< Mezmurlar 7 >
1 Benyaminli Kûş'un sözlerine ilişkin Davut'un RAB'be okuduğu şigayon Sana sığınıyorum, ya RAB Tanrım! Peşime düşenlerden kurtar beni, Özgür kıl.
၁ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ကိုယ်တော်၌ကျွန်တော်မျိုးခိုလှုံပါ၏။ ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးနေသူအပေါင်းတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
2 Yoksa aslan gibi parçalayacaklar beni, Kurtaracak biri yok diye, Lime lime edecekler etimi.
၂ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
3 Ya RAB Tanrım, eğer şunu yaptıysam: Birine haksızlık ettiysem,
၃ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်တစ်စုံတစ်ယောက်ကိုပြစ်မှားမိခဲ့လျှင်သော်လည်းကောင်း၊ မိတ်ဆွေကိုသစ္စာဖောက်ခဲ့လျှင်သော်လည်းကောင်း၊ ရန်သူကိုအကြောင်းမဲ့အကျိုးနည်းစေခဲ့လျှင်သော်လည်းကောင်း
4 Dostuma ihanet ettiysem, Düşmanımı nedensiz soyduysam,
၄
5 Ardıma düşsün düşman, Yakalasın beni, Canımı yerde çiğnesin, Ayak altına alsın onurumu. (Sela)
၅ရန်သူများသည်ကျွန်တော်မျိုးအားလိုက်၍မီကာသတ်ဖြတ်နိုင်လျက် ကျွန်တော်မျိုးကိုမြေပေါ်တွင်ပစ်ထားကြပါစေ။
6 Öfkeyle kalk, ya RAB! Düşmanlarımın gazabına karşı çık! Benim için uyan! Buyur, adalet olsun.
၆အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
7 Uluslar topluluğu çevreni sarsın, Onları yüce katından yönet.
၇လူအပေါင်းတို့ကိုကိုယ်တော်ရှင်၏ပတ်လည်တွင်စုရုံးစေတော်မူပြီးနောက် အထက်အရပ်မှသူတို့အားအုပ်စိုးတော်မူပါ။
8 RAB halkları yargılar; Beni de yargıla, ya RAB, Doğruluğuma, dürüstlüğüme göre.
၈အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။ ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား၍ ကျွန်တော်မျိုးအားမျက်နှာသာပေး၍တရားစီရင်တော်မူပါ။
9 Ey adil Tanrım! Kötülerin kötülüğü son bulsun, Doğrular güvene kavuşsun, Sen ki akılları, gönülleri sınarsın.
၉ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
10 Tanrı kalkan gibi yanıbaşımda, Temiz yüreklileri O kurtarır.
၁၀ဘုရားသခင်သည်ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်မိမိစကားကိုနားထောင်သူတို့အားကယ်တော်မူ၏။
11 Tanrı adil bir yargıçtır, Öyle bir Tanrı ki, her gün öfke saçar.
၁၁ဘုရားသခင်သည်ဖြောင့်မှန်စွာတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၍ သူယုတ်မာတို့အားအစဉ်အပြစ်ဒဏ်ချမှတ်တော်မူ၏။
12 Kötüler yola gelmezse, Tanrı kılıcını biler, Yayını gerip hedefine kurar.
၁၂အကယ်၍လူတို့သည်နောင်တမရကြပါမူ ဘုရားသခင်သည်ဋ္ဌားတော်ကိုသွေးတော်မူ၍ လေးတော်ကိုအဆင်သင့်တင်တော်မူလိမ့်မည်။
13 Hazır bekler ölümcül silahları, Alevli okları.
၁၃သေစေတတ်သောလက်နက်များကိုကိုင်ဆောင်တော်မူ၍ မီးလျှံထသည့်မြားတော်ကိုချိန်ရွယ်တော်မူ၏။
14 İşte kötü insan kötülük sancıları çekiyor, Fesada gebe kalmış, Yalan doğuruyor.
၁၄သူယုတ်မာတို့သည်မကောင်းမှုပြုရန်အဘယ်သို့စဉ်းစားကြံစည်သည်ကိုကြည့်လော့။
15 Bir kuyu açıp kazıyor, Kazdığı kuyuya kendisi düşüyor.
၁၅သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍ မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
16 Kötülüğü kendi başına gelecek, Zorbalığı kendi tepesine inecek.
၁၆သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။ မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။
17 Şükredeyim doğruluğu için RAB'be, Yüce RAB'bin adını ilahilerle öveyim.
၁၇ထာဝရဘုရားသည်တရားမျှတတော်မူသည့်အတွက် ငါသည်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အမြင့်မြတ်ဆုံးသောဘုရားဖြစ်တော်မူသော ထာဝရဘုရားကိုထောမနာပြု၍သီချင်းဆိုပါမည်။