< Nnwom 147 >
1 Monkamfo Awurade. Eye sɛ wɔto ayeyi nnwom ma yɛn Nyankopɔn, ɛyɛ fɛ na ɛfata dodo sɛ wɔkamfo no!
၁ထာဝရဘုရားကို ချီးမွမ်းကောင်းသည်ဖြစ်၍၊ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြု ခြင်းသည် သာယာလျောက်ပတ်သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။
2 Awurade kyekyere Yerusalem; Ɔboaboa Israel nnommum ano.
၂ထာဝရဘုရားသည် ယေရုရှလင်မြို့ကို တည် ဆောက်၍၊ အဝေးသို့နှင်လိုက်သော ဣသရေလအမျိုး သားတို့ကို စုဝေးစေတော်မူ၏။
3 Ɔsa wɔn a wɔn koma abotow no yare, na ɔkyekyere wɔn akuru.
၃စိတ်ကြေမွသောသူတို့ကို နှစ်သိမ့်စေ၍၊ သူတို့၏ အနာကို ကုတော်မူ၏။
4 Ɔkyerɛ nsoromma dodow a ɛwɔ hɔ, na ɔde obiara din frɛ no.
၄ကြယ်များကိုရေတွက်၍ အသီးအသီးတို့ကို သမုတ်တော်မူ၏။
5 Yɛn Awurade so, na ne tumi yɛ kɛse; yɛrente nʼase nwie.
၅ငါတို့၏ဘုရားရှင်သည် ကြီးမြတ်တော်မူ၏။ တန်ခိုးတော်လည်း ကြီး၏။ဥာဏ်တော်သည်အနန္တဖြစ်၏။
6 Awurade wowaw ahobrɛasefo na ɔtotow amumɔyɛfo hwehwe fam.
၆ထာဝရဘုရားသည် စိတ်နှိမ့်ချသော သူတို့ကို ကြွပင့်၍၊ မတရားသော သူတို့ကိုကား၊ မြေပေါ်မှာ လှဲတော်မူ၏။
7 Monto aseda nnwom mma Awurade. Momfa sanku nto dwom mma yɛn Nyankopɔn.
၇ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့။ စောင်းတီး၍၊ ငါတို့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့။
8 Ɔde omununkum kata ɔsoro ani; ɔma asase osu ma sare nyin wɔ nkoko so.
၈ကောင်းကင်ကို မိုဃ်းတိမ်များနှင့် ဖုံးလွှမ်းသဖြင့်၊ မြေကြီးဘို့ မိုဃ်းရေကိုပြင်ဆင်၍၊ တောင်များပေါ်မှာ မြက်ပင်ကိုပေါက်စေတော်မူ၏။
9 Ɔma anantwi aduan, na sɛ kwaakwaadabimma su a, ɔma wɔn aduan.
၉မြည်တတ်သော ကျီးကန်းကလေးမှစ၍၊ တိရစ္ဆာန်များတို့ကို ကျွေးမွေးတော်မူ၏။
10 Ɛnyɛ ɔpɔnkɔ ahoɔden na nʼani sɔ na ɛnyɛ onipa ahoɔden nso.
၁၀မြင်း၏ခွန်အားနှင့်လူ၏လျင်မြန်ခြင်းကို အားရ နှစ်သက်တော်မူခြင်းမရှိ။
11 Na mmom, Awurade ani sɔ nnipa a wosuro no, wɔn a wɔde wɔn ho to nʼadɔe a ɛnsa da no so no.
၁၁ကြောက်ရွံ့သောသူနှင့် ကရုဏတော်ကို မြော်လင့်သော သူတို့ကို ထာဝရဘုရား နှစ်သက်တော် မူ၏။
12 Momma Awurade so, Yerusalem; kamfo wo Nyankopɔn, Sion,
၁၂အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်း လော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။
13 ɔma wʼapon akyi adaban yɛ den, na ohyira wo nkurɔfo a wɔte wo mu.
၁၃အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ၏။
14 Ɔma wʼahye so dwo, na ɔde awi ankasa ma wo.
၁၄သင်၏ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်း စေ၍၊ အကောင်းဆုံးသော စပါးနှင့် သင့်ကို ဝစွာ ကျွေးမွေးတော်မူ၏။
15 Ɔsoma nʼahyɛde kɔ asase so; nʼasɛm tu mmirika ntɛm so.
၁၅မြေကြီးပေါ်သို့ဗျာဒိတ်တော်ကို လွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေးတတ်ပါ၏။
16 Ɔtrɛw sukyerɛmma mu sɛ oguan ho nwi, na ɔpete obosu sukyerɛmma sɛ nsõ.
၁၆မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏။ နှင်းခဲ ကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏။
17 Ɔtotow mparuwbo gu fam sɛ mmosea. Hena na obetumi agyina nʼawɔw dennen no ano?
၁၇မိမိမိုဃ်းသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင် သနည်း။
18 Ɔsoma nʼasɛm no ma ɛnan no; ɔhwanyan ne mframa, na nsu sen.
၁၈တဖန်နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထိုမိုဃ်းပွင့် အစရှိသည်တို့ကို အရည်ကျိုတော်မူ၏။ မိမိလေကို လာစေတော်မူသဖြင့်၊ ရေတို့သည် စီးကြ၏။
19 Wada nʼasɛm adi akyerɛ Yakob, ne mmara ne ɔhyɛ nsɛm akyerɛ Israel.
၁၉နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြတော်မူ၏။
20 Ɔnyɛɛ eyi maa ɔman foforo biara ɛ; wonnim ne mmara. Monkamfo Awurade!
၂၀အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော် မမူ။ စီရင်တော်မူချက်များကို သူတို့မသိရကြ။ ဟာလေ လုယ။