< Nnwom 106 >
1 Monkamfo Awurade! Monna Awurade ase na oye; na nʼadɔe wɔ hɔ daa.
၁ထာဝရဘုရားအားထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်းမြတ်တော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝရတည် ၏။
2 Hena na obetumi aka nneɛma akɛse a Awurade ayɛ? Anaasɛ obetumi aka ne nkamfo awie?
၂အဘယ်သူသည်ကိုယ်တော်၏အံ့သြဖွယ်ကောင်း သော အမှုတော်အပေါင်းတို့ကိုဖော်ပြနိုင်ပါသနည်း။ အဘယ်သူသည်ကိုယ်တော်၏ဂုဏ်တော်ရှိ သမျှကို ဖော်ကူးနိုင်ပါသနည်း။
3 Nhyira nka wɔn a wɔkɔ so bu atɛntrenee, na daa wɔyɛ nea eye.
၃တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
4 Awurade, sɛ wuhu wo nkurɔfo mmɔbɔ a kae me, sɛ wugye wɔn nkwa a, boa me,
၄အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အား ကူမတော်မူသောအခါ ကျွန်တော်မျိုးကိုလည်းသတိရတော်မူပါ။ သူတို့အားကယ်တော်မူသောအခါ ကျွန်တော်မျိုးကိုလည်းကယ်တော်မူပါ။
5 na manya wɔn a wapaw wɔn no yiyedi mu kyɛfa, na manya wo manfo anigye no mu kyɛfa, na me ne wʼagyapade no abɔ mu de nkamfo ama wo.
၅ကိုယ်တော်ရှင်၏လူစုတော်ကောင်းစားသည်ကို ကျွန်တော်မျိုးမြင်ပါရစေ။ ကိုယ်တော်ရှင်၏ပြည်တော်သားများ ဝမ်းမြောက်ရာ၌လည်းကောင်း၊ ကိုယ်တော်ပိုင်တော်မူသောသူတို့ရွှင်လန်းအား ရစွာ ဂုဏ်ယူဝါကြွားရာ၌လည်းကောင်းကျွန်တော်မျိုး ပါဝင်ပါရစေ။
6 Yɛayɛ bɔne sɛnea yɛn nenanom yɛe no; yɛayɛ mfomso na yɛadi atirimɔdensɛm.
၆ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူ အပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
7 Bere a yɛn nenanom wɔ Misraim no, wɔannwene wo nsɛnkyerɛnne ho; wɔankae wʼadɔe bebrebe no, na wɔtew atua wɔ Po Kɔkɔɔ no ho.
၇ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။ သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
8 Nanso ne din nti ogyee wɔn nkwa, sɛnea ɔbɛda ne tumi kɛse no adi.
၈သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန် ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
9 Ɔteɛɛ Po Kɔkɔɔ no ma ɛyowee; ɔde wɔn faa bun mu te sɛ sare so.
၉ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
10 Ogyee wɔn fii ɔtamfo no nsam; nea ɔtan wɔn no nsam na oyii wɔn fii.
၁၀ကိုယ်တော်သည်သူတို့ကိုမုန်းသောသူတို့၏လက်မှ ကယ်တော်မူ၏။ သူတို့၏ရန်သူများလက်မှကယ်ဆယ်တော်မူ၏။
11 Nsu kataa wɔn atamfo so; na ɔbaako mpo annya nkwa.
၁၁သူတို့၏ရန်သူများသည်ရေနစ်၍သေကြကုန်၏။ တစ်စုံတစ်ယောက်မျှအသက်ရှင်၍မကျန်ခဲ့။
12 Afei wogyee ne bɔhyɛ no dii na wɔtoo nʼayeyi nnwom.
၁၂ထိုအခါကိုယ်တော်၏လူစုတော်သည်ကတိတော်ကို ယုံကြည်ကြလျက် ကိုယ်တော်အားထောမနာသီချင်းဆို ကြ၏။
13 Nanso ntɛm so, wɔn werɛ fii nea wayɛ na wɔantwɛn nʼagyinatu.
၁၃သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင် ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
14 Akɔnnɔ bɛhyɛɛ wɔn mu wɔ sare so hɔ, asase paradada no so na wɔsɔɔ Onyankopɔn hwɛe,
၁၄သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက် ဘုရားသခင်အားသွေးစမ်းကြ၏။
15 enti ɔmaa wɔn nea wobisae, nanso ɔde ɔfɔn yare baa wɔn so.
၁၅သို့ဖြစ်၍ကိုယ်တော်သည်သူတို့တောင်းခံသည့် အရာကိုချပေးတော်မူသော်လည်း သူတို့အားရောဂါဆိုးစွဲကပ်စေတော် မူ၏။
16 Na nsraban mu hɔ wɔn ani beree Mose ne Aaron a Awurade atew ne ho no.
၁၆သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
17 Asase mu bue ma ɛmenee Datan na esiee Abiram asafo no.
၁၇ထိုအခါမြေကြီးသည်အက်ကွဲ၍ ဒါသန်ကိုလည်းကောင်း၊ အဘိရံနှင့်အိမ်ထောင်စုသားတို့ကိုလည်းကောင်း မျိုလေ၏။
18 Ogya tɔɔ wɔn akyidifo no mu; ogyatannaa hyew amumɔyɛfo no.
၁၈မီးလျှံသည်သူတို့၏နောက်လိုက်သူယုတ်မာတို့ အပေါ်သို့ကျ၍ကျွမ်းလောင်စေ၏။
19 Wɔyɛɛ nantwi ba wɔ Horeb na wɔkotow ohoni a wɔde fagude ayɛ.
၁၉သူတို့သည်သိနာတောင်အနီးတွင် ရွှေဖြင့်နွားသငယ်ရုပ်ကိုသွန်းလုပ်ကြပြီး နောက် ရှိခိုးကြ၏။
20 Wɔsesaa wɔn Anuonyam wɔde nantwinini, a ɔwe sare nsɛsode.
၂၀သူတို့သည်ဘုရားသခင်၏ဘုန်းအသရေ တော်ကို မြက်စားတိရစ္ဆာန်ရုပ်နှင့်အစားထိုးကြကုန်၏။
21 Wɔn werɛ fii Onyankopɔn a ogyee wɔn nkwa, nea ɔyɛɛ nneɛma akɛse wɔ Misraim no,
၂၁အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့် မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။
22 nsɛnkyerɛnne a ɔyɛɛ wɔ Ham asase so ne nneɛma a ɛyɛ hu wɔ Po Kɔkɔɔ ho no.
၂၂ထိုပြည်တွင်ကိုယ်တော်ပြုတော်မူသော အမှုတော်တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ ပင်လယ်အနီးတွင်ပြုတော်မူသောအမှု တော်တို့သည် အံ့ဖွယ်သူရဲဖြစ်လှပါသည်တကား။
23 Enti ɔkae se ɔbɛsɛe wɔn, nanso Mose a ɔyɛ nea wapaw no no, sɔre gyinaa Onyankopɔn ne nnipa no ntam; ɔsrɛ de dwudwoo nʼabufuwhyew no ano sɛnea ɔrensɛe wɔn.
၂၃ဘုရားသခင်သည်မိမိ၏လူစုတော်အား သုတ်သင်ဖျက်ဆီးတော်မူမည်ဟုမိန့်တော်မူ သောအခါ ကိုယ်တော်ရွေးချယ်တော်မူသည့်အစေခံ မောရှေသည် ဆီးတားသဖြင့် အမျက်တော်ထွက်၍ထိုသူတို့အားသုတ်သင် ဖျက်ဆီးတော်မမူ။
24 Afei wɔn ani ansɔ asase fɛfɛ no; na wɔannye ne bɔhyɛ no anni.
၂၄ထိုနောက်သူတို့သည်သာယာသောပြည်သို့ ဝင်ရန် ငြင်းဆန်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ ကတိတော်ကိုမယုံကြသောကြောင့်ဖြစ်၏။
25 Wonwiinwii wɔ wɔn ntamadan mu na wɔanyɛ osetie amma Awurade.
၂၅သူတို့သည်မိမိတို့၏တဲများတွင်နေ၍ ညည်းညူကြ၏။ ထာဝရဘုရား၏စကားတော်ကိုနားမ ထောင်ကြ။
26 Enti ɔmaa ne nsa so kaa ntam kyerɛɛ wɔn se ɔbɛma wɔatotɔ wɔ sare no so,
၂၆သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားတော ကန္တာရတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ သူတို့၏သားမြေးများအားဘုရားမဲ့သူတို့ ထံတွင် ကွဲလွင့်စေလျက်တိုင်းတစ်ပါးတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း ကြပ်တည်းစွာ သတိပေးတော်မူ၏။
27 ɔbɛma wɔn asefo atotɔ wɔ amanaman mu na wabɔ wɔn ahwete nsase nyinaa so.
၂၇
28 Wɔde wɔn ho bɔɔ Baal-Peor ho na wodii afɔrebɔde a wɔde ama anyame a wonni nkwa;
၂၈ထိုနောက်ဘုရားသခင်၏လူစုတော်သည် ဗာလဘုရားကိုပေဂုရအရပ်တွင်ရှိခိုး ဝတ်ပြု၍ သက်မဲ့ဘုရားများကိုပူဇော်သည့်ယဇ်ကောင်သားကို စားကြ၏။
29 wɔde wɔn atirimɔdensɛm hyɛɛ Awurade abufuw na ɔyaredɔm sii wɔn mu.
၂၉သူတို့သည်ယင်းသို့ပြုမူခြင်းအားဖြင့် ထာဝရဘုရား၏အမျက်တော်ကို လှုံ့ဆော်ပေးကြရာသူတို့တွင်ရောဂါဆိုး ကပ်ရောက်လေ၏။
30 Na Pinehas sɔre dii akagyinamu, na wosiw ɔyaredɔm no ano.
၃၀သို့ရာတွင်ဖိနဟတ်သည်ထ၍ အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
31 Wɔde eyi yɛɛ trenee maa no wɔ awo ntoatoaso a enni awiei a ɛbɛba no mu.
၃၁ဖိနဟတ်ပြုခဲ့သည့်ကျေးဇူးကိုယနေ့တိုင်အောင် လူတို့သတိရကြကုန်၏။ နောင်ကာလအစဉ်မပြတ်လည်း သတိရကြပေလိမ့်မည်။
32 Meriba nsu ho nso, wɔhyɛɛ Awurade abufuw, na wɔn nti, ɔhaw baa Mose so,
၃၂သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
33 efisɛ wɔtew Onyankopɔn Honhom anim atua, na asɛm a wannwene ho fii Mose anom.
၃၃သူတို့သည်မောရှေအားလွန်စွာ စိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
34 Wɔansɛe nnipa no sɛnea Awurade hyɛɛ wɔn no,
၃၄သူတို့သည်ခါနာန်အမျိုးသားတို့အား သုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
35 nanso wɔde wɔn ho frafraa amanaman no yɛɛ nneɛma a wɔyɛ no bi.
၃၅ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
36 Wɔsom wɔn ahoni, na ɛbɛyɛɛ afide maa wɔn.
၃၆ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
37 Wɔde wɔn mmabarima ne wɔn mmabea bɔɔ afɔre maa abosom.
၃၇သူတို့သည်မိမိတို့၏သားသမီးများကို ယဇ်ကောင်များအဖြစ်ဖြင့်ခါနာန်ရုပ်တုတို့အား ပူဇော်ကြ၏။
38 Wɔkaa mogya a edi bem gui, wɔn mmabarima ne wɔn mmabea mogya a wɔde bɔɔ afɔre maa Kanaan ahoni no maa asase no ho guu fi.
၃၈သူတို့သည်မိမိတို့၏အပြစ်မဲ့သူ သားသမီးအရင်းအချာများကိုသတ် ဖြတ်ကာ ခါနာန်ရုပ်တုများအားပူဇော်ကြရာတိုင်းပြည်ကို ညစ်ညမ်းစေကြ၏။
39 Wɔde nea wɔyɛɛ no guu wɔn ankasa ho fi; wɔnam nea wɔyɛɛ no so bɔɔ aguaman.
၃၉ယင်းသို့သတ်ဖြတ်မှုများဖြင့်မိမိတို့ကိုယ်ကို ညစ်ညမ်းစေကြ၏။ ယင်းသို့ပြုမူကြခြင်းအားဖြင့်ဘုရားသခင် ကိုလည်း သစ္စာဖောက်ကြ၏။
40 Enti Awurade bo fuw ne nkurɔfo; na okyii nʼagyapade.
၄၀သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။ သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။
41 Ɔdan wɔn maa amanaman no, na wɔn atamfo dii wɔn so.
၄၁ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ လက်တွင်စွန့်ပစ်၍ထားတော်မူသဖြင့် ရန်သူများသည်သူတို့ကိုအစိုးရကြကုန်၏။
42 Wɔn atamfo hyɛɛ wɔn so na wɔkaa wɔn hyɛɛ wɔn tumi ase.
၄၂သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကို ခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
43 Mpɛn bebree, Awurade gyee wɔn, nanso wɔkɔɔ so tew atua na wɔsɛe wɔ wɔn bɔne mu.
၄၃ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကြိမ်ဖန်များစွာကယ်ဆယ်တော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်အားပုန်ကန်မြဲ ပုန်ကန်ကြသဖြင့် အပြစ်နွံတွင်ပို၍သာနစ်ကြကုန်၏။
44 Nanso ohuu wɔn ahohiahia bere a wosu frɛɛ no no.
၄၄သို့ရာတွင်သူတို့ဟစ်အော်ကြသောအခါ ထာဝရဘုရားကြားတော်မူ၍သူတို့၏ ဆင်းရဲဒုက္ခကြောင့်သူတို့ကိုသနားတော်မူ၏။
45 Wɔn nti ɔkaee nʼapam no, na ofii nʼadɔe kɛse no mu huu wɔn mmɔbɔ.
၄၅ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။ မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။
46 Ɔmaa asodifo a wɔafa wɔn nnommum no nyaa ahummɔbɔ maa wɔn.
၄၆သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
47 Gye yɛn, Awurade yɛn nkwagye Nyankopɔn, na boaboa yɛn ano fi amanaman so, na yɛada wo din kronkron no ase, na yɛde nkamfo ahyɛ wo anuonyam.
၄၇ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့အားကယ်မူပါ၏။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်နာမ တော်ကို ထောမနာပြုနိုင်ကြစေရန်လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းနိုင် ကြစေရန်လည်းကောင်း ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့ အထဲမှ ပြန်လည်ခေါ်ဆောင်တော်မူပါ။
48 Ayeyi nka Awurade, Israel Nyankopɔn, emfi mmeresanten nkosi nnasanten. Momma nnipa no nyinaa nka se, “Amen!” Monkamfo Awurade.
၄၈ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ ထာဝရဘုရားအားထောမနာပြုကြ လော့။