< Hebrifo 11 >

1 Gyidi yɛ ahotoso a yɛwɔ wɔ nneɛma a yɛn ani da so ne awerehyɛmu a yɛwɔ wɔ nneɛma a yɛn ani nhu mu.
ယုံ​ကြည်​ခြင်း​ဆို​သည်​မှာ​မျှော်​လင့်​သည့် အ​ရာ​များ​ကို​စိတ်​ချ​ခြင်း၊ မ​မြင်​နိုင်​သော အ​ရာ​များ​ကို​သေ​ချာ​ခြင်း​ဖြစ်​၏။-
2 Gyidi a na tetefo no wɔ nti na wonyaa adanse pa.
ယုံ​ကြည်​ခြင်း​ကြောင့်​ရှေး​ခေတ်​လူ​တို့​သည် ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​၏။
3 Gyidi na ɛma yɛte ase sɛ ɛnam Onyankopɔn asɛm so na wɔbɔɔ wiase. Ɛma yehu sɛ wɔbɔɔ nea wohu fii nea wonhu mu. (aiōn g165)
မ​မြင်​နိုင်​သော​အ​ရာ​ထဲ​မှ​မြင်​ရ​သော​အ​ရာ ဖြစ်​ပေါ်​လာ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​အ​မိန့် တော်​အား​ဖြင့် စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ ကြောင်း​ကို​ငါ​တို့​သိ​ကြ​ရ​သည်​မှာ​ယုံ​ကြည် ခြင်း​ကြောင့်​ဖြစ်​၏။ (aiōn g165)
4 Ɛnam gyidi so na Habel bɔɔ afɔre a ɛsɔ ani kyɛn nea Kain de maa Onyankopɔn no. Ne gyidi nti, Onyankopɔn buu no sɛ onipa trenee, na nʼakyɛde no sɔɔ Onyankopɔn ani. Na ɛno so na ɔnam wui a nnɛ mpo ɔda so kasa.
အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။
5 Gyidi nti, wɔfaa Henok kɔɔ ɔsoro a wanhu owu. Obiara anhu no, efisɛ Onyankopɔn na ɔfaa no kɔe. Kyerɛwsɛm no ka se ansa na wɔrebɛfa Henok akɔ no, na wasɔ Onyankopɔn ani.
ဧ​နောက်​သည်​အ​ရှင်​လတ်​လတ်​ကောင်း​ကင်​ဘုံ သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​သည်​မှာ သူ​၏ ယုံ​ကြည်​ခြင်း​ကြောင့်​ဖြစ်​၏။ ဘု​ရား​သ​ခင် သည်​သူ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သ​ဖြင့် သူ့​အား​မည်​သူ​မျှ​ရှာ​၍​မ​တွေ့​နိုင်။ ဘု​ရား သ​ခင်​ယူ​ဆောင်​တော်​မူ​ခြင်း​ကို​မ​ခံ​ရ​မီ အ​ခါ​က ဧ​နောက်​သည်​ဘု​ရား​သ​ခင်​၏ စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​သည်​ဟူ​၍ ကျမ်း စာ​တော်​က​ဖော်​ပြ​ထား​၏။-
6 Obiara a onni gyidi rentumi nsɔ Onyankopɔn ani. Ɛsɛ sɛ obiara a ɔba Onyankopɔn nkyɛn no nya gyidi sɛ Onyankopɔn te ase na ɔdom wɔn a wɔhwehwɛ no no.
ယုံ​ကြည်​ခြင်း​မ​ရှိ​သူ​သည်​ဘုရား​သ​ခင် ၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်​ရာ။ အ​ဘယ်​ကြောင့် ဆို​သော် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ် သူ​သည်​ကိုယ်​တော်​ရှိ​တော်​မူ​ကြောင်း​ကို လည်း​ကောင်း၊ ကိုယ်​တော်​သည်​မိ​မိ​ကို​ရှာ သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​ကြောင်း​ကို လည်း​ကောင်း​ယုံ​ကြည်​ရ​မည်​ဖြစ်​သော​ကြောင့် တည်း။
7 Gyidi nti na ɛmaa Noa tee Onyankopɔn kɔkɔ a ɔbɔ faa daakye nneɛma a bi nsii da no ho, otiee Onyankopɔn yɛɛ adaka a mu na wogyee ɔno ne ne fifo nkwa. Ɛnam so maa Onyankopɔn buu wiase fɔ, na Noa de, ne nsa kaa trenee a wonya fi gyidi mu no.
ယုံ​ကြည်​ခြင်း​ကြောင့်​နောင်​ကာ​လ​၌​ဖြစ်​လတ္တံ့ သော​မ​မြင်​နိုင်​သည့်​အ​မှု​အ​ရာ​များ​နှင့်​ပတ် သက်​၍ ဘု​ရား​သ​ခင်​သ​တိ​ပေး​တော်​မူ​ခြင်း ကို​နော​ဧ​သည်​ခံ​ရ​လေ​သည်။ သူ​သည်​ဘု​ရား သ​ခင်​၏​စ​ကား​တော်​ကို​နား​ထောင်​ကာ မိ​မိ ၏​အိမ်​ထောင်​စု​ကို​ကယ်​ဆယ်​ခဲ့​သော​သင်္ဘော ကို​တည်​ဆောက်​၏။ ထို့​ကြောင့်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ လေ​သည်။ နော​ဧ​သည်​ယုံ​ကြည်​ခြင်း​အား ဖြင့်​ဘု​ရား​သ​ခင်​ထံ​မှ​ဖြောင့်​မတ်​ခြင်း​ကို ရ​ရှိ​သ​တည်း။
8 Gyidi nti na bere a Onyankopɔn ka kyerɛɛ Abraham se ɔnkɔ asase a wahyɛ ho bɔ sɛ ɔde bɛma no no so no, otiei na ɔkɔe. Ogyaw ne man hɔ kɔe a na onnim faako a ɔrekɔ.
အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​ခေါ်​တော်​မူ သော​အ​ခါ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ မိ​မိ​အား​က​တိ​ထား​တော်​မူ​သော​ပြည်​သို့ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ထွက်​ခွာ​သွား​၏။ သူ သည်​အ​ဘယ်​အ​ရပ်​သို့​သွား​ရ​မည်​ကို မ​သိ​ဘဲ မိ​မိ​၏​ရပ်​ရွာ​ကို​စွန့်​ခဲ့​ပေ​သည်။-
9 Gyidi nti ɔtenaa asase a na Onyankopɔn ahyɛ no ho bɔ no so sɛ ɔhɔho. Ɔne Isak ne Yakob a Onyankopɔn hyɛɛ wɔn bɔ koro no ara bi tenaa ntamadan mu.
ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော​ပြည် ၌ သူ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​အ​ဖြစ် ယုံ​ကြည်​ခြင်း​အား​ဖြင့်​နေ​ထိုင်​ခဲ့​၏။ သူ​သည် မိ​မိ​နည်း​တူ​က​တိ​တော်​ကို​ခံ​စား​ရ​သူ ဣ​ဇာက်၊ ယာ​ကုပ်​တို့​ကဲ့​သို့​တဲ​ရှင်​ထိုး​၍ နေ​လေ​သည်။-
10 Nanso na Abraham retwɛn kurow kɛse bi a Onyankopɔn akyekyere a ne fapem rensɛe da mu akɔtena.
၁၀အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​စီ​မံ​တည်​ဆောက်​တော်​မူ သော​ခိုင်​ခန့်​သည့်​အုတ်​မြစ်​ရှိ​သော​မြို့​ကို မျှော်​လင့်​စောင့်​စား​လျက်​နေ​သော​ကြောင့် တည်း။
11 Gyidi nti na Sara nso de nyaa tumi nyinsɛnee, bere a na wanyin na ontumi nwo no. Ɔde ne ho too Onyankopɔn so se obedi ne bɔhyɛ so.
၁၁အာ​ဗြ​ဟံ​သည်​အို​မင်း​လေ​ပြီ။ စာ​ရာ​သည် လည်း​သား​သ​မီး​မွေး​ဖွား​နိုင်​သော​အ​ရွယ် လွန်​လေ​ပြီ။ သို့​ရာ​တွင်​အာ​ဗြ​ဟံ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဖ​ခင်​ဖြစ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​က​တိ​ထား​တော်​မူ​သည် အ​တိုင်း​သစ္စာ​တည်​တော်​မူ​သည်​ဟု​ယုံ ကြည်​၏။-
12 Ɛno nti, ɛwɔ mu sɛ na Abraham regye nna awu de, nanso nʼasefo adɔɔso sɛ wim nsoromma ne mpoano nwea.
၁၂အာ​ဗြ​ဟံ​သည်​သူ​သေ​နှင့်​မ​ထူး​ခြား သော်​လည်း သူ​တစ်​ယောက်​မှ​ပေါက်​ဖွား​လာ သော​သား​မြေး​များ​မှာ​ကောင်း​ကင်​ကြယ် များ​ကဲ့​သို့​လည်း​ကောင်း၊ မ​ရေ​မ​တွက်​နိုင် သော​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့ လည်း​ကောင်း​များ​ပြား​သ​တည်း။
13 Gyidi mu na saa nnipa yi nyinaa wuwui. Ɛwɔ mu sɛ wɔn nsa anka bɔ a Onyankopɔn hyɛɛ wɔn no de, nanso wohuu no wɔ akyirikyiri yɛɛ no atuu, gye dii sɛ wɔyɛ ahɔho ne amamfrafo wɔ asase so.
၁၃ထို​သူ​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​လျက် သေ​လွန်​ကြ​ကုန်​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​အ​ရာ များ​ကို​မ​ခံ​စား​ကြ​ရ​သော်​လည်း အ​ဝေး မှ​မြင်​၍​ကြို​ဆို​ကြ​၏။ သူ​တို့​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဧည့်​သည်​အာ​ဂန္တု​များ​သာ​ဖြစ်​ကြောင်း ကို​ပွင့်​လင်း​စွာ​ဝန်​ခံ​ကြ​ပေ​သည်။-
14 Wɔn a wɔka saa no da no adi pefee sɛ wɔrehwehwɛ wɔn ankasa wɔn man.
၁၄ယင်း​သို့​ဝန်​ခံ​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ပိုင် နိုင်​ငံ​တစ်​ခု​ကို​ရှာ​လျက်​နေ​ကြ​ကြောင်း အ​တိ​အ​လင်း​ပြော​ဆို​ကြ​၏။-
15 Wɔannwene ɔman a wogyaw wɔ wɔn akyi no ho. Sɛ wɔyɛɛ no saa a, anka wobetumi anya ɔkwan asan wɔn akyi akɔ hɔ.
၁၅သူ​တို့​သည်​မိ​မိ​တို့​ထွက်​ခွာ​လာ​ခဲ့​သည့်​ပြည် ကို​တမ်း​တ​လျက်​နေ​ကြ​သည်​မ​ဟုတ်။ ထို ပြည်​ကို​တမ်း​တ​ပါ​က​ပြန်​နိုင်​ရန်​အ​ခွင့် ကို​ရ​ရှိ​ကြ​ပေ​သည်။-
16 Na mmom, ɔman pa a ɛyɛ ɔsoro man no na na wɔrepere. Enti ɛnyɛ Onyankopɔn aniwu sɛ ɔma wɔfrɛ no wɔn Nyankopɔn, efisɛ wasiesie ɔman bi ama wɔn.
၁၆သို့​ရာ​တွင်​သူ​တို့​သည်​ထို​ပြည်​ထက်​သာ​လွန် ကောင်း​မြတ်​သည့်​ကောင်း​ကင်​ရွှေ​ပြည်​ကို​တမ်း​တ ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဘု​ရား​ဟူ​၍​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သည်​ကို​ရှက် တော်​မ​မူ။ ကိုယ်​တော်​သည်​သူ​တို့​နေ​ထိုင်​ရန် မြို့​ကို​ပြင်​ဆင်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။
17 Gyidi nti Abraham de ne ba Isak kɔbɔɔ afɔre bere a Onyankopɔn sɔɔ no hwɛe. Abraham nko ara ne onipa a na Onyankopɔn ahyɛ no bɔ no, nanso na wasiesie ne ho sɛ ɔde ne ba koro no bɛbɔ afɔre.
၁၇အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။-
18 Na Onyankopɔn aka akyerɛ no se, “Ɛnam Isak so na wʼase bɛterɛw.”
၁၈
19 Na Abraham nim sɛ Onyankopɔn betumi anyan awufo afi owu mu, na ɔkwan bi so no, yebetumi aka se Onyankopɔn nyan Isak fii owu mu.
၁၉ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။
20 Gyidi nti na ɛmaa Isak hyiraa Yakob ne Esau maa wɔn daakye asetena.
၂၀ဣ​ဇာက်​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​အ​နာ​ဂတ် ကာ​လ​ကို​ရည်​မှန်း​၍​ယာ​ကုပ်​နှင့်​ဧ​သော​အား ကောင်း​ချီး​ပေး​၏။
21 Gyidi nti na ɛmaa Yakob hyiraa Yosef mma no nyinaa ansa na ɔrewu. Obutuw ne pema so sɔree Onyankopɔn.
၂၁ယာ​ကုပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် ယော​သပ်​၏​သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး​လေ​သည်။ သူ​သည်​မိ​မိ​၏​တောင် ဝှေး​ထိပ်​ကို​မှီ​ပြီး​လျှင်​ဘု​ရား​သ​ခင်​အား ဆု​တောင်း​လေ​၏။
22 Gyidi nti na Yosef rebewu no, ɔka kyerɛɛ Israelfo se, wobetu afi Misraim, na ɔhyɛɛ nea sɛ owu a, wɔnyɛ nʼamu no.
၂၂ယော​သပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​လွတ်​မြောက်​လာ​မည့်​အ​ခြင်း​အ​ရာ ကို​ရည်​ညွှန်း​ပြော​ကြား​ကာ မိ​မိ​၏​အ​ရိုး များ​နှင့်​ပတ်​သက်​၍​မှာ​ကြား​၏။
23 Gyidi nti na ɛmaa Mose awo akyi no, nʼawofo de no siee asram abiɛsa no. Wohuu sɛ na ɔyɛ sononko, enti na wɔansuro sɛ wobebu ɔhene no mmara so no.
၂၃မော​ရှေ​ကို​ဖွား​မြင်​ပြီး​နောက်​သူ​၏​မိ​ဘ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သူ့​အား​သုံး​လ​တိုင်​တိုင် ဝှက်​ထား​ကြ​၏။ မော​ရှေ​သည်​ချစ်​စ​ရာ​ကောင်း သော​သူ​ငယ်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ရှင်​ဘု​ရင် ၏​အ​မိန့်​တော်​ကို​ပင်​လွန်​ဆန်​ရန်​မ​ကြောက် ကြ။
24 Gyidi nti na Mose nyin no, wampɛ sɛ wɔbɛfrɛ no Farao babea ba no.
၂၄မော​ရှေ​သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် မိမိ​ကိုယ်​ကို​ဖာ​ရော​ဘု​ရင့်​သ​မီး တော်​၏​သား​ဟူ​၍​အ​ခေါ်​မ​ခံ​ဘဲ​နေ​၏။-
25 Na ɔpɛ sɛ ɔne Onyankopɔn mma behu amane sen sɛ obegye nʼani wɔ bɔne mu mmere tiaa bi.
၂၅သူ​သည်​ခ​ဏ​တာ​မျှ​အ​ပြစ်​၌​ပျော်​မွေ့​ရ​သည် ထက် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သည်​ကို​ပို​မို​၍​လို​လား​၏။-
26 Osusuw sɛ, sɛ ohu amane ma Kristo a, eye sen agyapade a ɛwɔ Misraim nyinaa, efisɛ na nʼani da ade pa bi so daakye.
၂၆မေ​ရှိ​ယ​အ​ရှင်​၏​အ​တွက်​ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း သည် အီ​ဂျစ်​ပြည်​၏​စည်း​စိမ်​ချမ်း​သာ​ရှိ​သ​မျှ တို့​ထက်​ပို​၍​တန်​ဖိုး​ရှိ​သည်​ဟု​ယူ​ဆ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​သည်​အ​နာ​ဂတ်​ကာ​လ​တွင် ရ​ရှိ​မည့်​အ​ကျိုး​ကို အာ​ရုံ​စူး​စိုက်​လျက်​နေ သော​ကြောင့်​ဖြစ်​ပေ​သည်။
27 Gyidi nti na ɛmaa Mose tu fii Misraim a na onsuro ɔhene no abufuw. Omiaa nʼani sɛ ɔrensan nʼakyi, efisɛ na wahu Onyankopɔn a obi nhu no no.
၂၇မော​ရှေ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​ဘု​ရင် ၏​အ​မျက်​တော်​သင့်​မည်​ကို​မ​ကြောက်​ဘဲ​အီ​ဂျစ် ပြည်​မှ​ထွက်​ခွာ​ခဲ့​၏။ သူ​သည်​မျက်​စိ​ဖြင့်​မ​တွေ့ မ​မြင်​နိုင်​သော​ဘု​ရား​သ​ခင်​အား​တွေ့​မြင်​ရ ဘိ​သ​ကဲ့​သို့​နောက်​မ​ဆုတ်​ဘဲ​နေ​၏။-
28 Gyidi nti na ɔhyɛɛ Twam Afahyɛ no ma wɔde mogya petee apon ho, sɛnea ɛbɛyɛ a ɔsɛebɔfo no renkum Israelfo mmakan a wɔyɛ mmarima no.
၂၈ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သား​ဦး​များ​ကို သေ​မင်း​တ​မန်​မ​သတ်​စေ​ရန် သူ​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ပ​သ​ခါ​ပွဲ​ကို​စီ​မံ​၍ တံ​ခါး တိုင်​များ​ကို​သွေး​ဖြင့်​ပက်​ဖျန်း​စေ​၏။
29 Gyidi nti na ɛmaa Israelfo no twaa Po Kɔkɔɔ sɛnea wɔnam asase kesee so no. Misraimfo no pɛɛ sɛ wotwa bi no, asu no bu faa wɔn so.
၂၉ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ကုန်း​လမ်း​ခ​ရီး​ပြု​သည့်​အ​လား​ပင် လယ်​နီ​ကို​ဖြတ်​ကျော်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား တို့ ယင်း​သို့​ဖြတ်​ကျော်​ကြ​သော​အ​ခါ​မူ​ရေ​နစ်​၍ သေ​ဆုံး​ကြ​ကုန်​၏။
30 Gyidi nti na Israelfo de nnanson twaa Yeriko afasu ho hyia dwiriw gui no.
၃၀ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဣသ​ရေ​လ​အ​မျိုး​သား တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင်​ယေ​ရိ​ခေါ​မြို့​ကို လှည့်​ပတ်​ချီ​တက်​ကြ​ပြီး​နောက်​မြို့​ရိုး​များ ကို​ပြို​ကျ​စေ​၏။-
31 Gyidi nti na wɔankum aguaman Rahab amfra wɔn a wonnye Onyankopɔn nni no, efisɛ ogyee akwansrafo no fɛw so.
၃၁ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​ဣသ​ရေ​လ​သူ​လျှို​တို့ အား​ဖော်​ရွေ​စွာ​လက်​ခံ​ခဲ့​သည့်​အ​တွက် ဘု​ရား သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​သူ​တို့​နှင့် အ​တူ​အ​သတ်​မ​ခံ​ရ​ပေ။
32 Afei dɛn na menka? Bere bebree nni hɔ sɛ mɛka Gideon, Barak, Samson, Yefta, Dawid ne Samuel ne adiyifo no ho asɛm.
၃၂ဆက်​လက်​ဖော်​ပြ​ရန်​လို​သေး​သ​လော။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​နှင့် ပ​ရော​ဖက်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရန် အ​ချိန်​လောက်​မည်​မ​ဟုတ်။-
33 Wɔnam gyidi so koo amanko, dii nkonim ma wɔn nsa kaa nea Onyankopɔn hyɛɛ wɔn ho bɔ no. Wɔkataa gyata ano,
၃၃ထို​သူ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​တိုင်း နိုင်​ငံ​များ​ကို​နှိမ်​နင်း​အောင်​မြင်​ခဲ့​ကြ​၏။ အ​မှန် တ​ရား​ကို​ကျင့်​သုံး​၍​ဘု​ရား​သ​ခင်​၏​က​တိ တော်​အ​တိုင်း​ခံ​စား​ခဲ့​ကြ​၏။ ခြင်္သေ့​များ​၏​နှုတ် ကို​ပိတ်​ခဲ့​ကြ​၏။-
34 dum ogyatannaa, tetew wɔn ho fii afoawu ano. Na wɔyɛ mmerɛw, nanso wɔyɛɛ den. Na wɔyɛ den wɔ akono, enti wodii wɔn atamfo so.
၃၄ပြင်း​ထန်​စွာ​တောက်​လောင်​နေ​သော​မီး​ကို​ငြိမ်း သတ်​ခဲ့​ကြ​၏။ ဋ္ဌား​ဘေး​မှ​လွတ်​မြောက်​ခဲ့​ကြ​၏။ သူ​တို့​သည်​ခွန်​အား​နည်း​သူ​များ​ဖြစ်​သော်​လည်း ခွန်​အား​ကြီး​လာ​ကြ​၏။ စစ်​ရေး​၌​စွမ်း​ရည်​သတ္တိ ရှိ​လျက်​တိုင်း​တစ်​ပါး​မှ​တပ်​များ​ကို​ဖြို​ခွင်း ကြ​၏။-
35 Ɛnam gyidi so ma wonyan mmea bi awufo maa wɔn. Wɔyɛɛ afoforo bi nso ayayade sɛ anka wɔmpa Onyankopɔn na wonnyaa wɔn. Nanso wɔampo Onyankopɔn, sɛnea ɛbɛyɛ a wɔn nsa bɛka daakye wusɔre a ɛkyɛn so no.
၃၅အ​မျိုး​သ​မီး​တို့​သည်​လည်း​ယုံ​ကြည်​ခြင်း အား​ဖြင့်​သေ​ရာ​မှ​ရှင်​လာ​သော​ဆွေ​မျိုး​များ တို့​ကို​ပြန်​လည်​၍​ရ​ရှိ​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​လွတ်​မြောက်​ခွင့်​ကို လက်​မ​ခံ​ဘဲ သာ​လွန်​မွန်​မြတ်​သည့်​ဘ​ဝ​သို့ ထ​မြောက်​ဝင်​စား​ရ​စေ​ရန်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ကို​ခံ​၍​သေ​ကြ​ကုန်​၏။-
36 Woguu afoforo anim ase, bɔɔ wɔn mmaa, na wɔkyekyeree ebinom de wɔn guu afiase.
၃၆အ​ချို့​သော​သူ​တို့​သည်​ကဲ့​ရဲ့​ရိုက်​နှက်​ခြင်း​ကို ခံ​ကြ​ရ​၏။ အ​ချို့​သူ​တို့​သည်​ကား​သံ​ကြိုး​ဖြင့် ချည်​နှောင်​ကာ​အ​ကျဉ်း​ချ​ခြင်း​ကို​ခံ​ရ​ကြ​၏။-
37 Wosiw ebinom abo. Wɔde sradaa paee ebinom mu abien, de afoa kum bi. Wokyinkyin sɛ nnipa a nguan ne mmirekyi nwoma kata wɔn ho. Wɔyɛɛ mmɔbɔ. Wɔn ho hiaa wɔn na wohuu amane.
၃၇သူ​တို့​သည်​ခဲ​နှင့်​ပေါက်​ခြင်း၊ လွှ​နှင့်​တိုက်​ဖြတ် ခြင်း၊ ဋ္ဌား​နှင့်​ခုတ်​သတ်​ခြင်း​တို့​ကို​ခံ​ကြ​ရ​၏။ သူ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​လျက်​အ​နှိပ်​အ​စက် ကို​ခံ​၍​မ​တ​ရား​အ​နိုင်​အ​ထက်​ပြု​ခြင်း​ကို ခံ​ကာ၊ သိုး​ရေ​ဆိတ်​ရေ​တို့​ကို​ဝတ်​၍​သွား​လာ ကြ​ရ​၏။-
38 Wiase yi annye amma wɔn. Wokyinkyin sɛ atutenafo wɔ sare ne mmepɔw so, abodan ne asase so abon mu.
၃၈ကမ္ဘာ​လော​က​သည်​ထို​သူ​တို့​နှင့်​မ​ထိုက်​မ​တန် ပါ​တ​ကား။ သူ​တို့​သည်​လိုဏ်​ဂူ​များ​နှင့်​မြေ တွင်း​များ​တွင်​နေ​ထိုင်​ကြ​လျက်​တော​ကန္တာ​ရ များ​နှင့်​တောင်​ပေါ်​ဒေ​သ​များ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​၏။
39 Wodii eyinom nyinaa ho adanse pa wɔ wɔn gyidi ho, nanso wɔn nsa anka bɔ a Onyankopɔn hyɛɛ wɔn no,
၃၉ဤ​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​ယုံ​ကြည် ခြင်း​ကြောင့်​ဂုဏ်​ပြု​ချီး​မွမ်း​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ ထား​တော်​မူ​သော​ကောင်း​ကျိုး​ချမ်း​သာ​များ ကို​မ​ခံ​စား​ကြ​ရ။-
40 efisɛ Onyankopɔn wɔ tirimupɔw papa bi ma yɛn, sɛnea ɛbɛyɛ a yɛne wɔn nyinaa bɛbɔ mu anya bɔhyɛ no.
၄၀အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​တွက်​ပို​မို​ကောင်း​မြတ်​သည့်​အ​ကြံ အ​စည်​တော်​ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ယင်း​အ​ကြံ​အ​စည်​တော်​မှာ​ထို​သူ​တို့​သည် ငါ​တို့​ပါ​ရှိ​မှ​သာ​လျှင်​ပြည့်​ဝ​စုံ​လင်​သူ များ​ဖြစ်​လာ​ကြ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။

< Hebrifo 11 >