< Yeremia 35 >
1 Eyi ne asɛm a efi Awurade nkyɛn baa Yeremia hɔ wɔ bere a na Yudahene Yosia babarima Yehoiakim di ade no:
၁ယုဒရှင်ဘုရင် ယောရှိသား ယောယကိမ်မင်း လက်ထက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
2 “Kɔ Rekabfo abusua no nkyɛn, na to nsa frɛ wɔn na wɔmmra Awurade fi no pia baako mu, na ma wɔn nsa nnom.”
၂သင်သည်ရေခပ်အမျိုးသားတို့အိမ်သို့သွား၍၊ သူတို့နှင့်နှုတ်ဆက် ပြီးမှ၊ ဗိမာန်တော် အခန်းတခန်းထဲသို့ ခေါ်သွင်း၍ စပျစ်ရည်ကိုတိုက်ပေးလော့ဟု မိန့်တော်မူ သည်အတိုင်း၊
3 Enti mekɔpɛɛ Habasinia babarima Yeremia babarima Yaasania ne ne nuabarimanom ne ne mmabarima nyinaa, Rekabfo abusuadɔm no.
၃ငါသည် ဟာဗဇိညာသားဖြစ်သော ယေရမိ၏ သား ယာဇညာမှစ၍၊ သူ၏ညီအစ်ကိုတို့နှင့် သားများ အပေါင်း၊ ရေခပ်အမျိုးသားအပေါင်းတို့ကို ခေါ်၍၊
4 Mede wɔn baa Awurade fi, na mede wɔn kɔɔ Onyame nipa Yigdalia babarima Hanan mmabarima dan mu. Ɛno na edi adwumayɛfo dan a esi ɔpon ano hwɛfo Salum babarima Maaseia dan atifi no so.
၄ဗိမာန်တော်အတွင်း၊ တံခါးစောင့်ရှလ္လုံသား မာသေယ၏ အခန်းအပေါ်၊ မှူးတော်မတ်တော် စည်းဝေး ရာအခန်းနားမှာ ဘုရားသခင်၏လူ ဣဂဒါလိသား ဟာနန်၏သားတို့ နေသောအခန်းထဲသို့ ဆောင်သွား ပြီးလျှင်၊
5 Afei mede nkuruwa ne nkora a nsa wɔ mu besisii Rekabfo abusuamma no anim na meka kyerɛɛ wɔn se, “Monnom nsa kakra.”
၅ထိုရေခပ် အမျိုးသားတို့ရှေ့၌ စပျစ်ရည်နှင့် ပြည့်သောအိုးများနှင့် ခွက်ဖလားတို့ကိုထည့်၍၊ စပျစ်ရည် ကို သောက်ကြပါဟု သူတို့အား ဆို၏။
6 Nanso wobuae se, “Yɛnnnom nsa, efisɛ yɛn nena Rekab babarima Yehonadab maa yɛn ɔhyɛ nsɛm yi se, ‘Ɛnsɛ sɛ mo anaa mo asefo nom nsa.
၆သူတို့ကလည်း၊ အကျွန်ုပ်တို့သည် စပျစ်ရည်ကို မသောက်ပါ။ အကြောင်းမူကား၊ အကျွန်ုပ်တို့အမျိုး၏ အဘရေခပ်၏ သားယောနဒပ်က၊ သင်တို့မှစ၍ သားစဉ် မြေးဆက်တို့သည် စပျစ်ရည်ကို မသောက်ရကြ။
7 Na afei ɛnsɛ sɛ musisi afi, mudua anaa moyɛ bobe nturo, ɛnsɛ sɛ moyɛ eyinom mu biara, na mmom montena ntamadan mu bere biara. Ɛno na mo nkwanna bɛware, wɔ asase a moyɛ atutenafo wɔ so no so.’
၇အိမ်ကိုလည်း မဆောက်ရ၊ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်းမစိုက်ရ၊ မရှိစေရကြ။ သင်တို့သည် ဧည့်သည်ဖြစ်လျက်နေသော ပြည်၌ အသက်တာရှည်မည်အကြောင်း၊ တသက်လုံး တဲနှင့်သာ နေရကြမည်ဟု အကျွန်ုပ်တို့ကို မှာထားပါပြီ။
8 Yɛatie biribiara a yɛn nena Rekab babarima Yonadad hyɛɛ yɛn no. Na yɛn, yɛn yerenom, mmabarima ne mmabea nnom nsa da
၈ထိုကြောင့်၊ အကျွန်ုပ်တို့သည် မယားသားသမီး နှင့်တကွ တသက်လုံးစပျစ်ရည်ကိုမသောက်။
9 na yensisii afi ntenaa mu anaa yennyaa bobe nturo anaa mfuw anaa nnɔbae.
၉နေစရာဘို့အိမ်ကိုလည်း မဆောက်။ စပျစ် ဥယျာဉ်မရှိ။ လယ်ယာမရှိ၊ မျိုးစေ့မရှိ။
10 Yɛatenatena ntamadan mu, na yɛadi biribiara a yɛn nena Yehonadab hyɛɛ yɛn no so pɛpɛɛpɛ.
၁၀တဲနှင့်သာ နေ၍ အကျွန်ုပ်တို့အမျိုး၏ အဘ ရေခပ်သား ယောနဒပ် မှာထားသမျှသော စကားကို နားထောင်လျက်၊ အဘယောနဒပ်မှာ ထားသမျှအတိုင်း ပြုကြပါပြီ။
11 Nanso bere a Babiloniahene Nebukadnessar tuu asase yi so sa no, yɛkae se, ‘Mommra, ɛsɛ sɛ yɛkɔ Yerusalem na yeguan fi Babiloniafo ne Aramfo asraafo anim.’ Ɛno nti yɛaka Yerusalem.”
၁၁ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤ ပြည်သို့ လာသောအခါ၊ အကျွန်ုပ်တို့က၊ လာကြ။ ယေရု ရှလင်မြို့သို့ သွားကြကုန်အံ့။ ခါလဒဲစစ်သူရဲတို့နှင့် ရှုရိစစ်သူရဲတို့ကို ကြောက်စရာရှိသည်ဟု အချင်းချင်း ပြောဆို၍၊ ယခုယေရှုရှလင်မြို့၌ နေကြပါသည်ဟု ဆိုကြ၏။
12 Afei Awurade asɛm baa Yeremia nkyɛn se,
၁၂ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယေရမိသို့ ရောက်လာ၍၊
13 “Sɛɛ na Asafo Awurade, Israel Nyankopɔn, se: Kɔ na kɔka kyerɛ mmarima a wɔwɔ Yuda ne Yerusalem se, ‘Morensua biribi na morentie mʼasɛm ana?’ Awurade na ose.
၁၃ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ယုဒပြည်သူ၊ ယေရှုရှလင်မြို့သားတို့ ရှိရာသို့ သွား၍၊ သင်တို့သည် ငါ့စကားကို နားထောင် အံ့သောငှါ ဆုံးမခြင်းကို မခံကြသလောဟု ထာဝရဘုရား မေးတော် မူ၏။
14 ‘Rekab ba Yehonadab hyɛɛ ne mmabarima sɛ wɔnnom nsa, na wɔadi saa ɔhyɛ yi so. De besi nnɛ wɔnnom nsa, efisɛ wodi wɔn agyanom ahyɛde so. Na makasa akyerɛ mo mpɛn bebree, nanso muntiee me.
၁၄စပျစ်ရည်ကို မသောက်ရဟု၊ ရေခပ်သားယောန ဒပ်သည် မိမိ သားတို့၌ ထားသော ပညတ်စကားအတိုင်း၊ သူတို့သည် ကျင့်၍ ယနေ့တိုင်အောင် စပျစ်ရည်ကို မသောက်ဘဲနေလျက်၊ အဘ၏ပညတ်စကားကို နား ထောင်ကြ၏။ ငါသည် စောစောထ၍ သင်တို့ကို အထပ် ထပ် ပြောသော်လည်း၊ သင်တို့သည် ငါ့စကားကို နား မထောင်ကြ။
15 Mesomaa mʼasomfo adiyifo nyinaa baa mo nkyɛn mpɛn bebree. Wɔkae se, “Ɛsɛ sɛ mo mu biara sakra fi nʼamumɔyɛ akwan so, na moma mo akwan teɛ; munnni anyame foforo akyi na monnsom wɔn. Ɛno na mobɛtena asase a mede ama mo ne mo agyanom yi so.” Nanso mummmuaa me na munntiee me ɛ.
၁၅ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကိုလည်း၊ ငါသည်စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်လျက်၊ သင်တို့အသီးအသီးလိုက်သော အဓမ္မ လမ်းကို ရှောင်ကြလော့။ သင်တို့အကျင့်ကို ပြုပြင်ကြ လော့။ အခြားတပါးသော ဘုရားနောက်သို့မလိုက်၊ ဝတ်မပြုကြနှင့်။ ဤစကားကို နားထောင်လျှင်၊ သင်တို့ နှင့်သင်တို့၏ဘိုးဘေးတို့အား ငါပေးသောပြည်၌ နေရကြ လိမ့်မည်ဟု မှာလိုက်သော်လည်း၊ သင်တို့သည် နားကိုပိတ် လျက်၊ ငါ့စကားကို နားမထောင်ဘဲ နေကြပြီ။
16 Rekab babarima Yehonadab asefo adi ahyɛde a wɔn agyanom de maa wɔn no so, nanso saa nnipa yi ntie mʼasɛm.’
၁၆ရေခပ်သားဖြစ်သော ယောနဒပ်၏ သားမြေးတို့ သည် မိမိတို့ အဘမှာထားသော စကားအတိုင်းကျင့်ကြ၍၊ ဤလူမျိုးသည် ငါ့စကားကို နားမထောင်သောကြောင့်၊
17 “Ɛno nti, sɛɛ na Asafo Awurade Nyankopɔn, Israel Nyankopɔn no se: ‘Muntie! Mede amanehunu biara a mahyɛ ama Yuda ne obiara a ɔte Yerusalem no bɛba wɔn so. Mekasa kyerɛɛ wɔn, nanso wɔantie, mefrɛɛ wɔn nanso wɔannye so.’”
၁၇ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်ခြိမ်းသမျှသော ဘေးဥပဒ်တို့ကို ယုဒပြည်သူ၊ ယေရှုရှလင်မြို့သား အပေါင်းတို့အပေါ်သို့ ရောက်စေမည်။ အကြောင်းမူကား၊ ငါပြောသော်လည်း၊ သူတို့သည် နား မထောင်ကြ။ ခေါ်သောလည်းမထူးကြဟု မိန့်တော်မူ၏။
18 Afei Yeremia ka kyerɛɛ Rekab abusua no se, “Sɛɛ na Asafo Awurade, Israel Nyankopɔn no se: ‘Moayɛ osetie ama mo nena Yehonadab ahyɛde no, na moadi ne nkyerɛkyerɛ so, na moayɛ biribiara a ɔhyɛɛ mo no.’
၁၈ရေခပ်အမျိုးသားတို့အားလည်း၊ ယေရမိဆင့်ဆို သော၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ အမိန့်တော်ဟူမူကား၊ သင်တို့သည် သင်တို့အဘယောနဒပ်၏ ပညတ်စကားကို နားထောင်၍၊ သူစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့် သောကြောင့်၊
19 Ɛno nti, nea Asafo Awurade, Israel Nyankopɔn no se ni: ‘Rekab babarima Yehonadab benya ɔbarima a ɔbɛsom me bere biara.’”
၁၉ရေခပ်ယောနဒပ်အမျိုး၌ ငါ့အမှုထမ်းတို့သည် အစဉ်ရှိကြလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။