< Nnwom 109 >
1 Dawid dwom. Me Nyankopɔn a mekamfo wo, nyɛ komm,
၁အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ဆိတ်ဆိတ်နေတော် မမူပါနှင့်။
2 na amumɔyɛfo ne nkontompofo atu wɔn ano agu me so; wɔde atoro tɛkrɛma akasa atia me.
၂သူယုတ်မာများနှင့်လူလိမ်များသည်ကျွန်တော် မျိုးကို တိုက်ခိုက်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အကြောင်း မုသားစကားပြောကြပါ၏။
3 Wɔde nitansɛm atwa me ho ahyia na wɔtow hyɛ me so a menkaa wɔn.
၃သူတို့သည်ကျွန်တော်မျိုးအားအကြောင်းမဲ့ တိုက်ခိုက်၍ကျွန်တော်မျိုး၏အကြောင်း ဆိုးရွားသောသတင်းများကိုလွှင့်ကြပါ၏။
4 Wɔka nsɛm to me so de tua mʼadɔeyɛ so ka, nanso meyɛ obi a mepɛ mpaebɔ.
၄ကျွန်တော်မျိုးသည်သူတို့အားမေတ္တာပြလျက် သူတို့အတွက်ဆုတောင်းပတ္ထနာပြုသော်လည်း သူတို့သည်ကျွန်တော်မျိုးအားရန်ဘက်ပြု ကြပါ၏။
5 Wɔde bɔne tua me papayɛ so ka, na wɔde ɔtan tua mʼadɔeyɛ so ka.
၅သူတို့သည်ကျွန်တော်မျိုးပြုသည့်ကျေးဇူးကို ဆိုးညစ်မှုဖြင့်လည်းကောင်း၊ကျွန်တော်မျိုး၏ မေတ္တာကိုမုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်လည်ပေးဆပ်ကြပါ၏။
6 Ma onipa bɔne bi nsɔre ntia no; na Satan nnyina ne nsa nifa so.
၆ကျွန်တော်မျိုး၏ရန်သူအားတရားစီရင်ရန် အဂတိလိုက်စားသောတရားသူကြီးကို ခန့်ထားရွေးချယ်ပေးတော်မူပါ။ သူ၏ရန်သူတစ်ယောက်ကပင်လျှင်သူ့အား ပြစ်တင်စွပ်စွဲစေတော်မူပါ။
7 Wodi nʼasɛm a, ma onni fɔ, na ne mpaebɔ mmu no kumfɔ.
၇သူ့အားစစ်ဆေး၍ပြစ်မှုထင်ရှားပါစေသော။ သူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် ပြစ်မှုကူးရာရောက်ပါစေသော။
8 Ma ne nkwa nna nyɛ kakraa bi; na ɔfoforo nsi nʼanan mu sɛ ɔkannifo.
၈သူ၏အသက်သည်မကြာမီကုန်ဆုံးလျက် သူ၏ရာထူးကိုအခြားသူတစ်ဦးရရှိ ပါစေသော။
9 Ma ne mma nyɛ ayisaa na ne yere nyɛ okunafo.
၉သူ၏သားသမီးများသည်မိဘမဲ့များဖြစ် ကြလျက် သူ၏ဇနီးသည်မုဆိုးမဖြစ်ပါစေသော။
10 Ma ne mma nkyinkyin nsrɛsrɛ ade; ma wɔmpam wɔn mfi wɔn afi a abubu no mu.
၁၀သူ၏သားသမီးတို့သည်အိမ်ရာမဲ့သူတောင်း စားများ ဖြစ်ကြ၍ မိမိတို့နေထိုင်ရာအိမ်ပျက်များမှနှင်ထုတ် ခြင်းကို ခံရကြပါစေသော။
11 Ma ɔdefirifo bi mfa nea ɔwɔ nyinaa; na ananafo mfom nʼadwuma so aba.
၁၁ကြွေးရှင်တို့သည်သူ၏ဥစ္စာပစ္စည်းရှိသမျှတို့ကို သိမ်းယူကြလျက်သူစိမ်းတစ်ရံဆံတို့သည် သူလုပ်ကိုင်၍ရသမျှသောအကျိုးခံစား ရကြပါစေသော။
12 Mma obiara nhu no, anaa ne ayisaa mmɔbɔ.
၁၂အဘယ်အခါ၌မျှသူ့အားသနားကြင်နာ မည့်သူ၊ သူ၏ဘသက်ဆိုးများကိုကြည့်ရှုစောင့်ရှောက် မည့်သူ မရှိပါစေနှင့်။
13 Ma nʼase nhyew, na wɔn din nyera wɔ awo ntoatoaso a ɛreba no mu.
၁၃သူ၏အမျိုးတိမ်ကောပါစေသော။ သူ၏နာမည်သည်နောက်မျိုးဆက်၌ပင်လျှင် ပျောက်ကွယ်သွားပါစေသော။
14 Ma wɔnkae nʼagyanom nnebɔne wɔ Awurade anim; na ne na bɔne no ntena hɔ daa.
၁၄သူ၏ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှု များကို ထာဝရဘုရားသည်သတိရတော်မူပါစေသော။ သူ၏မိခင်ကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ဖြေလွှတ်တော်မမူပါနှင့်။
15 Wɔn bɔne nyinaa nka Awurade anim, na wɔankae wɔn bio wɔ asase so.
၁၅ထာဝရဘုရားသည်သူတို့၏အပြစ်တို့ကို သတိရတော်မူပါစေသော။ သို့ရာတွင်သူတို့၏နာမည်သည်လောကမှ လုံးဝပျောက်ကွယ်သွားပါစေသော။
16 Efisɛ wannwene da sɛ ɔbɛyɛ adɔe, na mmom ɔtaa ahiafo mmɔborɔfo ne wɔn a wɔn werɛ ahow de kɔɔ owu mu.
၁၆ထိုသူသည်အဘယ်အခါ၌မျှသနား ကြင်နာရန် စိတ်မကူးခဲ့။ ဆင်းရဲသူ၊ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့ သူတို့အားညှဉ်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့၏။
17 Nʼani gyee sɛ ɔbɛdome enti nnome mmra no so; wampɛ sɛ obehyira enti nhyira mmɔ no.
၁၇သူသည်ကျိန်ဆဲရန်နှစ်သက်သည်ဖြစ်၍ သူကိုယ်တိုင်ကျိန်ဆဲခြင်းကိုခံရပါစေ သော။ သူသည်သူတစ်ပါးအားကောင်းချီးမင်္ဂလာပေးရန် အလိုမရှိသည်ဖြစ်၍ မည်သူကမျှသူ့အားကောင်းချီးမင်္ဂလာ မပေးပါစေနှင့်။
18 Ɔhyɛɛ nnome sɛ atade; ɛno kɔɔ ne nipadua mu sɛ nsu, ne ne nnompe mu sɛ ngo.
၁၈ကျိန်ဆဲမှုသည်သူ၏အတွက်ခါးဝတ် ပုဆိုးသဖွယ်ဖြစ်၏။ သူ၏ကျိန်ဆဲချက်များသည်ရေကဲ့သို့ သူ၏ကိုယ်ခန္ဓာထဲသို့လည်းကောင်း၊ဆီကဲ့သို့ သူ၏ အရိုးများထဲသို့လည်းကောင်းစိမ့်ဝင်ပါ စေသော။
19 Ma ɛnyɛ sɛ atade a ɛkyekyere ne ho, ne abɔso a ɛbɔ no daa.
၁၉ယင်းကျိန်ဆဲချက်တို့သည်အထည်အဝတ်ကဲ့သို့ သူ့ကိုဖုံးလွှမ်း၍ခါးပတ်သဖွယ်သူ့ကိုအစဉ် အမြဲ ပတ်၍ထားပါစေသော။
20 Ma eyi nyɛ Awurade akatua a ɔde ma me sobobɔfo, wɔn a wɔka nsɛmmɔne fa me ho no.
၂၀အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အကြောင်းဆိုးရွားသည့် သတင်းကိုလွှင့်သူကျွန်တော်မျိုး၏ရန်သူတို့ အား ဤနည်းအတိုင်းအပြစ်ပေးတော်မူပါ။
21 Nanso wo Asafo Awurade, wo din nti wo ne me nni no yiye; fi wʼadɔe mu gye me.
၂၁သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်၊ ကိုယ်တော်ရှင်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်၏မေတ္တာတော်ကိုထောက်၍ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
22 Efisɛ meyɛ ohiani ne nea onni bi, na me koma atɔ beraw wɔ me mu.
၂၂ကျွန်တော်မျိုးသည်ဆင်းရဲချို့တဲ့နွမ်းပါး ပါ၏။ အသည်းနှလုံးထဲတွင်နာကြည်းလျက်ရှိပါ၏။
23 Mitwaa mu sɛ anwummere sunsuma; wopia me kyene sɛ mmoadabi.
၂၃ကျွန်တော်မျိုးသည် ညနေချိန်အရိပ်ကဲ့သို့ ပျောက်ကွယ်ရန်နီးပါပြီ။ ပိုးကောင်ကဲ့သို့လေတိုက်၍လွင့်သွားပါ၏။
24 Mmuadadi ama me nkotodwe mu agugow; mafɔn, na ama aka me nnompe.
၂၄အစားအစာချို့တဲ့မှုကြောင့်ကျွန်တော်မျိုး၏ ဒူးတို့သည်ချည့်နဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ကိုယ်ခန္ဓာသည် အရိုးနှင့်အရေသာရှိပါ၏။
25 Mayɛ aserewde ama wɔn a wɔbɔ me sobo; sɛ wohu me a, wɔwosow wɔn ti.
၂၅လူတို့သည်ကျွန်တော်မျိုးကိုမြင်သောအခါ ပြက်ရယ်ပြုကြပါ၏။ ဦးခေါင်းကိုခါကြ ပါ၏။
26 Boa me, Awurade me Nyankopɔn; gye me sɛnea wʼadɔe te.
၂၆ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကျွန်တော်မျိုးအားကူမတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ကျွန်တော်မျိုးအားကယ်တော် မူပါ။
27 Ma wonhu sɛ ɛyɛ wo nsa, na wo na woayɛ, Awurade.
၂၇ကျွန်တော်မျိုးအားကယ်တော်မူသောသူသည် ကိုယ်တော်ရှင်ပင်ဖြစ်တော်မူကြောင်းကို ရန်သူတို့အားသိစေတော်မူပါ။
28 Wɔbɛdome, nanso wubehyira; sɛ wɔtow hyɛ me so a wɔn anim begu ase, nanso wo somfo ani begye.
၂၈သူတို့သည်ကျွန်တော်မျိုးအား ကျိန်ဆဲကြသော်လည်းကိုယ်တော်ရှင် မူကား ကောင်းချီးပေးတော်မူပါမည်။ ကျွန်တော်မျိုးအားနှိပ်စက်ညှဉ်းဆဲသော သူတို့သည် အရေးရှုံးနိမ့်ကြပါစေသော။ ကိုယ်တော်ရှင်၏ အစေခံကျွန်တော်မျိုးမူကား ဝမ်းမြောက်ရပါစေသော။
29 Mʼatamfo befura animguase; na akyekyere wɔn ho sɛ atade.
၂၉ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။ သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
30 Mede mʼano bɛma Awurade so ayɛ no kɛse; mɛkamfo no wɔ dɔm mu.
၃၀ငါသည်အသံကျယ်စွာထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ ပရိသတ်တို့အလယ်တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
31 Efisɛ ogyina ohiani nsa nifa so sɛ obegye no nkwa afi wɔn a wobu no kumfɔ nsam.
၃၁အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ဆင်းရဲသူကိုကာကွယ်၍ သူ့အားသေဒဏ်စီရင်ကြသောသူတို့ ၏လက်မှ ကယ်တော်မူသောကြောင့်ဖြစ်၏။