< Hesekiel 3 >

1 Awurade ka kyerɛɛ me sɛ, “Onipa ba, di deɛ wohunu wɔ wʼanim no, di saa nwoma mmobɔeɛ yi, na afei kɔ na kɔkasa kyerɛ Israelfoɔ.”
တဖန်၊ အချင်းလူသား၊ သင်တွေ့သောအရာကို စားလော့။ ဤစာလိပ်ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသားတို့ရှိရာသို့ သွား၍ဟော ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
2 Enti mebuee mʼanom na ɔde nwoma mmobɔeɛ no maa me diiɛ.
ငါသည်ပစပ်ကိုဖွင့်စဉ် ထိုစာလိပ်ကို ခွံ့တော်မူ လျက်၊
3 Afei ɔka kyerɛɛ me sɛ, “Onipa ba, di saa nwoma mmobɔeɛ a mede rema wo yi. Fa hyɛ wo yafunu ma.” Enti mediiɛ, na na ɛyɛ dɛ te sɛ ɛwoɔ wɔ mʼanom.
အချင်းလူသား၊ ငါပေးသော ဤစာလိပ်ကို စား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည် စား၍ပစပ်၌ပျားရည်ကဲ့သို့ ချို၏။
4 Na ɔka kyerɛɛ me sɛ, “Onipa ba, afei kɔ Israelfoɔ hɔ kɔka me nsɛm kyerɛ wɔn.
တဖန်၊ အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ရှိရာသို့သွား၍ ငါ့စကားကို ဟောပြောလော့။
5 Ɛnyɛ nnipa bi a wɔn kasa mu nte anaa ɛyɛ dene nkyɛn na meresoma woɔ, mmom meresoma wo Israelfoɔ hɔ.
သင်မသိမကျွမ်း၊ နာလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလအမျိုးရှိရာသို့ စေလွှတ်၏။
6 Ɛnyɛ nnipa bebree a wɔn kasa mu nteɛ na ɛyɛ den. Ɛnyɛ wɔn a wonte wɔn kasa ase nkyɛn. Ampa, sɛ mesomaa wo nnipa a wɔnte wo kasa a, anka wɔtiee wo.
သင်မသိမကျွမ်း၊ နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သော စကားကို ပြောတတ်သော လူအမျိုးမျိုးတို့ ရှိရာသို့စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့ စေလွှတ်လျှင်၊ သင့်စကားကို နားထောင်ကြလိမ့်မည်။
7 Nanso Israelfoɔ mpɛ sɛ wɔtie wo, ɛfiri sɛ wɔmpɛ sɛ wɔtie me. Israel nyinaa ayɛ akoma pirim ne asoɔden.
ဣသရေလအမျိုးတို့မူကား၊ သင့်စကားကို နားမထောင်ကြ။ ငါ့စကားကိုပင် နားမထောင်ကြ။ ဣသရေလအမျိုးသားအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့်ခိုင်မာသော နှလုံးရှိကြ၏။
8 Ɛno enti, mɛma woayɛ asoɔden ne akomapirim te sɛ wɔn.
သို့ရာတွင်၊ သူတို့မျက်နှာတဘက်၌ သင်၏ မျက်နှာကို၎င်း၊ သူတို့နဖူးတဘက်၌ သင်၏နဖူးကို၎င်း ငါခိုင်ခံ့စေပြီ။
9 Mɛyɛ wo aniɔden te sɛ ɛboɔ, deɛ ɛyɛ den sene twerɛboɔ. Nsuro wɔn, na mma wɔmmɔ wo hu, ɛwom sɛ wɔyɛ atuatefoɔ deɛ.”
သင်၏နဖူးကို ကျောက်ထက်မက၊ စိန်ထက် သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည်မကြောက်နှင့်။ သူတို့မျက်နှာရည် ကြောင့် စိတ်မပျက်နှင့်ဟု မိန့်တော်မူ၏။
10 Na ɔka kyerɛɛ me sɛ, “Onipa ba, tie me nsɛm a meka kyerɛ wo no yie na dwene ho wɔ wʼakoma mu.
၁၀တဖန်၊ အချင်းလူသား၊ သင့်အားငါပြောလတံ့ သမျှသော စကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။
11 Afei, kɔ wo nkurɔfoɔ a wɔwɔ nnommumfa mu na kasa kyerɛ wɔn. Ka kyerɛ wɔn sɛ, ‘Sei na Otumfoɔ Awurade seɛ,’ sɛ wɔbɛtie oo, sɛ wɔrentie oo.”
၁၁သိမ်းသွားခြင်းကို ခံရသော သင်၏အမျိုးသား ချင်းတို့ရှိရာသို့သွား၍၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ဟု၊ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
12 Na Honhom no pagyaa me kɔɔ soro na metee sɛ nnyegyeeɛ denden bi reworo so wɔ mʼakyi sɛ, Nhyira nka Awurade animuonyam wɔ deɛ ɔteɛ hɔ!
၁၂ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ ထာဝရ ဘုရားကျိန်းဝပ်တော်မူရာ အရပ်မှ ဘုန်းတော်သည် မင်္ဂလာရှိစေသတည်းဟု၊ ငါ့နောက်၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား၏။
13 Na ɛyɛ nnyegyeeɛ a ɛfiri ateasefoɔ no ntaban a ɛtwitwi ho ne ntwahonan a ɛwowɔ wɔn ho no. Nnyegyeɛ denden a ɛworo soɔ.
၁၃တခုနှင့်တခုစပ်လျက်ရှိသော သတ္တဝါတို့၏ အတောင်များမြည်သံကို၎င်း၊ သူတို့အနားမှာ ဘီးများ မြည်သံကို၎င်း၊ ကြီးစွာသော လှုပ်ရှားခြင်းအသံကို၎င်း ငါကြားရ၏။
14 Honhom no pagyaa me kɔɔ soro de me kɔɔ baabi. Mekɔɔ no nwononwono mu ne honhom mu abufuo so, a na Awurade tumi yɛ kɛse wɔ me so.
၁၄ဝိညာဉ်တော်သည် ငါ့ကိုချီသွားတော်မူ၍၊ ငါသည်ခါးသောစိတ်၊ ပူပန်သောစိတ်နှင့်လိုက်ရ၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ လေးလံ စွာ တင်လျက်ရှိ၏။
15 Mebaa nnommumfoɔ a wɔtete Tel Abib a ɛbɛn Asubɔnten Kebar no nkyɛn. Na ɛhɔ, me ne wɔn tenaa nnanson, na me ho dwirii me.
၁၅သိမ်းသွားခြင်းကိုခံရ၍၊ ခေဗာမြစ်နား၊ တေလ ဗိဗရွာမှာ နေရာကျသော သူတို့ရှိရာသို့ ငါရောက်၍၊ သူတို့နေရာအရပ်၌ ခုနစ်ရပ်ပတ်လုံး မိန်းမောတွေဝေ လျက်နေ၏။
16 Nnanson akyi no, Awurade asɛm baa me nkyɛn sɛ:
၁၆ခုနစ်ရက်လွန်မှ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
17 “Onipa ba, mayɛ wo ɔwɛmfoɔ ama Israel; ɛno enti tie asɛm a meka no, na bɔ wɔn kɔkɔ a ɛfiri me.
၁၇အချင်းလူသား၊ သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိ ပေးသောစကားကို နားထောင်၍ သူတို့အား ဆင့်ဆို လော့။
18 Sɛ meka kyerɛ omumuyɛfoɔ sɛ, ‘Ampa ara wobɛwu’ na sɛ woammɔ no kɔkɔ anaasɛ woankasa ankyerɛ no amma wantwe ne ho amfiri nʼakwammɔne ho annya nkwa a, saa omumuyɛfoɔ no bɛwu wɔ ne bɔne mu, na mɛma woabu ne mogya ho akonta.
၁၈သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည်သတိမပေး၊ လူဆိုး၏ အသက် ကို ချမ်းသာစေခြင်းငှါ၊ လူဆိုးအား သတိပေးသောစကား ကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေ လိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။
19 Nanso sɛ wobɔ omumuyɛfoɔ no kɔkɔ na sɛ wansakyera amfiri nʼamumuyɛ anaa nʼakwammɔne ho a, ɔbɛwu wɔ ne bɔne mu, nanso na woagye wo ho nkwa.
၁၉သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက် နှင့်သူသည် မိမိပြုသော ဒုစရိုက်ကို၎င်း၊ မိမိလိုက်သော အဓမ္မလမ်းကို၎င်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက် ဝိညာဉ်ကို ကယ်နှုတ်လေပြီ။
20 “Bio, sɛ ɔteneneeni dane firi tenenee ho kɔyɛ bɔne a, mede suntidua bɛto nʼanim ama no ahwe ase, na wawu. Sɛ woammɔ no kɔkɔ enti, ɔbɛwu wɔ ne bɔne mu. Adetenenee ahodoɔ a ɔyɛeɛ no, wɔrenkae, na mɛma woabu ne mogya ho akonta.
၂၀တဖန်တုံ၊ ဖြောင့်မတ်သောသူသည်ဖေါက်ပြန်၍ ဒုစရိုက်ကိုပြု လျှင်၎င်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာငါထားလျှင်၎င်း သူသည် သေလိမ့်မည်။ သင်သည်သတိမပေးသောကြောင့်၊ သူသည်မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဘူးသော တရားကို ပမာဏမပြုရ။ သူ၏ အသက်ကိုကား၊ သင်၌ငါတောင်းမည်။
21 Nanso sɛ wobɔ ɔteneneeni no kɔkɔ sɛ ɔnnyae bɔneyɛ na ɔgyae a, ɔbɛnya nkwa, ɛfiri sɛ ɔtiee kɔkɔbɔ, na wo nso wobɛgye wo ho nkwa.”
၂၁သို့မဟုတ်၊ ဖြောင့်မတ်သော သူသည်ဒုစရိုက်ကို မပြုမည်အကြောင်း၊ သည်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသောကျေးဇူး ကြောင့် စင်စစ်အသက်ချမ်းသာလိမ့်မည်။ သင်သည် လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟု မိန့်တော်မူ၏။
22 Na Awurade tumi baa me so wɔ hɔ, na ɔka kyerɛɛ me sɛ, “Sɔre na kɔ ɛserɛ no so, na ɛhɔ na mɛkasa akyerɛ wo.”
၂၂တဖန် ထာဝရဘုရား၏လက်တော်သည် ငါ့ အပေါ်မှာ တင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့ သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည် အတိုင်း၊
23 Enti mesɔre kɔɔ ɛserɛ no so. Na Awurade animuonyam te sɛ deɛ mehunuu wɔ Asubɔnten Kebar ho no gyina hɔ, na mede mʼanim butuu fam.
၂၃ငါသည် ထ၍လွင်ပြင်သို့သွား၏။ ရောက်သော အခါ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော ထာဝရဘုရား၏ ဘုန်းတော်သည် ရပ်တော်မူ၍၊ ငါသည် ပြပ်ဝပ်လျက် နေ၏။
24 Afei, Honhom no bɛhyɛɛ me mu na ɔpagyaa me gyinaa me nan so. Ɔka kyerɛɛ me sɛ, “Kɔ na kɔto wo ho ɛpono mu wɔ wo efie.
၂၄ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ် နေစေလျက်၊ သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်၍ နေလော့။
25 Na wo, onipa ba, wɔde ntampehoma bɛkyekyere wo sɛdeɛ worentumi mpue nkɔ nnipa no mu.
၂၅အချင်းလူသား၊ သင်သည်ကြိုးနှင့်ချည်နှောင် ခြင်းကို ခံ၍ သူတို့တွင် မထွက်ရ။
26 Na mɛma wo tɛkrɛma atare wʼanomu sɛdeɛ wobɛmua wʼano a worentumi nka wɔn anim, ɛfiri sɛ wɔyɛ atuatefoɔ
၂၆သင်သည် သူတို့ကို မဆုံးမဘဲနေစေခြင်းငှါ၊ စကားအလျက်သင့် လျှာကိုအာခေါင်၌ ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။
27 Nanso sɛ mekasa kyerɛ wo a, mɛbue wʼano ama waka akyerɛ wɔn sɛ, ‘Sɛdeɛ Otumfoɔ Awurade seɛ nie!’ Deɛ ɔbɛtie no, ma no ntie, na deɛ ɔmpɛ sɛ ɔtie no, mma no nntie; na wɔyɛ atuatefoɔ.
၂၇သို့ရာတွင် သင့်အားငါပြောသောအခါ သင့်နှုတ် ကို ငါဖွင့်မည်။ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူ၏ ဟု သူတို့အား ဟောပြောရမည်။ နားထောင်သောသူသည် နားထောင်စေ၊ နားမထောင်သောသသည် နားမထောင် ဘဲနေစေ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်ကြ သည် ဟုမိန့်တော်မူ၏။

< Hesekiel 3 >