< Mmebusɛm 9 >

1 Nyansa asi ne fi; wasisi nʼafadum ason.
ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
2 Wasiesie ne nam de afra ne nsa, wato ne pon.
သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။
3 Wasoma ne mmaawa, na ɔfrɛ fi kuropɔn no sorɔnsorɔmmea hɔ se,
ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊
4 “Momma ntetekwaafo nyinaa mmra ha!” Ɔka kyerɛ wɔn a wonni atemmu se,
ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
5 “Mommra mmedi mʼaduan na monnom nsa a mafra no.
လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
6 Munnyaw mo ntetekwaasɛm no na mubenya nkwa; monnantew ntease akwan so.”
မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
7 Nea ɔteɛteɛ ɔfɛwdifo no frɛ ahohorabɔ; na nea ɔka amumɔyɛfo anim no nya ɔyaw.
မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
8 Ɛno nti, nka ɔfɛwdifo anim na ɔmmɛtan wo; ka onyansafo anim na ɔbɛdɔ wo.
မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
9 Ma onyansafo akwankyerɛ na ɔbɛkɔ so ahu nyansa; kyerɛkyerɛ ɔtreneeni na ɔde bɛka nʼadesua ho.
ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
10 Awurade suro yɛ nyansa mfiase Ɔkronkronni no ho nimdeɛ yɛ ntease.
၁၀ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
11 Me mu na wo nna bɛdɔɔso, na wɔde mfe bɛka wo nkwa ho.
၁၁အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
12 Sɛ woyɛ onyansafo a, wubenya wo nyansa so mfaso; sɛ woyɛ ɔfɛwdifo a, wo nko ara na wubehu amane.
၁၂သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
13 Ɔbea ɔkwasea yɛ ɔkasafo; onni ahohyɛso na onni nimdeɛ.
၁၃မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
14 Ɔte ne fi pon ano, na ɔte akongua a esi kuropɔn no sorɔnsorɔmmea,
၁၄မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊
15 na ɔfrɛfrɛ wɔn a wotwa mu wɔ hɔ, wɔn a wɔnam wɔn kwan so tee se,
၁၅လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊
16 “Momma ntetekwaafo nyinaa mmra ha” ɔka kyerɛ wɔn a wonni atemmu se,
၁၆ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
17 “Nsu a wowia no yɛ fremfrem na aduan a wodi no ahintawee no yɛ dɛ!”
၁၇ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
18 Nanso wonnim koraa sɛ awufo wɔ hɔ sɛ nʼahɔho wɔ ɔda no ase tɔnn. (Sheol h7585)
၁၈ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ (Sheol h7585)

< Mmebusɛm 9 >