< Hosea 10 >
1 Israel yɛɛ bobe a ɛtrɛtrɛw; ɔsow aba maa ne ho. Bere a nʼaba redɔɔso no, osisii afɔremuka bebree; nʼasase rekɔ so yɛ yiye no osiesie nʼabosom dum kronkron no.
၁ဣသရေလသည် အသီးများစွာ သီးသော စပျစ် နွယ်ပင်ဖြစ်၏။ ကိုယ်အလိုအလျောက် သီးတတ်၏။ အသီးတိုးပွားသည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြားစေကြ၏။ သူတို့ပြည်ကောင်းသည်အတိုင်း ကောင်းသော ရုပ်တုဆင်းတုတို့ကို လုပ်ကြသည်တကား။
2 Nnaadaasɛm wɔ wɔn koma mu, nti ɛsɛ sɛ wonya wɔn afɔdi so asotwe. Awurade bebubu wɔn afɔremuka, na wasɛe wɔn abosom dum kronkron no.
၂သူတို့၌ စိတ်နှစ်ခွရှိ၏။ ချက်ခြင်းအပြစ်ဒဏ်ကို ခံရကြမည်။ သူတို့ ယဇ်ပလ္လင်တို့ကို ကိုယ်တော်တိုင် ဖြိုချ ၍၊ ရုပ်တုဆင်းတုတို့ကိုလည်း ဖျက်ဆီးတော်မူမည်။
3 Afei, wɔbɛka se, “Yenni ɔhene, efisɛ, yɛamfa nidi amma Awurade. Mpo sɛ na yɛwɔ ɔhene koraa a, dɛn na anka obetumi ayɛ ama yɛn?”
၃ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့သော ကြောင့် ရှင်ဘုရင်မရှိ။ ရှင်ဘုရင်ရှိသော်လည်း၊ ငါတို့အဘို့ အဘယ်သို့ ပြုနိုင်မည်နည်းဟု ချက်ခြင်း ဆိုရကြမည်။
4 Wɔhyɛ bɔ ahorow bebree, wɔka ntamhunu na wɔyɛ apam ahorow; ɛno nti mansotwe sɔresɔre te sɛ wura a bɔre wɔ mu a afifi asase a wɔafuntum so so.
၄သူတို့ ကျိန်ဆိုသော စကားသည် စကားသက် သက်ဖြစ်၍၊ မိဿဟာယဖွဲ့သောအခါ မုသာစကားကို သာ ပြောတတ်ကြ၏။ တရားစီရင်ခြင်းအမှုသည် လယ်ကန်ဆည်ရိုးပေါ်မှာ ဘင်းခါးပင်ကဲ့သို့ ပေါက်ရလိမ့် မည်။
5 Nnipa a wɔte Samaria no suro ma Bet-Awen nantwi ba ohoni no. Ne nkurɔfo besu. Saa ara na nʼakɔmfo nso bɛyɛ, wɔn a wogyee wɔn ani wɔ nʼanuonyam ho no. Efisɛ wɔafa no afi wɔn nkyɛn kɔ nnommum mu.
၅ရှမာရိမြို့သားတို့သည် ဗေသဝင်နွားသငယ် အဘို့ ကြောက်ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအ တွက် သူ၏တကာတို့သည် ငိုကြွေးမြည်တမ်း၍၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူ ကား၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊
6 Wɔde no bɛkɔ Asiria, de akɔhyɛ ɔhene kɛse no anuonyam. Ebegu Efraim anim ase; na Israel ani bewu wɔ ne nnua ahoni ho.
၆နွားသငယ်နှင့်အတူ အာရှုရိပြည်သို့ ယူသွားပြီး လျှင်၊ ရှင်ဘုရင်ယာရက်အား ဆက်ရကြလိမ့်မည်။ ဧဖရိမ်သည် အသရေပျက်၍ ဣသရေလသည် မိမိအကြံ အစည်အားဖြင့် ရှက်ကြောက်ရလိမ့်မည်။
7 Samaria na ne hene bɛsen akɔ te sɛ abaa a ɛtɛn nsu ani.
၇ရှမာရိသည် ပျက်ရ၏။ ရှမာရိရှင်ဘုရင်သည် ရေမြှုပ်သက်သက်ဖြစ်၏။
8 Wɔbɛsɛe abosonnan a wodi awurukasɛm ne bɔne wɔ mu no. Nsɔe ne nnɛnkyɛnse befifi hɔ, na akata wɔn afɔremuka so. Afei wɔbɛka akyerɛ mmepɔw se, “Mommɛkata yɛn so!” na wase nkoko se, “Munnwiriw ngu yɛn so!”
၈ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ၍၊ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင်များ တို့၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အိုကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။
9 “Efi Gibea bere so, woayɛ bɔne, Israel, na hɔ na woaka. Na ɔko rentwiw amfa amumɔyɛfo a wɔwɔ Gibea no so ana?
၉ဂိဗာမြို့လက်ထက်၌ အပြစ်ကြီးသည်ထက် ဣသရေလသည် အပြစ်သာ၍ ကြီး၏။ ထိုမြို့၌ ရပ်နေ ကြ၏။ ဂိဗာမြို့၌ အဓမ္မလူတို့ကို စစ်တိုက်သောအခါ မရှုံးကြ။
10 Bere a mepɛ no, mɛtwe wɔn aso; aman bɛboaboa wɔn ho ano atia wɔn. Wɔde mpokyerɛ begu wɔn wɔ wɔn bɔne dodow ho.
၁၀ငါသည် ကိုယ်အလိုအလျောက် သူတို့ကို ဆုံးမ မည်။ သူတို့ အပြစ်နှစ်ပါးကြောင့် ချည်ထားလျက်ရှိသော အခါ၊ သူတို့တဘက်၌ လူများစည်းဝေးရကြလိမ့်မည်။
11 Efraim yɛ nantwi ba a wɔayɛn no, a ɔpɛ awiporowbea adwuma, enti mede konnua bɛto ne kɔn fɛɛfɛ mu. Mɛkyerɛ Efraim ɔkwan, ɛsɛ sɛ Yuda funtum asase no, na Yakob nso siesie so.
၁၁ဧဖရိမ်သည် ယဉ်၍ စပါးကို နင်းချင်သော နွားမပျိုဖြစ်သော်လည်း၊ ငါသည် ထမ်းဘိုးကို ထမ်းစေ သဖြင့်၊ ဧဖရိမ်သည် ကခြင်းကို ခံ၍၊ ယုဒသည် ထွန်လျက်၊ ယာကုပ်သည်လည်း မြေစိုင်ကို ခွဲလျက်ရှိရလိမ့်မည်။
12 Dua trenee aba ma wo ho, twa ɔdɔ aba a ɛtena hɔ daa, siesie wʼasase a womfuntumii so no; na bere adu sɛ wohwehwɛ Awurade, kosi sɛ ɔbɛba abɛpete trenee agu wo so.
၁၂ကိုယ်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ၍၊ ကရုဏာတော် အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေး သော လယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်း မိုဃ်းကို ရွာစေ တော်မမူမှီတိုင်အောင်၊ ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။
13 Nanso woadua atirimɔden aba, na woatwa aba bɔne. Woadi nnaadaa aba. Efisɛ wode wo ho ato wʼahoɔden ne wʼakofo bebrebe no so,
၁၃သင်တို့သည် ဒုစရိုက်မျိုးစေ့ကို ကြဲလို၍ လယ် ထွန်သောကြောင့်၊ အပြစ်စပါးကို ရိတ်ရကြ၏။ မုသာ အသီးအနှံကို စားရကြ၏။ အကြောင်းမူကား၊ ကိုယ်ကြံ စည်ပြုမူခြင်းကို၎င်း၊ ကိုယ်၌ များစွာသော သူရဲတို့ကို၎င်း ကိုးစားတတ်၏။
14 ɔko mu huuyɛ bɛsɔre atia wo nkurɔfo, na wʼaban nyinaa bɛsɛe, sɛnea Salman sɛee Bet Arbel ɔko da no, da a wɔde ɛnanom ne wɔn mma hwehwee fam no.
၁၄ထိုကြောင့်၊ သင်၏လူတို့သည် ရုန်းရင်းခတ်ကြ လိမ့်မည်။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ် တိုက်သောအခါ ဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှ တို့သည် ပျက်စီးရကြလိမ့်မည်။ အမိသည် သားတို့နှင့် အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည်။
15 Saa ara na ɛbɛba wo so, Bet-El, efisɛ wʼatirimɔdensɛm no dɔɔso. Sɛ da no du a, Wɔbɛsɛe Israelhene no koraa.
၁၅ထိုသို့ ဗေသလသည် သင်တို့ ဒုစရိုက်အပြစ်များ ကြောင့် သင်တို့၌ ပြုလိမ့်မည်။ နံနက်အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလရှင်ဘုရင်သည် ရှင်းရှင်း ကွယ်ပျောက်ရလိမ့်မည်။