< Yesaia 65 >
1 “Medaa me ho adi kyerɛɛ wɔn a wɔammisa mʼase; wɔn a wɔnhwehwɛ me no huu me. Ɔman a wonsu mfrɛ me no, meka kyerɛɛ wɔn se, ‘Mini, Mini.’
၁ငါ့ကိုမမေးမလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရ ကြပြီ။ ငါ့ကိုကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပဌနာမပြုသောလူမျိုးအား ငါပြောဆိုပြီ။
2 Da mu nyinaa, matrɛw me nsa mu ama nnipa a wɔyɛ asoɔden ne nyiyiano, a wɔnenam akwammɔne so, na wodi wɔn ankasa nsusuwii akyi.
၂မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့် ရပြီ။
3 Nnipa a daa no woyi me ahi wɔ mʼanim pɛɛ, wɔbɔ afɔre wɔ nturo mu na wɔhyew nnuhuam wɔ ntayaa afɔremuka so;
၃ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော် ခြင်းငှါ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။
4 wɔn a wɔtenatena nna so na anadwo wosii pɛ kokoa mu; wɔwe mprakonam na wɔn nkutu mu wɔ nkwan a wɔde nam a ɛho ntew ayɛ;
၄သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကို စား၍၊ ရွံ့ရှာဘွယ်သော အမဲသားပြုတ်ရည် ကို သောတတ်၏။
5 wɔka se, ‘Mumfi ha; mommmɛn me, efisɛ me ho tew dodo ma mo!’ Saa nnipa yi yɛ wusiw wɔ me hwenem, ogya a ɛkɔ so hyew da mu nyinaa.
၅သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည်သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သော သူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့၎င်း၊ အစဉ်လောင်သောမီးကဲ့သို့ ၎င်း ဖြစ်ကြ၏။
6 “Hwɛ; wɔakyerɛw ato hɔ wɔ mʼanim se, merenyɛ komm, metua so ka pɛpɛɛpɛ; metua so ka agu wɔn asrɛ so,
၆ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။
7 mo ne mo agyanom bɔne nti,” sɛɛ na Awurade se. “Esiane sɛ wɔhyew afɔrebɔde wɔ mmepɔw so na wotwirii me wɔ nkoko so nti mesusuw bɔne a wɔyɛɛ kan no so akatua pɛpɛɛpɛ agu wɔn asrɛ so.”
၇သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့် တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
8 Sɛɛ na Awurade se: “Sɛnea wonya nsu fi bobe kasiaw mu, na nnipa ka se, ‘Monnsɛe no, efisɛ ade pa bi da so wɔ mu’ no saa ara na mʼasomfo no nti mɛyɛ. Merensɛe wɔn nyinaa.
၈တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏ အကျိုးအလိုငှါ ငါပြုမည်။ အကုန်အစင်မဖျက်။
9 Mede Yakob asefo bɛba, na me mmepɔw no sodifo afi Yuda aba; me nkurɔfo a mapaw wɔn no bedi wɔn ade, na hɔ na mʼasomfo bɛtena.
၉ယာကုပ်အမျိုးထဲက မျိုးစေ့ကို၎င်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။
10 Saron bɛyɛ nguankuw adidibea, na Akor bon no ayɛ anantwikuw homebea ama me nkurɔfo a wɔhwehwɛ me.
၁၀ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။
11 “Na mo a mo de mugyaw Awurade na mo werɛ fi ne bepɔw kronkron no, mo a moto pon ma Ahonya na mohyɛ afrasa wɔ nkuruwa mu ma Nkrabea no,
၁၁သင်တို့မူကား၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူ ဖြစ်ကြ၏။
12 mede mo bɛto afoa ano, na mo nyinaa akotow ama wɔakum mo; efisɛ mefrɛe nanso moannye so, mekasae nanso moantie. Moyɛɛ nea ɛyɛ mʼani so bɔne na moyɛɛ nea mempɛ.”
၁၂သင်တို့ကို ငါရေတွက်၍၊ ထား၌အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကိုခံရအောင် ဦးချရကြ လိမ့်မည်။ အကြောင်းမူကား၊ သင်တို့သည် ငါခေါ်သော အခါမထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သော အရာကို ရွေးယူကြ၏။
13 Enti sɛɛ na Otumfo Awurade se: “Mʼasomfo bedidi, nanso ɔkɔm bɛde mo, mʼasomfo bɛnom, nanso osukɔm bɛde mo; mʼasomfo ani begye, nanso mo anim begu ase.
၁၃ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့ မူကား၊ မွတ်သိပ်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရေငတ်ကြလိမ့်မည်။ ငါကျွန် တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား၊ ရှက် ကြောက်ကြလိမ့်မည်။
14 Mʼasomfo bɛto nnwom afi koma mu anigye mu na mobɛteɛ mu asu afi mo koma ahoyeraw mu, na mubetwa adwo afi honhom a ayɛ mmrɛw mu.
၁၄ငါ၏ကျွန်တို့သည် ရွှင်လန်းသော စိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား၊ ဝမ်းနည်းသောစိတ် နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသော နှလုံးနှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။
15 Wubegyaw din bi a ɛbɛyɛ mmusu ama wɔn a mapaw wɔn; Otumfo Awurade bekum wo na nʼasomfo de, mɛma wɔn din foforo.
၁၅သင်တို့သည် ကိုယ်နာမကို၊ ငါရွေးကောက်သော သူတို့၌ ကျိန်ဆဲဘို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင် ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍၊ ကိုယ်တော်၏ ကျွန်တို့ကို အခြားသောနာမဖြင့် မှည့်တော်မူမည်။
16 Obiara a ɔsrɛ nhyira wɔ asase no so no, bɛyɛ wɔ nokware Nyankopɔn koro no mu; obiara a ɔka ntam wɔ asase no so bɛka no wɔ nokware Nyankopɔn koro no mu. Na ɔhaw a atwa mu no wɔn werɛ befi na wɔde behintaw me.
၁၆မြေကြီးပေါ်မှာ မိမိကို မိမိကောင်းကြီးပေးသော သူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းကြီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည်၊ သစ္စာစောင့်တော်မူသော ဘုရားသခင် ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား၊ အရင်အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ် ပျောက်လျက်ရှိကြ၏။
17 “Hwɛ! Mɛbɔ ɔsorosoro foforo ne asase foforo. Wɔrenkae nneɛma a atwam no bio, na ɛremma adwene mu nso.
၁၇ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။
18 Nanso momma mo ani nnye na munni ahurusi afebɔɔ wɔ nea merebɛbɔ ho, efisɛ mɛbɔ Yerusalem ama ayɛ anigye, na mu nnipa ayɛ anigye farebae.
၁၈ငါဖန်ဆင်းလတံ့သောအရာကြောင့်၊ သင်တို့ သည် အစဉ်အမြဲ ဝမ်းမြောက်ရွှန်လန်းကြလိမ့်မည်။ ယေရု ရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှါ ငါဖန်ဆင်း၏။
19 Mɛsɛpɛw me ho wɔ Yerusalem mu, na madi ahurusi wɔ me nkurɔfo ho. Na wɔrente agyaadwo ne osu nnyigyei wɔ mu bio.
၁၉ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တဖန်မကြားရ။
20 “Ɛrensi bio wɔ mu abofra a ne nkwanna yɛ kakraa bi, anaa akwakoraa a onni ne mfe nwie; nea odi mfe ɔha na owu no wɔbɛfa no sɛ ɔbabun bi kɛkɛ; na nea wannya mfe ɔha no wɔbɛfa no sɛ wɔadome no.
၂၀ထိုမြို့၌ အသက်ငယ်သောသူငယ်မရှိရ။ မသက် မပြည့်စုံသော လူအိုလည်းမရှိရ။ အသက်တရာရှိလျက် သေသောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ်ရှိသော သူသည် အသက်တရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။
21 Wobesisi afi na wɔatena mu, wɔbɛyɛ bobe nturo na wɔadi mu aba.
၂၁ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြ လိမ့်မည်။
22 Wɔrensisi afi mma afoforo mmɛtena mu bio, na wɔrennua mma afoforo mmedi. Na nna a dua di no, saa ara na me nkurɔfo nna bɛyɛ; me nkurɔfo a mapaw wɔn no bedi wɔn nsa ano adwuma so aba akyɛ.
၂၂သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။
23 Wɔremmrɛ ngu na wɔrenwo mma a wɔn nkrabea nye; efisɛ wɔbɛyɛ nnipa a Awurade ahyira wɔn, wɔne wɔn asefo.
၂၃ငါရွေးကောက်သော သူတို့သည် အချည်းနှီး မလုပ်မဆောင်ရကြ။ အသက်တိုသော သားကိုမဘွား မမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းကြီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။
24 Mebua wɔn ansa, mpo, na wɔafrɛ me. Bere a wogu so rekasa no metie.
၂၄ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည်။
25 Pataku ne oguamma bedidi abɔ mu gyata bɛwe sare sɛ nantwi, nanso mfutuma bɛyɛ ɔwɔ aduan. Wɔrempira obi anaa wɔrensɛe obi wɔ me bepɔw kronkron so nyinaa,” sɛnea Awurade se ni.
၂၅တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက် စားကြလိမ့်မည်။ ခြင်္သေ့သည်နွားကဲ့သို့ မြက်ကိုစားလိမ့် မည်။ မြွေမူကား၊ မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲ ခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော် မူ၏။