< Nnwom 69 >

1 Dawid dwom. Ao, Onyankopɔn, gye me nkwa na nsu no abɛdeda me kɔn mu.
အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။
2 Meremem wɔ dontori a mu dɔ mu, wɔ baabi a mʼanan nnya sibea. Madu bun mu na nsu abu afa me so.
ခြေနင်းရာမရှိ။ နက်လှသော ရွှံ့ထဲမှာ ကျွံပါပြီ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သော ရေထဲသို့ ရောက်ပါပြီ။
3 Mafrɛ abrɛ rehwehwɛ mmoa. Me mene mu ayow. Mʼani so ayɛ kusuu, na merehwehwɛ me Nyankopɔn.
အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်းခြောက်ပါပြီ။ အကျွန်ုပ်၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့် ၍ မျက်စိပျက်ပါပြီ။
4 Wɔn a wɔtan me kwa no dɔɔso sen me ti so nwi; wɔn a wɔtan me kwa no dɔɔso, wɔn a wɔhwehwɛ sɛ wɔbɛsɛe me no. Wɔhyɛ me sɛ mennan nea minnwiae no mma.
အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက်များကြပါ၏။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏။
5 Wo, Onyankopɔn, nim me nkwaseasɛm; mʼafɔdi nhintaw wo.
အိုဘုရားသခင်၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်၏အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။
6 Awurade, Awurade Tweduampɔn, mma wɔn a wɔn ani da wo so no, anim ngu ase esiane me nti, Awurade, Asafo Awurade; Israel Nyankopɔn, mma wɔn a wɔhwehwɛ wo no anim ngu ase esiane me nti.
ကောင်းကင်ဗိုလ်ခြေသခင်အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သောသူတို့သည် အကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကိုယ်တော်ကို ရှာသော သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ရှက်ကြောက်ခြင်းသို့ မရောက်ကြပါစေနှင့်။
7 Wo nti migyina animka ano, na aniwu kata mʼanim.
ကိုယ်တော်အတွက် အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ အကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။
8 Mete sɛ ɔhɔho wɔ me nuanom mu, mete sɛ ɔmamfrani wɔ me na mmabarima mu,
ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တမိတည်းသော ပေါက်ဘော်တို့တွင်၊ တကျွန်းတနိုင်ငံသား ဖြစ်ခဲ့ပါပြီ။
9 na wo fi ho mmɔdemmɔ hyɛ me so, wɔn a wɔbɔ wo ahohora no animtiaabu bɛda me so.
ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကို စားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။
10 Sɛ mitwa adwo na midi mmuada a wɔbɔ me ahohora;
၁၀အကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ၏။
11 sɛ mifura atweaatam a nnipa de me yɛ aserewde.
၁၁လျှော်တေအဝတ်ကို ဝတ်သောအခါ၊ သူတို့သည် သရော်တတ်ကြပါ၏။
12 Wɔn a wɔtete ɔpon no ano no serew me, na akɔwensafo de me din to dwom.
၁၂ရုံး၌ ထိုင်သောသူတို့သည် အကျွန်ုပ်တဘက်မှာ ပြောဆို၍၊ သေသောက်ကြူးတို့သည် အကျွန်ုပ်ကို အကြောင်းပြုလျက် တေးဘွဲ့၍ ဆိုတတ်ကြပါ၏။
13 Nanso mɛbɔ wo mpae, Awurade, wɔ wʼadom bere mu; wɔ wʼadɔe kɛse no nti, Ao, Onyankopɔn, fa wo nokware nkwagye no gye me so.
၁၃အိုထာဝရဘုရား၊ အကျွန်ုပ်မူကား၊ မင်္ဂလာအချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ၊ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း၊ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။
14 Yi me fi dontori no mu, mma memmem wɔ mu; gye me fi wɔn a wɔtan me no nsam, ne nsu bun mu.
၁၄အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နှုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော။
15 Mma nsu nnyiri mmfa me anaa bun mmene me anaa amoa nkata me so.
၁၅ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။
16 Awurade, gye me so fi wʼadɔe a eye no mu; wʼadom nti, dan bɛhwɛ me.
၁၆အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့်၊ အကျွန်ုပ်စကား ကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်ကို မျက်နှာ ပြတော်မူပါ။
17 Mfa wʼanim nhintaw wo somfo; gye me so ntɛm, na mewɔ ɔhaw mu.
၁၇ကိုယ်တော်၏ ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျင်အမြန် နားထောင် တော်မူပါ။
18 Twiw bɛn me na gye me; gye me nkwa, mʼatamfo nti.
၁၈အကျွန်ုပ်၏အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။
19 Wunim sɛnea wɔkasa tia me, gu mʼanim ase na wotiatia mʼanim; wʼani tua mʼatamfo nyinaa.
၁၉အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏။
20 Kasatia ahyɛ me koma so ama mayɛ sɛ obi a onni ɔboafo; mepɛɛ awerɛkyekye, nanso mannya bi, mepɛɛ ɔwerɛkyekyefo, nanso manhu bi.
၂၀ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်း ရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
21 Wɔde bɔnwoma guu mʼaduan mu, osukɔm dee me no, wɔmaa me nsa nwenweenwen.
၂၁အကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။
22 Ma wɔn didipon a esi wɔn anim nyi wɔn sɛ afiri; ma ɛnyɛ akatua ne afide mma wɔn.
၂၂သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံထိုက်သောအပြစ်သော်၎င်း၊ ထောင်ချောက်သော် ၎င်း ဖြစ်ပါစေ။
23 Ma wɔn ani so nyɛ wɔn kusuu na wɔanhu ade, na ma wɔn akyi nkuntun afebɔɔ.
၂၃သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ။
24 Hwie wʼabufuwhyew gu wɔn so; na ma wʼabufuw huhuhuhu no mmra wɔn so.
၂၄သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍၊ အမျက်တော်အရှိန်သည် သူတို့ကို မှီပါစေ။
25 Ma wɔn fi nyɛ amamfo; mma obiara ntena wɔn ntamadan mu.
၂၅သူတို့နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ သူတို့အိမ်၌နေသောသူ မရှိပါစေနှင့်။
26 Wɔtaa wɔn a wupira wɔn no, wɔka wɔn a wupira wɔn no yawdi ho asɛm.
၂၆အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသော သူကို ညှဉ်းဆဲကြပါ၏။ နာစေတော်မူသောသူတို့ကို ထပ်၍ နာစေကြပါ၏။
27 Fa amumɔyɛ mu amumɔyɛ ho sobo bɔ wɔn; mma wonnya wo nkwagye mu kyɛfa.
၂၇သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။
28 Pepa wɔn din fi nkwa nhoma no mu, mfa wɔn din nka atreneefo de ho.
၂၈အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍၊ ဖြောင့်မတ်သောသူတို့နှင့် အတူမရေး မမှတ်ပါစေနှင့်။
29 Mewɔ ɔyaw ne ahohiahia mu; Onyankopɔn, ma wo nkwagye no mmɔ me ho ban.
၂၉အကျွန်ုပ်မူကား၊ ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော။
30 Mede dwonto beyi Onyankopɔn din ayɛ na mede aseda ahyɛ no anuonyam.
၃၀ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကို ပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။
31 Eyi bɛsɔ Awurade ani yiye asen nantwi, asen nantwinini a otua mmɛn na ɔwɔ tɔte.
၃၁ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွါနှင့်၎င်း ပြည့်စုံသော နွားလားကို နှစ်သက်သည်ထက်၊ ထိုအကျင့်ကို သာ၍ နှစ်သက်တော်မူလိမ့်မည်။
32 Mmɔborɔni behu na nʼani agye, mo a mohwehwɛ Onyankopɔn no koma benya nkwa.
၃၂နှိမ့်ချသော သူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသော သူတို့၏ စိတ်နှလုံး သည် အားပြည့်လိမ့်မည်။
33 Awurade tie wɔn a ade ahia wɔn, na ommu ne nkurɔfo nneduafo animtiaa.
၃၃ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။
34 Ma ɔsoro ne asase nkamfo no, po ne nea ɛkeka ne ho wɔ mu nyinaa,
၃၄ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော။
35 efisɛ Onyankopɔn begye Sion nkwa na wakyekye Yuda nkuropɔn no bio. Afei nnipa bɛtena mu na ayɛ wɔn de;
၃၅ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍၊ ယုဒမြို့တို့ကို ပြုစုတော်မူသဖြင့်၊ ထိုသူတို့တို့သည် နေ၍ ပိုင်ရကြလိမ့်မည်။
36 Nʼasomfo asefo na wɔbɛfa hɔ, na wɔn a wɔdɔ ne din no bɛtena hɔ. Wɔde ma dwonkyerɛfo.
၃၆ကျွန်တော်မျိုး၏သားမြေးတို့သည် ထိုမြို့ကို အမွေခံရ၍၊ နာမတော်ကို ချစ်သောသူတို့သည် နေရာ ကျရကြလိမ့်မည်။

< Nnwom 69 >