< 5 Mose 10 >
1 Saa bere no, Awurade ka kyerɛɛ me se, “Twa abo apon no abien te sɛ kan de no na foro bra me nkyɛn wɔ bepɔw no so. Afei, yɛ dua adaka a wobɛkora wɔ mu.
၁``ထိုအခါထာဝရဘုရားကငါ့အား`ယခင် ကျောက်ပြားကဲ့သို့ကျောက်ပြားနှစ်ချပ်ကိုခုတ် လော့။ ထိုကျောက်ပြားကိုထည့်ရန် သစ်သားသေတ္တာ တော်ကိုလည်းပြုလုပ်လော့။ ထို့နောက်ငါရှိရာ တောင်ပေါ်သို့တက်လာလော့။-
2 Mɛkyerɛw nsɛm a mekyerɛw guu abo apon abien a edi kan a wububuu mu no bi pɛpɛɛpɛ agu so. Na fa hyɛ adaka no mu.”
၂သင့်ကြောင့်ကျိုးပဲ့ခဲ့သောကျောက်ပြားများ ပေါ်တွင် ငါရေးခဲ့သောပညတ်တော်များကို ဤ ကျောက်ပြားများပေါ်တွင်ငါရေးမည်။ သင်သည် ထိုကျောက်ပြားများကို သေတ္တာတော်ထဲတွင် ထည့်ထားရမည်' ဟုမိန့်တော်မူ၏။''
3 Na mede dua ɔkanto yɛɛ adaka, sen abo apon abien sɛ kan de no, na meforoo bepɔw no a na mikura apon abien no.
၃``သို့ဖြစ်၍ငါသည် အကာရှသစ်သားဖြင့် သေတ္တာတော်ကိုပြုလုပ်၍ ယခင်ကျောက်ပြား များနှင့်အလားတူကျောက်ပြားနှစ်ပြားကို ခုတ်ပြီးလျှင် ကျောက်ပြားများကိုယူဆောင် လျက်တောင်ပေါ်သို့တက်သွား၏။-
4 Awurade kyerɛw nsɛm a wakyerɛw bi dedaw, Mmaransɛm Du, a ɔkaa ho asɛm kyerɛɛ mo fi ogya mu wɔ bepɔw no so wɔ mo nhyiamu ase no guu apon no so. Na Awurade de maa me.
၄ထို့နောက်ထာဝရဘုရားသည် သင်တို့တောင် ခြေတွင်စုရုံးသောနေ့က မီးထဲမှသင်တို့အား မိန့်တော်မူသောပညတ်တော်ဆယ်ပါးကို ယခင် ကျောက်ပြားများပေါ်တွင်ရေးသားတော်မူ သည်အတိုင်း ထိုကျောက်ပြားများပေါ်တွင် ရေးသားတော်မူ၏။ ထာဝရဘုရားသည် ထို ကျောက်ပြားများကိုငါ့အားပေးတော်မူ၏။-
5 Na misan fii bepɔw no so na mede abo apon no bɛhyɛɛ adaka a mayɛ no mu sɛnea Awurade hyɛɛ me sɛ menyɛ no, na ɛwɔ hɔ besi nnɛ.
၅ထို့နောက်ငါသည်တောင်ပေါ်မှပြန်ဆင်းခဲ့၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ငါသည်ထိုကျောက်ပြားများကိုငါပြုလုပ် သောသေတ္တာတော်ထဲတွင်ထည့်ထားသည်ဖြစ် ရာ ထိုကျောက်ပြားများသည်ယနေ့တိုင် အောင်သေတ္တာတော်ထဲ၌ရှိသတည်း။''
6 Na Israelfo tu fii Beerot-Bene-Yaakan mmura ho kɔɔ Mosera. Ɛhɔ na Aaron wu ma wosiee no. Aaron babarima Eleasar sii nʼanan mu dii sɔfo.
၆(ဣသရေလအမျိုးသားတို့သည် ဗင်္ယာကန်ရေ တွင်းမှမောသရုတ်စခန်းသို့ခရီးသွားကြ၏။ အာရုန်သည်ထိုစခန်းတွင်အနိစ္စရောက်သဖြင့် သူ့ အားသင်္ဂြိုဟ်ကြလေသည်။ သူ၏သားဧလာဇာ သည်ဖခင်၏ယဇ်ပုရောဟိတ်အရိုက်အရာ ကိုဆက်ခံလေသည်။-
7 Wofi hɔ tu kɔɔ Gudgod. Wofi Gudgod no, wɔkɔɔ Yotbata, asase a nsuten pii wɔ so.
၇သူတို့သည်ထိုစခန်းမှရုတ်ဂေါဒစခန်းသို့ လည်းကောင်း၊ ထိုမှတစ်ဆင့်စမ်းပေါက်ပေါများ ရာ ယုဟဘသအရပ်သို့လည်းကောင်းခရီး ဆက်ကြ၏။-
8 Ɛhɔ na Awurade yii Lewifo abusuakuw sɛ wɔnsoa Awurade apam adaka no na wonnyina Awurade anim nsom no na wɔmfa ne din so nhyira, sɛnea wɔyɛ no nnɛ yi.
၈တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-
9 Ɛno nti na Lewifo no nni agyapade wɔ wɔn mfɛfo Israelfo no mu no. Awurade no ankasa ne wɔn agyapade sɛnea Awurade, mo Nyankopɔn, ka kyerɛɛ wɔn no.
၉ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။)
10 Na metenaa bepɔw no so wɔ Awurade anim adaduanan, awia ne anadwo sɛnea meyɛɛ kan no. Na Awurade tiee me bio. Na ɛnyɛ ne pɛ sɛ ɔbɛsɛe mo.
၁၀``ငါသည်ပထမအကြိမ်ကဲ့သို့ တောင်ပေါ် တွင်ရက်ပေါင်းလေးဆယ်ပတ်လုံးနေခဲ့သည်။ သင်တို့အားမသုတ်သင်မဖျက်ဆီးပစ်ရန် ငါတောင်းပန်လျှောက်ထားချက်ကိုထာဝရ ဘုရားသည် ဤတစ်ကြိမ်၌လည်းနားညောင်း လက်ခံတော်မူ၏။-
11 Awurade ka kyerɛɛ me se, “Sɔre na di nnipa no anim fa wɔn kɔ asase a mekaa ntam sɛ mede bɛma wɔn agyanom no so na wɔmfa no sɛ agyapade.”
၁၁ထို့နောက်သင်တို့၏ဘိုးဘေးတို့အား ပေးမည် ဟုကတိထားတော်မူသောပြည်ကိုချီတက် သိမ်းယူနိုင်ရန် သင်တို့ကိုခေါင်းဆောင်ရမည် ဟုငါ့အားမိန့်တော်မူ၏။''
12 Na afei, Israel, dɛn na Awurade, mo Nyankopɔn, hwehwɛ afi mo nkyɛn? Ɔhwehwɛ sɛ musuro no na moyɛ nʼapɛde, na mode mo koma ne mo kra nyinaa dɔ no na mosom no,
၁၂``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊-
13 na mudi Awurade ahyɛde ne ne mmara a mede rema mo nnɛ yi so, na asi mo yiye.
၁၃မိန့်တော်မူသမျှကိုလိုက်နာလော့။ ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှု တော်ကိုဆောင်ရွက်လော့။ သင်တို့၏ကောင်းကျိုး အလို့ငှာ ယနေ့ငါပေးသောပညတ်အလုံး စုံကိုစောင့်ထိန်းလော့။-
14 Ɔsorosoro mu soro ne asase ne nea ɛwɔ mu nyinaa yɛ Awurade, mo Nyankopɔn no, de.
၁၄ထာဝရဘုရားသည် မိုးကောင်းကင်အထက် ဘဝဂ်ကိုပင်ပိုင်တော်မူ၏။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်တွင် ရှိသမျှအရာခပ်သိမ်းတို့ ကိုလည်းပိုင်တော်မူ၏။-
15 Nanso Awurade nyaa abadae maa mo agyanom na ɔdɔ wɔn, na ɔpaw mo a moyɛ wɔn asefo gyaa aman nyinaa sɛnea ɛte nnɛ yi.
၁၅သို့သော်လည်းထာဝရဘုရားသည်သင်တို့ ၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုးသဖြင့် လူ မျိုးများစွာရှိသည့်အနက်သင်တို့ကိုရွေး ချယ်တော်မူခဲ့ရာ သင်တို့သည်ယနေ့တိုင် အောင်ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြ၏။-
16 Ɛno nti, monhohoro mo koma mu bɔne na munnyae asoɔden no.
၁၆သို့ဖြစ်သောကြောင့်သင်တို့သည်ယခုမှစ၍ ထာဝရဘုရား၏အမိန့်တော်ကိုနာခံ လျက် ခေါင်းမာသောသဘောကိုပယ်ရှားကြ လော့။-
17 Na Awurade, mo Nyankopɔn, yɛ ahene mu hene ne anyame mu nyame. Ɔyɛ Onyankopɔn kɛse, otumfo ne ɔnwonwani a ɔnkyea nʼaso na onnye adanmude nso.
၁၇သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
18 Ɔko ma nyisaa ne akunafo, na ɔdɔ ahɔho a wɔte mo mu. Ɔma wɔn aduan ne ntama.
၁၈မိဘမဲ့ကလေးများနှင့်မုဆိုးမများသည် တရားမျှတမှုရရှိစေရန်စီရင်တော်မူ၏။ သင်တို့နှင့်အတူတကွနေထိုင်သောလူမျိုး ခြားများကိုချစ်တော်မူသဖြင့် သူတို့၏ စားရေးဝတ်ရေးကိုကြည့်ရှုတော်မူ၏။-
19 Mo nso, ɛsɛ sɛ modɔ ahɔho, efisɛ bere bi na mo ankasa nso yɛ ahɔho wɔ Misraim asase so.
၁၉သို့ဖြစ်၍လူမျိုးခြားတို့ကိုချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်ယခင် အခါကအီဂျစ်ပြည်တွင်လူမျိုးခြား အဖြစ်နေထိုင်ခဲ့ရဖူးသောကြောင့်ဖြစ်သည်။-
20 Munsuro Awurade, mo Nyankopɔn, na mosom no. Moka mo ho mmata ne ho, na mo ntam a moka nyɛ ne din nko ara.
၂၀သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေ၍ ကိုယ်တော်ကိုသာဝတ်ပြု ကိုးကွယ်ရမည်။ ထာဝရဘုရားကိုသစ္စာ စောင့်၍ နာမတော်ကိုသာတိုင်တည်လျက် သစ္စာဆိုရမည်။-
21 Ɔyɛ mo Nyankopɔn a ɛsɛ sɛ mokamfo no. Ɔno na wayɛ anwonwade akɛse a mo nyinaa ahu bi.
၂၁ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည် သင်တို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့အတွက် ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်သောအမှု ကြီးများကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရကြပြီ။-
22 Na mo agyanom a wɔkɔɔ Misraim no nyinaa dodow yɛ aduɔson. Nanso afei, Awurade, mo Nyankopɔn no ama mo ase adɔ te sɛ soro nsoromma.
၂၂သင်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ သွားစဉ်ကလူဦးရေအားဖြင့်ခုနစ်ဆယ် မျှသာရှိ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ယခုအခါ သင်တို့ကိုမိုးကောင်းကင်ကြယ်နှင့်အမျှ လူဦးရေများပြားစေတော်မူပြီ။''