< 1 Ahemfo 6 >
1 Mfe ahannan aduɔwɔtwe a wogyee Israelfo fii nkoasom mu wɔ Misraim no a na Salomo nso adi Israel so hene mfe anan no ɔsram Sif mu no, ofii ase sii Awurade Asɔredan no.
၁ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။
2 Asɔredan a ɔhene Salomo si maa Awurade no tenten mu yɛ anammɔn aduɔkron, ne trɛw yɛ anammɔn aduasa na ne sorokɔ yɛ anammɔn aduanan anum.
၂ထိုအိမ်တော်အလျားသည် အတောင်ခြောက် ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ် ရှိ၏။
3 Ntwironoo a ɛda asɔredan no anim no tenten yɛ anammɔn aduasa, a ɛne asɔredan no ntrɛwmu yɛ pɛ. Na ne trɛw nso yɛ anammɔn dunum.
၃အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့် ညီ၍အလျား အတောင်နှစ်ဆယ်၊ အနံဆယ်တောင်ရှိ၏။
4 Salomo yɛɛ mfɛnsere wɔ ɔfasu no soro hyiae.
၄အိမ်တော်လင်းစရာဘို့ ကျဉ်းသော ပြတင်း ပေါက်တို့ကို လုပ်လေ၏။
5 Asɔredan no fasu no akyi no nso, wosisii adan bebree bataa ho hyiae.
၅အိမ်တော်ပြင်ထရံနှင့်ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။
6 Na ɛyɛ aban a ɛtoa so abiɛsa a ase dan no trɛw mu yɛ anammɔn ason ne fa. Aban a ɛto so abien no trɛw yɛ anammɔn akron na apampamu dan no trɛw yɛ anammɔn du ne fa. Wɔde mpuran a egugu dannua bi a ɛhyehyɛ ɔfasu no mu na aka adan no abatabata ɔfasu no ho. Enti ɛkyerɛ sɛ wɔamfa mpuran no anhyehyɛ ɔfasu no ankasa mu.
၆အောက်အခန်းသည် အနံငါးတောင်၊ အလယ် အခန်း အနံခြောက်တောင်၊ အထက်အခန်းအနံခုနစ် တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။
7 Na abo a wɔde sii asɔredan no nso, wosiesiee ho wɔ abopaebea hɔ nti, ɔdan no si no, obi ante asae, pɛe anaa dade biara nnyigyei wɔ ɔdansibea hɔ.
၇ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့် လုပ်သော အသံမမြည်ရ။
8 Na ɔkwan a wɔde kɔ ase adan no mu no da Asɔredan no anafo fam. Atrapoe kyinkyimii na wɔforo kɔ ɔdan a ɛto so abien no so na foforo nso wɔ adan a ɛto so abien ne abiɛsa no ntam.
၈အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ျာဘက်မှာရှိ၏။ လိမ်သော လှေကားဖြင့် အလယ်အခန်းသို့၎င်း၊ အလယ်အခန်းမှ အထက်အခန်း သို့၎င်း၊ တက်ရ၏။
9 Wowiee asɔredan no si no, Salomo de nnua ne sida mpuran yɛɛ ani nsamso no.
၉အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။
10 Sɛnea wɔaka no, na adan wowɔ ɔdan no afanan nyinaa a wɔnam sida so de abata Asɔredan no afasu no ho. Ɔdan no mu biara sorokɔ yɛ anammɔn ason.
၁၀ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည်အိမ်တော်ကိုမှီလျက် ရှိကြ၏။
11 Na Awurade de saa asɛm yi brɛɛ Salomo se,
၁၁ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား၊
12 “Saa Asɔredan a woresi yi de, sɛ woyɛ osetie ma me mmara nyinaa ne me nhyehyɛe, na wudi me hyɛ nsɛm so a, menam wo so bedi bɔ a mehyɛɛ wʼagya Dawid no so.
၁၂ယခုတည်ဆောက်သောအိမ်တော်အရာမှာ၊ သင်သည် ငါသွန်သင်သော လမ်းသို့ လိုက်လျက်၊ ငါစီရင် ချက်အတိုင်းစီရင်၍၊ ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင်၊ သင်၏အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင်၌ငါပြုမည်။
13 Mɛtena Israel manfo mu, na merempa me nkurɔfo akyi da.”
၁၃ငါ၏လူဣသရလအမျိုးကို ငါမစွန့်။ သူတို့ အလယ်၌ နေမည်ဟု မိန့်တော်မူ၏။
14 Na Salomo wiee asɔredan no si.
၁၄ထိုသို့ရှောလမုန်သည် အိမ်တော်ကို တည်၍ ပြီးလေ၏။
15 Na emu nyinaa, efi fam kosi nsamso no, wɔde nnua na ɛkataa fasu no anim. Wɔde sida na ɛkataa ɔfasu no anim, na wɔde ɔpepaw kataa abrannaa no so.
၁၅ကြမ်းမှသည်အမိုးတိုင်အောင်အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသော ထင်းရူးပျဉ်ပြားဖြင့် ပြီးစေ၏။
16 Otwaa mu, nyaa kronkronbea a ɛhɔ yɛ kronkron mu kronkron wɔ asɔredan no ti mu hɔ pɛɛ. Na ɛhɔ ntwemu yɛ anammɔn aduasa a wɔde sida asam fam hɔ, de kosi ani nsɛmee no so.
၁၆အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော် အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။
17 Asɔredan no ankasa a na ɛwɔ kronkron mu kronkron no akyi no, na ne tenten mu yɛ anammɔn aduosia.
၁၇ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော် အလျားသည် အတောင်လေးဆယ်ရှိ၏။
18 Wɔde sida na ɛsam abo afasu a ɛwɔ asɔredan no nyinaa so, na wosen ntoa fɛfɛ ne nhwiren de dii nsɛmee no ani adwinni.
၁၈အိမ်တော်အတွင်း၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့်အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက်မပေါ်စေခြင်းငှါ အာရဇ်သား နှင့်ဖုံးအုပ်လျက် သာရှိ၏။
19 Salomo siesiee kronkron mu kronkron a ɛtoa asɔredan no so; faako a wɔde Awurade Apam Adaka no besi.
၁၉ထိုသို့ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော် ကို ပြင်ဆင်လေ၏။
20 Saa kronkron mu kronkron no, na ne tenten mu yɛ anammɔn aduasa na ne trɛw yɛ anammɔn aduasa, na ne sorokɔ nso yɛ anammɔn aduasa. Na Salomo de sikakɔkɔɔ ankasa duraa nʼafasu ne ne nsamso no ho nyinaa. Saa ara na oduraa afɔremuka a wɔde sida ayɛ no ho.
၂၀ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကို၎င်း၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကို၎င်း၊ ရွှေစင်နှင့် မွမ်းမံလေ၏။
21 Afei, asɔredan no mu nkae no, ɔde sikakɔkɔɔ ankasa sam hɔ nyinaa, na ɔde sikakɔkɔɔ yɛɛ nkɔnsɔnkɔnsɔn de guu ɔkwan a wɔde kɔ kronkron mu kronkron hɔ, de bɔɔ hɔ ano ban.
၂၁ထိုသို့အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေနှင့်မွမ်းမံလေ၏။
22 Enti ɔde sikakɔkɔɔ duraa Asɔredan no ho nyinaa, kronkron mu kronkron ne afɔremuka no nyinaa ho, de wiei.
၂၂အိမ်တော်တအိမ်လုံးကို၎င်း၊ ဗျာဒိတ်ဌာနတော် နားမှာရှိသော ယဇ်ပလ္လင်ကို၎င်း၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ၏။
23 Kronkronbea mu hɔ, ɔde ngodua sen kerubim abien a emu biara sorokɔ yɛ anammɔn dunum, de sisii hɔ.
၂၃ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင် ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။
24 Kerubim baako biara ntaban mu trɛw yɛ anammɔn dunum a, ntaban baako biara tenten yɛ anammɔn ason ne fa.
၂၄ခေရုဗိမ်အတောင်တို့သည် တဘက်တချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျားတခုမှတခု တိုင်အောင် ဆယ်တောင်ရှိ၏။
25 Na kerubim abien no nyinaa tebea ne wɔn kɛse yɛ pɛ
၂၅အမြင့်ဆယ်တောင်ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ်ပါးသည် အလုံးအရပ်ပမာဏတူ၏။
26 a ɔbaako biara sorokɔ yɛ anammɔn dunum.
၂၆ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့်၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက်၊
27 Salomo de wɔn sisi bɛnee wɔn ho wɔn ho wɔ asɔredan kronkronbea mu hɔ. Wɔn ntaban mu trɛw no fi ɔfasu baako kɔka ɔfasu baako. Na wɔn ntaban a ɛwɔ ntam no hyia ɔdan no mfimfini.
၂၇အတောင်ဖျားတဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ်မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။
28 Na ɔde sikakɔkɔɔ duraa kerubim abien no ho.
၂၈ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
29 Na kronkronbea mu afasu ne ɔdan mu no, odii adwinni a ɛyɛ kerubim mmedua ne nhwiren guu ho.
၂၉အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက်၌ ထုသော ခေရုဗိမ်အရုပ်နှင့်အပွင့်ပွင့်သော စွန်ပလွံပင် အရုပ်များရှိကြ၏။
30 Na ɔde sikakɔkɔɔ duraa adan abien no abrannaa so.
၃၀အိမ်တော်အတွင်း ကြမ်းနှင့်ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
31 Ɔkwan a wɔfa so kɔ kronkronbea mu hɔ no, Salomo de ngodua yɛɛ apon abien a emu biara wɔ twɔtwɔw anum.
၃၁ဗျာဒိတ်ဌာနတော် ဝင်ဝဘို့သံလွင်သား တံခါး ရွက်နှစ်ရွက်ကို လုပ်၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါးစုတစုကိုစားကြ၏။
32 Saa apon no ho nso, na wɔadi kerubim, mmedua ne nhwiren adwinni, na ne nyinaa nso, ɔde sikakɔkɔɔ duraa ho.
၃၂သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ်အရုပ်၊ အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍၊ တံခါးရွက်နှင့်ခေရုဗိမ်အရုပ်၊ စွန်ပလွံပင်အရုပ်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
33 Afei, ɔde ngodua yɛɛ apongua a emu biara wɔ twɔtwɔw anan a wɔfa hɔ kɔ asɔredan no mu.
၃၃ထိုအတူ အိမ်တော်ပြင်ထရံလေးစုတစု ကျယ်သောဝင်ဝဘို့ သံလွင်တံခါးတိုင်တို့ကို၎င်း၊
34 Ɔde ɔpepaw nnua yɛɛ apon abien a wɔbobɔw, na wosii ɔpon no biara wɔ ɔkwan bi so sɛ, emu biara tumi bobɔw gu ɛno ara so.
၃၄တံခါးရွက်တရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်ရူးသား တံခါးရွက်နှစ်ရွက်တို့ကို၎င်း လုပ်လေ၏။
35 Wɔde kerubim, mmedua ne nhwiren adi saa apon yi ho adwinni, na wɔde sikakɔkɔɔ adura ho.
၃၅တံခါးရွက်၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍ အပြောက်ကို ရွှေနှင့် မွမ်းမံလေ၏။
36 Wosii adiwo hɔ afasu no a sida nnua mmeaso baako wɔ abo a wɔatwa ntotoso abiɛsa biara so.
၃၆အတွင်းတန်တိုင်းကိုလည်း ဆပ်သော ကျောက် တန်းသုံးဆင့်၊ အာရဇ်သစ်သားတန်းတဆင့်နှင့် အထပ် ထပ်တည်လေ၏။
37 Wɔtoo Awurade Asɔredan fapem no ɔsram Sif (a ɛte sɛ Kɔtɔnimma) mfimfini a saa bere no na Salomo adi hene mfe anan no.
၃၇နန်းစံလေးနှစ်၊ ဇိဖလတွင်ထာဝရဘုရား၏ အိမ်တော်တိုက်မြစ်ကို ချကြ၍၊
38 Wowiee ɔdan no ho biribiara ɔsram Bul mfimfini no a na wadi hene mfe dubaako. Enti mfe ason na wɔde sii asɔredan no.
၃၈နန်းစံဆယ်တနှစ်၊ ဗုလအမည်ရှီသော အဋ္ဌမလ တွင် အိမ်တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ကို လက်စသတ်၍ ခုနစ်နှစ်ပတ်လုံးအိမ်တော်ကို တည်ဆောက်သတည်း။