< 2 Samuel 7 >

1 Bere a wɔbɔɔ ɔhene no atenase wɔ nʼahemfi na Awurade ama asomdwoe aba asase no so no,
ထာဝရဘုရားသည် အရပ်ရပ်တို့၌ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသော ကျေးဇူးကို ရှင်ဘုရင်သည် ခံရ၍၊ နန်းတော်၌ငြိမ်ဝပ်စွာ နေရသောအခါ။
2 Dawid frɛɛ odiyifo Natan se, “Hwɛ, mete ahemfi a wɔde sida asi mu, na Onyankopɔn Adaka no nso si ntamadan mu.”
ပရောဖက်နာသန်ကို ခေါ်၍၊ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ၏။ ဘုရားသခင်၏ သေတ္တာတော်မူကား၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊
3 Na Natan buaa ɔhene no se, “Biribiara a woadwene ho sɛ wobɛyɛ no, kɔ so na yɛ, na Awurade ka wo ho.”
နာသန်က၊ အကြံတော်ရှိသမျှ အတွင်းပြုတော် မူပါ။ ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက်၏။
4 Na anadwo no, Awurade ka kyerɛɛ Natan se,
ထိုညဉ့်တွင် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် နာသန်သို့ ရောက်၍၊
5 “Kɔka kyerɛ me somfo Dawid se, ‘Sɛnea Awurade se ni: Wone obi a ɛsɛ sɛ wusi dan ma me na metena mu ana?
ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့ အိမ်ကို ဆောက်ရမည်လော။
6 Efi bere a mede Israelfo fi Misraim bae de besi nnɛ no, mentenaa ɔdan mu da. Daa wotu mʼase fi baabi kɔ baabi.
ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ၍ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ။
7 Bere biara a wotu mʼase a Israelman nyinaa ka me ho no, motee sɛ mibisaa wɔn sodifo, wɔn a mehyɛ wɔn sɛ wɔnhwɛ me nkurɔfo Israelfo no se, “Adɛn nti na momfaa sida nsii ofi mmaa me da?”’
ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့၌၊ ငါ၏လူဣသရေလအမျိုးကို ကျွေးမွေးစေ ခြင်းငှါ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစုံတယောက်အား၊ သင်သည် ငါ့အဘို့အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။
8 “Afei, kɔka kyerɛ me somfo Dawid se, ‘Sɛnea Asafo Awurade se ni: Miyii wo fii mmoa adidibea ne nguan akyidi mu, de wo besii me nkurɔfo Israel so hene.
ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။
9 Na baabiara a wokɔ no, meka wo ho, na matwa wʼatamfo nyinaa afi wʼanim. Na mɛma woagye din wɔ asase yi nyinaa so.
သင်သွားလေရာရာ၌ ငါလိုက်၍သင်၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှားသဖြင့်၊ မြေကြီးသား တို့တွင် လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ။
10 Na mama me nkurɔfo Israelfo no baabi a wɔbɛtena afebɔɔ. Beae bi a ɛwɔ bammɔ a obiara renhaw wɔn. Ɛhɔ bɛyɛ wɔn ankasa asase a aman amumɔyɛfo renhyɛ wɔn so, sɛnea wɔyɛɛ bere bi a atwa mu no,
၁၀ထိုမှတပါး ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌၎င်း၊
11 efi bere a mepaw atemmufo sɛ wonni me nkurɔfo so no. Mɛsan ama mo bammɔ afi mo atamfo nyinaa nsam. “‘Na Awurade aka akyerɛ wo se, ɔno Awurade na ɔbɛkyekyere ofi ama wo; ahemfo ntoatoaso fi.
၁၁ငါ၏လူဣသရေလအမျိုးတွင် တရားသူကြီး တို့ကို ခန့်ထားသောကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန်မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။
12 Na sɛ wo nna to twa a, mɛma wʼaseni a ofi wʼasen mu adi wʼade, na matim nʼaheman ase.
၁၂သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှ ဆင်းသက်သော သားကိုငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။
13 Ɔno ne obi a obesi dan de me din ato so. Na matim nʼaheman mu ahengua ase afebɔɔ.
၁၃ထိုသားသည် ငါ၏နာမအဘို့ အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။
14 Mɛyɛ nʼagya, na wayɛ me Ba. Sɛ ɔyɛ bɔne a, mɛma aman bi atwe nʼaso.
၁၄ငါသည် သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည်။
15 Nanso, merenyi me dɔ mfi ne so da, sɛnea miyi fii Saulo a miyii no fii wʼanim no so ansa na wubedii nʼade no.
၁၅သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု၌ ငါ၏ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။
16 Wo fi ne wʼahenni betim wɔ mʼanim afebɔɔ; na wʼahengua betim daa nyinaa.’”
၁၆သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
17 Enti Natan san kɔɔ Dawid nkyɛn kɔkaa nsɛm a Awurade aka no nyinaa kyerɛɛ no.
၁၇ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အား ပြန်ပြောလေ၏။
18 Na ɔhene Dawid kɔtenaa Awurade anim bɔɔ mpae se, “Awurade Tumfo, me ne hena, na me fifo yɛ dɛn a wode me abedu nnɛ?
၁၈ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း။
19 Na afei Otumfo Awurade, eyinom nyinaa akyi no, woka sɛ wobɛma me ahenni a ɛte hɔ daa. Woyɛ nnipa nyinaa sɛɛ ana, Awurade Tumfo?
၁၉သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော။
20 “Dɛn bio na metumi aka? Efisɛ wunim wʼakoa, Awurade Tumfo.
၂၀ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ ကျွန်ကို သိတော်မူ၏။
21 Wʼasɛm ne wo pɛ mu nti, woayɛ nneɛma kɛse yi nyinaa akyerɛ wo somfo.
၂၁နှုတ်ကပတ်တော်ကို ထောက်၍၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်သိရမည်အကြောင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ ကိုပြုတော်မူပြီ။
22 “Wo kɛseyɛ yɛ kokuroo, Awurade Tumfo! Obiara nte sɛ wo, Onyankopɔn bi nni hɔ sɛ wo, na yɛntee onyame foforo bi mpo ho asɛm ɛ!
၂၂သို့ဖြစ်၍ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့်တူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ။
23 Ɔman bɛn na ɛwɔ asase yi so a ɛte sɛ Israel? Ɔman foforo bɛn na woayi no afi nkoasom mu de wɔn ayɛ wo man? Bere a wuyii wo nkurɔfo fii Misraim no, wugyee din. Woyɛɛ anwonwade a ɛyɛ hu de pam aman ne ahoni ahorow a na wɔyɛ akwanside ma wo nkurɔfo no.
၂၃နာမတော်ကို ထင်ရှားစေ၍ အဲဂုတ္တုပြည်အစ ရှိသော အခြားသောပြည်များ၊ သူတို့ဘုရားများတို့မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့တွင် လူမျိုးတော်အဘို့နှင့်ပြည်တော်အဘို့ ကြောက်မက်ဘွယ် သော အမှုကြီးတို့ကို ပြုခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ရွေး နှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။
24 Woasi wo nkurɔfo Israel sɛ wʼankasa wʼade afebɔɔ, na wo, Awurade, woabɛyɛ wɔn Nyankopɔn.
၂၄အကြောင်းမူကား၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော်၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော်အဘို့ ခိုင်ခံ့မြဲမြံစေ၍၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်တော်မူ၏။
25 “Na afei, Awurade Nyankopɔn, di bɔ a wohyɛ faa wʼakoa ne ne fi ho no so. Ma ɛnyɛ bɔhyɛ a ɛbɛtena hɔ daa,
၂၅ယခုမှာအိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲ တည်စေတော်မူပါ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။
26 na ama wo din akorɔn afebɔɔ. Na nnipa bɛka se, ‘Asafo Awurade yɛ Israel so Nyankopɔn.’ Na ma wo somfo Dawid ahenni ase ntim wɔ wʼanim.
၂၆ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူ သည်ဟူ၍ နာမတော်သည် အစဉ်အမြဲချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ် သည် ရှေ့တော်၌တည်ပါစေသော။
27 “Asafo Awurade, Israel Nyankopɔn, masi me bo abɔ saa mpae yi efisɛ woakyerɛ sɛ wobɛkyekye ofi a ɛyɛ daa ahenni ama me.
၂၇အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ဤပဌနာကို ရှေ့တော်၌ ပြုချင် သောစိတ်ရှိပါ၏။
28 Awurade Tumfo, woyɛ Onyankopɔn! Wo nsɛm mu wɔ ahotoso, na woahyɛ wo somfo nnepa ho bɔ.
၂၈ယခုလည်းအိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ စကားတော်လည်း မှန်ပါ၏။ ဤကျေးဇူးကိုကိုယ်တော်ကျွန်၌ ဂတိထားတော်မူပြီ။
29 Afei, ma ɛnyɛ wo pɛ sɛ wubehyira wʼakoa fi so, na atoa so afebɔɔ wɔ wʼanim, na wo, Awurade, woakasa, na wo nhyira a wode behyira wo somfo fi no bɛyɛ daapem nhyira.”
၂၉သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း၊ ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား၊အမိန့်တော်ရှိသည်အတိုင်းကောင်းကြီးပေး တော်မူသောမင်္ဂလာကို၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် အစဉ်အမြဲခံရပါစေသောဟု ဆုတောင်းသတည်း။

< 2 Samuel 7 >