< 1 Samuel 20 >

1 Dawid guan fii Naiot a ɛwɔ Rama kohuu Yonatan. Obisaa se, “Bɔne bɛn na mayɛ? Bɔne bɛn na mayɛ wʼagya, a enti ɔpɛ sɛ okum me yi?”
ဒါဝိဒ်သည် ရာမမြို့၊ နာယုတ်ရွာမှပြေး၍ ယောနသန်ထံသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သည် အဘယ်သို့ ပြုဘိသနည်း။ အဘယ်အပြစ် ရှိသနည်း။ ခမည်းတော်သည် ကျွန်ုပ်အသက်ကို ရှာမည်အကြောင်း၊ ကျွန်ုပ်သည် အဘယ်ဒုစရိုက်ကို ပြုဘိသနည်းဟု မေးသော်၊
2 Yonatan teɛɛ mu se, “Ɛnyɛ nokware. Minim yiye sɛ onsusuw biribi a ɛte saa ho, efisɛ ɔka ne nsɛm nyinaa kyerɛ me; mpo, ne nsɛm nketenkete nyinaa ɔma mʼaso te. Minim sɛ ɔrentumi mfa asɛm a ɛte sɛɛ nsie me da. Ɛnte saa!”
ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မသေရ။ ကျွန်ုပ်အဘသည် ကျွန်ုပ်အား မပြောဘဲ အမှုအကြီးအငယ် တစုံတခုကိုမျှ မပြုတတ်။ ဤအမှုမှန်လျှင် ကျွန်ုပ်မသိစေခြင်းငှါ အဘယ်ကြောင့် ဝှက်ထားမည်နည်း။ ဤအမှုမမှန်ဘူးဟု ပြန်ပြော၏။
3 Dawid kaa ntam wɔ Yonatan anim se, “Wʼagya nim yɛn ayɔnkofa yi mu pefee nti, waka wɔ ne tirim se, ‘Merenka nkyerɛ Yonatan.’ Nanso sɛnea Awurade te ase na wote ase yi, anammɔn baako pɛ na ɛda me ne owu ntam.”
ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင်၏ အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတလှမ်းသာ ရှိပါသည်ဟု အကျိန်နှင့် ဆို၏။
4 Na Yonatan ka kyerɛɛ Dawid se, “Nea wopɛ sɛ menyɛ mma wo biara no mɛyɛ.”
ယောနသန်ကလည်း၊ သင့်စိတ်နှလုံး အလိုရှိသည်အတိုင်း ကျွန်ုပ်ပြုပါမည်ဟု ဒါဝိဒ်အားဆိုလျှင်၊
5 Dawid buae se, “Ɔkyena yebedi Ɔsram Foforo Afahyɛ. Bere biara, sɛ dapɔnna no du saa a, me ne ɔhene to nsa didi. Nanso ɔkyena de, mɛkora me ho wɔ wuram ara kosi ne nnansa so anwummere.
ဒါဝိဒ်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ ကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားတော်ပွဲနားမှာ မထိုင်ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ်သွား၍ သုံးရက်နေ့ ညဦးတိုင်အောင် တော၌ ပုန်းရှောင်လျက် နေပါရစေ။
6 Na sɛ wʼagya hwehwɛ me a, ka kyerɛ no se, ‘Dawid srɛɛ kwan se ɔrekɔ ne kurom Betlehem, na ɔne ne fifo akɔbɔ afirihyia afɔre.’
သင်၏ အဘသည် ကျွန်ုပ်မရှိသည်ကို မှတ်မိလျှင်၊ ဒါဝိဒ်၏ အဆွေအမျိုးအပေါင်းတို့သည် နှစ်စဉ်ပွဲ ခံချိန်ရှိသောကြောင့်၊ မိမိနေရာ ဗက်လင်မြို့သို့ သွားရမည်အကြောင်း၊ ကျပ်ကျပ်အခွင့်ပန်ပါ၏ဟု လျှောက်ပါ။
7 Sɛ ɔka se, ‘Eye’ a, wubehu sɛ wʼakoa ho sɔnn. Na sɛ nso ne bo fuw, gye hwanyan a, wubehu sɛ ɔrehyehyɛ ho sɛ obekum me.
အဘက ကောင်းပြီဟုဆိုလျှင်၊ ကိုယ်တော်ကျွန်သည် ချမ်းသာရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုးလျှင်၊ ဘေးပြုမည် အကြံရှိသည်ကို သဘောကျပါ။
8 Da saa adɔe yi adi kyerɛ me, sɛ adamfo a maka ntam adi nsew akyerɛ wo, efisɛ yɛn nyinaa wɔ apam wɔ Awurade anim. Na sɛ ɛnte saa, na mayɛ bɔne atia wʼagya a, wo ara kum me. Nanso mesrɛ wo, nyi me mma.”
ကိုယ်တော်ကျွန်၌ ကျေးဇူးပြုပါ။ ထာဝရဘုရား၏ ပဋိညာဉ်ကို ကိုယ်တော်ကျွန်နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ်၌ အပြစ်ရှိလျှင် ကိုယ်တော်တိုင် သတ်ပါ။ အဘယ်ကြောင့် အဘထံသို့ ဆောင်သွားရပါမည်နည်းဟု ယောနသန်အားဆို၏။
9 Yonatan teɛɛ mu se, “Ɛmpare me! Wo ara wunim sɛ, sɛ minim mʼagya nsusuwii no ho biribi a, anka maka akyerɛ wo dedaw.”
ယောနသန်က ထိုသို့သောအမှု ဝေးပါစေသော။ ကျွန်ုပ်အဘသည် သင်၌ ဘေးပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိလျှင် သင့်အား မပြောဘဲနေလိမ့်မည်လောဟု ဆို၏။
10 Na Dawid bisaa Yonatan se, “Ɛbɛyɛ dɛn na mahu sɛ wʼagya bo afuw anaasɛ ne bo mfuw ɛ?”
၁၀ဒါဝိဒ်ကလည်း၊ ခမည်းတော်သည် ကြမ်းတမ်းစွာ ပြန်ပြောလျှင်၊ ကျွန်ုပ်အား အဘယ်သူ ကြားပြောလိမ့်မည်နည်းဟု မေးသော်၊
11 Yonatan buae se, “Bra na yɛnkɔ wuram hɔ.” Na wɔn nyinaa kɔɔ hɔ.
၁၁ယောနသန်က၊ ငါတို့သည် တောသို့ သွားကြကုန်အံ့ဟု ဒါဝိဒ်အား ဆိုလျက်၊ နှစ်ယောက်တို့သည် တောသို့ထွက်သွားကြ၏။
12 Yonatan ka kyerɛɛ Dawid se, “Mehyɛ bɔ wɔ Awurade Israel Nyankopɔn din mu sɛ ɔkyena akyi sesɛɛ me ne mʼagya bɛkasa, na mɛma woahu nea ɔka fa wo ho. Sɛ ɔwɔ wo ho adwene pa a meremma wo nkra biara.
၁၂ယောနသန်ကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန်နေ့၊ သဘက်နေ့၌ ကျွန်ုပ်အဘကို စုံစမ်းသောအခါ သူသည် ဒါဝိဒ်၌ ကောင်းသော အကြံရှိ၍ သင့်ကို ကျွန်ုပ်မကြားလိုက်ဘဲ နေသော်၎င်း၊
13 Nanso sɛ mʼagya bo afuw, na ɔpɛ sɛ okum wo, na sɛ manka ankyerɛ wo amma woanguan a Awurade ne minni no ɔyaw so. Awurade nka wo ho sɛnea ɔkaa mʼagya ho no.
၁၃သို့မဟုတ် ကျွန်ုပ်အဘသည် ဘေးပြုခြင်းငှါ အလိုရှိ၍ သင်သည် ငြိမ်ဝပ်စွာ သွားရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရားသည် ကျွန်ုပ်အဘနှင့် အတူရှိခဲ့ပြီးသကဲ့သို့ သင်နှင့်အတူ ရှိပါစေသော။
14 Na fa Awurade nokware dɔ no bi dɔ me bere a mete ase yi. Na sɛ miwu,
၁၄သင်သည် ကျွန်ုပ်အသက်ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော် အတိုင်း ကျေးဇူးပြုရမည်မက၊
15 na ɛba sɛ Awurade twa Dawid atamfo nyinaa gu fi asase ani mpo a, nyi wʼadɔe mfi me fifo so da biara da.”
၁၅ထာဝရဘုရားသည် ဒါဝိဒ်၏ ရန်သူအပေါင်းတို့ကို မြေကြီးပေါ်က ပယ်ရှင်းတော်မူသော နောက်မှာလည်း၊ ကျွန်ုပ်အမျိုးအနွယ်၌ အစဉ်အမြဲ ကျေးဇူးပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊
16 Enti Yonatan ne Dawid yɛɛ apam se, “Awurade ne Dawid atamfo nni.”
၁၆သစ္စာပျက်လျှင် ဒါဝိဒ်၏ ရန်သူတို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ်၏ အမျိုးအနွယ်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၎င်း၊
17 Esiane ɔdɔ a Yonatan wɔ ma Dawid no nti, ɔmaa no tii ne ntam no mu, efisɛ na ɔdɔ no sɛnea ɔdɔ ɔno ankasa ho.
၁၇ကိုယ်ဝိညာဉ်ကို ချစ်သကဲ့သို့ ဒါဝိဒ်ကို ချစ်သောကြောင့်၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ်အား အထပ်ထပ်ကျိန်ဆို၏။
18 Afei, Yonatan ka kyerɛɛ Dawid se, “Ɔkyena na ɛyɛ ɔsram foforo afahyɛ no. Yɛrenhu wo, efisɛ wʼakongua so bɛda hɔ.
၁၈တဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။
19 Ɔkyena akyi, ɛrekɔ anwummere no, kɔ baabi a saa ɔhaw yi fii ase no wukohintaw wo ho no, na twɛn wɔ ɔbo siw no ho.
၁၉သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလ ကျောက်နားမှာ နေရမည်။
20 Mɛtow agyan abiɛsa afa ne nkyɛn, te sɛ nea meretow abɔ biribi no.
၂၀ကျွန်ုပ်သည်လည်း၊ စက်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည်။
21 Afei, mɛsoma abarimaa bi aka se, ‘Kɔ na kɔhwehwɛ bɛmma no.’ Sɛ meka kyerɛ no se, ‘Hwɛ, bɛmma no wɔ ha; tase brɛ me a,’ bra, efisɛ mmere dodow a Awurade te ase yi, wo ho sɔnn; bɔne bi nni hɔ.
၂၁မြှားတို့ကို သွား၍ ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြှားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာ ပြောလျှင်လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။
22 Na sɛ meka kyerɛ abarimaa no se, ‘Hwɛ, bɛmma no wɔ wʼanim’ a, ɛno de, na ɛsɛ sɛ wokɔ, efisɛ Awurade na ose kɔ.
၂၂သို့မဟုတ်၊ မြှားတို့သည် နင့်ကို လွန်ပြီဟု လုလင်အား ဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။
23 Na Awurade mmoa yɛn na yenni bɔ a yɛahyehyɛ yɛn ho yɛn ho no so, efisɛ ɔno ne yɛn danseni.”
၂၃ယခု ငါတို့နှစ်ယောက် ပြောသော အမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။
24 Na Dawid kɔtɛwee wuram, na bere a ɔsram foforo afahyɛ no dui no, ɔhene no tenaa ase sɛ ɔrebedidi.
၂၄ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍ နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှါ ထိုင်၏။
25 Ɔtenaa nʼatenae a ɛbɛn ɔfasu ho a ɛne Yonatan di nhwɛanim, na Abner tena dii Saulo so, nanso Dawid atenae hɔ de, ɛdaa mpan.
၂၅ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာ ထိုင်ရာသည် လပ်၏။
26 Na da no, Saulo anka asɛm biara. Na ɔdwenee se, “Gyama asɛm bi ato Dawid a ɛmma ne ho ntew mma saa afahyɛ no ase. Ɛno nti na onni ha nnɛ no.”
၂၆သို့ရာတွင် ရှောလုက အကြောင်းတစုံတခုရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည် မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။
27 Na ade kyee a Dawid afa hɔ ada mpan bio no, Saulo bisaa ne ba Yonatan se, “Adɛn nti na Yisai babarima no amma adidi nnɛra ne nnɛ?”
၂၇နက်ဖြန်နေ့ လဆန်းနှစ်ရက်နေ့၌ ဒါဝိဒ်၏ နေရာထိုင်ရာသည် လပ်သောကြောင့် ရှောလုက၊ ယေရှဲသားသည် စားပွဲတော်သို့ မနေ့ကမလာ၊ ယနေ့လည်း မလာဘဲ အဘယ်ကြောင့်နေသနည်းဟု သားတော် ယောနသန်အား မေးလျှင်၊
28 Yonatan buae se, “Nokware, Dawid srɛɛ me kwan sɛ ɔrekɔ Betlehem.
၂၈ယောနသန်က၊ ဒါဝိဒ်သည် ဗက်လင်မြို့သို့ သွားရမည်အကြောင်း ကျပ်ကျပ်အခွင့်ပန်လျက်၊
29 Ɔkae se, ‘Ma menkɔ, efisɛ, me fifo rebɔ afɔre wɔ kurow no mu nti, me nuabarima ahyɛ me sɛ, ɛsɛ sɛ mewɔ hɔ bi. Sɛ afei, manya wʼanim anuonyam a, ma me kwan na menkɔhwɛ me nuanom mmarima.’ Ɛno nti na wamma ɔhene didipon ho no.”
၂၉အကျွန်ုပ် သွားရသော အခွင့်ကို ပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကိုလည်းမှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။
30 Saulo bo fuw Yonatan, ka kyerɛɛ no se, “Wo ɔba kwasea, ɔbea brakyewni tuatewni ba! Wususuw sɛ minnim sɛ wopɛ sɛ Dawid di hene si wo anan mu de hyɛ wo ne wo na aniwu?
၃၀ထိုအခါရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မြောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော။
31 Mmere dodow a Yisai babarima no te ase wɔ asase yi so no, worennya ɔhene nni da. Soma mprempren ara na wɔnkɔfa no mmrɛ me, na minkum no!”
၃၁ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့် သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊
32 Yonatan bisaa nʼagya se, “Adɛn nti na ɛsɛ sɛ wokum no? Dɛn na wayɛ?”
၃၂ယောနသန်က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေခံရမည်နည်း။ အဘယ်သို့ပြုဘိသနည်းဟု အဘရှောလုအား မေးလေသော်၊
33 Ɛhɔ ara, Saulo tow peaw sɛ ɔde rewɔ no, akum no. Afei Yonatan huu sɛ nʼagya asi nʼadwene pi sɛ obekum Dawid.
၃၃ရှောလုသည် ယောနသန်ကို မှန်စေခြင်းငှါ လှံတို့ကို လက်လွှတ်၍ ထိုးလေ၏။ သို့ဖြစ်၍ အဘသည် ဒါဝိဒ်ကို သတ်မည်အကြံရှိသည်ကို ယောနသန်သည် သိသဖြင့်၊
34 Yonatan de abufuwhyew sɔre fii didipon no ho. Na da a ɛto so abien wɔ ɔsram no mu no, wannidi, efisɛ ne werɛ how wɔ nʼagya animguasede a ɔpɛ sɛ ɔyɛ Dawid no ho.
၃၄အမျက်ထွက်၍၊ ထိုလဆန်းနှစ်ရက်နေ့၌ အစာမစားဘဲ ထသွား၏။ မိမိအဘသည် ဒါဝိဒ်ကို အရှက်ခွဲသောကြောင့် ဒါဝိဒ်အတွက် ညှိုးငယ်သောစိတ် ရှိ၏။
35 Ade kyee no, Yonatan kɔɔ wuram. Sɛnea wɔahyehyɛ ho no. Ɔfaa abarimaa ketewa bi kaa ne ho a ɔbɛboaboa ne bɛmma ano.
၃၅နံနက်ရောက်မှ ဒါဝိဒ်နှင့် ချိန်းချက်သော အချိန်၌၊ ယောနသန်သည် လူကလေးကို ခေါ်၍ တောသို့ သွား၏။
36 Ɔka kyerɛɛ abarimaa no se, “Fi ase tu mmirika kɔhwehwɛ bɛmma a metotow no.” Na abarimaa no retu mmirika akɔ no, Yonatan tow bɛmma no baako traa no.
၃၆လူကလေးအား လည်းပြေးတော့။ ငါပစ်သော မြှားတို့ကို ရှာတော့ဟုဆို၍ လူကလေးသည် ပြေးသောအခါ သူ့ကို လွန်အောင်မြှားတစင်းကို ပစ်လေ၏။
37 Na bere a abarimaa no duu faako a Yonatan bɛmma no akɔtɔ no, Yonatan frɛɛ no se, “bɛmma no ntraa wo ana?”
၃၇ယောနသန်ပစ်သော မြှားကျရာ အရပ်သို့ လူကလေးရောက်သောအခါ၊ ယောနသန်က၊ မြှားတစင်းသည် နင့်ကို လွန်ပြီမဟုတ်လော။
38 Enti Yonatan teɛɛ mu se, “Ka wo ho! Kɔ ntɛm! Nnyina.” Abarimaa no faa bɛmma no san baa ne wura nkyɛn.
၃၈ကြိုးစား၍ အလျင်အမြန်ပြေးတော့။ မနေနှင့်ဟု လူကလေးနောက်မှာ ဟစ်လေ၏။ လူကလေးသည်လည်း မြှားတို့ကို ကောက်၍ မိမိသခင့်ထံသို့ ပြန်လာ၏။
39 Na abarimaa no nnim eyi ho hwee; Yonatan ne Dawid nko ara na na wonim.
၃၉သို့ရာတွင် လူကလေးသည် ထိုအမှုကို နားမလည်။ ယောနသန်နှင့် ဒါဝိဒ်သာ နားလည်ကြ၏။
40 Na Yonatan de nʼakode maa abarimaa no kae se, “Kɔ, soa san fa kɔ kurom.”
၄၀ယောနသန်သည် မိမိလက်နက်တို့ကို လူကလေး၌ အပ်၍ မြို့ထဲသို့ယူသွားတော့ဟု ဆို၏။
41 Bere a abarimaa no kɔe ara pɛ, Dawid pue fii baabi a okohintaw hɔ a ɛbɛn abo siw no bae. Na Dawid bɔɔ ne mu ase wɔ Yonatan anim, de nʼanim butuw fam. Na wofifew wɔn ho wɔn ho ano, na wɔmaa wɔn ho wɔn ho nantew yiye, na wosui, ne titiriw no, Dawid.
၄၁လူကလေးသွားသောနောက်၊ ဒါဝိဒ်သည် တောင်မျက်နှာ အရပ်က ထ၍ မြေပေါ်မှာ ပြပ်ဝပ်လျက် သုံးကြိမ်တိုင်အောင် ဦးညွှတ်ပြီးလျှင်၊ သူတို့သည် တယောက်ကို တယောက်နမ်းလျက် မျက်ရည် ကျလျက်၊ ဒါဝိဒ်သည်သာ၍ ပြုသည်တိုင်အောင် ပြုကြ၏။
42 Akyiri yi no, Yonatan ka kyerɛɛ Dawid se, “Kɔ asomdwoe mu, efisɛ yɛayɛ apam wɔ Awurade din mu. Yɛde yɛn mu biara ne yɛn mu biara mma ahyɛ Awurade nsa afebɔɔ.” Na Dawid kɔe, na Yonatan nso san kɔɔ kurow no mu.
၄၂ယောနသန်ကလည်း၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြား၊ သင့်အမျိုးအနွယ်နှင့် ကျွန်ုပ် အမျိုးအနွယ်စပ်ကြားမှာ အစဉ်အမြဲ ရှိတော်မူစေသတည်းဟူ၍ ထာဝရဘုရား၏ နာမတော်ကို တိုင်တည်သဖြင့်၊ ငါတို့နှစ်ယောက်သည် ကျိန်ဆိုကြသည်ကို ထောက်၍၊ ငြိမ်ဝပ်စွာ သွားတော့ဟု ဒါဝိဒ်အား ဆိုလျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။

< 1 Samuel 20 >