< Nnwom 91 >
1 Nea ɔte Ɔsorosoroni no hintabea no biara bɛhome wɔ Otumfo no nwini ase.
၁အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။
2 Mese Awurade se, “Ɔyɛ me guankɔbea ne mʼabandennen, me Nyankopɔn a mewɔ no mu ahotoso.”
၂ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြော ဆို၏။
3 Ampa ara, obegye wo afi firisumfo afiri ne owuyare mu.
၃အကယ်စင်စစ် မုဆိုး၏ ကျော့ကွင်းနှင့်၎င်း၊ သေတတ်သောအနာနှင့်၎င်း၊ သင့်ကို ကင်းလွတ်စေတော်မူမည်။
4 Ɔde ne ntakra bɛkata wo so; na ne ntaban ase na wubenya guankɔbea; ne nokware bɛyɛ wo nkatabo ne wo kyɛm.
၄အတောင်တော် အမွေးနှင့်ဖုံးအုပ်တော်မူ၍၊ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရလိမ့်မည်။ သစ္စာတော်သည် သင်၏ ဒိုင်းလွှားဖြစ်လိမ့် မည်။
5 Worensuro ɔdasu mu ɔsɛe, anaa bɛmma a etu awia,
၅ညဉ့်အခါဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြှားကို၎င်း၊
6 anaa owuyare a ɛba sum mu, anaa ɔyaredɔm a ɛsɛe ade wɔ owigyinae bere.
၆မှောင်မိုက်ထဲမှာ လည်တတ်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည်မကြောက်ရ။
7 Apem bɛtotɔ wo nkyɛn mu, na mpem du atotɔ wo nifa a, wo de, ɛremmɛn wo.
၇သင်၏ အနားမှာလူတထောင်၊ သင်၏လက်ျာ ဘက်မှာ လူတသောင်းလဲသော်လည်း၊ သင့်ကို မထိ မခိုက်ရ။
8 Wʼaniwa nko ara na wode bɛhwɛ na woahu nnebɔneyɛfo asotwe.
၈သင်သည် ကိုယ်မျက်စိနှင့် ကြည့်၍၊ မတရား သော သူတို့၌ ရောက်ရသော အပြစ်ကိုမြင်ရုံမျှသာရှိ လိမ့်မည်။
9 Sɛ woka se, “Awurade ne me guankɔbea,” na wode Ɔsorosoroni no hɔ yɛ wo tenabea a,
၉ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံးသော ဘုရား၌ နေရာကျသော ကြောင့်၊
10 ɔhaw biara remmunkam wo so, na ɔsɛe biara remmɛn wo ntamadan.
၁၀သင်၌ မကောင်းသော အနိဌရုပ်မကပ် မရောက်။ သင့်နေရာသို့ ဘေးဥပဒ်မချဉ်းရ။
11 Efisɛ Onyankopɔn bɛsoma nʼabɔfo abɛbɔ wo ho ban na wɔabɛwɛn wo wʼakwan nyinaa mu;
၁၁သွားလေရာရာ၌ သင့်ကိုစောင့်ရှောက် စေခြင်း ငှါ၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာ ထားတော် မူသည်ဖြစ်၍၊
12 wɔde wɔn nsa bɛma wo so, na wo nan ampem ɔbo.
၁၂သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်း ငှါ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။
13 Wubetiatia gyata ne aprammiri so, wobɛnantew gyataforo ne ɔwɔ so.
၁၃သင်သည် ခြင်္သေ့နှင့်မြွေဆိုးအပေါ်မှာ ကျော် သွား၍၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကို ခြေဖြင့်နင်းလိမ့်မည်။
14 Awurade ka se, “Esiane sɛ ɔdɔ me nti, megye no; mɛbɔ ne ho ban, efisɛ ogye me din to mu.
၁၄သူသည် ငါ့ကို ချစ်သောကြောင့်၊ သူ့ကို ငါကယ် နှုတ်မည်။ ငါ၏နာမကို သိသောကြောင့်၊ သူ့ကို ငါချီး မြှောက်မည်။
15 Ɔbɛfrɛ me na megye ne so; mɛka ne ho wɔ amanehunu mu, megye no na mahyɛ no anuonyam.
၁၅သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။
16 Mɛma nkwa nna a ɛware amee no na makyerɛ no me nkwagye.”
၁၆ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍၊ ငါ၏ ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။