< Mateo 8 >

1 Bere a Yesu sian bepɔw no, dɔm dii nʼakyi.
ကိုယ်တော် သည် တောင် ပေါ်မှ ဆင်းကြွ တော်မူလျှင် ၊ များစွာ သောလူ အပေါင်းတို့သည် နောက်တော်သို့ လိုက် ကြ၏။
2 Ɔkwatani bi baa Yesu nkyɛn bɛkotow no srɛɛ no se, “Me wura, mesrɛ wo, sɛ ɛyɛ wo pɛ a, sa me yare.”
ထိုအခါ နူနာစွဲ သောသူတစ်ယောက်သည် ညွတ်ပြပ် လျက်၊ သခင် အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု လျှောက် လေ၏။
3 Yesu teɛɛ ne nsa de kaa ɔkwatani no kae se, “Mɛsa wo yare. Wo ho mfi!” Amono mu hɔ ara, kwata no fii ne ho.
ယေရှုကလည်း ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟု မိန့် တော်မူလျက် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင် နူနာ ပျောက်၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။
4 Yesu ka kyerɛɛ no se, “Wo ne obiara nni wʼayaresa yi ho nkɔmmɔ. Kɔ na fa wo ho kɔkyerɛ ɔsɔfo, na bɔ afɔre a Mose hyɛɛ sɛ wɔmmɔ sɛ adansede no.”
ယေရှု ကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူ အားမျှမပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကိုဆက် လော့ဟု မိန့် တော်မူ၏။
5 Yesu kɔɔ Kapernaum. Oduu hɔ no, Roma asraafo ɔha so panyin bi baa ne kyɛn bebuu no nkotodwe kae se,
ထိုနောက်မှကပေရနောင် မြို့သို့ ကြွဝင် တော်မူလျှင်၊ တပ်မှူး တစ်ယောက်သည် အထံ တော်သို့လာ ၍၊
6 “Awurade, mʼabofra abubu gu hɔ a ɔrehu amane; mesrɛ wo, bɛsa no yare ma me.”
သခင် ၊ ကျွန်တော် ၏ ငယ်သား တစ်ယောက်သည် လက်ခြေသေ သည်အနာနှင့် ပြင်းစွာ ခံရ ၍ အိမ် တွင် တုံးလုံး နေပါသည်ဟု တောင်းပန် လေ၏။
7 Yesu ka kyerɛɛ no se, “Mɛba abɛsa no yare.”
ယေရှုကလည်း ငါ လာ ၍ ချမ်းသာ ပေးမည် ဟု မိန့် တော်မူလျှင် ၊
8 Asraafo ha so panyin no tee Yesu asɛm a ɔkae no, ɔkae se, “Awurade, memfata sɛ woba me fi. Ka biribi na mʼabofra no ho bɛyɛ no den.
တပ်မှူး က၊ သခင် ၊ ကျွန်တော် ၏ အိမ်မိုး အောက် သို့ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော် မ ခံထိုက် ပါ။ အမိန့် တော် တစ်ခွန်းရှိလျှင် ကျွန်တော် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။
9 Meyɛ obi a mehyɛ tumi ase, na mesan wɔ asraafo a wɔhyɛ mʼase. Meka kyerɛ wɔn mu bi sɛ ɔnkɔ a, ɔkɔ. Meka kyerɛ ɔfoforo se ɔmmra a, ɔba. Saa ara nso na mehyɛ me somfo sɛ ɔnyɛ biribi a, ɔyɛ ara ne no.”
ဥပမာကား၊ ကျွန်တော် သည် မင်း အောက် ၌ကျွန်ခံသောသူ ဖြစ် သော်လည်း စစ်သူရဲ များကိုအုပ်စိုး ၍ တစ်ဦး ကိုသွား ချေဟုဆို လျှင် သွား ပါ၏။ တစ်ဦး ကို လာ ခဲ့ဟုဆိုလျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် လေ၏။
10 Yesu tee saa asɛm no, ɛyɛɛ no nwonwa. Ɔdan nʼani, ka kyerɛɛ nnipadɔm a wodi nʼakyi no se, “Israelman mu nyinaa, minhuu gyidi a ɛte sɛɛ da.
၁၀ထိုစကားကို ယေရှု သည်ကြား လျှင် အံ့ဩ ခြင်းရှိ၍၊ ငါ အမှန် ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး။
11 Na mereka akyerɛ mo se, nnipa pii befi apuei ne atɔe aba na wɔne Abraham, Isak ne Yakob abɛtena ase wɔ ɔsoro Ahenni no mu.
၁၁ငါဆို ပြန်သည်ကား ၊ လူ များတို့သည်၊ အရှေ့ အရပ်၊ အနောက် အရပ်မှ လာ ၍ ၊ ကောင်းကင် နိုင်ငံ တော်၌ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့်တကွ လျောင်း ရကြလတံ့၊
12 Na Israelfo a wosiesiee ɔsoro ahenni maa wɔn no mu pii wɔ hɔ a wɔde wɔn nsa begu wɔn ti atwa agyaadwo na wɔatow wɔn agu sum kabii mu ama ɔyaw.”
၁၂နိုင်ငံ တော်သား တို့သည်လည်း ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက် တော်သို့ လိုက်သောသူ တို့အား မိန့် တော်မူပြီးမှ ၊
13 Yesu ka kyerɛɛ asraafo so panyin no se, “Kɔ fie. Nea wugye di no mmra mu saa mma wo!” Abofra no ho tɔɔ no saa bere no ara mu!
၁၃တပ်မှူး အား သင်သွား လော့။ ယုံကြည် သည်နှင့်အညီ သင် ၌ဖြစ် စေဟု မိန့် တော်မူ၏။ ထို ခဏခြင်း တွင် သူ ၏ငယ်သား သည် အနာ ရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
14 Yesu kɔɔ Petro fi. Ɔkɔtoo sɛ atiridii akyere Petro asebea ma ɔda hɔ.
၁၄ထိုနောက်မှယေရှု သည် ပေတရု အိမ် သို့ ကြွ ၍ ပေတရု ၏ ယောက္ခမ သည် ဖျားနာ စွဲလျက် တုံးလုံး နေ သည်ကို တွေ့မြင် တော်မူ၏။
15 Yesu soo ne nsa mu maa atiridii no tu fii no so. Ɔsɔre noaa aduan maa wɔn.
၁၅ထိုမိန်းမ ၏လက် ကို တို့ တော်မူလျှင် ၊ သူသည် အဖျား ပျောက် သဖြင့် ထ ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
16 Saa da no anwummere no, wɔde wɔn a wɔwɔ ahonhommɔne pii brɛɛ Yesu. Nʼanom asɛm a ɔkae no maa ahonhommɔne no nyinaa tu yerae, na wɔn a wɔyare no nyinaa nso ho tɔɔ wɔn.
၁၆ညဦးယံ ၌ နတ်ဆိုးစွဲ သောသူအများ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ နှုတ်တော်မြွက် ကာမျှနှင့်ထိုနတ် တို့ကို နှင်ထုတ် တော်မူ၏။ နာ သောသူ ရှိသမျှ တို့ကို သက်သာ စေတော်မူ၏။
17 Eyi maa nea Odiyifo Yesaia kae se, “Ɔfaa yɛn ahoɔmmerɛw, na ɔsoaa yɛn nyarewa nyinaa” no baa mu.
၁၇ထို အကြောင်းအရာမူကား၊ သူ သည် အကျွန်ုပ် တို့ အနာ ရောဂါဝေဒနာ များကို ယူတင် ဆောင်ရွက် လေ သည်ဟု ပရောဖက် ဟေရှာယ ဟော ဘူးသောစကား ပြည့်စုံ မည်အကြောင်း ဖြစ်သတည်း။
18 Yesu huu sɛ dɔm no redɔɔso no, ɔka kyerɛɛ nʼasuafo no se, wontwa ɔtare no nkɔ nʼagya nohɔ.
၁၈များစွာသောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ လျက် နေကြသည်ကို မြင် တော်မူလျှင် ၊ ကမ်းတစ်ဘက် သို့ ကူး မည့်အကြောင်း အမိန့် တော်ရှိ၏။
19 Ɛhɔ ara Yudani kyerɛkyerɛfo bi ka kyerɛɛ Yesu se, “Kyerɛkyerɛfo, baabiara a wobɛkɔ no, medi wʼakyi!”
၁၉ထိုအခါ ကျမ်းပြု ဆရာတစ် ယောက်သည်လာ ၍ အရှင် ဘုရား၊ ကိုယ်တော် ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။
20 Yesu buaa no se, “Sakraman wɔ wɔn abon, wim nnomaa nso wɔ mmerebuw, nanso me, Onipa Ba no de, minni baabi a mede me ti to!”
၂၀ယေရှု ကလည်း မြေခွေး သည် မြေတွင်း ရှိ ၏။ မိုဃ်း ကောင်းကင်၌ ကျင်လည်သောငှက် သည်နားနေရာ အရပ်ရှိ ၏။ လူ သား မူကား ၊ ခေါင်း ချ ရာမျှ မ ရှိဟု မိန့် တော်မူ၏။
21 Asuafo no mu baako bɛka kyerɛɛ no se, “Owura, ma me kwan na minkosie mʼagya ansa na mabedi wʼakyi.”
၂၁အခြား သော တပည့် တော်ကလည်း ၊ သခင် ၊ အကျွန်ုပ် အဘ ကို ရှေးဦးစွာ သွား ၍ သင်္ဂြိုဟ် ရသော အခွင့် ကိုပေးတော်မူပါဟု လျှောက် လေ၏။
22 Nanso Yesu ka kyerɛɛ no se, “Di mʼakyi. Wɔn a wɔawu no nsie wɔn awufo.”
၂၂ယေရှု ကလည်း၊ ငါ့ နောက် သို့လိုက်လော့။ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေဟု မိန့် တော်မူ၏။
23 Yesu saa nyarewa no wiee no, ɔkɔtenaa ɔkorow mu na nʼasuafo no dii nʼakyi.
၂၃ထိုအခါ လှေ ထဲသို့ ဝင် တော်မူ၍ တပည့် တော်တို့သည် လိုက် ကြ၏။ အိုင် ၌ လှိုင်း တံပိုးပြင်းစွာ ထ ၍ လှေ ကို လွှမ်း လေ၏။
24 Prɛko pɛ, ahum kɛse bi tu maa asorɔkye bu bɛkataa ɔkorow no so. Nanso na Yesu de, wada.
၂၄ကိုယ်တော် သည် ကျိန်းစက် ၍ နေတော်မူ၏။
25 Nʼasuafo no de nteɛteɛmu kɔɔ ne nkyɛn, konyan no kae se, “Awurade! Gye yɛn na yɛreyɛ amem!”
၂၅တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကို နှိုး ပြီးလျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏။ ကယ်မ တော်မူပါဟု လျှောက် ကြသော်၊
26 Yesu nyanee no, ɔka kyerɛɛ wɔn se, “Mo a mo gyidi sua, adɛn na moabɔ hu saa?” Ɛhɔ ara, ɔsɔre teɛteɛɛ ahum ne asorɔkye no ma ɛyɛɛ dinn.
၂၆ကိုယ်တော်က၊ ယုံကြည် အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက် တတ်သနည်း ဟု မေး တော်မူပြီးလျှင် ၊ ထ ၍လေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် အလွန် သာယာ လေ၏။
27 Asuafo no ho dwiriw wɔn yiye. Wobisabisaa wɔn ho wɔn ho se, “Onipa bɛn mpo ni a ahum ne ɛpo tie no yi?”
၂၇ထိုလူ တို့ကလည်း ၊ ဤ သူကားအဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏စကားကို နားထောင် ပါသည်တကားဟု အံ့ဩ ကြ၏။
28 Yesu ne nʼasuafo no duu asuogya wɔ Gadarafo asase so no, nnipa baanu bi a ahonhommɔne wɔ wɔn so fii amusiei behyiaa no. Esiane sɛ na saa nnipa yi yɛ keka nti, na obiara ntumi mfa faako a wɔwɔ hɔ.
၂၈ကမ်းတစ်ဘက် ဂါဒရ ပြည် သို့ ရောက် တော်မူသောအခါ နတ်ဆိုးစွဲ သောလူနှစ် ယောက်တို့သည် ထို လမ်း ကို အဘယ်သူ မျှ မ သွား နိုင် အောင် အလွန် ကြမ်းကြုတ် စွာပြုလျက်၊ သင်္ချိုင်း တစပြင်မှ ထွက်လာ ၍ ကိုယ်တော် ကို ခရီးဦးကြိုပြု ပြီးလျှင်၊
29 Wohuu no pɛ, wofii ase teɛteɛɛ mu se, “Onyankopɔn Ba, dɛn na worehwehwɛ afi yɛn nkyɛn? Woaba ha sɛ worebɛyɛ yɛn ayayade wɔ bere a mmere no nsoe ana?”
၂၉ဘုရားသခင် ၏ သား တော်ယေရှု၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အချိန် မ ရောက်မှီ အကျွန်ုပ် တို့ကို ညှဉ်းဆဲ ခြင်းငှာကြွလာ တော်မူသလောဟု အော်ဟစ် ၍ လျှောက် ကြ၏။
30 Saa bere koro no ara mu, na mprakokuw bi redidi wɔ nkyɛn baabi.
၃၀ထိုသူ တို့နှင့် မနီးမဝေး သောအရပ်၌ များစွာ သောဝက် အစု သည်ကျက်စား လျက်ရှိ ၏။
31 Ahonhommɔne no srɛɛ Yesu se, “Sɛ wutu yɛn a, fa yɛn kɔhyɛ mprakokuw yi mu.”
၃၁နတ်ဆိုး တို့လည်း ကိုယ်တော်သည် အကျွန်ုပ် တို့ကိုနှင်ထုတ် လျှင် ၊ ထိုဝက် အစု ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟု တောင်းပန် ကြသော်၊
32 Yesu teɛɛ wɔn se, “Mumfi!” Ɛhɔ ara ahonhommɔne no fii nnipa no mu, kowuraa mprako no mu. Mprakokuw no nyinaa de mmirika sian bepɔw no, koguu ɛpo no mu ma ɛfaa wɔn.
၃၂သွား ကြ ဟု မိန့် တော်မူ၏။ နတ်ဆိုးတို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု ရှိသမျှ သည်အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း၍ ရေ ၌ သေ ကြ၏။
33 Ntɛm ara, wɔn a wɔhwɛ mprako no so no tuu mmirika kɔɔ kurom, kɔkaa nea asi no kyerɛɛ nkurɔfo.
၃၃ဝက်ကျောင်း သောသူ တို့သည်လည်း ပြေး ၍ မြို့ ထဲသို့ ဝင် ပြီးလျှင်၊ နတ်ဆိုးစွဲ သောသူ တို့၏အကြောင်း မှစ၍ ဖြစ် လေသမျှတို့ကို ကြားပြော ကြသော်၊
34 Kurom hɔfo no tee nea aba no, wɔbɔɔ twi kɔɔ nea Yesu wɔ hɔ no. Wohuu Yesu no, wɔsrɛɛ no sɛ omfi wɔn man mu hɔ nkɔ.
၃၄တစ်မြို့လုံး လည်း ယေရှု ကိုတွေ့ အံ့သောငှာ ထွက်လာ ကြ၏။ ကိုယ်တော် ကိုတွေ့မြင် လျှင် မိမိ တို့ ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။

< Mateo 8 >