< 1 Samuel 25 >
1 Afei, Samuel wuiɛ na Israel nyinaa hyia yɛɛ no ayie. Na wɔsiee no wɔ ne kurom Rama. Na Dawid tu kɔɔ Maon ɛserɛ so.
၁ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။
2 Na ɔbarima ɔdefoɔ bi a ɔfiri Maon a na ɔwɔ agyapadeɛ wɔ baabi a ɛbɛn akuraa Karmel. Na ɔwɔ mmirekyie apem ne nnwan mpensa. Na ɛyɛ mmoa ho nwi twitwa berɛ.
၂ထိုအခါ မောနအရပ်၌ နေ၍ ကရမေလမြို့၌ ဥစ္စာများသော သူတဦးရှိ၏။ ထိုသူသည် လူကြီးဖြစ်၍၊ သိုးသုံးထောင်၊ ဆိတ်တထောင်ကို ရတတ်၏။ ကရမေလမြို့မှာ သိုးမွေးကို ညှပ်၍နေ၏။
3 Saa ɔbarima no din de Nabal. Ne yere nso din de Abigail. Na ɔyɛ ɔbaa a ɔnim nyansa na ne ho nso yɛ fɛ. Nanso, na ne kunu a ɔyɛ Kalebni no mpɔeɛ, na ne suban nso nyɛ fɛ.
၃ထိုသူ၏အမည်ကား နာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း။ ထိုမိန်းမသည် ဥာဏ်ကောင်း၍ အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသော အမှုကိုလည်း ပြုတတ်၏။ ကာလက်အဆွေအမျိုးဖြစ်၏။
4 Ɛberɛ a Dawid tee sɛ Nabal retwitwa ne mmoa ho nwi no,
၄နာဗလသည် သိုးမွေးညှပ်၍ နေကြောင်းကို ဒါဝိဒ်သည် တော၌ ကြားလျှင်၊
5 ɔsomaa mmarima mmabunu edu kɔɔ ne nkyɛn. Ɔde nkra maa wɔn sɛ,
၅လုလင်တကျိပ်တို့ကို ခေါ်၍ နာဗလရှိရာ ကရမေလမြို့သို့ သွားကြတော့။
6 “Wo nkwa so! Wo ne wo fiefoɔ nyinaa nnya ahoɔden! Na wʼagyapadeɛ nyinaa nso nyɛ nhyira.
၆စည်းစိမ်ကြီးသော ထိုသူကို ငါ့ကိုယ်စား နှုတ်ဆက်၍ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့် ဆိုင်သမျှတို့၌ ချမ်းသာရှိပါစေသော။
7 “Mate sɛ woretwitwa wo nnwan ne mmirekyie ho nwi. Ɛberɛ a na mo nnwanhwɛfoɔ wɔ yɛn nkyɛn ha no, yɛanyɛ wɔn basabasa. Na mmerɛ dodoɔ a wɔdii wɔ Karmel no nso, wɔn biribiara annyera.
၇ကိုယ်တော်၌ သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို့နှင့် အတူနေသော ကိုယ်တော်၏ သိုးထိန်းတို့ကို အကျွန်ုပ်တို့သည် မပြစ်မှားပါ။ သူတို့သည် ကရမေလမြို့မှာ နေသော ကာလပတ်လုံး၊ သူတို့ဥစ္စာ တစုံတခုမျှ မပျောက်ပါ။
8 Bisa wo ara wʼasomfoɔ na wɔbɛka akyerɛ wo. Yɛaba ha wɔ afahyɛ ɛda, ɛno enti, mesrɛ wo, ma yɛn aduane biara a wo nsa bɛso so.”
၈ကိုယ်တော်၏ လုလင်တို့ကို မေးမြန်းပါတော့။ သူတို့သည် ပြောကြလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်၏ လုလင်တို့သည် ရှေ့တော်၌ မျက်နှာရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာနေ့၌ ရောက်ပါ၏။ လက်တော်၌ ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သား ဒါဝိဒ်အား သနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။
9 Dawid mmeranteɛ no de nkra no maa Nabal na wɔtwɛnee ne mmuaeɛ.
၉ဒါဝိဒ်၏ လုလင်တို့သည် နာဗလထံသို့ ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို့ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာ နေကြ၏။
10 Nabal buaa Dawid asomfoɔ no sɛ, “Hwan ne saa Dawid yi? Saa Yisai babarima yi dwene sɛ ɔne hwan? Nnansa yi, asomfoɔ bebree retete wɔn ho afiri wɔn wuranom ho.
၁၀နာဗလကလည်း၊ ဒါဝိဒ်ကား အဘယ်သူနည်း။ ယေရှဲ၏သားကား အဘယ်သူနည်း။ ယခုကာလ သခင်ကို ပုန်ကန်သော ကျွန်များပါတကား။
11 Adɛn enti na ɛsɛ sɛ mede me burodo ne me nsuo ne mʼaboa a makum no ɛnam a mede rebɛma me nwitwitwafoɔ no ma akwanmukafoɔ a obi nnim baabi a wɔfiri?”
၁၁ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို့အဘို့ ပြင်ဆင်သော ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကို ယူ၍ ငါမသိသော လူတို့အားပေးရမည်လောဟု ဒါဝိဒ်၏ လုလင်တို့အားပြောဆို၏။
12 Na Dawid mmarima no sane kɔeɛ, kɔkaa deɛ Nabal kaeɛ no kyerɛɛ no.
၁၂ဒါဝိဒ်၏ လုလင်တို့သည် လှည့်သွား၍ ထိုစကားအလုံးစုံတို့ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။
13 Dawid ka kyerɛɛ ne mmarima no sɛ, “Momfa mo akofena.” Na Dawid nso faa ne deɛ. Mmarima bɛyɛ sɛ ahanan na wɔkaa Dawid ho kɔeɛ, ɛnna mmarima ahanu nso tena wɛnee akodeɛ no.
၁၃ဒါဝိဒ်ကလည်း လူတိုင်း မိမိထားကို ခါး၌စည်းစေဟု မိမိလူတို့အားဆိုလျက် မိမိထားကို စည်းလေ၏။ လူလေးရာတို့သည် ဒါဝိဒ် နောက်သို့လိုက်ကြ၏။ နှစ်ရာတို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေကြ၏။
14 Nabal asomfoɔ no mu baako kɔka kyerɛɛ Nabal yere Abigail sɛ, “Dawid somaa abɔfoɔ firi ɛserɛ no so sɛ wɔ ne yɛn wura mmɛkasa, nanso ɔdidii wɔn atɛm.
၁၄လုလင်တယောက်သည် နာဗလမယား အဘိဂဲလထံသို့သွား၍၊ ဒါဝိဒ်သည် အကျွန်ုပ်တို့သခင်ကို နှုတ်ဆက်အံ့သောငှါ တမန်တို့ကို တောမှစေလွှတ်၍၊ အကျွန်ုပ်တို့သခင်သည် သူတို့ကို ဆဲပါ၏။
15 Nanso Dawid nnipa no yɛ ma yɛn. Wɔannyɛ yɛn bɔne biara. Ɛberɛ a yɛne wɔn wɔ hɔ no, wɔamfa yɛn biribiara.
၁၅ထိုသူတို့သည် ကျွန်တော်တို့၌ အလွန်ကျေးဇူးပြုပါပြီ။ ကျွန်တော်တို့သည် တောမှာ နေ၍ သူတို့နှင့်ပေါင်းဘော်သော ကာလပတ်လုံးအရှုံးမခံ၊ ဥစ္စာတစုံတခုမျှ မပျောက်ပါ။
16 Anadwo ne awia nyinaa, na wɔbɔ yɛn ne nnwan no ho ban.
၁၆ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့် ပေါင်းဘော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညဉ့်အစဉ်ကွယ်ကာလျက် နေကြပါ၏။
17 Enti, dwene ho yie, anyɛ saa a asɛm bɛto yɛn wura ne nʼabusua nyinaa. Ɔyɛ obi a ne bo ha no na obiara ntumi nkasa nkyerɛ no.”
၁၇သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့ သခင်နှင့် အိမ်သူအိမ်သား အပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊
18 Abigail ansɛe berɛ koraa. Ɔfaa burodo mua ahanu, nsã aboa nwoma mmienu, nnwan enum a wɔakum wɔn asiesie wɔn, nkyeweɛ susudeɛ enum, bobe ɔfam ɔha ne bobe aba a wɔabɔ no ntowantowa ahanu de soaa mfunumu.
၁၈အဘိဂဲလသည် မုန့်လုံးနှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာတို့ကို အလျင်အမြန် ယူ၍ မြည်းတို့အပေါ်၌တင်ပြီးလျှင်၊
19 Na ɔka kyerɛɛ nʼasomfoɔ sɛ, “Monni ɛkan nkɔ. Mɛti mo.” Nanso, wanka deɛ na ɔreyɛ no ankyerɛ ne kunu Nabal.
၁၉ငါ့ရှေ့မှာ သွားကြ။ ငါလိုက်မည်ဟု ကျွန်တို့အား ဆို၏။ လင်နာဗလကို အလျှင်းမပြော။
20 Ɔte nʼafunumu so nam ara kɔsii bepɔ bi nsiane mu no, ɔhunuu Dawid nso ne ne mmarima sɛ wɔresiane hyia no.
၂၀မြည်းကို စီးလျက်သွား၍ တောင်ခြေရင်း၌ ဆင်းလှည့်စဉ်တွင်၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက် တချက် ဆင်းလာ၍ တယောက်နှင့် တယောက် တွေ့ကြုံကြ၏။
21 Na Dawid aka sɛ, “Mfasoɔ biara nni so sɛ mahwɛ saa onipa yi agyapadeɛ so wɔ ɛserɛ so a ne biribiara annyera. Ɔde bɔne atua me papa a meyɛɛ no no so ka.
၂၁ထိုသို့မတွေ့မှီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ ဥစ္စာ တစုံတခုကိုမျှ မပျောက်စေခြင်းငှါ၊ တော၌ သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့် ပါပြီတကား။ ငါကောင်းသော အမှုအတွက်၊ မကောင်း သော အမှုကို သူပြုပါပြီတကား။
22 Sɛ ɛba sɛ ɔkyena ne fieni bi da so te ase a, Onyankopɔn ne me nni no denden so pa ara.”
၂၂နက်ဖြန် မိုဃ်းလင်းသောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူတို့အား ပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ။
23 Abigail hunuu Dawid no, ntɛm ara, ɔhuri firii nʼafunumu no so sii fam, bɔɔ ne mu ase wɔ nʼanim.
၂၃အဘိဂဲလသည် ဒါဝိဒ်ကို မြင်သောအခါ၊ မြည်းပေါ်က အလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ့တွင် မြေပေါ်မှာ ဦးညွှတ်ချ၍၊
24 Ɔhwee ne nan ase kaa sɛ, “Me wura, megye saa asɛm yi ho afɔdie nyinaa to me ho so. Mesrɛ wo sɛ, tie asɛm a mewɔ ka.
၂၄သူ၏ ခြေရင်း၌ ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ ကျွန်မသည် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။
25 Menim sɛ Nabal yɛ otirimuɔdenfoɔ a ne bo nso ha no; mesrɛ wo, ntie no. Ɔyɛ ɔkwasea sɛdeɛ ne din kyerɛ no. Na mpo, abɔfoɔ a wosomaa wɔn no, manhunu wɔn.
၂၅ကိုယ်တော်၏ ကျွန်မစကားကို နားညောင်းတော်မူပါ။ ထိုအဓမ္မလူ နာဗလကို ကျွန်မသခင် မှတ်တော်မမူပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ၏အမည်ကား နာဗလ။ သူ၏ သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို့ကို ကိုယ်တော် ကျွန်မသည် မမြင်ရပါ။
26 Afei, me wura, mpɛn dodoɔ a Awurade te ase, na wo nso wote ase na Awurade amma woamfa awudie ne aweretɔ anhyɛ wo nsam yi, ma mmusuo mmra wʼatamfoɔ nyinaa so, sɛdeɛ ebi aba Nabal so yi.
၂၆ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှါ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။
27 Akyɛdeɛ a mede abrɛ wo ne wo mmeranteɛ no nie.
၂၇ယခုမှာ ကိုယ်တော်၏ ကျွန်မသည် သခင့်ထံသို့ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသခင်နောက်တော်သို့ လိုက်သော လုလင်တို့ အားပေးစေတော်မူပါ။
28 “Mesrɛ wo, sɛ mafom a, fa kyɛ me. Akyinnyeɛ biara nni ho sɛ Awurade de efie a nʼahennie ase bɛtim bɛdom wo, ɛfiri sɛ, woreko Awurade ko. Na wonyɛɛ bɔne biara nso wɔ wʼasetena mu.
၂၈ကိုယ်တော်၏ ကျွန်မအပြစ်ကိုသည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တသက်လုံးကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသောကြောင့်၎င်း၊ ထာဝရဘုရားသည် ကျွန်မ၏သခင်အဘို့ ခိုင်ခံ့ မြဲမြံသော အိမ်ကို တည်ဆောက်တော်မူလိမ့်မည်။
29 Na sɛ ɛba sɛ wɔn a wɔpɛ wo kra no taataa wo so a, Awurade, wo Onyankopɔn, bɛgye wo, abɔ wo ho ban sɛdeɛ wɔbɔ ademudeɛ ho ban. Na wʼatamfoɔ nkwa deɛ, ɛbɛyera te sɛ aboɔ a wɔato firi ahwimmoɔ mu.
၂၉ကိုယ်တော်၏ အသက်ကို သတ်အံ့သောငှါ လူအချို့တို့သည် ထ၍ ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏ အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။
30 Sɛ Awurade di ɛbɔ a ɔhyɛɛ wo no nyinaa so ma wo, na ɔde wo di Israelhene a,
၃၀ထာဝရဘုရား ဂတိထားတော်မူသည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထားတော်မူသောအခါ၊
31 mma yei nnyɛ nkekaawa wɔ wʼabrabɔ mu. Na worensoa wʼahonim adesoa duruduru a ɛfiri mogyakaguo ne aweretɔ a ɛho nni mfasoɔ ho. Na sɛ Awurade yɛ saa nneɛma akɛseɛ yi ma wo a, mesrɛ wo, kae me!”
၃၁ကျွန်မ၏ သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ၏ သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ၏ သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။
32 Dawid buaa Abigail sɛ, “Nhyira nka Awurade, Israel Onyankopɔn a wama woabɛhyia me ɛnnɛ.
၃၂ဒါဝိဒ်ကလည်း၊ ယနေ့ငါနှင့် တွေ့စေခြင်းငှါ၊ သင့်ကို စေလွှတ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
33 Ɛda Awurade ase wɔ wʼadwene pa ho. Nhyira nka wo sɛ woamma me ankum ɔbarima no, na woamma mamfa me nsa antɔ wedeɛ.
၃၃သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ့ငါသည် လူအသက်ကို သတ်အံ့သောငှါ၊ မသွားရမည်အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။
34 Na meka Awurade, Israel Onyankopɔn a wamma me manyɛ wo bɔne no ntam sɛ, sɛ woanka wo ho ammɛhyia me a, anka ɛbɛduru ɔkyena anɔpa no, na Nabal mmarima no mu baako koraa nte ase.”
၃၄အကယ်စင်စစ် သင့်ကို ငါမညှင်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့် တွေ့ခြင်းငှါ အလျင်အမြန်မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုဃ်းလင်းသောအခါ၊ နာဗလ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊
35 Na Dawid gyee nʼakyɛdeɛ no, ka kyerɛɛ no sɛ, “Sane kɔ efie asomdwoeɛ mu. Yɛrenkum wo kunu no.”
၃၅သူဆောင်ခဲ့သော လက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည် နေရာအိမ်သို့ ငြိမ်ဝပ်စွာသွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏ မျက်နှာကိုလည်း ထောက်၍ နေမည်ဟုဆိုလေ၏။
36 Ɛberɛ a Abigail duruu fie no, ɔhunuu sɛ Nabal ato ɛpono kɛseɛ sɛ ɔhene. Na waboro nsã enti, wanka biribiara a ɛfa ɔne Dawid nhyiamu no ho ankyerɛ no kɔsii adekyeeɛ.
၃၆အဘိဂဲလသည်လည်း နာဗလထံသို့ ပြန်သွား၍၊ သူသည် ရှင်ဘုရင်၏ ပွဲကဲ့သို့သော ပွဲကို မိမိအိမ်၌ ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွှင်လန်းလျက်နေသောကြောင့်၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်းမပြော။
37 Adeɛ kyeeɛ a nʼani so ada hɔ no, Abigail kaa nsɛm a asisi no kyerɛɛ no. Nabal tee nsɛm no, ɔbubu kaa mpa so.
၃၇မိုဃ်းလင်း၍ နာဗလသောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည်နှလုံးသေ၍ ကျောက်ကဲ့သို့ဖြစ်၏။
38 Dadu akyi no, Awurade bɔɔ no ma ɔwuiɛ.
၃၈ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။
39 Dawid tee sɛ Nabal awu no, ɔkaa sɛ, “Nhyira nka Awurade a watua Nabal ka na wamma mankum no. Nabal anya ne bɔne so akatua.” Na Dawid yɛɛ ntɛm soma kɔɔ Abigail nkyɛn, maa wɔkɔka kyerɛɛ no sɛ, ɔbɛware no.
၃၉နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကို စောင့်၍ နာဗလလက်မှ နှုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွှတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသော ဒုစရိုက်ကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေတော်မူပြီဟု ဆို၏။ တဖန်လူကို စေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှါ နှုတ်ဆက်လေ၏။
40 Asomfoɔ no kɔɔ Karmel kɔka kyerɛɛ Abigail sɛ, “Dawid asoma yɛn sɛ yɛmmra mmɛbisa wo sɛ wobɛware no anaa?”
၄၀ဒါဝိဒ်၏ ကျွန်တို့သည် အဘိဂဲလရှိရာ ကရမေလမြို့သို့ ရောက်သောအခါ၊ ဒါဝိဒ်သည် သခင်မနှင့် လက်ထပ်ခြင်းငှါ ကျွန်တော်တို့ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊
41 Ɔbɔɔ ne mu ase de nʼanim kyerɛɛ fam kaa sɛ, “Aane, masiesie me ho sɛ mɛsom Dawid asomfoɔ mpo.”
၄၁အဘိဂဲလသည် ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ ကျွန်တို့ ခြေကို ဆေးသော ကျွန်မိန်းမဖြစ်စေသောဟု ဆိုပြီးမှ၊
42 Ntɛm ara, Abigail huri tenaa nʼafunumu so, faa ne mmaawa baanum kaa ne ho, na ɔne Dawid asomfoɔ no kɔeɛ, na ɔbɛyɛɛ Dawid yere.
၄၂အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သော လူတို့နှင့် တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ်လေ၏။
43 Dawid waree Ahinoam a ɔfiri Yesreel, na wɔn baanu bɛyɛɛ ne yerenom.
၄၃ဒါဝိဒ်သည် ယေဇရေလမြို့သူ အဟိနောင်ကိုလည်း သိမ်း၍ ထိုမိန်းမနှစ်ယောက်တို့သည် သူ၏ ခင်ပွန်းဖြစ်ကြ၏။
44 Na Saulo de ne babaa Mikal, Dawid yere, ama ɔbarima bi a ɔfiri Galim a ne din de Palti a na ɔyɛ Lais babarima.
၄၄ရှောလုသည် မိမိသမီးဖြစ်သော ဒါဝိဒ်၏ မယားမိခါလကို၊ ဂလ္လိမ်မြို့သားဖြစ်သော လဲရှ၏သား ဖာလတိအားပေးစားနှင့်ပြီ။