< 2 Samuel 12 >
1 Awurade somaa odiyifoɔ Natan sɛ ɔnkɔka abasɛm yi nkyerɛ Dawid: “Na mmarima baanu bi te kuro bi so. Na mmarima no mu baako yɛ osikani, na deɛ ɔka ho no nso yɛ ohiani.
၁နောက် တဖန် ထာဝရဘုရား သည် ပရောဖက်နာသန် ကို ဒါဝိဒ် ထံသို့ စေလွှတ် တော်မူသဖြင့် ၊ နာသန် သည်ဝင် ၍ ၊ အရှင်မင်းကြီး၊ ဤမည်သောမြို့ တွင် သူဌေး တဦး ၊ ဆင်းရဲသား တဦး ရှိ ပါ၏။
2 Na osikani no wɔ nnwan ne anantwie bebree,
၂သူဌေး သည် အလွန် များစွာ သော သိုး နွား မှ စသည်တို့နှင့် ကြွယ်ဝပြည့်စုံပါ၏။
3 ohiani no deɛ, na ɔnni hwee ka odwanbereɛ ketewa bi a ɔtɔɔ no ho. Ɔyɛn no maa ɔne ɔno ankasa mma nyini boom. Na ɔne aboa no di nʼaduane, nom firi ne kuruwa mu, na nna mu nso, na daa ɔda nʼabasa so. Na ɔte sɛ ɔbabaa ma no.
၃ဆင်းရဲသား မူကား၊ မိမိဝယ် ၍ မွေးစား သော သိုးမ ကလေးတကောင် တည်းမှတပါး အခြားသော ဥစ္စာ မ ရှိပါ။ ထိုသိုးမကလေးသည် အရှင် နှင့် ၎င်း၊ အရှင် ၏ သားသမီး တို့နှင့် ၎င်း ပေါင်း၍ ကြီးပွား ၏။ အရှင် ၏ အစာ ကို စား တတ်၏။ အရှင် ၏ရေခွက် ၌ သောက် တတ်၏။ အရှင် ၏ ရင်ခွင် ၌ အိပ် ၍ သမီး ကဲ့သို့ ဖြစ် ၏။
4 “Ɛda koro bi, ɔhɔhoɔ bi baa osikani no nkyɛn, nanso wankum ne nnwan anaa ne nantwie annoa aduane amfa ansom no hɔhoɔ. Na mmom, ɔkɔkyeree ohiani no odwanbereɛ no, de yɛɛ aduane maa ɔhɔhoɔ a wabɛsoɛ no no.”
၄သူဌေး အိမ်သို့ ဧည့်သည် တဦးရောက် ၍ သူဌေးသည် ဧည့်သည် ကို လုပ်ကျွေး ဘို့ မိမိ သိုး နွား များကို နှမြော သောကြောင့်မယူ၊ ဆင်းရဲသား ၏သိုးမ ကလေးကိုယူ ၍ ဧည့်သည်ကို လုပ်ကျွေး ဘို့ ချက်ပါသည်ဟု လျှောက် လေသော်၊
5 Dawid tee asɛm no, ne bo fuu saa ɔbarima no yie, na ɔka kyerɛɛ Natan sɛ, “Mmerɛ dodoɔ a Awurade te ase yi, ɛfata sɛ ɔbarima a ɔyɛɛ saa no wuo.
၅ဒါဝိဒ် သည် ထိုသူဌေးကိုပြင်းစွာ အမျက် ထွက် ၍ ၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ထိုသို့ ပြု သောသူသည် အမှန် သေ ရမည်။
6 Ɛsɛ sɛ ɔtua odwanbereɛ no ka mmɔ ho ɛnan sɛ ɔyɛɛ bɔne saa a wannya ahummɔborɔ biara.”
၆ကရုဏာ စိတ်မ ရှိဘဲထို အမှု ကိုပြု သောကြောင့် ၊ ထိုသိုးမ ကလေးအတွက် လေးဆ ပြန်ပေး ရမည်ဟု မိန့် တော်မူ၏။
7 Ɛhɔ ara, Natan ka kyerɛɛ Dawid sɛ, “Wone saa ɔbarima no! Awurade, Israel Onyankopɔn, se, ‘Mesraa wo sɛ Israelhene, gyee wo firii Saulo tumi ase.
၇နာသန် ကလည်း ၊ ထို သူ သည်ကား အခြားသူမဟုတ်။ ကိုယ်တော် ပင် ဖြစ်ပါ၏။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် ဘိသိက် ပေး၍ သင့် ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထားပြီ။ ရှောလု လက် မှ လည်း ကယ်လွှတ် ပြီ။
8 Mede ne fie ne ne yerenom ne Israel ne Yuda ahemman maa wo. Na sɛ na ɛnonom nnɔɔso a, anka mɛma wo bebree aka ho.
၈သင့် သခင် ၏ အဆွေအမျိုး ကို၎င်း၊ သင့် သခင် ၏ မယား တို့ကို၎င်း၊ သင် ၏ရင်ခွင် ၌ ငါအပ်ပေး ပြီ။ ဣသရေလ အမျိုး နှင့် ယုဒ အမျိုးကို ငါပေး ပြီ။ ထိုအရာများ မလောက် လျှင် အခြားတပါးသောအရာရာတို့ကိုပေး ခြင်းငှါ ငါအလိုရှိ၏။
9 Adɛn enti na woabu Awurade asɛm animtia, na woayɛ bɔne a ɛte saa? Woakum Hetini Uria, awia ne yere.
၉သင်သည်ထာဝရဘုရား ၏ ပညတ် တရားတော်ကို မထီမဲ့မြင် ပြု၍ ရှေ့ တော်၌ဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်း။ ဟိတ္တိ လူ၊ ဥရိယ ၏အသက် ကို ထား ဖြင့် သတ်၍ သူ ၏မယား ကို သိမ်း လေပြီတကား။ ထိုသူ ကို အမ္မုန် အမျိုးသား ထား နှင့် သတ် လေပြီတကား။
10 Ɛfiri ɛnnɛ rekorɔ, akofena na ɛbɛyɛ ahunahunadeɛ ama wo fiefoɔ, ɛfiri sɛ, woabu me animtia, afa Hetini Uria yere de no ayɛ wo yere.’
၁၀ယခု မှာသင်သည် ငါ့ ကို မထီမဲ့မြင် ပြု၍ ဟိတ္တိ လူ၊ ဥရိယ ၏မယား ကို သိမ်း သောကြောင့် ၊ သင့် အဆွေအမျိုး တို့သည် ထား ဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။
11 “Esiane deɛ woayɛ yi enti, me Awurade, mɛma wʼankasa fidua mufoɔ asɔre atia wo. Mede wo yerenom bɛma ɔbarima foforɔ, na ɔne wɔn bɛda ama obiara ahunu.
၁၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ၌ ရန်ဘက် ပြုသောသူကို သင် ၏အဆွေအမျိုး တို့အထဲက ငါ ပေါ် စေမည်။ သင့် မျက်မှောက် တွင် သင် ၏မယား တို့ကို ငါယူ ၍ သင့် အိမ်နီးချင်း ၌ အပ် သဖြင့် ၊ သူသည် နေ ရှေ့ မှာ သင် ၏မယား တို့နှင့် ပေါင်းဘော် လိမ့်မည်။
12 Woyɛɛ yei wɔ kɔkoam, nanso mɛma deɛ ɛreba wo so no ada dwa, ama Israel nyinaa ahunu.”
၁၂သင် သည် ဤ အမှု ကိုမထင်မရှား ပြု သော်လည်း ၊ နေ ရှေ့ မှာ ငါ လှန်ပြ မည်ဟု ထာဝရဘုရားမိန့်တော်မူ သောစကားကိုပြန်ကြားလေ၏။
13 Na Dawid ka kyerɛɛ Natan sɛ, “Mayɛ bɔne atia Awurade.” Natan buaa sɛ, “Awurade ayi wo bɔne no afiri wo so. Worenwu.
၁၃ဒါဝိဒ် ကလည်း ၊ ငါသည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု နာသန် အား ဝန်ချ၍ နာသန် က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ ထာဝရဘုရား သည် ကိုယ်တော် အပြစ် ကို ပယ် တော်မူပြီ။
14 Nanso, sɛ woama Awurade atamfoɔ ɛkwan sɛ wɔmmu no animtia, ngu ne din ho fi enti, ɔba a wɔbɛwo no ama wo no bɛwu.”
၁၄သို့သော်လည်း ကိုယ်တော်သည် ထိုသို့ပြစ်မှားသောအားဖြင့် ၊ ကဲ့ရဲ့ စရာအခွင့်ကြီးကို ထာဝရဘုရား ၏ ရန်သူ တို့အားပေးသောကြောင့် ၊ ယခုမြင် သောသား သည် ဆက်ဆက်သေ ရမည်ဟု ဒါဝိဒ် အား လျှောက် ဆိုပြီးလျှင်၊
15 Natan kɔɔ ne fie ara pɛ, Awurade maa abɔfra a Uria yere Batseba wo maa Dawid no yaree dendeenden.
၁၅နန်း တော်မှ ထွက်သွား သောနောက် ၊ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ဥရိယ မယား တွင် ဘွားမြင် သော ဒါဝိဒ် ၏သား သည် ပြင်းစွာသော ဝေဒနာ ကို ခံရ၏။
16 Dawid srɛɛ Onyankopɔn sɛ ɔmma abɔfra no nkye. Ɔkyenee ho kɔm, na ɔkɔɔ fie, na anadwo mu no nyinaa, ɔdaa fam tim.
၁၆ဒါဝိဒ် သည် သူငယ် အတွက် ထာဝရဘုရား အား တောင်းပန် လေ၏။ အစာ ကိုရှောင်လျက် ၊ အထဲသို့ဝင် ၍ တညဉ့်လုံးမြေ ပေါ် မှာ အိပ် လျက်နေ၏။
17 Mpanimfoɔ a wɔwɔ ne fie srɛɛ no sɛ ɔnsɔre na ɔne wɔn nnidi, nanso wampene.
၁၇နန်းတော်သား အသက်ကြီး သူတို့သည်ထ ၍ ကိုယ်တော် ကို ချီကြွ အံ့သောငှါ ချဉ်းကပ်ကြသော်လည်း၊ ဒါဝိဒ်သည် ငြင်းပယ်၍ သူ တို့နှင့်အတူ အစာ မ စား ဘဲနေ၏။
18 Ne nnanson so, abɔfra no wuiɛ. Na Dawid afotufoɔ no suro sɛ wɔbɛbɔ no amaneɛ sɛ abɔfra no awu, ɛfiri sɛ, na wɔn adwene ne sɛ, “Ɛberɛ a na abɔfra no te ase no, yɛkasa kyerɛɛ Dawid, nanso wantie yɛn. Na ɛbɛyɛ dɛn na yɛatumi aka akyerɛ no sɛ abɔfra no awu? Anhwɛ a, ɔbɛyɛ ne ho biribi.”
၁၈ခုနစ် ရက် စေ့သော် သူငယ် သေ ၏။ ဒါဝိဒ် ၏ ကျွန် တို့ကလည်း ၊ သူငယ် အသက် ရှင်စဉ် အခါ ငါတို့ လျှောက် သော စကား ကိုနားထောင် တော်မ မူသည်ဖြစ်၍ ၊ သူငယ် သေ ကြောင်းကို လျှောက် လျှင် အလွန်ကိုယ်ကို ကိုယ်ညှဉ်းဆဲ တော်မူလိမ့်မည်ဟုဆို လျှက် သူငယ် သေ ကြောင်း ကို မ လျှောက် ဝံ့ကြ။
19 Na Dawid hunuu sɛ nʼafotufoɔ no reyɛ huhuhuhu no, ɔtee nka sɛ abɔfra no awu. Ɔbisaa sɛ, “Abɔfra no awu anaa?” Wɔbuaa sɛ, “Aane, wawu.”
၁၉သို့ရာတွင် ကျွန် တို့သည် တိုးတိုး ပြောသောစကားကို ဒါဝိဒ် သည် ကြား လျှင် ၊ သူငယ် သေ ကြောင်း ကို ရိပ်မိ သဖြင့် ၊ သူငယ် သေ ပြီလော ဟု ကျွန် တို့ကို မေး တော်မူ၏။ သူတို့ကလည်း သေ ပါပြီဟု လျှောက် ကြ၏။
20 Na Dawid sɔre firii fam hɔ. Afei, ɔdware wieeɛ a ɔpetee ne ho aduhwam, na ɔsesaa ne ntadeɛ no, ɔkɔɔ Awurade efie kɔsomee. Afei, ɔkɔɔ nʼankasa efie, na ɔno ankasa bisa ma wɔbrɛɛ no aduane, na ɔdidiiɛ.
၂၀ထိုအခါ ဒါဝိဒ် သည် မြေ မှ ထ ၍ ရေချိုး ခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် လဲ ခြင်းကို ပြုပြီးလျှင် ၊ ထာဝရဘုရား ၏ အိမ် တော်သို့သွား ၍ ကိုးကွယ် ၏။ ထိုနောက် နန်း တော်သို့ ပြန်လာ ၍ စားစရာကိုတောင်း သောအခါ ၊ ကျွန်တို့ သည် စားပွဲ တော်ကိုပြင် ၍ မင်းကြီးသည် စား တော်မူ၏။
21 Nʼafotufoɔ no bisaa no sɛ, “Deɛ woreyɛ yi, aseɛ ne sɛn? Ɛberɛ a abɔfra no te ase no, wodii mmuada, twaa agyaadwoɔ. Na afei a wawu no mmom na woasɔre adidie!”
၂၁ကျွန် တို့ကလည်း ၊ ကိုယ်တော်သည် အဘယ်သို့ ပြု တော်မူသနည်း။ သူငယ်အသက် ရှင်စဉ်အခါ၊ သူငယ် အတွက် အစာ ရှောင်လျက် ငိုကြွေး လျက် နေတော်မူ၏။ သူငယ် သေ သောအခါ ထ ၍ စားတော်ခေါ် ပါသည်တကားဟု လျှောက် လျှင်၊
22 Ɔbuaa sɛ, “Ɛberɛ a na abɔfra no da so te ase no deɛ, medii abuada, twaa agyaadwoɔ. Medwenee sɛ, ‘Hwan na ɔnim? Ebia, Awurade bɛhunu me mmɔbɔ ama abɔfra no atena.’
၂၂ဒါဝိဒ်က၊ သူငယ် အသက် ရှင်စဉ်အခါ ဘုရားသခင် သည် ငါ့ ကို သနား တော်မူ၍ ၊ သူငယ် အသက် ကို ချမ်းသာပေးတော်မူမည်မမူမည်ကို အဘယ်သူ ဆို နိုင်သနည်းဟု အောက်မေ့လျက် ငါသည် အစာ ရှောင်၍ ငိုကြွေး လျက်နေ၏။
23 Na afei a wawu yi, adɛn enti na ɛsɛ sɛ medi abuada? Mɛtumi asane de no aba nkwa mu bio anaa? Mɛkɔ ne nkyɛn da bi, na ɔno deɛ, ɔrensane mma me nkyɛn ha da.”
၂၃ယခု မှာသူငယ်သေ ပြီ။ အဘယ်ကြောင့် အစာ ရှောင်ရမည်နည်း။ သူငယ်ကိုပြန် ၍ ဆောင်ခဲ့နိုင် သလော။ သူ ရှိရာသို့ ငါ သွား ရမည်။ သူ သည် ငါ ရှိရာသို့ မ ပြန် မလာ ရဟု မိန့် တော်မူ၏။
24 Na Dawid kyekyeree ne yere Batseba werɛ, na ɔne no daeɛ. Ɔnyinsɛneeɛ, woo ɔbabarima, na wɔtoo no edin Salomo. Awurade pɛɛ abɔfra no asɛm,
၂၄တဖန် ဒါဝိဒ် သည် ခင်ပွန်း ဗာသရှေဘ ကို နှစ်သိမ့် စေသဖြင့် ၊ သူ့ ထံသို့ ဝင် ၍ ဆက်ဆံ လေ၏။ သူသည် လည်း သား ယောက်ျားကို ဘွားမြင် ၍ ရှောလမုန် အမည် ဖြင့် အဘမှည့် လေ၏။
25 na ɔde asɛm faa odiyifoɔ Natan so sɛ, ɛsɛ sɛ abɔfra no din yɛ Yedidia, ɛfiri sɛ na Awurade dɔ no.
၂၅ထာဝရဘုရား သည် ထိုသူငယ် ကိုချစ် ၍ ကျေးဇူးပြုတော်မူသဖြင့်၊ ပရောဖက် နာသန် ကို စေခိုင်း ၍ ယေဒိဒိ အမည် ဖြင့် မှည့် တော်မူ၏။
26 Saa ɛberɛ no, na Yoab ne Israel akodɔm no reyɛ awie Amon ahenkuro Raba tua no nkonimdie so.
၂၆ယွာဘ သည်လည်း အမ္မုန် ပြည်၊ ရဗ္ဗာ မြို့ကို တိုက် ၍ မြို့ တော်ကို ရ ပြီးမှ၊
27 Yoab somaa abɔfoɔ kɔɔ Dawid nkyɛn, kɔka kyerɛɛ no sɛ, “Mako atia Raba, afa deɛ wɔnya wɔn nsuo firie.
၂၇ဒါဝိဒ် ထံ တော်သို့လူကို စေလွှတ် ၍ ၊ ကျွန်တော်သည် ရဗ္ဗာ မြို့ကို တိုက် ၍ ကန်တော်ရှိရာမြို့ ကိုရ ပါပြီ။
28 Afei, fa akodɔm a wɔaka no bra na wɔnwie adwuma no, sɛdeɛ ɛbɛyɛ a, wobɛnya nkonimdie animuonyam no sene sɛ ɛbɛyɛ me dea.”
၂၈ယခု မှာကြွင်း သော လူ တို့ကို စုဝေး စေသဖြင့် ၊ မြို့ နား မှာ တပ် တော်ချ၍ တိုက် ယူတော်မူပါ။ သို့မဟုတ် ကျွန်တော် ယူ ၍ ကျွန်တော် အမည် ဖြင့် မြို့ ကို သမုတ် ကြ လိမ့်မည်ဟု လျှောက် လျှင်၊
29 Enti, Dawid dii nʼakodɔm a wɔaka no anim kɔɔ Raba kɔfaa hɔ.
၂၉ဒါဝိဒ် သည် လူ အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ ရဗ္ဗာ မြို့သို့ ချီသွား ၍ တိုက် ယူ လေ၏။
30 Dawid tuu ɔhene no ahenkyɛ, na nnipa no de hyɛɛ Dawid. Wɔde sikakɔkɔɔ na ɛyɛɛ ahenkyɛ no a aboɔdemmoɔ bobɔ mu. Na emu duru yɛ kilogram aduasa ɛnan. Dawid foo asadeɛ bebree wɔ kuropɔn no mu.
၃၀မင်းကြီး ၏သရဖူ ကို ချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာတင်ကြ၏။ သရဖူအချိန် ကား ကျောက် မြတ် ကို မဆိုဘဲ ရွှေ အခွက် တဆယ်ရှိသတည်း။ မြို့၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။
31 Ɔsane faa nnipa a wɔwɔ Raba no sɛ nkoa, hyɛɛ wɔn, ma wɔde ɛwan, pinkase ne nkuma yɛɛ adwuma wɔ ntayaa fononoo ho. Saa ara na ɔne nnipa a wɔwɔ Amon nkuro nyinaa so dii noɔ. Na Dawid ne nʼakodɔm sane kɔɔ Yerusalem.
၃၁မြို့သား တို့ကိုလည်း ထုတ်ဆောင် ၍ လွှ တိုက်မှု၊ သံ ထွန် ၊ သံ ပုဆိန် နှင့်အလုပ်မှုကို လုပ်စေ၍ အုတ်ဖို ၌ လည်း ကျင်လည်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့ သူရွာသား အပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူယေရုရှင်လင် မြို့သို့ ပြန် လေ၏။