< Ɔsɛnkafoɔ 7 >
1 Edin pa yɛ sene aduhwam papa, na owuda yɛ sene awoda.
၁ကောင်းသောအသရေသည် နံ့သာဆီထက်သာ ၍ ကောင်း၏။ သေရသောနေ့သည်လည်း ဘွားမြင်သော နေ့ထက်သာရောကောင်း၏။
2 Ɛyɛ sɛ obi bɛkɔ ayie ase sene sɛ ɔbɛkɔ apontoɔ ase, ɛfiri sɛ owuo yɛ onipa biara hyɛberɛ na ɛsɛ sɛ ateasefoɔ hyɛ yei nso.
၂မသာအိမ်သို့ သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။
3 Awerɛhoɔ yɛ sene ɔsereɛ, ɛfiri sɛ, anim a ayɛ mmɔbɔ mmɔbɔ de akoma mu nsiesie pa ba.
၃ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ကောင်းတတ်၏။
4 Onyansafoɔ akoma wɔ ayie ase, nanso nkwaseafoɔ akoma wɔ ahosɛpɛfoɔ fie.
၄ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ ရှိ၏။
5 Ɛyɛ sɛ wɔbɛtie onyansafoɔ animka sene sɛ wɔbɛtie nkwaseafoɔ dwom.
၅လူမိုက်သီချင်းဆိုသောစကားကို နားထောင် သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ ကောင်း၏။
6 Sɛdeɛ nkasɛɛ turituri wɔ ɛsɛn ase no saa ara na nkwaseafoɔ sereɛ teɛ. Yei nso yɛ ahuhudeɛ.
၆အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်း သည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
7 Nsisie ma onyansafoɔ dane ɔkwasea, na kɛtɛasehyɛ sɛe akoma.
၇အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိ သောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။
8 Asɛm awieeɛ yɛ sene ne ahyɛaseɛ, na ntoboaseɛ yɛ sene ahantan.
၈အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။
9 Mma wʼakoma nsɔre ntɛm ntɛm na abufuo da wo nso sɛ ɔkwasea.
၉အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။
10 Ɛnka sɛ, “Adɛn enti na tete nna no yɛ sene ɛnnɛ mmerɛ yi?” Onyansafoɔ mmisa nsɛm sei.
၁၀ရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။
11 Nimdeɛ, sɛ agyapadeɛ no, yɛ adepa. Ɛho wɔ mfasoɔ ma wɔn a wɔhunu owia.
၁၁ပညာသည် အမွှေဥစ္စာကဲ့သို့ ကောင်း၍၊ နေကို မြင်သော သူတို့အား ကျေးဇူးပြုတတ်၏။
12 Sɛdeɛ nimdeɛ yɛ banbɔ no saa ara na sika nso teɛ, nanso nhunumu ho adeɛ a ɛyɛ ne sɛ: deɛ ɔwɔ nimdeɛ no bɔ ne nkwa ho ban.
၁၂အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
13 Dwene deɛ Onyankopɔn ayɛ ho: Hwan na ɔbɛtumi atene deɛ wayɛ ama akyea?
၁၃ဘုရားသခင်၏ အမှုတော်ကိုဆင်ခြင်လော့။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ ဖြောင့်စေ နိုင်သနည်း။
14 Mmere pa mu, ma wʼani nnye; nanso mmere bɔne mu, hunu sɛ Onyankopɔn na wayɛ ne nyinaa. Ɛno enti onipa ntumi nhunu deɛ ɛbɛto no daakye.
၁၄ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိ နောက်မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို လည်း အလှည့်လှည့်ပေးတော်မူ၏။
15 Me nkwa nna a ɛyɛ ahuhudeɛ yi mu, mahunu nneɛma mmienu: Ɔteneneeni a ɔwu wɔ ne tenenee mu, ne omumuyɛfoɔ a ɔtena ase kyɛ wɔ nʼamumuyɛ mu.
၁၅ငါသည် အချည်းနှီးနေသော ကာလ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကို၎င်း၊ အဓမ္မလူ သည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို၎င်း ငါမြင်၏။
16 Ɛnyɛ wo ho ɔteneneeni ntra so, na ɛnyɛ wo ho onyansafoɔ mmoro so, adɛn enti na wosɛe wo ho?
၁၆လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း။
17 Ɛnyɛ omumuyɛfoɔ ntra so, na ɛnyɛ ɔkwasea nso, adɛn enti na ɛsɛ sɛ wowu ansa na wo berɛ aso?
၁၇လွန်ကျူးစွာမဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန် မရောက်မှီ အဘယ်ကြောင့်သေချင်သနည်း။
18 Ɛyɛ sɛ wobɛsɔ baako mu nanso nnyaa deɛ aka no mu. Onipa a ɔsuro Onyankopɔn no bɛsi adeyɛ mmorosoɔ biara ano.
၁၈ဤစကားကိုစွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။
19 Nimdeɛ ma onyansafoɔ baako tumi bebree sene kuropɔn mu sodifoɔ edu.
၁၉မြို့ထဲမှာနေသောသူရဲတကျိပ်ထက် ပညာရှိ သောသူတယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုး ကြီး၏။
20 Onipa teneneeni biara nni asase so a ɔyɛ papa na ɔnyɛ bɔne da.
၂၀အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့် သော သူတော်ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာ မရှိ။
21 Mfa deɛ nnipa ka nyinaa nyɛ asɛm, anyɛ saa a, wobɛte sɛ wo ɔsomfoɔ redome wo,
၂၁သူတပါးပြောသမျှသော စကားတို့ကို မမှတ်နှင့်။ သို့ပြု လျှင်၊ ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။
22 na wonim wɔ wʼakoma sɛ, wo nso woadome nkurɔfoɔ mpɛn bebree.
၂၂သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာသိ၏။
23 Mede nimdeɛ asɔ yeinom nyinaa ahwɛ, na mekaa sɛ, “Masi mʼadwene pi sɛ mɛyɛ onyansafoɔ” nanso na yei boro me so.
၂၃ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရား အားဖြင့် စုံစမ်းပြီ။ ပညာနှင့်ငါပြည့်စုံမည်ဟုဆိုသော် လည်း၊ ပညာသည် ငါနှင့်ဝေး၏။
24 Sɛdeɛ nimdeɛ teɛ biara, ɛwɔ akyiri, na emu dɔ, hwan na ɔbɛtumi ahwehwɛ ahunu?
၂၄ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
25 Afei meyɛɛ mʼadwene sɛ mɛte aseɛ, ayɛ nhwehwɛmu na mapɛɛpɛɛ nimdeɛ ne sɛdeɛ nneɛma nhyehyɛeɛ teɛ na mate amumuyɛ mu agyimisɛm ase ne nkwaseasɛm mu abɔdamsɛm nso.
၂၅ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။
26 Mahunu deɛ ɛyɛ nwono sene owuo ɔbaa a ɔyɛ afidie; nʼakoma yɛ nnaadaa na ne nsa yɛ mpɔkyerɛ. Onipa a ɔsɔ Onyankopɔn ani no renkɔ ne ho nanso ɔbɔnefoɔ deɛ, ɔbɛtɔ nʼafidie mu.
၂၆ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
27 Ɔsɛnkafoɔ no sɛ, “Hwɛ yei ne deɛ mahwehwɛ ahunu: “Mekekaa nneɛma bobɔɔ so pɛɛ sɛ mehunu sɛdeɛ nneɛma nhyehyɛeɛ teɛ.
၂၇ဓမ္မဒေသနာဆရာ ဆိုသည်ကား၊ ငါရှာ၍ မ တွေ့သေး သောအရာကို တွေ့အံ့သောငှါ၊ တခုနောက် တခု စစ်ဆေးချင့်တွက်သောအခါ၊
28 Mereyɛ nhwehwɛ mu na menhunu hwee no, mehunuu ɔbarima teneneeni baako wɔ mmarima apem mu, nanso manhunu ɔbaa teneneeni biara wɔ wɔn mu.
၂၈ယောက်ျားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။
29 Yei nko ara na mahunu: Onyankopɔn yɛɛ adasamma teneneefoɔ, nanso nnipa adane wɔn ho hwehwɛ nhyehyɛeɛ foforɔ.”
၂၉ငါတွေ့သောအရာ တခုတည်းဟူမူကား၊ ဘုရား သခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူ သော်လည်း၊ လူတို့သည် များပြာသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။