< Asomafoɔ 25 >

1 Festo bɛsii Felike ananmu sɛ amrado wɔ Kaesarea no, ne nnansa so ɔkɔɔ Yerusalem.
ဖေတ္တု​သည်​ထို​နယ်​သို့​ရောက်​၍​သုံး​ရက်​ကြာ သော​အ​ခါ ကဲ​သ​ရိ​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​တက်​သွား​၏။-
2 Asɔfoɔ mpanin ne Yudafoɔ mpanin no de nsɛm a wɔwɔ tia Paulo no bɛtoo nʼanim.
ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် ပြစ်​မှု​အ​မျိုး​မျိုး ကို​ပေါ​လု​ကူး​လွန်​ခဲ့​ကြောင်း​ဖေတ္တု​အား စွဲ​ချက်​တင်​ကြ​၏။-
3 Esiane sɛ na wɔabɔ Paulo ho pɔ sɛ wɔbɛtɛ no ɛkwan so akum no enti, wɔsrɛɛ no sɛ wɔmma wɔmfa no mmra Yerusalem.
သူ​တို့​သည်​ပေါ​လု​ကို​လမ်း​တွင်​ချောင်း​မြောင်း ၍​သတ်​ရန် လျှို့​ဝှက်​ကြံ​စည်​ထား​ကြ​ပြီး​ဖြစ် ပေ​သည်။ သို့​ဖြစ်​၍​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု သည့်​အ​နေ​ဖြင့် ပေါ​လု​ကို​ယေ​ရု​ရှ​လင်​မြို့ သို့​ခေါ်​ဆောင်​ပေး​ရန်​ဖေတ္တု​အား​မေတ္တာ​ရပ်​ခံ ကြ​၏။-
4 Nanso, Festo buaa wɔn sɛ, ɛsiane sɛ Paulo da afiase wɔ Kaesarea na ɛrenkyɛre biara ɔno ankasa bɛkɔ hɔ enti,
ဖေတ္တု​က ``ပေါ​လု​အား​အ​စောင့်​အ​ကြပ်​နှင့် ကဲ​သ​ရိ​မြို့​တွင်​ထား​ရှိ​၏။ ငါ​ကိုယ်​တိုင် ထို​မြို့​သို့​မ​ကြာ​မီ​သွား​မည်။-
5 wɔn a wɔdi asɛm no anim no ne no nkɔ nkɔdi asɛm no wɔ hɔ.
သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​ငါ​နှင့်​အ​တူ လိုက်​၍ ပေါ​လု​၌​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​လျှင် စွပ်​စွဲ​ချက်​များ​ကို​ငါ့​ထံ​တင်​ပြ​ကြ​ပါ​စေ'' ဟု​ဆို​၏။
6 Festo dii bɛyɛ nnawɔtwe anaa dadu ansa na ɔresane aba Kaesarea. Ɔbɛduruu adekyeeɛ no, ɔtenaa adwa mu dii Paulo asɛm.
ဘု​ရင်​ခံ​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ် ရက်​ဆယ်​ရက်​နေ​ပြီး​နောက် ကဲ​သ​ရိ​မြို့​သို့ ထွက်​ခွာ​သွား​လေ​သည်။ နောက်​တစ်​နေ့​၌ တ​ရား​ခွင်​တွင်​ထိုင်​ကာ​ပေါ​လု​အား​ခေါ် သွင်း​ရန်​အ​မိန့်​ပေး​၏။-
7 Ɛberɛ a Paulo bɛduruu asɛnniiɛ hɔ no, Yudafoɔ a wɔfiri Yerusalem no twaa ne ho hyiaeɛ firii aseɛ kekaa nsɛm a ɛnyɛ nokorɛ too ne so.
ပေါလု​ရောက်​ရှိ​လာ​သော​အ​ခါ​ယေ​ရု​ရှ​လင် မြို့​မှ လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက်​ကြီး​လေး​သော ပြစ်​မှု​များ​နှင့်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။ သို့ သော်​ခိုင်​လုံ​သော​သက်​သေ​ကို​မ​ပြ​နိုင်​ကြ။-
8 Paulo yii ne ho ano sɛ, “Menni biribiara ho fɔ, ɛfiri sɛ, menkasa ntiaa Yudafoɔ mmara; menguu asɔredan ho fi, ɛnna menkasa ntiaa Roma aban nso.”
ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ပ​ညတ်​တ​ရား​ကို​ဖြစ်​စေ၊ ဗိ​မာန်​တော် ကို​ဖြစ်​စေ၊ ရော​မ​ဧ​က​ရာဇ်​မင်း​ကို​ဖြစ်​စေ ပြစ်​မှား​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ကူး​လွန် ခဲ့​ပါ'' ဟု​ချေ​ပ​ပြော​ဆို​၏။
9 Esiane sɛ na Festo pɛ sɛ ɔsɔ Yudafoɔ no ani enti, ɔbisaa Paulo sɛ, “Wopɛ sɛ mede wo kɔ Yerusalem kɔdi wʼasɛm wɔ hɔ anaa?”
ဖေတ္တု​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​မှ​မျက် နှာ​ရ​လို​သ​ဖြင့်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​သွား​၍ ငါ​၏​ရှေ့​တွင်​ဤ​စွပ်​စွဲ​ချက်​များ နှင့်​စပ်​လျဉ်း​၍​အ​စစ်​အ​ဆေး​ခံ​ပါ​မည် လော'' ဟု​ပေါ​လု​အား​မေး​၏။
10 Paulo buaa sɛ, “Esiane sɛ Ɔhempɔn Kaesare asɛnniiɛ na megyina enti, ɛha ara na ɛsɛ sɛ wɔdi mʼasɛm, bu me atɛn, ɛfiri sɛ menyɛɛ Yudafoɔ bɔne biara sɛdeɛ wo ara wonim no.
၁၀ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယ​ခု​ဧ​က​ရာဇ် ဘု​ရင်​တ​ရား​ခွင်​တွင် အ​စစ်​အ​ဆေး​ခံ​နိုင် ခွင့်​ကို​တောင်း​ဆို​ပါ​၏။ အ​ရှင်​အ​မှန်​သိ​တော် မူ​သည်​အ​တိုင်း​အ​ကျွန်ုပ်​သည် ယု​ဒ​အ​မျိုး သား​တို့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား​ခဲ့ ပါ။-
11 Sɛ mabu mmara so anaa mayɛ biribiara a ɛno enti ɛsɛ sɛ wɔbu me kumfɔ a, mensuro. Nanso, sɛ nsɛm a saa Yudafoɔ yi ka tia me no nyɛ nokorɛ a, obiara rentumi mfa me mma wɔn. Medwane metoa Ɔhempɔn Kaesare.”
၁၁အ​ကယ်​၍​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ကာ သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​မိ လျှင် အ​ကျွန်ုပ်​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​မည်​မ​ဟုတ်​ပါ။ သို့​သော်​ထို​သူ တို့​စွပ်​စွဲ​ချက်​များ​သည်​အ​ခြေ​အ​မြစ်​မ​ရှိ ပါ​လျှင် မည်​သူ​မျှ​အ​ကျွန်ုပ်​အား​သူ​တို့​၏ လက်​သို့​ပေး​အပ်​နိုင်​မည်​မ​ဟုတ်​ပါ။ အ​ကျွန်ုပ် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ပါ​၏'' ဟု လျှောက်​၏။
12 Festo ne ne mpanimfoɔ tuu agyina wieeɛ no, ɔka kyerɛɛ Paulo sɛ, “Esiane sɛ woadwane atoa Ɔhempɔn Kaesare no enti, yɛde wo bɛkɔ nʼanim.”
၁၂ထို​အ​ခါ​ဖေတ္တု​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် ``သင် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​သ​ဖြင့် ဧ​က​ရာဇ်​ဘု​ရင်​ထံ​သို့​သွား​ရ​မည်'' ဟု ဆို​၏။
13 Nna bi akyi no, Ɔhene Agripa ne Berenike baa Kaesarea bɛmaa Festo akwaaba.
၁၃ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ် တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​နေ​သော ဘု​ရင်​ခံ​ဖေတ္တု​အား​နှုတ်​ဆက်​ရန် ကဲ​သ​ရိ မြို့​သို့​လာ​ကြ​၏။-
14 Wɔwɔ hɔ no, Festo ne Ɔhene Agripa dii Paulo asɛm no ho nkɔmmɔ. Festo ka kyerɛɛ ɔhene no sɛ, “Ɔbarima bi wɔ ha a Felike gyaa no odeduani;
၁၄ထို​မြို့​တွင်​ရက်​အ​တော်​ကြာ​မျှ​တည်း​ခို​နေ ကြ​စဉ် ဖေတ္တု​သည်​ပေါ​လု​၏​အ​မှု​ကို​မင်း​ကြီး အား​ပြော​ပြ​၏။ ဖေတ္တု​က ``ဤ​အ​ရပ်​တွင်​ဖေ လဇ်​အ​ကျဉ်း​ချ​ထား​ခဲ့​သည့်​လူ​တစ်​ယောက် ရှိ​ပါ​၏။-
15 na mekɔɔ Yerusalem no, Yudafoɔ asɔfoɔ mpanimfoɔ ne mpanin kaa nsɛm bi tiaa no sɛ mennyina so mmu no kumfɔ.
၁၅ကျွန်ုပ်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​စဉ်​အ​ခါ​က ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် ကျွန်ုပ်​အား​ထို​သူ ကို​စွပ်​စွဲ​ချက်​တင်​ကြ​ပြီး​နောက် သူ့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​တောင်း​ဆို​ကြ​ပါ​၏။-
16 “Nanso, meka kyerɛɛ wɔn sɛ, Roma mmara mma ho kwan sɛ wɔbu obi fɔ ɛberɛ a wɔnnii nʼasɛm; wɔma no ho kwan na ɔyi ne ho ano wɔ asɛm a wɔka tia no no ho.
၁၆အ​ကျွန်ုပ်​က​တ​ရား​ခံ​တစ်​ယောက်​အား​တ​ရား​လို များ​နှင့်​မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​၍ သူ​တို့​၏​စွပ်​စွဲ ချက်​ကို​ချေ​ပ​ခွင့်​မ​ပေး​ဘဲ​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​မှာ ရော​မ​ဋ္ဌ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း​သူ တို့​အား​ဖြေ​ကြား​ခဲ့​ပါ​၏။-
17 Wɔbaeɛ no mansɛe berɛ koraa na adeɛ kyeeɛ no, mehyɛɛ sɛ wɔmfa no mmra na menni nʼasɛm.
၁၇သို့​ဖြစ်​၍​သူ​တို့​သည်​ဤ​မြို့​သို့​လာ​ရောက်​သော အ​ခါ အ​ကျွန်ုပ်​သည်​မ​ဆိုင်း​မ​ငံ့​ဘဲ​နောက်​တစ် နေ့​၌​တ​ရား​ခွင်​မှာ​ထိုင်​၍​ထို​သူ​ကို​အ​ခေါ် ခိုင်း​ပါ​၏။-
18 Nanso, wɔanka nsɛm a mesusuiɛ no mu biara anto ne so.
၁၈တ​ရား​လို​များ​သည်​ထ​၍​သူ့​အား​စွပ်​စွဲ​ပြော ဆို​ကြ​သော်​လည်း အ​ကျွန်ုပ်​ထင်​သည့်​ပြစ်​မှု များ​ဖြင့်​မ​ဟုတ်​ပါ။-
19 Nsɛm a wɔkaeɛ no fa wɔn nyamesom ne ɔbarima bi a wɔfrɛ no Yesu a ɔwuiɛ nanso Paulo ka sɛ ɔte ase no ho.
၁၉သူ​တို့​၏​ဘာ​သာ​တ​ရား​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ ယေ​ရှု​ဆို​သူ​အ​ကြောင်း​နှင့်​ပတ်​သက် ၍​လည်း​ကောင်း၊ အ​ငြင်း​ပွား​မှု​သာ​ဖြစ်​ပါ သည်။ ထို​ယေ​ရှု​သည်​သေ​လွန်​သွား​သော်​လည်း အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု​ပေါ​လု​က​ဆို ပါ​သည်။-
20 Esiane sɛ na asɛm no kyere mʼadwene no enti, mebisaa Paulo sɛ ɔpɛ sɛ mekɔdi nʼasɛm wɔ Yerusalem anaa?
၂၀ထို​ပြ​ဿ​နာ​များ​ကို​ဖြေ​ရှင်း​ရန်​ကျွန်ုပ်​မှာ မ​ကျွမ်း​သ​ဖြင့် ပေါ​လု​အား `သင်​သည်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ပြီး​လျှင် ဤ​စွပ်​စွဲ​ချက်​များ နှင့်​စပ်​လျဉ်း​၍​အ​စစ်​အ​ဆေး​ခံ​လို​ပါ သ​လော' ဟု​မေး​ပါ​၏။-
21 Nanso, Paulo dwane toaa Ɔhempɔn Kaesare. Enti mesane maa wɔde no kɔtoo afiase kɔsi ɛberɛ a metumi de no akɔ Ɔhempɔn Kaesare anim.”
၂၁သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​က​ရာဇ်​ဘု​ရင်​မင်း​၏ အ​ဆုံး​အ​ဖြတ်​ကို​သာ​ခံ​ယူ​လို​ကြောင်း​ပြော ပြ​ပါ​သည်။ သူ​သည်​မိ​မိ​အား​အ​ချုပ်​နှင့်​ပင် ထား​ရှိ​၍ ဧ​က​ရာဇ်​မင်း​၏​အ​ဆုံး​အ​ဖြတ်​ကို ခံ​လို​ကြောင်း​ပန်​ကြား​သ​ဖြင့် သူ့​ကို​ဧ​က​ရာဇ် မင်း​ထံ​ပို့​အပ်​ချိန်​အ​ထိ​ချုပ်​ထား​ရန်​အ​မိန့် ပေး​ခဲ့​ပါ​သည်'' ဟု​ဆို​၏။
22 Ɔhene Agripa ka kyerɛɛ Festo sɛ, “Mepɛ sɛ mʼankasa metie nʼano asɛm.” Festo ka kyerɛɛ no sɛ, “Ɔkyena mede no bɛba na woatie nʼano asɛm.”
၂၂အ​ဂြိပ္ပ​မင်း​က ``ထို​သူ​ပြော​ကြား​သည်​ကို ကျွန်ုပ်​ကိုယ်​တိုင်​ကြား​လို​ပါ​သည်'' ဟု​ဆို လျှင်​ဖေတ္တု​က ``ထို​သူ​ပြော​ကြား​သည်​ကို နက်​ဖြန်​ကြား​ရ​ပါ​စေ​မည်'' ဟု​ဆို​၏။
23 Adeɛ kyeeɛ no, Ɔhene Agripa ne Berenike de ahyehyɛ ne ahokeka de asraafoɔ mpanimfoɔ ne kuro no mu mpanin kaa ne ho kɔɔ asɛnniiɛ hɔ. Festo hyɛ maa wɔde Paulo baa asɛnniiɛ hɔ.
၂၃သို့​ဖြစ်​၍​နောက်​တစ်​နေ့​၌​အ​ဂြိပ္ပ​မင်း​နှင့်​မိ ဖု​ရား​ဗေ​ရ​နိတ်​တို့​သည် ခမ်း​နား​ကြီး​ကျယ် သော​အ​ဆောင်​အ​ယောင်​များ​နှင့်​တ​ကွ​တပ်​မှူး များ၊ မြို့​ပေါ်​ရှိ​ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​များ နှင့်​အ​တူ​ကြွ​လာ​လျက် ညီ​လာ​ခံ​ခန်း​မ​ကြီး သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ​ဖေတ္တု​၏​အ​မိန့် အ​ရ ပေါ​လု​အား​ခေါ်​သွင်း​ကြ​၏။-
24 Festo kaa sɛ, “Ɔhene Agripa ne mo a moahyia ha nyinaa, saa ɔbarima yi na Yudafoɔ a wɔwɔ ha ne Yerusalem no aka nsɛm atia no, de no abrɛ me sɛ memmu no kumfɔ no,
၂၄ဖေတ္တု​က ``အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​ကြွ​ရောက်​လာ သော​သူ​အ​ပေါင်း​တို့၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ဤ မြို့​တွင်​ရှိ​သည့်​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း တို့​က `ဤ​သူ​ကို​အ​ရှင်​မ​ထား​သင့်​ပါ' ဟု ကြွေး​ကြော်​ကာ​ကျွန်ုပ်​ထံ​လျှောက်​ထား​ခဲ့ ကြ​၏။ ထို​သို့​လျှောက်​ထား​ခြင်း​ခံ​ရ​သူ ကား​ဤ​သူ​ပင်​တည်း။-
25 nanso mannya asɛm biara annyina so a mede bɛbu no kumfɔ. Esiane sɛ ɔno ankasa dwane toaa Ɔhempɔn Kaesare no enti, mayɛ mʼadwene sɛ mede no bɛkɔ nʼanim.
၂၅သူ​သည်​သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ကူး​လွန်​ကြောင်း​ကို ကျွန်ုပ် အ​နေ​ဖြင့်​သိ​ပါ​၏။ သို့​ရာ​တွင်​သူ​ကိုယ်​တိုင် က​ဘု​ရင်​ဧ​က​ရာဇ်​မင်း​ထံ​တွင်​အ​ယူ​ခံ ပါ​မည်​ဟု​ဆို​သ​ဖြင့် သူ့​ကို​ဘု​ရင်​မင်း​မြတ် ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ကျွန်ုပ်​ဆုံး​ဖြတ် ခဲ့​ပါ​၏။-
26 Esiane sɛ menni asɛm pɔtee bi a mɛtwerɛ akɔma Ɔhempɔn Kaesare enti, na mede no aba wo Ɔhene Agripa anim sɛ, sɛ wowie wo nhwehwɛmu a, manya biribi agyina so matwerɛ ne ho asɛm.
၂၆သူ​နှင့်​ပတ်​သက်​၍​ဘု​ရင်​ဧ​က​ရာဇ်​မင်း အား တိ​တိ​ကျ​ကျ​သံ​တော်​ဦး​တင်​စ​ရာ အ​ကြောင်း​တစ်​ခု​မျှ​ကျွန်ုပ်​မှာ​မ​ရှိ​ပါ။ ထို့ ကြောင့်​ထို​သူ​အား​သင်​တို့​၏​ရှေ့​သို့​ခေါ် ဆောင်​လာ​ခြင်း​ဖြစ်​ပါ​၏။ အ​ထူး​သ​ဖြင့် အ​ဂြိပ္ပ​မင်း​ကြီး​ရှေ့​တော်​သို့​ခေါ်​ဆောင် လာ​ပါ​၏။ ဤ​သို့​ခေါ်​ဆောင်​လာ​ခြင်း​မှာ သူ့​အား​မင်း​ကြီး​စစ်​ဆေး​မေး​မြန်း​ပြီး သော​အ​ခါ ကျွန်ုပ်​အ​စီ​ရင်​ခံ​စာ​ရေး​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ​နိုင်​မည် ပင်​ဖြစ်​ပါ​သည်။-
27 Mennye nni sɛ nteaseɛ wom sɛ mede odeduani bɛkɔ nʼanim a mentwerɛɛ biribi pɔtee bi a ɛtia no!”
၂၇စွဲ​ချက်​တစ်​စုံ​တစ်​ရာ​ကို​မ​ဖော်​ပြ​ဘဲ အ​ကျဉ်း​သား​တစ်​ယောက်​ကို​စေ​လွှတ်​သော် မ​လျော်​မ​သင့်​ဖြစ်​မည်​ကျွန်ုပ်​ထင်​ပါ​သည်'' ဟု​ဆို​၏။

< Asomafoɔ 25 >