< Nnwom 83 >
1 Asaf Dwom. Ao, Onyankopɔn, ntena hɔ komm; mmua wʼano, Ao, Onyankopɔn, keka wo ho.
၁အို ဘုရားသခင်၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ငြိမ်သက်စွာနေတော်မမူပါနှင့်။ ဆိတ်ငြိမ်စွာနေတော်မမူပါနှင့်။
2 Hwɛ sɛnea wʼatamfo keka wɔn ho fa, na wɔn a wɔmpɛ wʼasɛm nso ama wɔn ti so.
၂ကိုယ်တော်ရှင်၏ရန်သူတို့သည်သောင်း ကျန်း ထကြွလျက်နေကြပါ၏။ ကိုယ်တော်ရှင်ကိုမုန်းသောသူတို့သည် တော်လှန်ပုန်ကန်လျက်နေကြပါ၏။
3 Wɔde anifere repam atia wo nkurɔfo, wɔrepam atia wɔn a wo koma da wɔn so no.
၃သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်အား တိုက်ခိုက်ရန်လျှို့ဝှက်ကြံစည်လျက်နေကြ ပါ၏။ ကိုယ်တော်ရှင်ကွယ်ကာထားတော်မူသော သူတို့အားဆန့်ကျင်ရန်တိုင်ပင်လျက်နေ ကြပါ၏။
4 Wɔka se, “Mommra na yɛnsɛe wɔn sɛ ɔman, sɛnea wɔrenkae Israel din bio.”
၄သူတို့က``လာကြ၊ဣသရေလမျိုးရိုးသည် ထာဝစဉ်တိမ်ကော၍သွားစေရန်သူတို့ လူမျိုးကို သုတ်သင်ချေမှုန်းကြကုန်အံ့'' ဟုဆိုကြ၏။
5 Wɔde adwene koro bɔ pɔw; na wɔpam tia wo,
၅သူတို့သည်တညီတညွတ်တည်း တိုင်ပင်ကြံစည်ကြပြီးနောက် ကိုယ်တော်ရှင်အားဆန့်ကျင်ဘက်ပြု၍ မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းလိုက်ကြပါ၏။
6 Edom ntamadan ne Ismaelfo, Moabfo ne Hagarfo,
၆ထိုမဟာမိတ်အဖွဲ့တွင်ဧဒုံ၊ဣရှမေလ၊ မောဘ၊ ဟာဂရအမျိုးသားများ၊
7 Gebalfo ne Amonfo ne Amalekfo, Filistifo ne Tirofo.
၇ဂေဗလ၊အမ္မုန်၊အာမလက်၊ဖိလိတ္တိအမျိုးသား များနှင့် တုရုမြို့သားများပါဝင်ကြ၏။
8 Asiria mpo akɔka wɔn ho de wɔn ahoɔden akɔhyɛ Lot asefo de no mu den.
၈အာရှုရိအမျိုးသားများသည်လည်းလောတ၏ သားမြေးများဖြစ်သောအမ္မုန်နှင့်မောဘဘက်မှ မဟာမိတ်အဖြစ်ဖြင့်ပါဝင်ကြပါ၏။
9 Yɛ wɔn sɛnea woyɛɛ Midian, sɛnea woyɛɛ Sisera ne Yabin wɔ asubɔnten Kison ho no,
၉အင်္ဒေါရအရပ်တွင်မိဒျန်အမျိုးသား တို့သည်လည်းကောင်း၊ ခိရှုန်မြစ်အနီး၌သိရမင်းနှင့်ယာဘိန်မင်း တို့သည်လည်းကောင်းစစ်ပွဲရှုံးသဖြင့် သူတို့၏အလောင်းများသည်စစ်တလင်း ပေါ်၌ ပုပ်ပျက်သွားစေသကဲ့သို့ ဤမဟာမိတ်အဖွဲ့အားလည်းအလား တူ ကံကြမ္မာနှင့်တွေ့ကြုံစေတော်မူပါ။
10 wɔn a wɔsɛe wɔ En-Dor na wɔdan nwura no.
၁၀
11 Yɛ wɔn atitiriw sɛ Oreb ne Seeb, ne wɔn mmapɔmma nyinaa sɛ Seba ne Salmuna,
၁၁သြရဘမင်းနှင့်ဇေဘမင်းတို့ကို ကိုယ်တော်ရှင် ပြုသကဲ့သို့ သူတို့၏ခေါင်းဆောင်များအားပြုတော်မူပါ။ ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့အားအရေးရှုံးနိမ့် စေတော်မူသကဲ့သို့ သူတို့၏မင်းရှိသမျှအားလည်းအရေးရှုံးနိမ့် စေတော်မူပါ။
12 a wɔkae se, “Momma yɛmfa Onyankopɔn adidibea nsase no no.”
၁၂ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့က``ငါတို့သည် ဘုရားသခင်ပိုင်တော်မူသောပြည်ကို သိမ်းယူကြကုန်အံ့'' ဟုဆိုကြပါ၏။
13 Me Nyankopɔn, yɛ wɔn sɛ mfɛtɛ mu mfutuma, sɛ ntɛtɛ a mframa bɔ gu.
၁၃အို ဘုရားသခင်၊ သူတို့အားလေဗွေ၌ပါသွားသော မြေမှုန့်ကဲ့သို့လည်းကောင်း၊ လေတိုက်ရာလွင့်ပါသွားတတ်သည့် ဖွဲကဲ့သို့လည်းကောင်းဖြစ်စေတော်မူပါ။
14 Sɛnea ogya hyew kwae, na ogyatannaa so nkoko mu hyew no no,
၁၄သစ်တောကိုကျွမ်းလောင်စေသည့် မီးကဲ့သို့လည်းကောင်း၊ တောင်ကုန်းများကိုကျွမ်းလောင်စေသည့် မီးတောက်မီးလျှံကဲ့သို့လည်းကောင်း
15 saa ara na fa wʼahum taa wɔn na fa wo mframa a ano yɛ den no hunahuna wɔn.
၁၅ကိုယ်တော်ရှင်၏မိုးသက်မုန်တိုင်းအားဖြင့် သူတို့အားလိုက်လံတိုက်ခိုက်တော်မူပါ။ ကိုယ်တော်ရှင်၏လေပြင်းအားဖြင့်သူတို့ကို ကြောက်လန့်စေတော်မူပါ။
16 Ma animguase nka wɔn, na ama nnipa ahwehwɛ wo din akyi kwan, Awurade.
၁၆အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏တန်ခိုးတော် ကြီးမားကြောင်းကိုဝန်ခံကြစေရန်မျက်နှာကို ရှက်စေတော်မူပါ။
17 Ma wɔn anim ngu ase na wonni yaw; ma wonwuwu wɔ animguase mu.
၁၇သူတို့သည်အစဉ်အမြဲအရေးရှုံးနိမ့်လျက် ထိတ်လန့်ကြပါစေသော။ သူတို့သည်လုံးဝဂုဏ်အသရေပျက်လျက် သေကျေကြပါစေသော။
18 Ma wonhu sɛ wo a wo din de Awurade no, wo nko ara ne Ɔsorosoroni wɔ asase nyinaa so. Wɔde ma dwonkyerɛfo sɛ wɔnto no wɔ gittit sanku nne so.
၁၈သူတို့သည်ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၍ ကမ္ဘာတစ်ဝန်းလုံးတွင်ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူကြောင်းကိုသိရှိကြပါစေသော။