< 2 Samuel 11 >
1 Asusowbere a edi so no mu, bere a ɛsɛ sɛ ahemfo kɔ ɔsa no, Dawid somaa Yoab ne Israel asraafo nyinaa sɛ wɔnkɔsɛe Amonfo. Wokotuaa kuropɔn Raba ano, na Dawid de, ɔkaa Yerusalem.
၁အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။
2 Da bi anwummere a Dawid ayi nʼani so kakra no, ɔsɔre fii ne mpa so nantew faa nʼahemfi no atifi. Ogyina hɔ no, ohuu ɔbea bi sɛ ɔreguare. Na ɔbea no ho yɛ fɛ yiye;
၂နောက်တနေ့ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင်၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။
3 na Dawid somaa obi sɛ onkobisa ne ho nsɛm. Ɔbarima no bɛkae se, “Ɛyɛ Eliam babea Batseba, a ɔyɛ Hetini Uria yere.”
၃ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
4 Na Dawid tuu abɔfo sɛ wɔnkɔfrɛ no mmrɛ no. Ɔbaa Dawid nkyɛn. Dawid ne no dae. (Odwiraa ne ho fii ne nsabu mu no, na ɛnkyɛe.) Afei, ɔsan kɔɔ fie.
၄တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊
5 Bere a Batseba huu sɛ wanyinsɛn no, ɔsoma ma wɔkɔka kyerɛɛ Dawid.
၅ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
6 Enti Dawid soma kɔɔ Yoab nkyɛn kɔka kyerɛɛ no se, “Fa Hetini Uria brɛ me.”
၆ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း၊ ယွာဘသည်စေလွှတ်၍၊
7 Bere a Uria duu Dawid nkyɛn no, obisaa gyinabea a Yoab ne asraafo no wɔ mu ne sɛnea ɔko no rekɔ so.
၇ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ၊
8 Na ɔka kyerɛɛ Uria se, “Kɔ fie na kɔhome.” Na mpo, Uria fii ahemfi hɔ no, Dawid soma ma wɔde akyɛde bi kɔmaa no.
၈သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။
9 Nanso Uria ankɔ fie. Ɔne ɔhene asomfo no bi tenaa ahemfi pon no ano.
၉သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။
10 Bere a Dawid tee nea Uria ayɛ no, ɔfrɛɛ no bisaa no se, “Dɛn na ɛhaw wo? Wufii fie akyɛ na adɛn na woankɔ hɔ nnɛra anadwo?”
၁၀ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
11 Uria buae se, “Apam Adaka no ne Israel asraafo ne Yuda tete ntamadan mu, na Yoab nso ne ne mpanyimfo abɔ atenae wɔ wuram baabi petee mu. Na ɛbɛyɛ dɛn na matumi akɔ fie akɔnom nsa, adidi na me ne me yere akɔda? Meka ntam se merenyɛ eyi na madi ho fɔ.”
၁၁ဥရိယက၊ သေတ္တာတော်နှင့်ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ၏။
12 Na Dawid ka kyerɛɛ no se, “Eye, tena ha anadwo yi, na ɔkyena wobɛkɔ asraafo no mu.” Enti Uria tenaa Yerusalem da no ne nʼadekyee.
၁၂ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။
13 Na Dawid frɛɛ no adidi ne ɔnom aponto, na ɔmaa no nsa ma ɔbowee. Na ɛno mpo, Uria ankɔ fie ankohu ne yere. Ɔdaa ahemfi no kwan ano bio.
၁၃ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ၏။
14 Ade kyee anɔpa no, Dawid kyerɛw krataa maa Uria sɛ ɔmfa nkɔma Yoab.
၁၄နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက်၏။
15 Krataa no mu nsɛm kyerɛɛ Yoab se, “Ma Uria nkɔ akono baabi a ɔko no ano yɛ den pa ara. Wo de, san wʼakyi, sɛnea ɛbɛyɛ a, wobekum no.”
၁၅မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး၌ ဥရိယကို ခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ ရောက်၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း။
16 Enti Yoab maa Uria kogyinaa baabi a ɛbɛn kurow no fasu, a ɛhɔ na onim sɛ atamfo no mmarima a wɔyɛ den no reko.
၁၆အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကို ခန့်ထားလေ၏။
17 Ɛhɔ na wokum Hetini Uria ne Israel asraafo no bebree.
၁၇မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။
18 Na Yoab de ɔsa mu amanneɛ kɔbɔɔ Dawid.
၁၈ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ်၍၊
19 Ɔka kyerɛɛ nʼabɔfo no se, “Monka ɔsa mu nsɛm no nyinaa nkyerɛ ɔhene.
၁၉သင်သည်ရှင်ဘုရင်ထံတော်၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင်၊
20 Nanso ebia ne bo befuw, ama wabisa se, ‘Adɛn nti na asraafo no kɔbɛn kurow no pɛɛ saa? Na wonnim sɛ wɔbɛtow agyan afi afasu no mu?
၂၀ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
21 Ɔbeabasia antow awiyammo ammɔ Gideon babarima Abimelek wɔ Tebes ankum no?’ Afei, monka nkyerɛ no se, wɔakum Hetini Uria nso.”
၂၁ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။
22 Enti abɔfo no kɔɔ Yerusalem kɔbɔɔ ɔsa no mu amanneɛ kyerɛɛ Dawid sɛnea Yoab somaa no sɛ ɔnkɔka no.
၂၂ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား၊
23 Abɔfo no ka kyerɛɛ Dawid se, “Mmarima no bu faa yɛn so, na wotiaa yɛn petee mu de, nanso yepiaa wɔn kɔɔ kurow no pon ano.
၂၃ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍ တိုက်ကြပါ၏။
24 Ɛhɔ na agyantowfo tow wʼasomfo fii ɔfasu ho, maa ɔhene mmarima no bi wuwui. Na wo somfo Hetini Uria nso awu.”
၂၄လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ်၍ ကိုယ်တော်ကျွန်အချို့သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်း သေပါ၏ဟု လျှောက်လျှင်၊
25 Dawid ka kyerɛɛ abɔfo no se, “Monka nkyerɛ Yoab se ɔmmma nʼaba mu mmu, na ɔko mu de obiara tumi wu. Monyere mo ho nko ɔkoden na munni kuropɔn no so nkonim.”
၂၅ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
26 Bere a Batseba tee sɛ ne kunu awu no, osuu no.
၂၆ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ၏။
27 Na osu no akyi no, Dawid soma ma wɔkɔfaa no baa ne fi. Ɔbɛyɛɛ ne yere, na ɔwoo ɔbabarima. Na nea Dawid yɛe no ansɔ Awurade ani.
၂၇ငိုကြွေးမြည်တမ်းချိန် လွန်မှ၊ ဒါဝိဒ်သည် လူကို စေလွှတ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ ရောက်၍ သားယောက်ျားကို ဘွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။