်ပြင်၌ ငြိမ်ဝပ်စွာနေ၍ တော၌အိပ်ပျော်ကြလိမ့်မည်။
26 Mɛhyira wɔn ne mmea mmea a atwa me kokoɔ ho ahyia. Mɛtɔ bosuo wɔ ne berɛ mu, na ɛbɛyɛ nhyira bosuo.
၂၆သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကို၎င်း ငါကောင်းကြီးပေး၍၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည်။
27 Mfuo so nnua bɛso wɔn aba na asase no nso abɔ nʼaduane. Nnipa no bɛtena wɔn asase so dwoodwoo. Mɛbubu wɔn kɔnnua na magye wɔn afiri wɔn a wɔde wɔn yɛɛ nkoa nsam na wɔbɛhunu sɛ mene Awurade no.
၂၇တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။
28 Amanaman no renyɛ wɔn fomfa adeɛ bio, na wiram mmoa nso renkyere wɔn nnwe. Wɔbɛtena asomdwoeɛ mu na obiara renhunahuna wɔn.
၂၈နောက်တဖန်တပါး အမျိုးသားတို့သည် မလု မယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။
29 Na mɛma wɔn asase a ɛso nnɔbaeɛ ama agye din, na aduanekɔm renne wɔn wɔ asase no so na wɔrenyɛ ahohora mma amanaman no.
၂၉အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည်။ နောက်တဖန်ပြည်၌ အစာအဟာရ ခေါင်း ပါး၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ။ တပါး အမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။
30 Afei wɔbɛhunu sɛ me Awurade, wɔn Onyankopɔn ne wɔn wɔ hɔ, na wɔn, Israel efie yɛ me nkurɔfoɔ, Otumfoɔ Awurade asɛm nie.
၃၀သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်းကို၎င်း၊ ဣသရေလအမျိုးသား တည်းဟူသောသူတို့သည် ငါ၏လူဖြစ်ကြောင်းကို၎င်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
31 Mo, me nnwan, mʼadidibea nnwan yɛ me nkurɔfoɔ, na mene mo Onyankopɔn, Otumfoɔ Awurade asɛm nie.’”
၃၁ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ့သိုးတို့၊ သင်တို့သည်လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ ဘုရား သခင်ဖြစ်သည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။

< Hesekiel 34 >