< Yohane 12 >

1 Aka nnansia na Twam Afahyɛ no adu no, Yesu kɔɔ Betania, kurow a na Lasaro a Yesu nyan no fii awufo mu no te mu no mu.
ပသခါပွဲခံချိန်ခြောက်ရက်လိုသောအခါ၊ အထက်ကသေလွန်၍ သေခြင်းမှ ထမြောက်စေတော်မူသော လာဇရုနေရာအရပ်၊ ဗေသနိရွာသို့ ယေရှုသည်ရောက်တော်မူ၏။
2 Wɔtoo Yesu pon. Marta na ɔsomee wɔ saa aponto yi ase. Lasaro tenaa Yesu nkyɛn pɛɛ wɔ ɔpon no ho.
ထိုကြောင့် ထိုသူတို့သည်ပွဲလုပ်ကြသဖြင့် မာသသည်လုပ်ကျွေးမှုကိုဆောင်၍၊ လာဇရုသည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။
3 Wɔredidi no, Maria faa ngohuam bi a ne bo yɛ den behwie guu Yesu nan ase de ne tinwi pepae. Ngo no hua gyee fie hɔ nyinaa.
ထိုအခါ မာရိသည် အဘိုးများစွာထိုက်သောနာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု၏ခြေတော် ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်သဖြင့်၊ ထိုဆီ၏ အမွှေးသည် တအိမ်လုံးကိုနှံ့ပြား၏။
4 Yuda Iskariot a ɔyɛ asuafo no mu baako a akyiri no obeyi Yesu ama no ani annye nea ɔbea yi yɛe no ho,
တပည့်တော်တို့ အဝင်ဖြစ်၍ ကိုယ်တော်ကိုအပ်နှံမည့်သူ၊ ရှိမုန်၏သား ယုဒရှကာရုတ်က၊
5 enti ɔkae se, “Adɛn nti na woantɔn saa ngohuam yi na yɛamfa sika no amma ahiafo?”
ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဘိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အားအဘယ်ကြောင့် မပေး သနည်းဟုဆို၏။
6 Ɛnyɛ sɛ na odwen ahiafo ho nti na ɔkaa saa asɛm yi, na mmom, na ɔyɛ ɔkorɔmfo, na esiane sɛ na ɔhwɛ asuafo no sika so nti, na owiawia bi.
ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။
7 Yesu kae se, “Munnyaa ɔbea yi haw! Nea ɔbea yi ayɛ yi, ɔde asiesie me ama me wu.
ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏အလောင်းကိုသင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့ တိုင် အောင် သူသည်ဤဆီမွှေးကို သိုထားပြီး။
8 Mo ne ahiafo na ɛwɔ hɔ bere biara, na me de, me ne mo rentena hɔ daa.”
ဆင်းရဲသောသူတို့ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား၊ အစဉ်ရှိသည်မဟုတ်ဟု မိန့်တော်မူ၏။
9 Bere a Yudafo no tee sɛ Yesu wɔ Betania no, wɔn mu pii kɔɔ hɔ. Ɛnyɛ Yesu nko nti na wɔkɔɔ hɔ, na mmom, wɔkɔɔ hɔ sɛ wɔrekɔhwɛ Lasaro a Yesu nyan no fii awufo mu no nso.
ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများအပေါင်းတို့သည်သိလျှင်၊ ကိုယ်တော်ကြောင့်သာ လာ သည်မဟုတ်။ သေခြင်းမှထမြောက်စေတော်မူသော လာဇရုကိုမြင်ခြင်းငှါ လာကြ၏။
10 Afei, asɔfo mpanyin no bɔɔ pɔw sɛ wobekum Lasaro nso,
၁၀ထိုသို့ ယုဒလူများတို့သည် လာဇရုကိုအကြောင်းပြုသဖြင့် ထွက်သွား၍၊
11 efisɛ esiane Lasaro wusɔre no nti, na nnipa bebree retwe wɔn ho afi Yudafo mpanyin no ho abedi Yesu akyi.
၁၁ယေရှုကို ယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ်အကြီးတို့သည် လာဇရုကိုလည်းသတ်ခြင်းငှါ တိုင်ပင် စီရင်ကြ၏။
12 Ade kyee no, nnipadɔm a wɔaba Twam Afahyɛ no tee sɛ Yesu reba Yerusalem no,
၁၂နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊
13 wobubuu berɛw de kohyiaa no kwan de ahurusi teɛteɛɛ mu se, “Hosiana!” “Nhyira nka nea ɔreba wɔ Awurade din mu no!” “Nhyira nka Israelhene!”
၁၃စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေ သတည်းဟု ကြွေးကြော်ကြ၏။
14 Yesu rekɔ no, na ɔte afurum ba bi so sɛnea Kyerɛwsɛm hyɛɛ ho nkɔm se,
၁၄ကျမ်းစာ၌လာသည်ကား၊
15 “Nsuro, Ɔbabea Sion! Hwɛ sɛ wo hene te afurum ba so reba wo nkyɛn.”
၁၅အိုဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။
16 Mfiase no, asuafo no ante eyinom nyinaa ase kosii sɛ wɔhyɛɛ Yesu anuonyam no ansa na wɔrekae se, Kyerɛwsɛm no aka saa asɛm yi nyinaa afa ne ho dedaw, na ɛno ara ne nea wɔayɛ no.
၁၆ထိုအကြောင်းအရာကိုတပည့်တော်တို့သည် အစဦး၌နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ရေးထားသည်ကို၎င်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကို၎င်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။
17 Nnipa a na wɔwɔ hɔ a wohuu sɛ Yesu nyan Lasaro fii awufo mu no kaa asɛm a esii no kyerɛɛ afoforo.
၁၇နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကိုသင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထ မြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။
18 Eyi nti na nnipa bebree kɔɔ se wɔrekohyia Yesu kwan no, efisɛ na wɔate sɛ wayɛ anwonwade.
၁၈ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည်သိတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့ သောငှါ ထွက်သွားကြ၏။
19 Farisifo no huu nea ɛrekɔ so no, wɔkae se, “Anyɛ yiye! Monhwɛ sɛ nnipa no nyinaa atu adi nʼakyi!”
၁၉ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည်အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက် သွားပါပြီတကားဟု ပြောဆိုကြ၏။
20 Afahyɛbere no mu no, Helafo bi nso kɔɔ Yerusalem sɛ wɔrekɔsom.
၂၀ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ၏။
21 Wɔkɔɔ Filipo a ofi Betsaida no nkyɛn kɔka kyerɛɛ no se, “Owura, yɛpɛ sɛ yehu Yesu.”
၂၁ထိုသူတို့သည် ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည်၊ ခင်ဗျားဟု တောင်းပန်ကြ၏။
22 Filipo kɔbɔɔ Andrea amanneɛ ma wɔn baanu kɔka kyerɛɛ Yesu.
၂၂ဖိလိပ္ပုသည်သွား၍ အန္ဒြေကို ကြားပြောပြီးမှ၊ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။
23 Yesu ka kyerɛɛ wɔn se, “Bere no aso sɛ wɔbɛhyɛ Onipa Ba no anuonyam.
၂၃ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။
24 Mereka nokware akyerɛ mo se, sɛ wɔamfa burofua anhyɛ fam amma amporɔw na amfifi a, ɛda so yɛ burofua no ara, nanso sɛ ɛporɔw na efifi a, ɛsow aba pii.
၂၄ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင်တခုတည်းနေ၏။ ပျက်လျှင်မူ ကား များစွားသောအသီးကို သီးတတ်၏။
25 Obiara a ɔdɔ ne kra no bɛhwere ne nkwa, na nea ɔnnɔ ne kra no benya nkwa a enni awiei. (aiōnios g166)
၂၅မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသော သူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။ (aiōnios g166)
26 Obiara a ɔpɛ sɛ ɔsom me no, ɛsɛ sɛ odi mʼakyi, na baabiara a mewɔ no, ɛsɛ sɛ mʼasomfo nso wɔ hɔ bi.”
၂၆ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိ ရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြောက် တော်မူလတံ့။
27 Yesu kae se, “Afei de, me kra ho yeraw no na asɛm bɛn na menka? Menka se, ‘Agya, gye me fi saa amanehunu yi mu ana?’ Nanso, eyi nti na wosomaa me baa wiase sɛ mimmehu amane.
၂၇ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။
28 Agya, hyɛ wo din anuonyam!” Ɔkasa wiee no, nne bi fi ɔsoro kae se, “Mahyɛ no anuonyam dedaw na mɛsan mahyɛ no bio.”
၂၈အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွတ်တော်မူ၏။ ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။
29 Nnipakuw a na wɔwɔ hɔ no tee nne no, wɔkae se aprannaa na ɛrebobɔ mu. Ebinom nso kae se, ɔsoro ɔbɔfo na ɔkasa kyerɛɛ no.
၂၉ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။
30 Nanso Yesu ka kyerɛɛ wɔn se, “Mo nti na saa nne yi kasae na ɛnyɛ me nti.
၃၀ယေရှုက၊ ထိုစကားသံသည် ငါအဘို့အလိုငှါ လာသည်မဟုတ်၊ သင်တို့အဘို့အလို့ငှါလာ၏။
31 Afei, bere adu sɛ wobu wiase atɛn na wotu ɔbonsam a odi wiase so no gu.
၃၁ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကိုခံရလိမ့်မည်။
32 Sɛ wonya ma me so fi asase so a, mɛtwe nnipa nyinaa aba me nkyɛn.”
၃၂ငါသည်လည်းမြေကြီးနှင့်ခွာ၍ မြှောက်ထားခြင်းကို ခံရလျှင်။ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။
33 Ɔkaa eyi de kyerɛɛ owu ko a obewu no.
၃၃ထိုသို့ မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့သေရမည်အရိပ်ကို ပေးတော်မူ၏။
34 Nnipa no kae se, “Kyerɛwsɛm no di adanse sɛ, Agyenkwa no renwu da. Adɛn nti na woka kyerɛ yɛn se, ‘Ɛsɛ sɛ wɔma Onipa Ba no so’. Hena ne saa Onipa Ba no?” (aiōn g165)
၃၄လူများတို့ကလည်း၊ ခရစ်တော်သည် အစဉ်အမြဲတည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ် တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသားသည်မြှောက်ထားခြင်းကိုခံရမည်ဟု သင်သည် အဘယ်သို့ဆိုသနည်း။ ထို လူသားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ၏။ (aiōn g165)
35 Yesu buaa wɔn se, “Me hann no bɛhyerɛn ama mo mmere tiaa bi mu. Ɛno nti, monnantew mu bere a mowɔ saa hann no mu yi nkɔ baabiara a mopɛ sɛ mokɔ, ansa na sum aduru; anyɛ saa a morenhu kwan.
၃၅ယေရှုကလည်း၊ အလင်းသည် သင်တို့တွင်ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့မှီလိမ့်မည်။ မှောင်မိုက်၌သွားသောသူသည် အဘယ်ဆီသို့မိမိသွား သည်ကိုမိမိမသိ။
36 Bere a mowɔ hann mu yi, munnye hann no nni na moayɛ hann no mma.” Yesu kaa nsɛm yi wiee no, ofii hɔ de ne ho kohintawee.
၃၆အလင်းရှိစဉ်အခါ အလင်း၏သားဖြစ်အံ့သောငှါ အလင်းကိုယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည်ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။
37 Ɛwɔ mu sɛ na Yesu ayɛ anwonwade ahorow ama Yudafo no ahu de, nanso na wonnye no nni ara.
၃၇ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့ မရောက်ကြ။
38 Eyi ne Odiyifo Yesaia asɛm a ɔkae se, “Awurade, hena na wagye yɛn asɛnka adi? Na hena nso na Awurade wʼanwonwadwuma no ada adi akyerɛ no?”
၃၈ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ဟောပြောသော သိတင်း စကားကို အဘယ်သူယုံပါသနည်း။ ထာဝရဘုရား၏ လက်တော်သည်အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။
39 Yudafo no annye anni efisɛ, na Odiyifo Yesaia asan aka se,
၃၉တဖန်ပရောဖက်ရှောယဟောပြန်သည်ကား၊
40 “Onyankopɔn afura wɔn ani, na wapirim wɔn koma, sɛnea ɛbɛyɛ a wɔrentumi nnan mma me nkyɛn na masa wɔn yare.”
၄၀သူတို့မျက်စိမမြင်၊ စိတ်နှလုံးနားမလည်၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေသည် တိုင်အောင် သူတို့မျက်စိကို ကွယ်စေတော်မူ၏။ သူတို့ စိတ်နှလုံးကိုမိုက်စေတော်မူ၏ဟူသော စကားကြောင့် ထိုသူတို့သည်ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။
41 Yesaia kaa eyi faa Yesu anuonyam a daakye obenya a Onyankopɔn yi kyerɛɛ no no ho.
၄၁ဟေရှယသည် ဘုန်းအာနုဘော်တော်ကိုမြင်၍ ဗျာဒိတ်တော်ကိုပြန်စဉ်တွင် ထိုစကားကို ဟောပြော သတည်း။
42 Mpo, na Yudafo mpanyimfo no mu pii gye Yesu di, nanso na wosuro sɛ, sɛ Farisifo no hu wɔn a, wɔremma wɔmma asɔredan no mu bio.
၄၂သို့သော်လည်း အရာရှိအများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ တရားစရပ်မှဖာရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာဝန်မခံကြ။
43 Na wɔpɛ sɛ nnipa bɛkamfo wɔn sen sɛ Onyankopɔn bɛhyɛ wɔn anuonyam.
၄၃အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသရေကို သာ၍နှစ်သက်ကြ၏။
44 Yesu teɛɛ mu se, “Obiara a ogye me di no, ɛnyɛ me nko na ogye me di, na ogye nea ɔsomaa me no nso di.
၄၄ယေရှုကလည်း၊ ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူ သော သူကိုယုံကြည်၏။
45 Na nea ohu me no hu nea ɔsomaa me no nso.
၄၅ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏။
46 Maba wiase sɛ hann, na obiara a ogye me di no ankɔ so antena sum mu.
၄၆ငါ့ကို ယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှါ ငါသည်အလင်းဖြစ်လျက် ဤလောက သို့ ကြွလာပြီ။
47 “Obiara a ɔte mʼasɛm na onni so no, meremmu no atɛn. Efisɛ mamma sɛ merebebu nnipa atɛn, na mmom, mebae sɛ merebegye wɔn nkwa.
၄၇ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏။
48 Obiara a ɔpo me na onnye mʼasɛm nni no, otemmufo bi wɔ hɔ a obebu no atɛn. Me nsɛm a maka akyerɛ mo no na atemmuda no ebebu mo atɛn.
၄၈ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။
49 Nsɛm a maka no nyinaa, ɛnyɛ mʼankasa mʼadwene na mede ka kyerɛɛ mo, na mmom ɛyɛ nea Agya no ka kyerɛɛ me se menka nkyerɛ mo no.
၄၉အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်၊ ငါ့ကို စေလွှတ်သော ခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော် သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။
50 Minim sɛ asɛm biara a Agya no ahyɛ me sɛ menka no de nnipa kɔ nkwa a enni awiei mu; enti asɛm a ɔbɛka akyerɛ me sɛ menka biara no, ɛno na meka!” (aiōnios g166)
၅၀ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍မိန့်တော်မူ၏။ (aiōnios g166)

< Yohane 12 >