< Nnwom 143 >
1 Dawid dwom. Awurade, tie me mpaebɔ, tie me mmɔborɔsu; fi wo nokwaredi ne trenee mu bra bɛboa me.
၁အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ။
2 Mfa wʼakoa nkɔ atemmu mu, na ɔteasefo biara nteɛ wɔ wʼanim.
၂ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါ နှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။
3 Ɔtamfo no taa me, ɔbɔ me hwe fam; ɔma me tena sum mu te sɛ wɔn a wowuwuu dedaada.
၃ရန်သူသည်အကျွန်ုပ်၏ဝိညာဉ်ကို ညှဉ်းဆဲ၍၊ အသက်ကိုလည်း မြေတိုင်အောင်နှိပ်နင်း၍၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာ နေစေပါ၏။
4 Ɛno nti me honhom atɔ beraw wɔ me mu; na me koma di yaw wɔ me mu.
၄အကျွန်ုပ်သည်စိတ်ပျက်လျက်၊ ကိုယ်အထဲ၌ နှလုံးကြေကွဲလျက် ရှိပါ၏။
5 Mekae tete nna no; midwinnwen wo nnwuma ne nea wo nsa ayɛ nyinaa ho.
၅ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့၍၊ အလုံးစုံသော အမှုတော်တို့ကို၎င်း၊ လက်တော်နှင့်ပြုပြင် သော အရာများကို၎င်း ဆင်ခြင်ပါ၏။
6 Mema me nsa so kyerɛ wo; wo ho sukɔm de me kra sɛ asase kesee.
၆ကိုယ်တော်ထံသို့ လက်တို့ကို ဆန့်ပါ၏။ သွေ့ ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏။
7 Awurade, gye me so ntɛm; me honhom tɔ piti. Mfa wʼanim nhintaw me anyɛ saa a mɛyɛ sɛ wɔn a wɔkɔ amoa mu no.
၇အိုထာဝရဘုရား၊ အလျင်အမြန် နားထောင် တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲ တော်မူသဖြင့်၊ တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။
8 Ma mente wʼadɔe a ɛnsa da no ho asɛm daa anɔpa, na mede me ho ato wo so. Kyerɛ me ɔkwan a memfa so, na wo na mema me kra so kyerɛ.
၈ကရုဏာတော်စကားသံကို အလျင်အမြန်ကြား စေတော်မူပါ။ ကိုယ်တော်၌ကိုးစားပါ၏။ ကိုယ်သွားရမည် လမ်းကိုသိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသ ပါ၏။
9 Awurade gye me fi mʼatamfo nsam, na wo mu na mede me ho hintaw.
၉အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကိုယ်တော်ကိုခိုလှုံပါ၏။
10 Kyerɛ me na menyɛ wʼapɛde, na wo ne me Nyankopɔn; ma wo honhom pa no nkogya me asasetaw so.
၁၀အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါ စေသော။
11 Awurade, wo din nti, kyɛe me nkwa so; wo trenee mu, yi me fi ɔhaw mu.
၁၁အိုထာဝရဘုရား၊ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ဖြောင့်မတ်တော်မူ သည်နှင့်အညီ၊ အကျွန်ုပ်၏ ဝိညာဉ်ကိုဆင်းရဲဒုက္ခအထဲက နှုတ်ယူတော်မူပါ။
12 Fi wʼadɔe a ɛnsa da no mu mua mʼatamfo ano; na sɛe wɔn a wokyi me no nyinaa, na meyɛ wo somfo.
၁၂ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ ရန်သူတို့ကို ပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။